Background
မောတောင်ဆိုတာ မြိတ်မြို့ရဲ့ အရှေ့ဘက် ၁၁၈ မိုင်အကွာ၊ တနင်္သာရီ မြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာရှိတဲ့ ထိုင်းနယ်စပ်က မြန်မာရွာလေး တစ်ရွာပါ။ မောတောင်နဲ့ကပ်လျက် နယ်နိမိတ် ချင်း ထိစပ်နေတာကတော့ ထိုင်းပင် လယ်ကွေ့၊ ကရာကျွတ်ကရီ ရန်ခရိုင်မှာရှိတဲ့ ဗန်ကောက်-ရနောင်း ကားလမ်းနဲ့ ၁၅ မိုင် အကွာက ဒန်ဆင်ခွန်း ထိုင်းရွာ လေးပဲဖြစ်ပါတယ်။ မောတောင်-ဒန်ဆင်ခွန်းဆိုတဲ့နှစ်နိုင်ငံနယ်စပ် ဒေသလေးဟာ အနောက် ဘက် ကပ္ပလီပင်လယ် မြိတ်ဒေသနဲ့ အရှေ့ဘက်ထိုင်း ပင်လယ်ကွေ့ (ကရာကျွတ်ကရီရန်ဒေသ) တို့ကို ပေါင်းကူးဆက်သွယ်ပေး ထားတဲ့ နယ်စပ်ဖြတ်သန်းနေရာလေးဖြစ်ပြီး အနောက်ဘက်ရှိ တနင်္သာရီဒေသရဲ့ စီးပွားရေး အချက်အချာကျတဲ့
ကျွနု်ပ်တို့နေ့စဉ်စားသုံးနေကြသော အစာအာဟာရများတွင် ကာဗိုဟိုက်ဒရိတ် (Carbohydrates)၊ ပရိုတိန်းဓာတ် (Protein)နှင့် အဆီဓာတ် (Fat) ဟူ၍ပါရှိပါသည်။ လူ့ခန္ဓာကိုယ်အတွက် အာဟာရ ဖြစ်စေရန် စားသုံး ရသော အစားအစာများတွင် Starch ဆိုသည့် ကစီဓာတ် များများပါသော ဆန်၊ ဂျုံ၊ ပြောင်း၊ Starch ဆိုတဲ့ အသားဓာတ်ပါသော အသား၊ ငါး၊ ၤProtein ဟုခေါ်သော ဆီနှင့် အဆီဓာတ်များ ပါဝင်သော အာဟာရဖြစ်စေသည့် စားသုံးကုန်များ ပါဝင်ပါသည်။ ဆန်၊ ဆီ၊ ဆားသည် မြန်မာတို့၏ အခြေခံစားသောက် ကုန်များ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဟင်းကောင်းကောင်း မစားရရင်နေပါစေ ထမင်းကို ဆီဆမ်း ဆားဖြူး စားရရင်ပဲ ရောင့်ရဲ ကျေနပ်ကြသည့်
ကျွန်တော်တို့ စားသုံးသူအကာအကွယ်ပေးရေး ပညာပေး ဟောပြောဆွေးနွေးတဲ့အခါမှာ နိုင်ငံခြားတိုင်းပြည်က မုန့်တွေရဲ့ အန္တရာယ်အကြောင်းကို မပြောမဖြစ်ပြောခဲ့ရပါတယ်။ဒါကြောင့် လည်း ကလေးတွေက နိုင်ငံခြား က မုန့်တွေမစားရင် ဘာမုန့်တွေ စားရမလဲလို့ မေးခွန်းမေးစရာဖြစ်လာပါတယ်။စည်းကမ်းတစ်ခု ထုတ်ရင် ရပိုင်ခွင့်တစ်ခုခုပေးရတဲ့ သဘောနဲ့ဆင်တူပါ တယ်။ ဒါ ကြောင့် ပြည်ပမုန့်ကိုမဝယ်နဲ့၊မစားနဲ့၊ မရောင်းနဲ့လို့ တားဆီးနေတဲ့ အချိန်မှာ အခြားတစ်ဖက်မှာ မြန်မာမုန့်များ ထုတ်လုပ်ဖို့၊ ရောင်းချဖို့၊ ဝယ်စားဖို့နဲ့ ဖော်ထုတ်မြှင့်တင်ရေးဆောင်ရွက်ဖို့ အချိန်ရောက်ရှိ လာပြီဖြစ်ပါတယ်။စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများဟာ စားသုံးသူ သိကောင်းစရာ
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျတဲ့ ကုန်သွယ် မှုတိုးတက်ရေးကို ဆောင်ရွက်ရာမှာ ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်ဖို့အပြင် ပြည်တွင်းမှာရှိတဲ့ သဘာဝအရင်းအမြစ် အခြေအနေ များအရကုန်သွယ်ရေး မူဝါဒ များ ပြုပြင်ပြောင်းလဲခြင်းကို အရှိန် အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ရက်ပေါင်း ၁၀၀ မပြည့်မီကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ဖော်ပြလိုက်ရ ပါ တယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါးသစ်သီး ပွဲရုံသို့ ဇွန် ၁၇ ရက်တွင် သရက်သီးများတင်ဆောင်ထားသည့် ကားများနဲ့အတူ နဂါးမောက်သီးများ တင်ဆောင်ထားသည့် ကားတစ်စီး ဝင်ရောက်လာခဲ့ပါ သည်။ ၎င်းနဂါးမောက် သီးများသည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသရှိ ထွန်းတောက် စိုက်ပျိုးရေးခြံမှထွက်ရှိပြီး တရုတ်ဘက်မှ ဈေး ကွက်စမ်းသပ်ရန်အတွက် မှာယူ(ဝယ်ယူ)ခြင်းဖြစ်ကြောင်း၊ ယခုပထမဆုံး အကြိမ်အဖြစ် နဂါးမောက်သီးဖာ ၅၀၀ အား တရုတ် ဘက်မှ အမှာရှိ၍ သစ်သီးခြံရှင်ကိုယ်တိုင်တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ နေ့စဉ်တစ်ဖက်နိုင်ငံသို့ တင်ပို့နေ သည့် လယ်ယာထွက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ်ကြီး၊ ယာဉ် ငယ်များထဲတွင် မိကျောင်း ကွမ်းဖတ် စေ့တင်ဆောင်ထားသည့် ယာဉ်များ ပါဝင်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၁၂ သန်းတန်ဖိုးရှိ မိကျောင်းကွမ်း ဖတ်စေ့တန်ချိန် ၃၆၀၈ ဒသမ ၂၀၅ တန်၊တင်ပို့နိုင်ခဲ့သဖြင့် အများဆုံးပို့ကုန် ၂၀ မစာရင်းတွင်ပါဝင်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဧပြီလတွင် အမေရိ ကန် သုည ဒသမ ၇၈၅ သန်းဖိုးရှိ ၄၇၃ ဒသမ ၄၀ တန်နှင့် မေလတွင် အမေရိ ကန်ဒေါ်လာ တစ်သန်းဖိုးရှိ ၅၈၅ ဒသမ ၅၀ တန်၊ တင်ပို့ နိုင်ခဲ့၍ ပို့ကုန်တိုးမြှင့် ရေးကို တစ်ဖက်တ စ်လမ်းမ
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ နေ့စဉ်ဝင်ရောက်နေသည့် ကုန်တင်ယာဉ်ကြီးများ ထဲတွင် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော ကုန်ပစ္စည်းများမှာ ဆန်၊ သကြား၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း များအပြင် တစ်ဖက် နိုင်ငံမှ ပုံမှန်ဝယ်ယူသည့် မြန်မာပြည် အညာဒေသထွက် ဆီးဆန်ကုန် ပစ္စည်းသည် မိမိနိုင်ငံမှ တင်ပို့ နိုင်သလောက် တစ်ဖက် တရုတ်ပြည်မှ ဝယ်ယူနေ ကြောင်းသိရှိရပါသည်။ အညာဒေသထွက် ဆီးဆန် သည် ဆန်၊သကြား၊ပဲ၊ ပြောင်းကဲ့သို့ အထွက် နှုန်း မများသော်လည်း မိမိနိုင်ငံမှ ထွက်ရှိသလောက် တစ်ဖက်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့် ပို့ကုန် တိုးမြှင့်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍ နိုင်ငံခြားဝင်ငွေ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များအားထုတ်ပေးရာမှာ ယခင်ကလုပ်ဆောင်ခဲ့တဲ့ Local Online စနစ်မှ Fully Online Licensing System သို့ လာမယ့်ဇွန်လအတွင်းမှ စတင်အဆင့်မြှင့်တင် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သည်များကို သိရှိနိုင်ရန်အတွက် တာဝန်ရှိသူတစ်ဦး နဲ့ တွေ့ဆုံမေးမြန်းခဲ့ သမျှကို ရေးသားဖော်ပြပေးလိုက်ပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ထုတ်ကုန်သွင်းကုန်လိုင်စင်ထုတ် ပေးခြင်းလုပ်ငန်းများအား Paper Based စနစ်ဖြင့် ထုတ်ပေးခြင်းအစား Electronic စနစ်










