Background
သတိပေး တပ်လှန့်သံများ
ကမ္ဘာပေါ်တွင် နေထိုင်ပြီးကမ္ဘာမြေထုအခြေခံ၍ ဖြစ်ပေါ်နေသော သဘာ၀၀န်းကျင်ကို မှီခိုနေရသည့်လူသား များ အနေဖြင့်ပုံမှန်မဟုတ်သောရာသီဥတုအပြောင်းအလဲများကြောင့်သဘာဝဘေးအန္တရာယ်များ၊အခက်အခဲများရင်ဆိုင်နေ ရသည်မှာ ထူးခြားဆန်းကျယ်သောအခြေအနေများ မဟုတ်ပေ။သို့သော်လူတို့၏ပယောဂ ကြောင့်ဖြစ်ပေါ် လာသော စီးပွားရေး မပြေလည်မှု အကျပ်အတည်းများနှင့် ရာသီဥတု ဖောက်ပြန်မှု
ကမ္ဘာပေါ်ရှိ နိုင်ငံအချင်းချင်း စီးပွားရေးပေါင်းစည်းမှုကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှ စတင်ခဲ့ပြီး၊ အကျယ်ပြန့် ဆုံးနှင့် အများဆုံးဖြစ်သည့်အတွက်လည်း တရားမျှတသောကုန်သွယ်မှုဖြစ်ပေါ်စေရေး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) မှ စည်းမျဉ်းစည်းကမ်းများချမှတ်ကာ နိုင်ငံတိုင်း လိုက်နာ ဆောင်ရွက်နေပေ သည်။သို့သော် လက်တွေ့ ဘဝတွင် နိုင်ငံများ၏သဘာဝတည်ရှိမှုအနေအထားများအရ ကုန်းနှင့်ပင်လယ်ထိစပ်နေသည့်
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အတွင်းမှာ ဌာနဆိုင်ရာကိစ္စ တစ်ခုနဲ့ ယောနယ်တစ်ခွင် ပြဲပြဲစင် အောင် ခရီး သွားဖြစ်ပါတယ်။ တောင် ယောနယ်၊ ဆာ၊ ကျောက်ထု၊အလယ် ယောထီးလင်း၊ မြောက်ယောဂန့်ဂေါ မြို့တို့မှ တစ် ဆင့် ဒေသအခေါ် အောက် ပြည်၊ ပိုင်ကန်ရွာ၊ မွေ့လယ်ရွာ၊ နှမ်းခါး ရွာတွေအထိ ဆန့်ခဲ့ပါတယ်။ ပုံတောင် တောင်ကိုေ ကျာ်၊ပုံညာတောင်ပေါ်ဖြတ် သွားတဲ့ခရီးလမ်း၊ဒီရက်ပိုင်းကာလလေး တစ်ခုမှာ ဒီခရီးလမ်း ဆက်တိုက်သွားဖို့ ဆိုတာ ဟိုတုံး က စိတ်မပြောနဲ့ စလယ် တောင် စဉ်းစားမရခဲ့တာပါ။ တစ်ခေတ် တစ်ခါစနစ်တစ်ခုမှာတုံးက မိမိတို့ဌာန ရဲ့ဝယ်ယူရေးေ တွ ရှိတုံးက သွားခဲ့လာခဲ့ ရတာဟာ ခြေလျင်တစ်လှည့်၊ ကုန်း ကြောင်း တစ်ဖုံ။
ဘီအိုင်တီ ယခုလဇူလိုင် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ ဆန်းမစ်ပါစ့်ဗျူးဟိုတယ်၌ နိုင်ငံနှစ်နိုင်ငံအကြား ချုပ်ဆိုကြသည့် ရင်းနှီးမြှုပ်နှံမှု စာချုပ် များနှင့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်း ကဏ္ဍနှင့်သက်ဆိုင်သောအလုပ်ရုံ ဆွေး နွေးပွဲ တစ်ခုပြု လုပ် မည် ဟုသိရှိရချိန် တွင် ရင်းနှီးမြှုပ်နှံမှုစာချုပ်များနှင့် အရင်း အနှီးမဲ့နေသောဖွံ့ဖြိုးဆဲနိုင်ငံများ ဆက် စပ် ပတ်သက်မှု အခြေ အနေများကို ပိုမို စိတ်ဝင်စားမှု ရှိလာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အိမ်ရှင်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံ မှုပြု လုပ် မည့်နိုင်ငံကြားချုပ်ဆိုမည့် ထိုစာချုပ်ကိုအင်္ဂလိပ်ဘာသာ အားဖြင့် Bilateral Investment Treaty ဟုခေါ်ပြီး အတို ကောက်အားဖြငBIT ဟုလည်းလူသိ များသည်။ တစ်နည်းအားဖြင့် နှစ်နိုင်ငံ သဘောတူရင်းနှီးမြှုပ်နှံမှုစာချုပ်ဖြစ်ပြီး ရ င်းနှီးမြှုပ်နှံ မှုပြုလုပ်မည့် နိုင်ငံနှင့် ရင်း နှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို လက်ခံမည့် နိုင်ငံနှစ်နိုင်ငံအကြား လိုက်နာရမည့် စည်းမျဉ်းတည်ဆောက်လျက်နှစ်ဘက် သဘောတူမှုရယူခြင်းဖြစ်သည်။
မေးခွန်းများနှင့်အဖြေများ
သဘာဝသယံဇာတဆိုသည့်အရာမှာ ရှေးယခင်ကာလ များကလူတို့ အထူးဂရုမပြုမိသော ၊လျစ်လျူရှုခဲ့သောအရာ များ ဖြစ်ခဲ့သည်။သိပ္ပံ၊စက်မှုနှင့်အိုင်တီနည်းပညာများ အရှိန်အဟုန် ဖြင့် ကြောက်ခမန်းလိလိတိုးတက်လာသော ယခုအချိန် အခါတွင်မူ သဘာဝသယံဇာတသည် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး မှုအတွက် အဓိကကျသောအခြေခံ အင်အားစုများ အဖြစ်အသွင်ပြောင်းလဲလာခဲ့သည်။ဖွံ့ဖြိုးပြီးများအတွက်သာမကဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပါစီးပွားရေးဖွံ့ဖြိုးမှုအတွက်
ကျင့်သုံးရခြင်းအကြောင်းရင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအတော်များများသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ယှဉ်ပြိုင်မှုဥပဒေ (Competition law) ကို ပြဋ္ဌာန်းခဲ့ကြသည်။ ယှဉ်ပြိုင်မှုဥပဒေကို လက်ဝါးကြီးအုပ် လုပ်ငန်းများအား တိုက်ဖျက်သည့်ဥပဒေ (Anti-monopoly or Anti-trust law) ဟူ၍လည်း ခေါ်ဆိုသည်။ အာဆီယံ နိုင်ငံတိုင်းသည် ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်မှုဥပဒေပေါ်လစီ (Competition policy and law) ကို စတင်ကျင့်သုံးရမည် ဖြစ်သည်။
စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ သူငယ်ချင်းတစ်ဦး ဖိတ် ခေါ်ထားလို့ ပခုက္ကူနဲ့ ၁၇ မိုင်အကွာ ရေစကြိုမြို့နယ် ထဲမှာ ရှိတဲ့ ပခန်း ကြီးကျေးရွာ (ယခင်ပခန်းကြီးမြို့ဟောင်း) ဘက်ကို ထွက်လာခဲ့ပါတယ်။သူငယ်ချင်းနဲ့တွေ့တော့ ငယ်စဉ် ကျောင် နေတုန်း က တွေ့ကြုံခဲ့ ရတာတွေကို စားမြုံ့ပြန်ရင်းထန်းတောကို ရောက်သွားကြပါတယ်။ အညာထန်းတောဆိုတာက ယာခရိုး၊ စည်း ခရိုးမှာ ရှေးလူကြီးသူမတွေ တန်းစီပြီး စိုက်ထားခဲ့ ကြတာပါ
သတိပေးချက်ရလဒ် လက်နက်ကိုင်တိုက်ပွဲများ၏ အနိ ဋ္ဌာရုံများကို ကောင်းစွာ ဆင်ခြင်သုံးသပ်နိုင်ခဲ့ပြီးသည့် စစ်အေးကာလလွန် အချိန် များတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်များသည် အခြားအရာများထက် ၎င်းတို့၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို အလွန်အမင်း အာရုံစိုက်လာ ခဲ့ကြ သည်။ ထိုလိုအပ်ချက်အတွက် နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုကို အရေးကြီးသော အရင်းအနှီး ဇာစ်မြစ် အဖြစ်မျက်စိ ကျခဲ့ကြသည်။ မိမိတို့ နိုင်ငံများအတွင်းသို့ နိုင်ငံ ခြားအရင်းအနှီးများ စီးဝင်လာစေရေး သူထက်ငါ ဆွဲဆောင်မှု များ ပြုလုပ်လာ ခဲ့ကြ၏။ တိုက်ဆိုင်မှုရှိစွာပင် အပေးအယူ တည့်စရာအကြောင်းကဖန်လာသည်။ ကမ္ဘာအနှံ့ဖြန့်ကျက် ကျင်လည်ကျက်စားနေ ကြသော ကုမ္ပဏီများ၊ လုပ်ငန်းကြီး များကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပရောဂျက်များ၊ ထူထောင် ရေးလုပ်ငန်းများတွင် ၎င်းင်းတို့၏ ရင်းနှီးငွေများကို ထည့်သွင်း မြှုပ်နှံရန် ထိုအချိန်၌အသင့်ရှိနေကြခြင်းဖြစ်သည်။ ထိုသို့ ပေးမည့်သူနှင့် ယူမည့်သူ သဟဇာ တဖြစ်နေသော်လည်း ဖြစ်စဉ်၏ အကျိုးဆက်များက အားလုံးကောင်းမွန်သည့် ရလဒ်များမဟုတ်။ အနုတ်လက္ခဏာပြသော အခြေအနေများလည်း ရှိခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များက ပြုလုပ်ခဲ့သော သုတေ သနများကလည်း သတိပေး အခြေ အနေတစ်ရပ်ကိုပြသနေ သည်။ သဘာဝသယံဇာတ ကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် မြို့ပြပဋိပက္ခများ ဖြစ်ပေါ်မှုသည် ဆက်စပ်မှု ရှိနေသည်ဟူ သော တွေ့ရှိချက်ဖြစ်သည်။ယှဉ်တွဲလာသော အကောင်းနှင့်အဆိုး သဘာဝသယံဇာတမှ ရရှိလာသော နိုင်ငံခြားငွေများသည် ပြည်တွင်းတွင်အဂတိလိုက်စားမှုကိုပိုမိုဆိုးရွားေ စပြီး နိုင်ငံခြား လုပ်ငန်းများတည်ရှိ လုပ်ကိုင်နေမှုများမှာ များသော အားဖြင့် လူ့အခွင့်အရေးအလွဲသုံးစားပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အခြားရလဒ်ဆိုးများဆီသို့ တိုက် ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်း ကောင်း ဦးတည် သွားနေသည်ဟု ထောက်ပြကြသည်။ ထို့ ကြောင့် နိုင်ငံတစ်နိုင်ငံအတွက် သဘာဝသယံဇာတကြွယ်ဝမှု သည် ကောင်းကျိုးကို သာမက ဆိုးကျိုးကိုလည်းဖြစ် စေသည် ဟု ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို သက်သေ အဖြစ် မြင်ေ တွ့ခဲ့ကြ ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ် လာသော ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပဋိပက္ခများနှင့် လူ့အခွင့် အရေးကိစ္စများတွင် အနုတ်လက္ခဏာဆောင်သည့် သက် ရောက်မှုများ များပြားလာသဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက် ၍ ဆွေးနွေး သည့်အခါ ထိုကိစ္စများကိုပါ ထည့်သွင်းစဉ်းစားလာကြရသည့် အခြေအနေထိဖြစ်လာခဲ့သည်။ အခြားသော ရှုထောင့်များမှလည်း ထူးခြားသော သုံးသပ်ချက်ထွက် ရှိလာသည်မှာ သတိပြုစရာဖြစ်သည်။ ဖွံ့ ဖြိုးဆဲ တိုင်းပြည်များသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အများစုမှာ အများအားဖြင့် သဘာဝသယံဇာတ တူး ဖော်ထုတ် လုပ်ရေး ကဏ္ဍတွင်သာ ရင်းနှီးမြှုပ်နှံမှု များပြားပြီး ဝန်ဆောင်မှု ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများကိုလက်ရှောင်တတ်လေ့ ရှိခြင်းြ ဖစ်သည်။အဘယ့်ကြောင့်နည်း ဆိုသည့် မေးခွန်း၏အဖြေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အချို့ကအခြေခံအဆောက်အအုံ မပြည့်စုံမှုက နံပါတ်တစ်နေရာတွင် ထားရမည့် အခက်အခဲတစ်ခုဖြစ်ပြီး အခြားသောလိုအပ်ချက်များမှာလည်း တန်းစီ၍ရှိနေ သည်ဟု ဆိုကာ တုံ့ပြန်သည်။စိတ်မြန်လက်မြန် အကယ်၍ နိုင်ငံအတွင်းတွင်လူမှုရေးမငြိမ်သက်မှု၊ ပဋိ ပက္ခများ အဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် လုပ်ငန်းအားလုံး တိုင်း ပြည်တွင်းမှ ထွက်ခွာသွားရမည့် အခြေအနေမျိုး ကြုံလာခဲ့ပါက သဘာဝသယံဇာတအခြေခံထုတ်လုပ်ရေးကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုထက် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများမှ လုပ်ငန်းများကသာ ထိုတိုင်းပြည်မှ ဦးစွာထွက်ခွာ မည့် အခြေအနေ ပိုမိုရှိလိမ့်မည်ဟုလည်း သုတေသီတို့က ထောက်ပြကြသည်။ အခြားသောရင်းနှီးမြှုပ်နှံမှုများက စိုးရမ် မှုများဖြင့် ထွက်ခွာရန် အားထုတ်နေစဉ် သို့မဟုတ် ထွက်ခွာ နေစဉ် သဘာဝသယံဇာတတူးဖော်ရေး ထုတ်လုပ်သည့် လုပ် ငန်းများ၊ စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် လုပ် ငန်းများမှာမူ သည်စိတ်လှုပ်ရှားမှုများစွာ မရှိဘဲ ဆက်လက် ရပ်တည်နိုင်ရန် အားထုတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဟု ထင်မြင်ယူဆသနည်း ထိုကုမ္ပဏီများ၊ လုပ်ငန်းများနှင့် သက်ဆိုင်ရာ အာဏာ ပိုင်များကြားအားကောင်းသောအကျိုးစီးပွားအခြေခံ ဆက်ဆံ ရေး များနှင့် လုပ်ငန်း သဘာဝအရ အရင်းအနှီးပမာဏ အမြောက်အမြားဖြင့် အထိုင်ချ တည်ဆောက် ထားပြီး ဖြစ် သော အခြေခံ အဆောက်အအုံများကြောင့် မျက်လုံးမှိတ်၍ စိတ်ဒုံးဒုံးချကာ နေလိုက်ကြခြင်းလည်းဖြစ်နိုင်သည်။ ထို့ အတူ နိုင်ငံ တစ်နိုင်ငံ အတွင်းသို့ ဝင်ရောက်မှုတွင်လည်း အခြားလုပ် ငန်းများ၏ အခြေအနေနှင့် ကွာခြားမှုများရှိ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ရင်း နှီး မြှုပ်နှံသူများသည် လက်လီအရောင်းဆိုင် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံမည့်သူများထက်ပို၍ လက်မြန်ခြေမြန်ရှိနိုင်သည်။ အခြားသူများက အခြေ အနေ အရပ်ရပ်ကို လေ့ လာအကဲဖြတ် နေဆဲအချိန်မှာပင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍသို့ ဝင်ရောက်မြှုပ်နှံမ ည့်သူများမှာ အထိုင်ချရင်းနှီး မြှုပ်နှံပြီးသားဖြစ်လျက် ရှိနေသည်ကို တွေ့ကြရလိမ့်မည်။သယံဇာတ ပိုင်ဆိုင်မှု၏ ကောင်းကျိုးရရှိရေး ပွင့်လင်းမြင်သာစွာ ရှိနိုင်ရေး အားထုတ်နေကြသည့် ဒီမို ကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း သဘာ၀ သယံဇာတ ထုတ်လုပ်မှုနှင့် ပတ်သက်၍ အစိုးရနှင့် အရပ်ဘက်လူ အဖွဲ့ အစည်းများပိုမိုအလေးထားလုပ်ဆောင်လာသော အားထုတ်မှု တစ်ခုမှာ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဝင်ငွေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ရှိလာနိုင်ေ ရး ဖြစ် သည်။ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာမည့် ဝင်ငွေအကျိုးအမြတ်များမည်သည့်နေရာမှစ၍ မည်သည့် နေရာတွင် အဆုံးသတ်သည်။ မည်မျှရရှိသည်။ မည်မျှသုံး စွဲသည်စသဖြင့် အခြေအနေ အားလုံးကို အစိုးရနှင့် ပြည်သူ ပြည်သားအားလုံး မှန်ကန်၊ ပြည့်စုံစွာသိရှိနိုင်သည့် စနစ်တစ်ခု ဖန်တီးထားနိုင်ခြင်းအားဖြင့် အများပြည်သူအကျိုးဖြစ်ထွန်း စေနိုင်သကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများ၊ ကုမ္ပဏီ များအတွက်လည်း အဂတိလိုက်စားခြင်း၊ ဖိနှိပ်ခြင်းနှင့် ပဋိပက္ခ ကြောင့်ဖြစ် လာနိုင်သည့် စွန့်စားရမှု၊ ဘေးအန္တရာယ်များကို လျှော့ချနိုင်မည် ဖြစ်သည်။ တာဝန်ခံမှုရှိသော၊ တာဝန်သိတတ်သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင်ခြင်းသည် တိုင်းပြည် တစ် ပြည်၏အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်အခြေခံကျသော အားထုတ်မှု ဖြစ်သည်။ ထိုလုပ်ငန်းများသာလျှင် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ဖြည့်ဆည်း ပေးနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အရည်အချင်းကောင်းများ ရှိေ သာ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ၊ကမ္ဘာ ကျော်လုပ်ငန်းကြီးများလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြောေ ချာ မွေ့လာနိုင် မည့် စီးပွားရေးပတ်ဝန်းကျင်များကို သက်ဆိုင်ရာ နိုင်ငံက ဖန်တီးပေးရန်လိုသည်။ သဘာဝသယံဇာတထုတ် လုပ်ရေးကဏ္ဍ တွင်နာမည်ကောင်းဂုဏ်သတင်းကို ထိန်းသိမ်း နိုင်စွမ်းရှိပြီး၊ သက်ဆိုင်ရာလူအဖွဲ့အစည်းက ပြဋ္ဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဘဲ လုပ် ကိုင်နိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ နိုင်မှသာ သဘာ၀ သယံဇာတဆိုသည့် ဥစ္စာဓနပိုင်ဆိုင်မှုသည် ထိုလူအဖွဲ့အစည်း၏စီးပွားရေးဖွံ့ဖြိုးမှုနှင့် နေထိုင်မှု အဆင့်အတန်းတိုးတက်ေ စရေး အတွက် အထောက်အကူရရှိလာစေ မည်ဖြစ်သည်။
ကျွန်တော်သည် ပြီးခဲ့တဲ့Trade, Investment and SMEs Workshopခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ အသေးစားအလတ်စား စက်မှု လုပ်ငန်းနှင့်အကြီးစားစက်မှုလုပ်ငန်းများဖြစ်သည့်ချည်မျှင်နှင့် အထည်စက်ရုံ များ၊ မော်တော်ကားထုတ်စက်ရုံများသို့ တစ်လ နီးပါးသွား ရောက်လေ့လာ မှုများ ပြုလုပ်ခဲ့ရပါ သည်။ လေ့ လာ တွေ့ရှိ ခဲ့များ အပေါ်အားသာချက်၊အားနည်းချက်များကို အုပ်စု ဖွဲ့ လေ့လာ သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြ ရပါသည်။ ထို့ ပြင် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု မူဝါဒများ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို နှိုင်း ယှဉ်လေ့လာ သုံးသပ်ဆွေးနွေးခဲ့ရသည်။ အဆိုပါ မူဝါဒများ အပေါ် ဆက်နွယ်လွှမ်းမိုးနေသည့် အကောက်ခွန်လုပ်ထုံး လုပ် နည်းမူဝါဒနှင့် သွင်းကုန်ထုတ်ကုန် လုပ်ထုံးလုပ်နည်း မူဝါဒများကိုပါ လေ့လာဆွေးနွေးမှုများလည်း ပါ ဝင်သည်။
မိသားစုတစ်ခုမှာ ဘဝရပ်တည်ရေး၊ စားရေး၊ ဝတ်ရေး၊ နေရေး၊ လူတန်းစေ့နေထိုင်နိုင်ရေး၊ အနာဂတ်မှာ မပူမပင်၊ မတောင့် မတ၊ မကြောင့်မကြနေနိုင်ရေး၊ သားသမီးတွေရဲ့ လူမှု ရေး၊ ပညာရေး၊ မိသားစုကျန်းမာရေးများ အဆင်ပြေစေရေး အတွက် မိခင်နဲ့ဖခင်သာမက အရွယ်ရောက်သားသမီးများပါ အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာလည်း အသိ ပညာတတ်ထားတဲ့ အုပ်စုက ဉာဏ်အားနဲ့လုပ် ကြပြီး ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းတွေ ကတော့ ကာယအားနဲ့ အသက်မွေးကြပါတယ်။ ဒီလိုနဲ့ပဲ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံအလုပ်ရုံ ကုန် ထုတ် လုပ်ငန်းတွေနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမ၊ ဂီတ၊ဆံပင်ညှပ်၊ယာဉ်မောင်းစတာတွေနဲ့ အသက် မွေး ဝမ်းကျောင်း ကြရပါတယ်။
