Background
ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ တီထွင်ဆန်းသစ်မှုတွေကလည်း အံ့မခန်းတိုးတက်လာပါတယ်။ အဲဒီခေတ်စနစ်တွေနဲ့အညီ လိုက်လျောညီထွေရှိအောင်လည်း နည်းပညာ၊ အတတ်ပညာတွေက တစ်နေ့ ပြီးတစ်နေ့ ဖွံ့ဖြိုးတိုးတက်လာနေတာတွေ့ရမှာပါ။ ခြေလျင်၊ နွားလှည်း၊ မြင်းခေတ်ကနေ၊ ဘွိုင်လာအင်ဂျင်မှ သည် ယခုနောက်ဆုံး ဒစ်ဂျစ်တယ်ခေတ်များအထိ သိပ္ပံနည်းပညာရဲ့ ဖွံ့ဖြိုး မှုပြောင်းလဲမှုသမိုင်းကြောင်းကို လည်ပြန်ငဲ့ ကြည့်လိုက်ရင် သိသာထင်ရှားလှပါတယ်။ ဒါကသိပ္ပံနည်းပညာတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ဆက်စပ်မှုပါ။ ယခုတစ်ပတ်တင်ပြလိုတာကတော့ ရုပ်ဝတ္ထုပစ္စည်းဆိုပေမယ့် စိတ်နဲ့လုပ်ထားတဲ့ ပစ္စည်းကလေးများ အကြောင်းပါ။ သူတို့ ဟာ ခေတ်မီပစ္စည်းတွ
နိုင်ငံတစ်နိုင်ငံမှာ တော၊ တောင်၊ ရေမြေ သဘာဝတရားက ပေးထားတဲ့ သယံဇာတအမွေဆိုတာ ရှိတာမျိုးပါ၊ ဘယ်နိုင်ငံ၊ ဘယ် ဒေသ၊ ဘယ်အရပ်မှာမဆို တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်တည်ထွက်ရှိ တာမျိုးပါ။ ဥပမာ- ကိုယ့်မိခင်နိုင်ငံကိုပဲကြည့် ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်၊ ပုလဲဆိုတာတွေဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နာမည်တစ်ခုအနေနဲ့ရှိနေတာပါ၊ အမိနိုင်ငံအတွက် ဂုဏ်ယူဝင့်ြွကားစရာ မဟုတ်ပါလား။ သဘာဝတရားကပေးထားတဲ့ သယံဇာတအမွေကို ထုတ်ယူသုံးစွဲကြရာမှာ စနစ်တကျ သပ်သပ်ရပ်ရပ် ထုတ်ယူသုံးစွဲကြသလား ဒါမှမဟုတ် စည်းမဲ့ကမ်းမဲ့ထုတ်ယူသုံးစွဲမှာ လားဆိုတာကတော့ ကွာတာပေါ့ဗျာ။ ဖတ်ဖူးတဲ့စာအမှ တ်ရလို့ တင်ပြ ခွင့်ပြုပါ။ အင်္ဂလိပ်ကိုလိ
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးက တစ်လလောက်တည်ငြိမ်နေ ခဲ့ပြီး သြဂုတ်လလယ်လောက်ကတည်းက ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။ ဒေါ်လာဈေးကျဆင်းလာရတဲ့ ပထမအကြောင်းရင်း ကတော့ တရုတ်ယွမ်ဈေးပြုတ်ကျတာနဲ့ ပတ်သက်ခဲ့ပါတယ်။ တရုတ် ယွမ်ဈေးပြုတ်ကျတဲ့ အကျိုးသက်ရောက်မှုကို နိုင်ငံအတော်များများ ခံခဲ့ရပါတယ်။ အဲဒီအကျိုးသက်ရောက်မှု အခံရဆုံးနိုင်ငံတွေထဲမှာ တော့ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်တာကိုတွေ့ရ ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ နိုင်ငံရေးနဲ့အတူတွဲပါလာတဲ့ ကောလာဟလကြောင့်ဖြစ်ပါတယ်။ ဘဏ်အချို့ကို ပိတ်သိမ်းမယ် ဆိုတဲ့ ကောလာဟလကနေစပြီး အဲဒီဘဏ်တွေမှာ ငွေသား အများ အပြားထုတ်ယူမှုတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာ ရင်းန
မြန်မာနိုင်ငံအတွက် သြဂုတ်လဆိုတဲ့ရှစ်လပိုင်းဟာ တကယ့်ကို အရေးပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတဲ့လလို့ ပြောမယ်ဆိုရင် မှားမယ်လို့မထင်ခဲ့ပါဘူး။ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ရှစ်လပိုင်းဆိုတဲ့ သြဂုတ်လအဝင်မှာပဲ မုတ်သုံကာလအဝင် ပြင်းထန်လှတဲ့ မုတ်သုံမိုးရဲ့ ထိုးနှက်ချက်ကြောင့် အညာဒေသတစ်ခွင် ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒီအညာဒေသမှာဖြစ်ပေါ်ခဲ့တဲ့ရေ လွှမ်းမိုးမှုတွေဟာ မကြုံစဖူး ထူးကဲလှတဲ့အတွက် ဘယ်သူမှ ထိုင်ကြည့်မနေနိုင်တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက်နဲ့ ရေဘေးဒုက္ခသည်တွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့မြင်ကွင်းဟာ တကယ့်ကို အဆိုးထဲကအကောင်းလိ
ဒီနှစ် ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကိုသာမကဘဲ အာရှဒေသ အထူးသဖြင့် အာဆီယံနဲ့ အာရှအရှေ့ပိုင်းဒေသတွေကို ထိခိုက်ခဲ့တာ တွေ့ရပါ တယ်။ နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ရာသီ ဥတုဖောက်ပြန်မှုက ကမ္ဘာ့မြေပုံရဲ့အနေအထားကို ကြည့်ရင် နီပေါနိုင်ငံရဲ့အောက်ဖက် ပိုင်းမှာရှိတဲ့နိုင်ငံတွေဟာ အဲဒီဒေသရဲ့နောက် ဆက်တွဲ အကျိုးဆက်ကို ခံစားခဲ့ကြရပါတယ်။ ဒီအချက်ကို မိုးလေဝသပညာရှင်တွေ သတိမမူခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံဟာ ဖြစ်တောင့်ဖြစ်ခဲ တဲ့ဖြစ်ရပ်တစ်ခု ကြုံတောင့်ကြုံခဲတဲ့ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်။ မြန်မာနို င်ငံအထက
ကျွန်တော်က မြန်မာပြည်ဖွား သရက်သီးလေးပါ။ ဇာတိက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဟံမြင့်မိုရ် ရွာပါ။ ဒီရွာမှာ ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာ့ မျိုးရင်း သရက်တစ်မျိုးပါ။ ဒီနေ့အထိ ဟံမြင့်မိုရ် ရွာမှာ ကျွန်တော့် မျိုးရင်းအပင်ကြီးတွေ ရှိနေပါတယ်။ ပင်စည်ကြီးတွေက လူနှစ်ဖက်စာ လောက်ရှိနေပါပြီ။ ကျွန်တော့်ရဲ့ ထူးခြားတဲ့အနံ့အရသာကြောင့် လူသိများလာပြီး ၁၉၈၃-၈၄ ခုနှစ်မှာ စပြီးနာမည်ကျော်ကြားလာခဲ့ပါတယ်။ စိန်တ လုံးဆိုတဲ့နာမည်လား။ စပြီးလူသိများလာတာက ဟံမြင့်မိုရ်ရွာ ဦးစိန်ရဲ့ ခြံကသရက်သီးဖြစ်ပြီး တစ်လုံးဆို ဆိုသလောက် အနံ့အရသာကောင်းတာကြောင့် စိန်တလုံးဆိုပြီး နာမည်ကြီးခဲ့တာလို့ ရွာသားတွေက ပြောစမှတ်ပြု
ဒီရက်ပိုင်းအတွင်း မုတ်သုန်ကလည်း အားကောင်းပြီးရင်း ကောင်းနေတော့ တစ်နိုင်ငံလုံးလိုလိုမှာ နေရာအနှံ့ မိုးတွေရွာသွန်းနေ ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒီတစ်ပတ်အတွင်းမှာ ဖွဲဖွဲရွာလိုက် သဲသဲရွာ လိုက်နဲ့ နေ့ရာညပါ မိုးကောင်းနေခဲ့ပါတယ်။ မြို့ရဲ့လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတွေမှာတော့ မြန်မာနိုင်ငံ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်တို့ ချစ်ကြည်ရေး ဘောလုံးကစားကြမယ်၊ ဒေသ ထွက် ကုန်ပြပွဲလည်းပြုလုပ်မယ်၊ မည်သူမဆိုလာရောက် ကြည့်ရှုအားပေးနိုင်ပါတယ်လို့ ကြေငြာထားပါတယ်။ မှန်ပါတယ်၊ မိုးရာသီ၊ မိုးတွင်းကာလမှာ မိုးရွာတာကလည်း မိုးရဲ့တာဝန်ပဲဖြစ်သလို ကယားပြည်နယ်၊ လွိုင်ကော်မြို့ က ကျော
တစ်အိမ်၊ မိသားစုတစ်စုမှာ ဝင်ငွေနဲ့ အသုံးစရိတ်မျှတဖို့ လိုပါတယ်။ ဝင်ငွေထက် ထွက်ငွေက များနေခဲ့ရင် အဲဒီအိမ်၊ ဒါမှမဟုတ် အဲဒီမိသားစုဟာ ချာလပတ်လည်ရမ်းနေအောင် ကြွေး တင်နေမှာဖြစ်ပါတယ်။ ဝင်ငွေက ထွက်ငွေထက်များနေခဲ့မယ်ဆိုရင် တော့ အဲဒီမိသားစုဟာ ရွှေတွဲလဲ ငွေတွဲလဲနဲ့ တကယ့်ကိုပျော်ရွှင်ချမ်း မြေ့ဖွယ်အတိကောင်းတဲ့မိသားစုတစ်စုအဖြစ်ကို ပုံဖော်နိုင်မှာဖြစ်ပါ တယ်။မိသားစုလို့ဆိုရာမှာ နိုင်ငံတစ်နိုင်ငံ အတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတွေဟာလည်း မိသားစုကြီးတစ်စုပါပဲ။ မိသားစုကြီးတစ်စု မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ မိသားစုကြီးတစ်စုအဖြစ် စုစည်းနေထိ
မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးစာရင်းဝင် ပန်းတိမ်ပညာရပ် ဖြင့်ဖန်တီးထားသော ပစ္စည်းများကို မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်း က နန်းတွင်းအသုံးအဆောင်ပစ္စည်းအဖြစ် ရှေးမြန်မာမင်းအဆက် ဆက် ဝင့်ဝင့်ထည် ထည် အသုံးပြုခဲ့ကြောင်း သမိုင်းအထောက်အထား များအရ သိရှိရပါသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အခမ်း အနားများတွင် ဆုတံဆိပ်အဖြစ် အသုံးပြုခြင်း၊ ဘာသာရေးဘက် အသုံးအဆောင်အဖြစ် စေတီတော်၊ ဆင်းတုတော်ပုံ၊ ဘုရားပန်းအိုး၊ ဆွမ်းအုပ်၊သပိတ်၊ လင်ပန်း၊ သောက်တော်ရေခွက်၊ရေစက်ချခရားအဖြစ်အသုံးပြုခြင်း၊ ကွမ်းအစ်၊ ဆုဖလား၊ သေတ္တာ၊စီးကရက်ဘူး၊ ပေါင်ဒါဘူး၊ ပိုက်ဆံ အိတ်၊ စောင်း စသည်ဖြင့် အသုံးပြုလျက်ရှိပါသည်။










