ပွင့်လင်းရာသီတွင် ရော်ဘာပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိ
တာလေ-ကျိုင်းလပ်လမ်းမှတစ်ဆင့် မြန်မာ-လာအို ချစ်ကြည်ရေး တံတားကို ဖြတ်သန်းပြီး လာအိုနိုင်ငံနှင့် ကုန်သွယ်မှုအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ စတင်ပြုလုပ်ခဲ့သည်။ ကျိုင်းလပ် ကုန်သွယ်ရေးစခန်းသစ်ကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ စက်မှု နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးတို့က ဦးဆောင်ဖွင့်လှစ်ခဲ့သည်။
