တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
ဓာတ်မြေသြဇာ
Background
ဓာတ်မြေသြဇာ
ရော်ဘာ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၇၀ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှု အနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ ကျော်နှင့် မ လေးရှားနိုင်ငံသို့ ရော်ဘာ ၆၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ မွေးမြူရေး ရေထွက်ကုန်များကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)နည်းလမ်းဖြင့် တရုတ် နိုင်ငံသို့ တရားဝင် တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေနှင့် ယခင်က သဘာဝ ရေထွက်ကုန်များကိုသာ တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက် တင်ဘာလအတွင်း နှစ်နိုင်ငံဆွေးနွေးမှု သဘော တူညီချက်များအရ မွေးမြူရေး ရေထွက်ကုန်များ ကိုပါ တရုတ်နိုင်ငံသို့ တရားဝင်GACC နည်းလမ်း ဖြင့် တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ အောင်ပန်း၊ ကလော၊ ရွာငံမြို့ နယ်များမှ ယခင် မိရိုးဖလာ စိုက်ပျိုးထားတဲ့ ဒေသ မျိုးများ၊ ဧကအလိုက် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိတဲ့ ကိုင်းဆက်မျိုးများအနက် Booth 7, Buccanee စတဲ့ နိုင်ငံခြားမျိုးများမှာ ဈေးကွက် အတွင်း တင်ပို့ရောင်းချနိုင်တဲ့ အရည်အသွေး ပြည့်ဝပြီး ရင့်မှည့်တဲ့ အသီးများကို တောင်သူများ၊ ခြံရှင်များက စတင်ခူးဆွတ်၍ ပြည်တွင်းဈေးကွက် များနှင့် တာချီလိတ်မြို့ပွဲရုံများမှတစ်ဆင့် ထိုင်း နိုင်ငံသို့ ယခင်လဆန်းပိုင်းမှစတင်၍ တင်ပို့ရောင်း ချလျက်ရှိပြီး ဒေသသီးများအနေဖြင့် တောင်ကြီးမြို့ ရှိ ပွဲရုံများ၊ အောင်
နို့ဆီ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၂၅၀ဝ ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၂၀ ကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ ထိုင်း နိုင်ငံမှ တန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၅၀ဝခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်
ဓာတ်မြေသြဇာ
ရော်ဘာ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၅၁၀ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၈၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၀၄ တန်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော် တင်ပို့ခဲ့သည်။
စက်တင်ဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၁၃၃၈၂၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈၈၉ သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။
မတ်ပဲ
ဆန်
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၉၂၆၀ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၃၃၄၉၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၁၀၁၉၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန် တန်ချိန် ၅၅၇၀ ကျော် တင်ပို့ခဲ့သည်။
ယခု ၂၀၂၃ ခုနှစ်၊ ရှစ်လတာကာလအတွင်း တရုတ် နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မူဆယ်နယ်စပ်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။တရုတ်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ နယ်စပ်မှတစ်ဆင့် ဖရဲသီးတန်ချိန် ၁၁၃၀ဝ၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး ကားအစီးရေ ၇၀ဝ၀ ကျော်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း၌ ဖရဲသီးလှိုင်လှိုင်ထွက်ချိန်တွင် နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ပြီး ယင်းအချိန်များတွင် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖရဲသီးပေါ်ချိန်က တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရ