ဇူလိုင်လအတွင်း ရော်ဘာ၊ ပြောင်းတင်ပို့မှုအခြေအနေ
ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၈၇၀ တင်ပို့ကြောင်း သိရှိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့ ရော်ဘာတန်ချိန် ၃၃၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၂၅၁၀ ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၆၄၀ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန် ၄၀ တင်ပို့သည်။
