Background
သတိပေးချက်ရလဒ် လက်နက်ကိုင်တိုက်ပွဲများ၏ အနိ ဋ္ဌာရုံများကို ကောင်းစွာ ဆင်ခြင်သုံးသပ်နိုင်ခဲ့ပြီးသည့် စစ်အေးကာလလွန် အချိန် များတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်များသည် အခြားအရာများထက် ၎င်းတို့၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို အလွန်အမင်း အာရုံစိုက်လာ ခဲ့ကြ သည်။ ထိုလိုအပ်ချက်အတွက် နိုင်ငံခြားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုကို အရေးကြီးသော အရင်းအနှီး ဇာစ်မြစ် အဖြစ်မျက်စိ ကျခဲ့ကြသည်။ မိမိတို့ နိုင်ငံများအတွင်းသို့ နိုင်ငံ ခြားအရင်းအနှီးများ စီးဝင်လာစေရေး သူထက်ငါ ဆွဲဆောင်မှု များ ပြုလုပ်လာ ခဲ့ကြ၏။ တိုက်ဆိုင်မှုရှိစွာပင် အပေးအယူ တည့်စရာအကြောင်းကဖန်လာသည်။ ကမ္ဘာအနှံ့ဖြန့်ကျက် ကျင်လည်ကျက်စားနေ ကြသော ကုမ္ပဏီများ၊ လုပ်ငန်းကြီး များကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပရောဂျက်များ၊ ထူထောင် ရေးလုပ်ငန်းများတွင် ၎င်းင်းတို့၏ ရင်းနှီးငွေများကို ထည့်သွင်း မြှုပ်နှံရန် ထိုအချိန်၌အသင့်ရှိနေကြခြင်းဖြစ်သည်။ ထိုသို့ ပေးမည့်သူနှင့် ယူမည့်သူ သဟဇာ တဖြစ်နေသော်လည်း ဖြစ်စဉ်၏ အကျိုးဆက်များက အားလုံးကောင်းမွန်သည့် ရလဒ်များမဟုတ်။ အနုတ်လက္ခဏာပြသော အခြေအနေများလည်း ရှိခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များက ပြုလုပ်ခဲ့သော သုတေ သနများကလည်း သတိပေး အခြေ အနေတစ်ရပ်ကိုပြသနေ သည်။ သဘာဝသယံဇာတ ကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် မြို့ပြပဋိပက္ခများ ဖြစ်ပေါ်မှုသည် ဆက်စပ်မှု ရှိနေသည်ဟူ သော တွေ့ရှိချက်ဖြစ်သည်။ယှဉ်တွဲလာသော အကောင်းနှင့်အဆိုး သဘာဝသယံဇာတမှ ရရှိလာသော နိုင်ငံခြားငွေများသည် ပြည်တွင်းတွင်အဂတိလိုက်စားမှုကိုပိုမိုဆိုးရွားေ စပြီး နိုင်ငံခြား လုပ်ငန်းများတည်ရှိ လုပ်ကိုင်နေမှုများမှာ များသော အားဖြင့် လူ့အခွင့်အရေးအလွဲသုံးစားပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အခြားရလဒ်ဆိုးများဆီသို့ တိုက် ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်း ကောင်း ဦးတည် သွားနေသည်ဟု ထောက်ပြကြသည်။ ထို့ ကြောင့် နိုင်ငံတစ်နိုင်ငံအတွက် သဘာဝသယံဇာတကြွယ်ဝမှု သည် ကောင်းကျိုးကို သာမက ဆိုးကျိုးကိုလည်းဖြစ် စေသည် ဟု ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို သက်သေ အဖြစ် မြင်ေ တွ့ခဲ့ကြ ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ် လာသော ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပဋိပက္ခများနှင့် လူ့အခွင့် အရေးကိစ္စများတွင် အနုတ်လက္ခဏာဆောင်သည့် သက် ရောက်မှုများ များပြားလာသဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက် ၍ ဆွေးနွေး သည့်အခါ ထိုကိစ္စများကိုပါ ထည့်သွင်းစဉ်းစားလာကြရသည့် အခြေအနေထိဖြစ်လာခဲ့သည်။ အခြားသော ရှုထောင့်များမှလည်း ထူးခြားသော သုံးသပ်ချက်ထွက် ရှိလာသည်မှာ သတိပြုစရာဖြစ်သည်။ ဖွံ့ ဖြိုးဆဲ တိုင်းပြည်များသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အများစုမှာ အများအားဖြင့် သဘာဝသယံဇာတ တူး ဖော်ထုတ် လုပ်ရေး ကဏ္ဍတွင်သာ ရင်းနှီးမြှုပ်နှံမှု များပြားပြီး ဝန်ဆောင်မှု ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများကိုလက်ရှောင်တတ်လေ့ ရှိခြင်းြ ဖစ်သည်။အဘယ့်ကြောင့်နည်း ဆိုသည့် မေးခွန်း၏အဖြေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အချို့ကအခြေခံအဆောက်အအုံ မပြည့်စုံမှုက နံပါတ်တစ်နေရာတွင် ထားရမည့် အခက်အခဲတစ်ခုဖြစ်ပြီး အခြားသောလိုအပ်ချက်များမှာလည်း တန်းစီ၍ရှိနေ သည်ဟု ဆိုကာ တုံ့ပြန်သည်။စိတ်မြန်လက်မြန် အကယ်၍ နိုင်ငံအတွင်းတွင်လူမှုရေးမငြိမ်သက်မှု၊ ပဋိ ပက္ခများ အဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် လုပ်ငန်းအားလုံး တိုင်း ပြည်တွင်းမှ ထွက်ခွာသွားရမည့် အခြေအနေမျိုး ကြုံလာခဲ့ပါက သဘာဝသယံဇာတအခြေခံထုတ်လုပ်ရေးကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုထက် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများမှ လုပ်ငန်းများကသာ ထိုတိုင်းပြည်မှ ဦးစွာထွက်ခွာ မည့် အခြေအနေ ပိုမိုရှိလိမ့်မည်ဟုလည်း သုတေသီတို့က ထောက်ပြကြသည်။ အခြားသောရင်းနှီးမြှုပ်နှံမှုများက စိုးရမ် မှုများဖြင့် ထွက်ခွာရန် အားထုတ်နေစဉ် သို့မဟုတ် ထွက်ခွာ နေစဉ် သဘာဝသယံဇာတတူးဖော်ရေး ထုတ်လုပ်သည့် လုပ် ငန်းများ၊ စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် လုပ် ငန်းများမှာမူ သည်စိတ်လှုပ်ရှားမှုများစွာ မရှိဘဲ ဆက်လက် ရပ်တည်နိုင်ရန် အားထုတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဟု ထင်မြင်ယူဆသနည်း ထိုကုမ္ပဏီများ၊ လုပ်ငန်းများနှင့် သက်ဆိုင်ရာ အာဏာ ပိုင်များကြားအားကောင်းသောအကျိုးစီးပွားအခြေခံ ဆက်ဆံ ရေး များနှင့် လုပ်ငန်း သဘာဝအရ အရင်းအနှီးပမာဏ အမြောက်အမြားဖြင့် အထိုင်ချ တည်ဆောက် ထားပြီး ဖြစ် သော အခြေခံ အဆောက်အအုံများကြောင့် မျက်လုံးမှိတ်၍ စိတ်ဒုံးဒုံးချကာ နေလိုက်ကြခြင်းလည်းဖြစ်နိုင်သည်။ ထို့ အတူ နိုင်ငံ တစ်နိုင်ငံ အတွင်းသို့ ဝင်ရောက်မှုတွင်လည်း အခြားလုပ် ငန်းများ၏ အခြေအနေနှင့် ကွာခြားမှုများရှိ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ရင်း နှီး မြှုပ်နှံသူများသည် လက်လီအရောင်းဆိုင် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံမည့်သူများထက်ပို၍ လက်မြန်ခြေမြန်ရှိနိုင်သည်။ အခြားသူများက အခြေ အနေ အရပ်ရပ်ကို လေ့ လာအကဲဖြတ် နေဆဲအချိန်မှာပင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍသို့ ဝင်ရောက်မြှုပ်နှံမ ည့်သူများမှာ အထိုင်ချရင်းနှီး မြှုပ်နှံပြီးသားဖြစ်လျက် ရှိနေသည်ကို တွေ့ကြရလိမ့်မည်။သယံဇာတ ပိုင်ဆိုင်မှု၏ ကောင်းကျိုးရရှိရေး ပွင့်လင်းမြင်သာစွာ ရှိနိုင်ရေး အားထုတ်နေကြသည့် ဒီမို ကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း သဘာ၀ သယံဇာတ ထုတ်လုပ်မှုနှင့် ပတ်သက်၍ အစိုးရနှင့် အရပ်ဘက်လူ အဖွဲ့ အစည်းများပိုမိုအလေးထားလုပ်ဆောင်လာသော အားထုတ်မှု တစ်ခုမှာ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဝင်ငွေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ရှိလာနိုင်ေ ရး ဖြစ် သည်။ သဘာဝသယံဇာတ ထုတ်လုပ်ခြင်းမှ ရရှိလာမည့် ဝင်ငွေအကျိုးအမြတ်များမည်သည့်နေရာမှစ၍ မည်သည့် နေရာတွင် အဆုံးသတ်သည်။ မည်မျှရရှိသည်။ မည်မျှသုံး စွဲသည်စသဖြင့် အခြေအနေ အားလုံးကို အစိုးရနှင့် ပြည်သူ ပြည်သားအားလုံး မှန်ကန်၊ ပြည့်စုံစွာသိရှိနိုင်သည့် စနစ်တစ်ခု ဖန်တီးထားနိုင်ခြင်းအားဖြင့် အများပြည်သူအကျိုးဖြစ်ထွန်း စေနိုင်သကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများ၊ ကုမ္ပဏီ များအတွက်လည်း အဂတိလိုက်စားခြင်း၊ ဖိနှိပ်ခြင်းနှင့် ပဋိပက္ခ ကြောင့်ဖြစ် လာနိုင်သည့် စွန့်စားရမှု၊ ဘေးအန္တရာယ်များကို လျှော့ချနိုင်မည် ဖြစ်သည်။ တာဝန်ခံမှုရှိသော၊ တာဝန်သိတတ်သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင်ခြင်းသည် တိုင်းပြည် တစ် ပြည်၏အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်အခြေခံကျသော အားထုတ်မှု ဖြစ်သည်။ ထိုလုပ်ငန်းများသာလျှင် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ဖြည့်ဆည်း ပေးနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အရည်အချင်းကောင်းများ ရှိေ သာ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ၊ကမ္ဘာ ကျော်လုပ်ငန်းကြီးများလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြောေ ချာ မွေ့လာနိုင် မည့် စီးပွားရေးပတ်ဝန်းကျင်များကို သက်ဆိုင်ရာ နိုင်ငံက ဖန်တီးပေးရန်လိုသည်။ သဘာဝသယံဇာတထုတ် လုပ်ရေးကဏ္ဍ တွင်နာမည်ကောင်းဂုဏ်သတင်းကို ထိန်းသိမ်း နိုင်စွမ်းရှိပြီး၊ သက်ဆိုင်ရာလူအဖွဲ့အစည်းက ပြဋ္ဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိဘဲ လုပ် ကိုင်နိုင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ နိုင်မှသာ သဘာ၀ သယံဇာတဆိုသည့် ဥစ္စာဓနပိုင်ဆိုင်မှုသည် ထိုလူအဖွဲ့အစည်း၏စီးပွားရေးဖွံ့ဖြိုးမှုနှင့် နေထိုင်မှု အဆင့်အတန်းတိုးတက်ေ စရေး အတွက် အထောက်အကူရရှိလာစေ မည်ဖြစ်သည်။
ကျွန်တော်သည် ပြီးခဲ့တဲ့Trade, Investment and SMEs Workshopခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ အသေးစားအလတ်စား စက်မှု လုပ်ငန်းနှင့်အကြီးစားစက်မှုလုပ်ငန်းများဖြစ်သည့်ချည်မျှင်နှင့် အထည်စက်ရုံ များ၊ မော်တော်ကားထုတ်စက်ရုံများသို့ တစ်လ နီးပါးသွား ရောက်လေ့လာ မှုများ ပြုလုပ်ခဲ့ရပါ သည်။ လေ့ လာ တွေ့ရှိ ခဲ့များ အပေါ်အားသာချက်၊အားနည်းချက်များကို အုပ်စု ဖွဲ့ လေ့လာ သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြ ရပါသည်။ ထို့ ပြင် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု မူဝါဒများ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို နှိုင်း ယှဉ်လေ့လာ သုံးသပ်ဆွေးနွေးခဲ့ရသည်။ အဆိုပါ မူဝါဒများ အပေါ် ဆက်နွယ်လွှမ်းမိုးနေသည့် အကောက်ခွန်လုပ်ထုံး လုပ် နည်းမူဝါဒနှင့် သွင်းကုန်ထုတ်ကုန် လုပ်ထုံးလုပ်နည်း မူဝါဒများကိုပါ လေ့လာဆွေးနွေးမှုများလည်း ပါ ဝင်သည်။
မိသားစုတစ်ခုမှာ ဘဝရပ်တည်ရေး၊ စားရေး၊ ဝတ်ရေး၊ နေရေး၊ လူတန်းစေ့နေထိုင်နိုင်ရေး၊ အနာဂတ်မှာ မပူမပင်၊ မတောင့် မတ၊ မကြောင့်မကြနေနိုင်ရေး၊ သားသမီးတွေရဲ့ လူမှု ရေး၊ ပညာရေး၊ မိသားစုကျန်းမာရေးများ အဆင်ပြေစေရေး အတွက် မိခင်နဲ့ဖခင်သာမက အရွယ်ရောက်သားသမီးများပါ အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာလည်း အသိ ပညာတတ်ထားတဲ့ အုပ်စုက ဉာဏ်အားနဲ့လုပ် ကြပြီး ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းတွေ ကတော့ ကာယအားနဲ့ အသက်မွေးကြပါတယ်။ ဒီလိုနဲ့ပဲ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံအလုပ်ရုံ ကုန် ထုတ် လုပ်ငန်းတွေနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမ၊ ဂီတ၊ဆံပင်ညှပ်၊ယာဉ်မောင်းစတာတွေနဲ့ အသက် မွေး ဝမ်းကျောင်း ကြရပါတယ်။
ဆိုးကျိုး သက်ရောက်နိုင်ခြေများ၏ အရင်းအမြစ်
ယနေ့တစ်ကမ္ဘာ့လုံးရှိ နိုင်ငံများအတွက် အစိုးရိမ်ရဆုံးပြဿနာများထဲမှတစ်ခုမှာဆင်းရဲနွမ်းပါးမှုဖြစ်သည်။အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ထို ပြဿနာမှာ တဖြည်း ဖြည်းခြင်းကြီးထွားလာနေသဖြင့် အချိန်ကာလကြာရှည်သည် နှင့်အမျှ ဖြေရှင်းရပို၍ ခက်ခဲလာလျက်ရှိနေသည်။ထို့ကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၌ဆင်းရဲနွမ်းပါးမှုလျော့ကျစေရေး(လုံးဝပပျောက်စေရေးမှာကြားရသူအပေါင်းအား ရှိစရာ ကောင်း နိုင်သော်လည်း လက်တွေ့တွင်လုံးဝဖြစ်နိုင်ချေ မရှိပေ။)
လွိုင်ကော်မှာနေတဲ့နေရာကခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နီးတော့ မနက်တိုင်း အရုဏ်တက်ချိန် ဆိုရင်ခေါင်းလောင်း သံလွင် လွင်ကြားရတယ်။ ပြီးတော့ ဓမ္မတေးသံတွေ ပေါ့။ပခုက္ကူမှာတုန်းကတော့ ဗုဒ္ဓဘာသာသံဃာတွေရဲ့ အထင်ကရ ဘုန်းတော်ကြီးကျောင်းကြီးတွေက လေးပြင် လေးရပ်မှာရှိတော့ မနက် ၄း၀၀ နာရီဆိုရင် အသံချဲ့စက် ၃၊ ၄ လုံးကနေပြီး ပရိတ်၊ပဋ္ဌာန်း၊တရားတော်များကြားနာခဲ့ရပါတယ်။
နိုင်ငံတကာမှာကုန်သွယ်ရေးနဲ့ပတ်သက်လို့မိမိတု့ိ ပြည်တွင်းသာမကပြည်ပကုန်သွယ်မှု လုပ်ကိုင်တဲ့ (Export/Import) လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ (WTO) လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ် နည်းစည်းမျဉ်း (Rules and Regulations) တွေနဲ့အညီ ကုန်သွယ်မှုလွယ်ကူလျင်မြန် ချော့မွေစေရေး(Trade facilitation) နဲ့ ကုန်သွယ်မှုဖြေလျော့ရေး(Trade Liberalization) စတဲ့ ကုန်သွယ်ရေး
ပြည်သူ့အမြင်စစ်တမ်း
၂၀၁၃-၁၄ဘဏ္ဍာနှစ်ကုန်ဆုံးခဲ့ပြီ၊ဒီလိုကုန်ဆုံးချိန်မှာ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု အခြေအနေ ကို ဆောင်းပါးရေးမယ် ဆိုပြီး၊ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်... ဒီလိုပြင်ဆင်ချိန်မှာပဲ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး IRI – International Republican Institute မှကောက်ယူ ခဲ့တဲ့ '' လူထုထင်မြင်ချက် သဘောထား စစ်တမ်း Public Opinion Surveyက ထွက်လာတယ်။ အဲဒီ စစ်တမ်းထဲမှာမြန်မာနိုင်ငံစီးပွားရေးနဲ့ပတ် သက်ပြီး တော့ ပါလာ တယ်လေ ..သူ့ရဲ့ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံရဲ့လက်ရှိ စီးပွား ရေးအခြေအနေကို ''လွန်ခဲ့တဲ့နှစ်ထက် ယခုပိုမို တိုး တက်လာသည်''ဆိုတာနဲ့ ပတ်သက်ပြီး ''၈၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ၁၅ ရာခိုင်နှုန်းက ကန့်ကွက် ခဲ့ပါတယ်။တစ်ခါ''လာမဲ့နှစ်တွင်ပိုမိုကောင်းမွန်မည်'' ဆိုတာနဲ့ ပတ်သက်ပြီး ၈၁ရာ ခိုင်နှုန်း ထောက်ခံခဲ့ပြီး၊ ၂ရာခိုင်နှု န်းကကန့်ကွက်''ခဲ့ပါတယ်။၁၇ရာခိုင်နှုန်းကတော့မပြောတတ်ပါဘူးလို့ဆိုထားပါတယ်။ဒီစစ်တမ်းဟာပြည်ပနိုင်ငံကြီး တစ်ခုကနေ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၃၁၇ မြို့က လူပေါင်းထောင်ချီပြီး ၂၄-၁၂-၁၃ ကနေ ၁-၂-၂၀၁၄ အတွင်းIRI ကလူထုကိုအခြေခံပြီးတော့ကောက်ခံထားတဲ့ပြည်သူ့အမြင်ဖြစ်တာကြောင့် အငြင်းပွားဖွယ်ရာတော့ရှိမယ် မထင်ပါ ဘူး။ တကယ်လဲ တိုးတက် နေတယ်ဆိုတာက ငြင်းမရဘူးလေ။ တစ်ခုတော့ရှိတာပေါ့၊ ယခင်နဲ့ ယခုမြန်မာ့ စီးပွားရေးကိုပဲ နှိုင်းယှဉ်ဖို့တော့ လိုမယ်နော်။(IRI မှ ကောက်ခံထုတ်ပြန်သော] Survey of Myanmar Public Opinion '' မှ ကောက်နှုတ်ချက် )
မောင်းနှင်အားနိုင်ငံတစ်နိုင်ငံရဲ့ စီးပွးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားတွင် ကုန်သွယ်မှုသည် အဓိကဖြစ်တယ်ဆိုတာလူတိုင်းအသိ ပါပဲ။ ဒါကြောင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုတိုးတက်ရေးအတွက် လုပ်သင့် လုပ်ထိုက်တာတွေအားလုံးကို သတ္တိရှိရှိ ဆုံးဖြတ်ဆောင်ရွက်ခဲ့တာကြောင့် လဲ ကုန်သွယ်မှု လျင်မြန်ချောမွေ့ လာပြီး ၊ ကုန်သွယ်မှု ပမာဏဟာ တိုးတက်လာတယ်ဆိုတာ ငြင်းဆန်လို့မရပါဘူး။ မြန်မာ့ ကုန်သွယ်မှုနဲ့ပတ်သက် ပြီး ဗိုလ်ဇော်တို့မမွေးခင် ၁၉၅၀ ခုနှစ်က လုပ်ခဲ့တဲ့ ကုန်သွယ်မှုပမာဏကနေ အခု ၂၀၁၃-၁၄ အထိကို အလွယ်တကူ မြင်သာအောင်ဂရပ်ဖ်နဲ့ပဲ တစ်ခါ တည်း ဖော်ပြလိုက် ပါတယ်။ ပုံ(၁) ဂရပ်ဖ်ကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တိုးတက်ခဲ့ တယ်ဆိုတာ အလွယ်တကူ သဘောပေါက်မယ် ထင်ပါတယ်။၂၀၁၃-၁၄ ကုန်သွယ်မှု မြန်မာ့ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လိုအပ်တာ တွေကို ပြုပြင်၊ ပယ်ဖျက်သင့်တာကို ပယ်ဖျက်၊ လုပ်သင့်တာကိုလုပ်၊ ပွင့်လင်းမြင်သာစွာနဲ့အခွင့်အရေးအားလုံးကိုတန်းတူပေးခဲ့တာကြောင့် မို့ ကုန်သွယ်မှုပမာဏ ဟာ အတော်လေး တိုးတက်လာပါတယ်။ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ချုပ်လိုက်တော့ ကုန်သွယ်မှုပမာဏ ဟာအမေ ရိကန်ဒေါ်လာ၂၄ ဒသမ ၈၆၈ ဘီလီယံရှိခဲ့ပါတယ်။ ယခုနှစ် ၂၀၁၂-၁၃ဘဏ္ဍာနှစ် မှာ ဒေါ်လာ၁၈ ဒသမ ၃၉၇ ဘီလီယံသာ ရှိခဲ့တာ ကြောင့် ဒီနှစ် မနှစ်ကထက် ၆ ဒသမ ၄ ဘီလီယံပိုမိုဆောင်ရွက်နိုင် ခဲ့တာကိုတွေ့ရမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ပို့ကုန်ပမာဏ ၁၁ ဒသမ ၁၀ ဘီလီယံရှိပြီး၊ သွင်းကုန်ပမာဏ ၁၃ ဒသမ ၇၅၉ ဘီလီယံရှိတဲ့ အတွက်ကုန်သွယ်မှုလိုငွေ ၂ ဒသမ ၆၅ ဘီလီယံတော့ရှိနေခဲ့ပါ တယ်။ ဒါဟာလဲ ကုန်သွယ်မှုတစ်ခုတည်းကိုပဲ ကြည့်လို့သာ ငွေပြတာ ဖြစ်ပါတယ်။ ဒီနှစ်အတွက်လျာထားချက်အနေနဲ့က ၂၅ ဒသမ ၅ ဘီလီယံရှိတာကြောင့် လျာထားချက်အပေါ်မှာ ၉၇ ဒသမ ၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီကုန်သွယ်မှုပမာထဲမှာ နိုင်ငံပိုင် ၈၆၃၃ ဒသမ ၀၂၈ ဒေါ်လာသန်း၊ ပုဂ္ဂလိက ကဏ္ဍက ကန်ဒေါ်လာ ၁၆၂၃၅ ဒသမ ၇၁၁ သန်း ပါဝင်ပါတယ်။ ယခင်နှစ် တွေထက်စာရင် ပုဂ္ဂလိက ကဏ္ဍဟာလည်း တိုးတက်လာတာ တွေ့ရ တော့မှာပါ။၂၀၁၃-၁၄ ပို့ကုန်
မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေး ခဲ့ရာမှာ လိုင်စင်လျှောက်ထားရန် မလိုဘဲ သွင်းကုန် ပစ္စည်း အမယ်၁၅၂မျိုး ကို ခွင့်ပြုပေးခဲ့သလို လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်ပစ္စည်း များတွက် စာရွက်စာတမ်း၊ အချိန်၊ငွေကုန်ကျမှုတွေလျှော့ချပေးခဲ့တာကစလို့လုပ် ငန်း လွယ်ကူ လျင်မြန်ေ အာင် ဆောင် ရွက် ပေးနိုင်ခဲ့တာ ကြောင့် ယခုဘဏ္ဍာနှစ်မှာ ၁၁ ဒသမ ၁၀၈ ဘီလီယံဖိုးတင်ပို့ခဲ့ရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ၂၀၁၂-၁၃ တုန်းက ၉ ဒသမ ၀၂၅ ဘီလီယံ သာ တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မှာ ပို့ကုန် ၂ ဒသမ ၀၈၃ ဘီလီယံပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ် ။ ဒီလိုတင်ပို့ခဲ့တာမှာ ပင်လယ်ရေကြောင်းကနေ တင်ပို့မှု ၈ ဒသမ ၃၅၀ ဘီလီယံရှိပြီး၊ နယ်စပ်ဒေသကနေတစ်ဆင့် တင်ပို့မှုဟာ ၂ ဒသမ ၇၅၇ ဘီလီယံရှိ ခဲ့ပါတယ်။ ယခင်နှစ်များနဲ့ဆိုရင် ပင်လယ်ရေကြောင်းကရော နယ်စပ် ကပါ ပိုမိုတင်ပို့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ခါတင်ပို့မှုမှာပြန်ကြည့် ရင် နိုင်ငံပိုင်က ၆ ဒသမ ၀၇၈ ဘီလီယံဖိုးပါဝင်ခဲ့ပြီး၊ ပုဂ္ဂလိက ကဏ္ဍတင်ပို့မှုမှာတော့ ၅ ဒသမ ၀၃၀ ဘီလီယံ ပါဝင် ခဲ့ပါတယ်။ ဒီနေရာမှာနိုင်ငံပိုင် ကဏ္ဍက များနေတာဟာ အဓိက အားဖြင့်တော့ စက်မှုကုန်ချောကဏ္ဍဖြစ်ပြီး သဘာဝဓါတ်ငွေ့တင်ပို့ ရောင်းချမှု ပါဝင်နေတဲ့အတွက်ပဲဖြစ်တာတွေ့ ရပါတယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း ယခင်နှစ်က ၄ ဒသမ ၃၁၉ ဘီလီယံသာ တင်ပို့ ခဲ့ရာက ယခုနှစ်မှာ ၅ ဒသမ ၀၃၀ဘီလီယံတင်ပို့နိုင်ခဲ့တာ ကြောင့် တိုးတက်လာခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ ဘာပဲပြောပြော နယ်စပ် ဒေသကုန်သွယ်မှုလဲ တိုးတက်လာခဲ့တာတွေ့ ရပါတယ်။ ယခုဘဏ္ဍာနှစ် မှာ မြန်မာပို့ကုန် အများစုဟာ အာရှနိုင်ငံများကိုသာ တင်ပို့ခဲ့ရပြီး၊ အာရှနိုင်ငံများသို့ ကုန်သွယ်မှု ပမာဏ ၁၀ ဒသမ ၇၃၁ဘီလီယံရှိခဲ့ပါတယ်။ဒီ အထဲ မှာ အာဆီယံနိုင်ငံများသို့ ၅ ဒသမ ၂၀၃ ဘီလီယံ တင်ပို့ခဲ့ရပြီး၊ အရှေ့အာရှနိုင်ငံများကို ၄ ဒသမ ၂၈၂ ဘီလီယံဖိုး တင်ပို့ခဲ့ရပါ တယ်။ နိုင်ငံ အလိုက် မြန်မာ့ ပို့ကုန် အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေကတော့ ထိုင်း ၄ ဒသမ ၂၂၂ ဘီလီယံ၊ တရုတ် ၂ ဒသမ ၉၀၉ဘီလီယံ ရှိတာတွေ့ ရပါ တယ်။၂၀၁၃-၁၄ သွင်းကုန် ဒီနှစ် သွင်းကုန်ကဏ္ဍမှာ စုစုပေါင်း ၁၃ ဒသမ ၇၅၉ ဘီလီယံ ရှိတာကြောင့် ယမန်နှစ်ကထက် ၆ ဒသမ ၄၇၁ ဘီလီယံဒေါ်လာပိုမိုခဲ့ တာတွေ့ရပါတယ်။ သွင်းကုန်မှာ အစိုးရကဏ္ဍက ၂ ဒသမ ၅ ဘီလီယံဒေါ်လာ ၊ရာခိုင်နှုန်း အားဖြင့် ၁၈ ဒသမ ၁၆ ရာခိုင်နှုန်း ရှိပြီး၊ ပုဂ္ဂလိကကဏ္ဍ က ၁၁ ဒသမ ၂၀၅ ဘီလီယံဒေါ်လာ ရာခိုင်နှုန်းအား ဖြင့် ၈၁ ဒသမ ၈၄ ရာခိုင်နှုန်း ပါဝင်တာတွေ့ရပါတယ်။ တစ်ခါသွင်း ကုန်တွေကိုတင်သွင်း နေရာလိုက်လေ့လာကြည့်တဲ့ အခါမှာတော့ ပင်လယ်ရေကြောင်းက ၁၁ ဒသမ ၉၃၂ ဘီလီယံ၊ ၈၆ ဒသမ ၇၀ ရာခိုင်နှုန်း၊ နယ်စပ်ကနေ ၁ ဒသမ ၈၂၇ ဘီလီယံ၊ ၁၃ ဒသမ ၃၀ ရာခိုင်နှုန်း ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ကဏ္ဍအလိုက်လေ့လာသော်
ကျွန်တော်တို့ နိုင်ငံကနေ ပို့ကုန်တင်ပို့မှုကို ကဏ္ဍကြီး ၆ ရပ် ခွဲခြားထားရှိပါတယ် ။မြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ် ပေမဲ့လို့ ယခုဘဏ္ဍာနှစ် ပို့ကုန်မှာစက်မှုကုန်ချော ကဏ္ဍ ကအများဆုံးတင်ပို့ခဲ့ပြီး၊ စုစုပေါင်းရငွေ ၄ ဒသမ ၅၀၅ ဘီလီယံဒုတိယအများဆုံးတင် ပို့တာ ကတော့ လယ်ယာထွက်ကုန် ပဲဖြစ်ပါတယ်။ စုစုပေါင်း ၂ ဒသမ ၆၅၈ ဘီလီယံဖြစ်ပါတယ်။ တိရစ္ဆာန်ထွက်ပစ္စည်း ကတော့ သုည ဒသမ ၀၀၁၅ ဘီလီယံြ ဖစ်ပြီး ရေထွက်ပစ္စည်း ကဏ္ဍ မှာတော့ ဒေါ်လာ ၅၁၆ ဒသမ ၁၈၉ သန်း၊ သတ္တုကဏ္ဍက ကန် ဒေါ်လာ ၁၃၃၆ ဒသမ ၇၀၂သန်း ဖိုးနဲ့ သစ်တောကဏ္ဍက ဒေါ်လာ ၉၄၇ ဒသမ ၈၀၈ သန်းဖိုး၊ အခြားပစ္စည်းက ဒေါ်လာ ၁၁၂၀ ဒသမ ၆၆၇သန်းဖိုးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ပို့ကုန်ကဏ္ဍအလိုက် ပါဝင် မှုကိုအောက်မှာေ ဖာ်ပြထားတဲ့ ဂရပ်ဖ်မှာလွယ်ကူ စွာတွေ့ရှိနိုင်ပါတယ်။၂၀၁၃-၁၄ သွင်းကုန် ၂၀၁၃-၁၄ ခုနှစ် သွင်းကုန်မှာတော့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းက ၅၆၉၁ ဒသမ ၁၇၅ ဒေါ်လာသန်းဖိုး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက ၅၆၈၃ ဒသမ ၀၆၃ ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းက ၂၃၈၅ ဒသမ ၇၁၅ ဒေါ်လာသန်းဖိုးပါဝင်ပါတယ်။ အချိုးအစားကိုတော့ ဂရပ်ဖ်နဲ့ဘဲဖော်ပြ ထားပါတယ်။ ဒီတင်သွင်းမှုမှာ အစိုးရကဏ္ဍက ၂၅၅၄ ဒသမ ၈၃ ဒေါ်လာသန်း၊ ပုဂ္ဂလိက ကဏ္ဍက ၁၁၂၀၅ ဒသမ ၁၂ ဒေါ်လာသန်းရှိတာတွေ့ ရပါတယ်။၂၀၁၃-၁၄ ရဲ့ ကုန်သွယ်ဖက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပြုခဲ့တဲ့ ထိပ်တန်းနိုင်ငံကို လေ့လာတဲ့အခါမှာတော့ ကုန်သွယ်မှု အများ ဆုံးကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး၊ ကုန်သွယ်မှု ပမာဏ ၇၅၃၂ ဒသမ ၂၃၂ ဒေါ်လာသန်း၊ ဒုတိယအများဆုံး ကုန်သွယ် ဖက်ကတော့ထိုင်းနိုင်င ံဖြစ်ပြီး၊ ကုန်သွယ်မှု ပမာဏ ၅၅၇၅ ဒသမ ၁၀၆ ဒေါ်လာသန်း၊ တတိယအများဆုံးကတော့ စင်ကာပူ ၃၆၀၄ ဒသမ ၂၄၈ ဒေါ်လာသန်း၊ ဂျပန်က ၁၈၀၉ ဒသမ ၄၉၅ သန်းဖြင့် စတုတ္ထ တောင်ကိုရီးယား ၁၅၇၀ ဒသမ ၈၉၈ ဒေါ်လာသန်း၊ အိန္ဒိယ ၁၆၃၆ ဒသမ ၈၉၇ ဒေါ်လာသန်းဖြစ်ပါတယ်။
ဈေးကွက်အလိုက်ဒေသအလိုက်လေ့လာကြည့်တဲ့အခါမှာတော့ မြန်မာ့ကုန်သွယ်မှု ပမာဏဟာ အာရှနိုင်ငံများနဲ့ သာဖြစ်ပြီး၊ ကုန်သွယ် ပမာဏ ၂၃၆၈၀ ဒသမ ၅၁၀ ဒေါ်လာသန်း၊ ရာခိုင်နှုန်းအားဖြင့်တော့ ကုန်သွယ်မှုပမာဏနဲ့ ၉၅ ဒသမ ၂၂ရာခိုင်နှုန်း ရှိတာတွေ့ရပါတယ်။ ဥရောပနိုင်ငံများနဲ့ ကုန်သွယ်မှုပမာဏ ၅၅၃ ဒသမ ၂၉၁ဒေါ်လာ သန်း ရှိပြီး၊ ကုန်သွယ်မှုပမာဏရဲ့ ၂ ဒသမ ၂၂ရာခိုင်နှုန်း(ဥရောပသမ္မတနိုင်ငံ များနဲ့ ကုန်သွယ်မှုပမာဏကတော့ ၅၄၂ ဒသမ ၈၂၆ ဒေါ်လာ သန်းဖြစ်ပါတယ်) အမေရိကန်နိုင်ငံများနဲ့ ကုန်သွယ်မှု ပမာဏ ၁၃၆ ဒသမ ၁၀၇ ဒေါ်လာသန်း၊ အရှေ့အလယ်ပိုင်း နိုင်ငံ များနဲ့ ကုန်သွယ်မှု ၂၆၇ ဒသမ ၃၁၁ ဒေါ်လာသန်း၊ ကျွန်းနိုင်ငံများနဲ့ ၁၁၃ ဒသမ ၆၅၉ ဒေါ်လာသန်း၊ အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှု ပမာဏ ၁၀၉၄၆ ဒသမ ၇၉၈ ဒေါ်လာသန်း ရှိပါ တယ်။ ဈေးကွက် အလိုက် အခြေအနေကို အောက်မှာ ဂရပ်ဖ်နဲ့ ဖော်ပြထားပါတယ်။
ဒါကိုကြည့်ရင်တော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဈေးကွက် ဝေစုရဖို့အတွက် ကမ္ဘာ့ဈေးကွက်ထဲ ရောက်အောင် များစွာဆောင် ရွက်ဖို့ လိုနေသေးတာ သေချာပါတယ်။ အဓိကကုန်သွယ်ဖက်နိုင်ငံ တွေဟာ အိမ်နီချင်းနိုင်ငံတွေ နဲ့သာအများဆုံးဖြစ်နေတာတွေ့ရ မှာ ဖြစ် ပါတယ်။ အခု EU ကနေGSP အခွင့်အရေးတွေ ပေးနေပေမဲ့ မိမိနိုင်ငံ ကကုန်ပစ္စည်းတွေ တင်ပို့ဖိုရာအတွက်အကန့်အသတ်တွေရှိနေ ပါသေးတယ်။ အခုဆိုရင် ဆိုင်ရာဈေးကွက်တွေ ကနေ လာရောက်ပြီး၊ ကွင်းဆင်းကြည့်ရှု့ နေတာတွေကလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျွန်တော် တို့ နိုင်ငံ ကပြုပြင် ရ မှာတွေပါ။ ဒီလိုပြုပြင်ဖို့အတွက်က တော့Supply Chain တစ်လျှောက်လုံးမှာ ပါဝင်နေတဲ့သူတွေ အားလုံးကဆိုင်ရာအပိုင်းလိုက်ဆောင် ရွက် ပြုပြင်ကြရမှာ ဖြစ်ပါ တယ်။တကယ့်ဈေးမှန်ရဖို့ဈေးကွက်ဝေစု ရဖို့ဆို တာကတော့ဈေးကွက်လိုအပ်ချက်တွေကိုအပြည့်အဝဆောင်ရွက်ပေးဖို့တော့ လိုမှာဖြစ်ပါတယ်။လယ်ယာထွက်ကုန်ကဏ္ဍ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် လယ်ယာထွက်ကုန်တင်ပိ့ုမှာ အမေရိ ကန်ဒေါ်လာ ၂၆၅၈ ဒသမ ၇၄၉ ဒေါ်လာသန်း ရှိပြီးတော့ အများ ဆုံး တင်ပို့ခဲ့တာကတော့ ပဲမျိုးစုံဖြစ်ပြီး၊ စုစုပေါင်း တန်ချိန် ၁ ဒသမ ၃၈ သန်းရှိပြီး၊ စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၅၇ ဒသမ ၀၅၃သန်း ဖိုးဖြစ်ပါတယ်။ ပဲမျိုးစုံမှာတော့ ပင်လယ်ရေကြောင်းက တင်ပို့မှု ၁ ဒသမ ၁၃ သန်းရှိပြီး၊ တန်ဖိုအားဖြင့် ၇၄၃ ဒသမ ၅၂၂ သန်း၊ နယ်စပ်ဒေသမှ တန်ချိန် ၂၄၆၈၆၉ တန်၊ တန်ဖိုးအားဖြင့် ၂၁၃ ဒသမ ၅၃၁ သန်းဖိုး တင်ပို့ထားခဲ့တာတွေ့ရပါတယ်။ ပဲမျိုးစုံမှာအများဆုံး တင်ပို့တာကတော့ မတ်ပဲဘဲဖြစ်ပါတယ်။ စုစုပေါင်းတန်ချိန် ၆၄၅၆၉၈တန်တင်ပို့ပြီး၊ ကန်ဒေါ်လာ ၃၇၆ ဒသမ ၄၂၅ သန်းရရှိထား ပါတယ်။မြန်မာနိုင်ငံကနေပဲအနေဖြင့် အမျိုးစား၂၀ ကျော်တင်ပို့ နေတာပဲဖြစ်ပါတယ်။ ဒုတိယအများဆုံး တင်ပို့ခဲ့တာ ကတော့ နှမ်းမျိုးစုံဖြစ်ပြီး၊တန်ချိန်အားဖြင့်၁၉၂၃၃၂တန်ဖြစ်ပြီး၊ တန်ဖိုးအားဖြင့် တော့ အမေရိကန်ဒေါ်လာ ၃၅၄ ဒသမ ၉၉၉ သန်းဖိုးဖြစ်ပါတယ်။ အများဆုံးတင်ပို့တာကတော့ နယ်စပ်ကနေဖြစ်ပြီး၊ တန်ချိန် ၁၅၃၅၆၇ တန် တန်ဖိုး အားဖြင့် ၂၉၁ ဒသမ ၀၇၁ သန်းဖိုးဖြစ်ပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုဟာ တန်ချိန် ၃၈၇၆၅ တန်သာ ရှိပြီး၊ တန်ဖိုး အားဖြင့်တော့ ၆၃ ဒသမ ၉၂၈ သန်းဖိုးသာရှိပါတယ်။ နှမ်းကို Value added အနေနဲ့ နှမ်းလှော် မှုန့်များ၊ ပြုလုပ်တင်ပို့ပါတယ်။ ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ နှမ်းလှော် ၆၁၅ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၂၃၄ သန်းဖိုးကို တင်ပို့ထားတာတွေ့ရပါတယ်။ တတိယအများဆုံးတင်ပို့တာက တော့ သစ်နဲ့ သစ်တောထွက် ပစ္စည်းဖြစ်ပြီး၊ စုစုပေါင်းတင်ပို့မှု တန်ချိန် ၁ ဒသမ ၂၆ သန်း၊ တန်ဖိုးအားဖြင့် ၄၇၄ ဒသမ ၈၆၇ဒေါ်လာသန်းဖိုးဖြစ် ပါတယ်။ ဆန်ဆီကတော့ ၉၈၆၄၇၄ တန် တန်ဖိုးအားဖြင့် ၃၈၁ ဒသမ ၆၄၇ ဒေါ်လာသန်း၊ ဆန်ကွဲက ၂၄၆၈၉၃ တန် တန်ဖိုးအားဖြင့်တော့ ၇၉ ဒသမ ၀၄၉ ဒေါ်လာသန်းဖိုး ကောက်ညှင်းဆန်က ၂၉၂၅၀ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၄ ဒသမ ၁၇၁ သန်းဖိုး ပါဝင်ပါတယ်။ ဆန်တင်ပို့မှု မှာ နယ်စပ်ကနေ ဆန် ၆၈၄၆၉၈ တန် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂၇၄ ဒသမ ၈၅၆ သန်းဖိုးရှိပြီး၊ ပင်လယ်ရေကြောင်းက တင်ပို့မှုဟာ တန်ချိန် ၃၈၁၇၁၆ တန် တန်ဖိုးကန်ဒေါ်လာ ၁၀၆ ဒသမ ၇၉၁ သန်းဖိုးသာရှိတာတွေ့ရမှာဖြစ်ပါတယ်။ ပြောင်းကတော့ ဒီနှစ်မှာ ထူးခြားစွာ ဘဲ တန်ချိန် ၁ ဒသမ ၀၆ ကျော်တင်ပို့ခဲ့ပြီး၊ ကန်ဒေါ်လာ ၂၈၆ ဒသမ ၅၁၃ သန်းဖိုးရှိတာတွေ့ရပါတယ်။ ဒီလိုတင်ပို့ ရာမှာ ပင်လယ်ရေကြောင်းက ၉၅၄ တန်သာရှိပြီး၊ နယ်စပ်ကနေ တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၀၆ သန်းသာရှိ တာတွေ့ရပါတယ်။ဒါဟာထူးခြားနေတယ်ဆိုတာသတိပြုစရာအချက် တစ်ချက် ဖြစ်ပါတယ်။ ရော်ဘာ
ရော်ဘာဟာ မြန်မာ့ရွှေဖြူရိုးမကို လွှမ်းစေရမည်ဆိုတဲ့စီမံချက်နဲ့ စိုက်ပျိုးလာခဲ့တာကြောင့် ယခုအခါမှာတော့ အထွက် တန်ချိန်များပြားသလို ပြည်ပကိုလဲ တိုးချဲ့တင်ပို့လာနိုင်ခဲ့ပါတယ်။ ရော်ဘာပြည်ပ တင်ပို့မှုဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၈၃၇၁၅ တန် ရှိပြီး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၅ ဒသမ ၀၈၂ သန်းရရှိခဲ့ ပါတယ်။ ဒီလိုတင်ပို့မှုမှာ ပင်လယ်ရေကြောင်းကတင်ပို့မှု ၃၁၂၅၇ တန်ရှိပြီး၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၇၁ ဒသမ ၆၂၁ သန်း၊ နယ်စပ်ကနေ တင်ပို့မှု ၅၂၄၅၈ တန်ရှိပြီး၊ တန်ဖိုးအားဖြင့် ၁၂၃ ဒသမ ၄၆၁ သန်းရှိတာတွေ့ရ ပါတယ် ။ရော်ဘာအနေနဲ့ကတော့ အထွက်တန်ချိန်ဟာတစ်နှစ်ထက်တစ်နှစ်ပိုလာတာကြောင့် ဈေးကွက် ရရှိရေး ထွက် သမျှ ရောင်းချနိုင်ရေး၊ ဈေးကောင်းရရှိစေရေး၊ အရည် အသွေးမြင့်ရော်ဘာများ ထုတ်လုပ်နိုင်ရေးအတွက် အစိုးရ ဘက်ကလိုအပ်တာများပံ့ပိုးပေးသလိုရော်ဘာလုပ်ငန်း ရှင် များ ၊ အသင်း အနေနဲ့ လည်း ပြည်ပနိုင်ငံများနဲ့ ပူးပေါင်းပြီး၊ နည်းပညာ၊ဈေးကွက်ဝေစု၊အရည်အသွေးမြင့်ရော်ဘာထုတ်လုပ်ရေးအတွက်ကြိုး ပမ်း ဆောင် ရွက်နေ တာ ကိုတွေ့နေရပါတယ်။အလားအလာကောင်းတွေရှိနေတာ တော့ အမှန်ပါပဲ။ ဒါပေမဲ့ ယခုနှစ်ရော်ဘာ တင်ပို့မှုကို တန်ချိန်သိန်းဂဏန်းအထက်ရောက်ရမဲ့အစား တန်ချိန် ၈၃၇၁၅ တန် သာရှိတဲ့ အတွက်ကြောင့် တစ်ခုခုမှားေ နပြီလို့ယူဆလာမိတယ်။
စိုက်ဧကတွေတိုးချဲ့ လာတာနဲ့အမျှ အစေးခြစ်ဧကတွေတိုးတက်လာတယ်။ အထွက်ကောင်း လာတယ်။ ဒါပေမဲ့ ဒီနှစ်တင်ပို့မှုကျသွားရတာဘာကြောင့်လဲဆိုတဲ့ အဖြေကိုရှာဖွေမိ တယ်။ ရော်ဘာ အသင်းနဲ့ ဒေသခံ တွေကို မေးတဲ့ အခါမှာတော့ တင်ပို့ခွင့်မပြုထားတဲ့ ရော်ဘာအစိမ်းပြားကုန်ကြမ်းတွေကို နယ်စပ်ကနေ တရားမဝင်တင်ပို့နေတယ် ဆိုတာသိလာရတယ်။ တကယ်လိုင်စင်ခွင့်ပြုထားတာကRSS, MRS,Creap, Crump ဆိုတာပဲရှိပါတယ်။ အစိမ်းပြားေ တွသယ် သွားပြီး တရုတ်နိုင်ငံ Crump စက်ရုံမှာ ပြန်လုပ်တယ်ဆိုတာသိ လာရတယ်။ ဒီသတင်းရ လို့မှ မပြီးသေးဘူး။ဘုရားသုံးဆူ လမ်းကနေ ထိုင်းနိုင်ငံသားတွေ ဝင်လာပြီး ရော်ဘာ အစိမ်းပြားတွေဝင်ဝယ်တယ် ဆိုတဲ့သတင်းက ရလာခဲ့တယ်။ ဒါကြောင့် ရော်ဘာတင်ပို့မှုကျဆင်း သွားရတာပါလို့ ထင်ပါတယ်။ ဒါကိုမတားဆီးနို င် လို့ကတော့ မြန်မာ့ ရွှေဖြူတွေ တောလမ်းကနေ ထွက်သွားတာများပြီး ကုန်သွယ်မှုကို အနှောင့်အယှက်ေ ပးမှာ၊ နိုင်ငံတော်အခွန်တွေထိခိုက်တော့မှာကတော့သေချာနေပါပြီ
စိတ်ဝင်စားစရာမို့ အချက်အလက် ကလေး တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ဘဏ္ဍာနှစ် အလိုက်ရော်ဘာစိုက်ပျိုးမှု အစေးခြစ်ဧကနှင့် အထွက်နှုန်း ၂၀၀၅-၀၆ မှ ၂၀၁၃-၁၄ ထိရေထွက်ပစ္စည်းကဏ္ဍ ရေထွက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး၊ တင်ပို့မှု စုစုပေါင်း တန်ချိန် ၆၃၉၆၄၇ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၁၆ ဒသမ ၁၈၀ သန်းရှိပါတယ်။ ဒီတင်ပိ့ုမှုမှာ ပင်လယ်ရေကြောင်းက တင်ပိ့ုမှု တန်ချိန် ၄၄၆၆၅၃ တန် တန်ဖိုးအားဖြင့် ၂၀၅ ဒသမ ၇၇၁ သန်းနယ်စပ်ဒေသ မှ တင်ပို့ မှု ၁၉၂၉၉၄ တန်ရှိပြီး၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၁၀ ဒသမ ၄၁၈ သန်းရှိတာ တွေ့ရပါတယ်။ ဒီထဲမှာ ငါးတင်ပို့မှုဟာ ၂၇၃၄၄၄ တန်ရှိပြီး၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၄၈၇ သန်းရှိပါတယ်။ ဒီထဲမှာ ပင်လယ်ရေကြောင်းက တင်ပို့မှု ၁၉၁၄၁၈ တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၃၆၉ သန်း၊ နယ်စပ်ဒေသက တင်ပို့မှု ၈၂၀၂၆ တန် တန်ဖိုး အမေရိကန်ဒေါ်လာ၁၀၂ ဒသမ ၀၉၁ သန်းရှိပါ တယ်။ပုစွန်တင်ပို့မှု ကတော့ တန်ချိန် ၃၈၅၄၉ တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၂၅၀ သန်းရှိပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့မှု ၃၅၁၄၄ တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃၅၂ သန်းရှိပါတယ်။ နယ်စပ်ဒေသက တင်ပိ့ုမှု တန်ချိန် ၃၄၀၅ တန်ဖိုး၊ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၈၉၈ သန်းဖိုးရှိပါတယ်။ အခြား ကဏန်း၊ ငါးရှည့်စတဲ့ အခြားရေထွက် ပစ္စည်းတွေကတော့ တန်ချိန် ၃၂၇၆၅၄ တန်ရှိပြီး၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၁၃ ဒသမ ၄၅၂ သန်းရှိပါတယ်။ ရေထွက်ပစ္စည်းကတော့FOB ဈေးကွက်တွက်အခြေချထားနိုင်ပြီဖြစ်သလိုအမေရိကန်ဈေး ကွက် ကို လည်း ဝေစု ရဖို့အတွက်ပထမဆုံးခြေလှမ်း ကတော့ စတင်နိုင်နေ ပြီဖြစ်ပါတယ် ။ ဈေးကွက်က လိုအပ်တာကိုေ မွးမြူရေးကန်တွေ၊ ပင်လယ် ပြင် ငါးဖမ်း အဖွဲ့တွေက ဖမ်းပေးနိုင်ဖို့ အတွက်ကတော့ အဓိကကျလှပါ တယ် ။ ရေထွက်ကုန်ပစ္စည်းကဏ္ဍကတော့တစ်လှမ်းချင်းတစ်လှမ်း ချင်း ရှေ့ကို တိုးလာနေပေမဲ့ လိုအပ်ချက်တွေ ကတော့ အများအပြားရှိနေဆဲဖြစ်ပါတယ်။သတ္တုနှင့်သတ္တုတွင်းထွက်ပစ္စည်း မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် သတ္တုနှင့် သတ္တုတွင်း ထွက်ပစ္စည်းကဏ္ဍအနေဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၁၃၃၆ ဒသမ ၀၇၂ သန်းဖိုးတင်ပို့ခဲ့ရပါတယ်။ ဒီလိုတင်ပို့မှုမှာ ပင်လယ်ရေ ကြောင်းကနေ ၇၂၄ ဒသမ ၀၀၅ သန်းဖိုး၊ နယ်စပ်ဒေသကနေ ၆၁၂ ဒသမ ၆၉၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ သတ္တုတွင်းထွက်ပစ္စည်း တွေ ထဲမှာ အဓိက တင်ပို့ရောင်းချခဲ့ရတာကတော့ မြန်မာကျောက် စိမ်းပဲဖြစ်ပါတယ်။ ဒီနှစ်ကျောက်စိမ်း စုစုပေါင်း တန်ချိန် ၂၀၇၈၃၂ တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၈၂ ဒသမ ၉၂၅ သန်းဖိုးပဲ ဖြစ်ပါတယ်။ သတ္တုနဲ့ သတ္တုရိုင်းမှာတော့ တန်ချိန် ၂၅၆၁၂၁ တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၈၀၂ သန်းဖိုး တင်ပို့ခဲ့ ပါတယ်။ အဓိက ကတော့ ပင်လယ်ရေကြောင်းကတင်ပို့ခဲ့ တာ ဖြစ်ပြီး၊ ကန်ဒေါ်လာ ၁၀၈ ဒသမ ၉၈၄ သန်းဖိုးဖြစ်ပါတယ်။ အခြားသတ္တု တွင်း ထွက်ပစ္စည်းတွေကတော့ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၅၈ သန်းဖိုးနဲ့ ကျောက်မျက်ရတနာ အမေရိကန်ဒေါ်လာ ၂ဒသမ ၆၁၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ အဓိက တင်ပို့တဲ့ ကျောက် စိမ်းများ ဟာ ကျောက်မျက် ရတနာပြပွဲ မှာ ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။သစ်တောနဲ့ သစ်တောထွက်ပစ္စည်း ယခုဘဏ္ဍာနှစ်မှာတော့ သစ်တောထွက်ပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၉၄၇ ဒသမ ၈၀၈ သန်းဖိုးတင်ပို့ရောင်း ချခဲ့ပြီး၊ပင်လယ်ရေ ကြောင်း က ကန်ဒေါ်လာ ၉၁၆ ဒသမ ၃၉၂ သန်းဖိုး နယ်စပ်ကနေ ၃၁ ဒသမ ၄၁၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဒီလို တင်ပို့ရာမှာတော့ ကျွန်းသစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သစ်မာလုံး၊ သစ်မာခွဲသား၊ သစ်ပါးလွှာနဲ့ အထပ်သား၊အခြားသစ်တော ထွက် ပစ္စည်းများဆိုပြီးတော့ ခွဲခြားတင်ပို့ရောင်းချခဲ့ပါတယ်။ အများဆုံး တင်ပို့ရောင်း ချခဲ့ရတာကတော့ ကျွန်းသစ်လုံးဖြစ်ပါတယ်။ အခု ဘဏ္ဍာနှစ်မှာ ကျွန်းသစ်လုံး ၆၃၈ ဒသမ ၃၇၇ ဒေါ်လာသန်းဖိုး တင်ပို့ခဲ့ပါတယ်။ အဓိကကတော့ ပင်လယ်ရေကြောင်းကပဲ တင်ပို့ခဲ့တာြ ဖစ်ပါ တယ်။ နယ်စပ်တင်ပို့မှု ဟာဒေါ်လာ တစ်သိန်းခွဲဖိုး လောက် သာရှိခဲ့ပါတယ်။ အလားတူ ကျွန်းသစ်ခွဲသားကတော့ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၅၅၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ တန်ချိန်အနေနဲ့ ၃၄၃၂၈ တန်ဖြစ်ပါတယ်။ သစ်မာလုံးကတော့ ပင်လယ် ရေကြောင်းကနေ ဘဲ တင်ပို့ခဲ့ပါတယ်။ စုစုပေါင်း တန်ချိန် ၅၉၀၈၄၆ တန်ဖြစ်ပြီး၊ တန်ဖိုး ကန်ဒေါ်လာ ၂၂၂ ဒသမ ၂၆၁ သန်းပဲ ဖြစ်ပါတယ်။ သစ်မာခွဲသား ကတော့ ၉၈၃၉ တန် တင်ပို့ခဲ့ပြီး၊ တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၁၀၆ သန်းပဲ ဖြစ်ပါတယ်။သစ်ပါးလွှာနဲ့ အထပ်သားကတော့ ပင်လယ် ရေကြောင်းကနေ တန်ချိန် ၁၈၄၇၁ တန် တင်ပို့ခဲ့ပြီး၊ ကန်ဒေါ်လာ ၁၀ ဒသမ ၇၂၉ သန်းရရှိပါတယ်။ အခြားသစ်တောထွက် ပစ္စည်းတွေကတော့ ၃၇ ဒသမ ၇၈၃ ဒေါ်လာသန်းဖိုး တင်ပို့ခဲ့ရပါတယ်။ ယခုနှစ်မတ်လ ၃၁ ရက်နေ့က စတင်ပြီးတော့ သစ်အလုံးလိုက် တင်ပို့မှုကို လုံးဝရပ်ဆိုင်းလိုက် ပြီဖြစ် ပါတယ်။ ဒီလို ရပ်ဆိုင်းမယ်ဆိုတာနဲ့တစ်ချိန်ထဲမှာဘဲနိုင်ငံခြားက သစ်ပရိဘော ဂ လုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာလာရောက် ရင်းနှီး မြှုပ်နှံဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။စက်မှုကုန်ချောပစ္စည်း မြန်မာနိုင်ငံကနေ စက်မှုကုန်ချောပစ္စည်းဆိုပြီး၊ တင်ပို့တာမှာ အဓိကအားဖြင့်တော့ သကြား၊ ချုပ်ပြီးအထည်(CMP) သဘာ၀ ဓာတ်ငွေ့နဲ့ အခြားစက်မှုကုန်ချောပစ္စည်းရယ်လို့ ခွဲခြားထားပါတယ်။ သကြားကတော့ ယခုဘဏ္ဍာ နှစ်မှာ စုစုပေါင်း ၉၅၆၂၄ တန် တင် ပို့ပြိး၊အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၃၃၄ သန်းရရှိခဲ့ပါတယ်။ ချုပ်ပြီး အထည်တင်ပို့မှု ကနေ အမေရိကန်ဒေါ်လာ ၈၉၃ ဒသမ ၆၃၈သန်း၊ဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၂၀၇ ဒသမ ၆၆၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ အခြားပစ္စည်းတွေအနေနဲ့ ကတော့ အမေရိကန်ဒေါ်လာ ၃၅၅ ဒသမ ၈၅၉ သန်းဖိုး တင်ပို့ခဲ့ရပါတယ်။မြန်မာ့ပို့ကုန်အများဆုံးတင်ပို့သောနိုင်ငံ မြန်မာ့ပို့ကုန်ပစ္စည်းတွေကို အများဆုံးတင်ပို့ခဲ့ရတာကတော့ ထိုင်းနိုင်ငံကို အမေရိကန်ဒေါ်လာ၄၂၁၂ ဒသမ ၄၆၇ သန်း၊တရုတ် ပြည်သူ့ သမ္မတနိုင်ငံကို အမေရိကန်ဒေါ်လာ၃၃၉၈ ဒသမ ၈၅၁ သန်း၊ အိန္ဒိယနိုင်ငံကို အမေရိကန်ဒေါ်လာ၁၁၄၃ ဒသမ ၃၆၆ သန်း၊တောင် ကိုရီးယားနိုင်ငံကို အမေရိကန်ဒေါ်လာ၃၅၂ ဒသမ ၉၁၈ သန်း၊ ဂျပန် အမေရိကန်ဒေါ်လာ၅၁၃ ဒသမ ၂၄၅ သန်းဖြစ်ပြီး၊ကျန်နိုင်ငံတွေက တော့ကန်ဒေါ်လာသန်း ရာဂဏန်းတောင်မရှိပါဘူး။ ဒေသအလိုက် ကြည့်မယ်ဆိုရင်တော့ အာရှနိုင်ငံများကို အများဆုံး တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး၊ ကန်ဒေါ်လာ ၁၀၇၃၁ သန်းဖိုးရှိပါတယ်။ ဒါဟာ ပို့ကုန်စုစုပေါင်းရဲ့ ၉၆ရာခိုင်နှုန်းဖြစ်ပါတယ်။ အာဆီယံနိုင်ငံများသို့ တင်ပို့မှုကတော့ အမေရိကန်ဒေါ်လာ ၅၂၀၃ ဒသမ ၇၁၆ သန်း၊ဥရောပ သမဂ္ဂနိုင်ငံများကို အမေရိကန်ဒေါ်လာ ၁၉၅ ဒသမ ၄၇၇ သန်း(ဥရောပသမဂ္ဂနိုင်ငံများသို့ အမေရိကန် ဒေါ်လာ၁၉၁ ဒသမ ၅၉၄ သန်းနဲ့အခြား ဥရောပနိုင်ငံများသို့ အမေရိ ကန်ဒေါ်လာ၃ ဒသမ ၈၈၃ သန်းဖြစ်ပါတယ်) အမေရိ ကန်နိုင်ငံ များသို့အမေရိကန်ဒေါ်လာ၃၅ ဒသမ ၇၆၆သန်း၊ အရှေ့အလယ်ပိုင်း နိုင်ငံများကို အမေရိကန်ဒေါ်လာ၁၀၁ ဒသမ ၉၄၆ သန်း၊ ကျွန်းနိုင်ငံ များသို့ အမေရိကန်ဒေါ်လာ၁၂ ဒသမ ၇၄၀ သန်းဖိုး တင်ပို့ခဲ့တာပါ။သွင်းကုန်အုပ်စုလိုက် အခြေအနေ သွင်းကုန်မှာ အုပ်စုအလိုက် အနေနဲ့ အုပ်စု ၃ စုခွဲခြားထား တာပါ။ အဲဒီအုပ်စု ၃ စုကတော့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ အုပ်စု၊ လူသုံးကုန်ပစ္စည်းများအုပ်စု ဆိုပြီး ဖြစ်ပါတယ်။ အုပ်စုအလိုက် တင်သွင်းခဲ့တာကတော့ ရင်းနှီး မြှုပ်နှံမှု ကုန်ပစ္စည်းတွေက အမေရိကန်ဒေါ်လာ ၅၆၉၁ ဒသမ ၁၇၅ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ အမေရိကန်ဒေါ်လာ ၅၆၈၃ ဒသမ ၀၆၃ သန်းနဲ့ လူသုံးကုန်ပစ္စည်းအုပ်စုက အမေရိကန်ဒေါ်လာ ၂၃၈၅ ဒသမ ၇၁၅ သန်းဖိုး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ၁၃၇၅၉ ဒသမ ၉၅၃သန်းဖိုးဖြစ်ပါ တယ်။အဓိကသွင်းကုန်များ တင်သွင်းတဲ့အထဲက ရင်းနှီးမြှုပ်နှံသူပစ္စည်းတွေထဲမှာ အများဆုံးတင်သွင်းလာ တာက မော်တော်ယာဉ် နဲ့ မော်တော် ယာဉ် အပို ပစ္စည်းဖြစ်ပါတယ်။စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၁ ဒသမ ၄၆၃ သန်းဖိုး တင်သွင်းလာပါတယ်။ ဒုတိယတာကတော့ စက်နဲ့စက်ပစ္စည်း ကိရိယာများ အမေရိကန်ဒေါ်လာ ၁၂၅၅ဒသမ ၉၀၃သန်း၊သင်္ဘောနဲ့ သင်္ဘော အပိုပစ္စည်း၊ အမေရိကန်ဒေါ်လာ ၈၈၃ သန်း၊သံနဲ့သံမဏိဆောက် လုပ်ရေး ပစ္စည်း၊ အမေရိကန် ဒေါ်လာ ၅၂၂ ဒသမ ၈၁၅ သန်းဖိုး မော်တော်ဆိုင်ကယ်နဲ့ အပို ပစ္စည်းက အမေရိကန်ဒေါ်လာ၂၂၉ ဒသမ ၉၆၄ သန်းဖိုး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေးပစ္စည်းတွေက အမေရိကန်ဒေါ်လာ၁၉၈ ဒသမ ၇၅၀ သန်းဖိုး ဘိလပ်မြေက အမေရိကန်ဒေါ်လာ ၂၁၅ သန်းဖြစ်ပါတယ်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေထဲမှာတော့ အများဆုံးတင်သွင်းတာက ရေနံထွက်ပစ္စည်းဖြစ်ပြီး အမေရိက န်ဒေါ် လာ ၂၄၄၇ ဒသမ ၈၃၂ သန်း၊ ပလပ်စတစ်ကုန်ကြမ်း အမေရိကန်ဒေါ်လာ၄၅၄ ဒသမ ၅၇၉ သန်း၊ သံနဲ့ သံမဏိပစ္စည်း အမေရိကန်ဒေါ်လာ၈၃၉ ဒသမ ၂၈၃ သန်း၊ တာယာနဲ့ ကျွတ်ကတော့ အမေရိကန်ဒေါ်လာ ၁၂၃ သန်းတို့ဘဲဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းတွေထဲမှာ တော့ စားအုန်းဆီအမေရိကန်ဒေါ်လာ ၄၉၃ ဒသမ ၀၉၃ သန်း၊ ဆေးဝါး ပစ္စည်း အမေရိကန်ဒေါ်လာ၂၅၁ သန်းတို့ပဲဖြစ်ပါတယ်။
အခြေခံမူဝါဒများ အမေရိကန်နိုင်ငံ၏ ပို့ကုန်အား(၅)နှစ်အတွင်း နှစ်ဆ မြှင့် တင်ရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးရန် ရည် ရွယ်ချက်ဖြင့် အမျိုးသား ပို့ကုန်တိုးမြှင့်ရေး ကနဦး အစီအစဉ် (National Export Initiative-NEI) ကို သမ္မတအိုဘားမား အစိုးရသည် ၂၀၁၀ ခုနှစ်တွင် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်မှုသည် အကြီးဆုံးထုတ်လုပ်တင်ပို့သည့် ကဏ္ဍတစ်ခု ဖြစ်ပြီး မော်တော် ယာဉ်ထုတ်လုပ်တင်ပို့မှု တိုးတက်ခြင်း သည် NEI အစီအစဉ်၏ အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။
မော်တော်ယာဉ် လုပ်ငန်းကဏ္ဍဆိုင်ရာ မူဝါဒများ အီးယူသည် ကမ္ဘာပေါ်တွင် မော်တော်ကား အများဆုံး ထုတ်လုပ်သောဒေသ ဖြစ်ပါသည်။ မော်တော်ကားလုပ်ငန်း သည် အီးယူ၏ အဓိက စက်မှုလုပ်ငန်းကဏ္ဍလည်း ဖြစ်ပါ သည်။ ၎င်းကဏ္ဍတွင် လည်ပတ်နေသောငွေပမာဏမှာ ယူရို ဘီလီယံ ၇၀၀ ခန့်ရှိပြီး အခြားသော လုပ်ငန်းကဏ္ဍများ ဖြစ်သည့် သံမဏိလုပ်ငန်း၊ ဓာတုဗေဒပစ္စည်းထုတ်လုပ် ရေးလုပ်ငန်းနှင့် အဝတ်အထည်လုပ်ငန်းများနှင့် လည်း ဆက် စပ်နေသောကြောင့် စီးပွားရေး တစ်ရပ်လုံးအပေါ် ဘက်စုံအ ကျိုးသက်ရောက်မှုရှိပါသည်။ အီးယူတွင် မော်တော်ယာဉ် စက်ရုံ ၁၈၀ ခန့်ရှိပါသည်။ အီးယူ၏ မော်တော်ကား လုပ်ငန်း ကဏ္ဍသည် အလုပ်အကိုင်ပေါင်း ၁၂ သန်းကျော်ကို ဖန်တီး ပေးနိုင်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပေးပါသည်။ အီးယူသည် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ယူရိုဘီလီယံ ၃၀ ခန့် ရင်းနှီးမြှုပ်နှံထားပါသည်။ အီးယူ၏ မော်တော်ယာဉ်ကုန်သွယ်ရေးပိုငွေသည် တစ်နှစ် လျှင် ယူရို ၉၀ ဘီလီယံခန့်ရှိပါသည်။ ထို့ကြောင့် အီးယူအနေ ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် စွမ်းအင် အထိရောက်ဆုံးနှင့် ဘေး အန္တရာယ်အကင်းဆုံး မော်တော်ယာဉ်များ ထုတ်လုပ်ပြီး လူ သန်းပေါင်းများစွာအား အဆင့်မြင့် အလုပ်အကိုင်များ ဖန်တီး ပေးသော ကမ္ဘာ့အဆင့်မီမော်တော်ကားလုပ်ငန်းကဏ္ဍကို ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
ယခုတစ်ပတ် ပြည်ဈေးကွက်ကို မတ်ပဲသစ်ဝင်ရောက်မှုများလာပြီဖြစ်ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပန်းတောင်းမြို့နယ်တို့မှ ဝင်ရောက်ခဲ့ဖြစ်ပြီး၊ တစ်ရက်အိတ် ၂၅၀ မှ ၃၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ပဲအဝင်များလာလို့ ပဲဈေးမှာလည်း တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့တာကြောင့် ယခုမတ်လဆန်းမှာ တစ်တင်း ၁၈၃၀၀ ကျပ်နဲ့သာ ရန်ကုန်ဝယ်လက်မှ ဝယ်ယူနေခဲ့ပါတယ်။ တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကျော်ထိ ဝယ်ယူလျက်ရှိပြီး၊ ဒေသတွင်း လှောင်လက်များဝယ်ယူမှု နည်းနေခဲ့ဲပြီး၊ ရန်ကုန်ဝယ်လက် ဝယ်လိုအားများနေတယ်လို့ သိရပါတယ်၊ ခင်ဆွေဝင်း-ပြည်