တာချီလိတ် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ
တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ဝ၃၄ သန်းဖြစ်သည်။
အနီးစပ်ဆုံးကာလ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်းပိုမိုခဲ့ပြီး သွင်း ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၉၉၂ သန်းပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ဝ၃၄ သန်း ပိုမိုခဲ့ကြောင်းသိရသည်။