Main menu

Background

Wednesday, 17 Jun 2015

    ထိုင်းဗဟိုဘဏ်၏ အခြေခံစံထားအတိုးနှုန်းကို ယခင်အတိုင်း ၁ ဒသမ ရာခိုင်နှုန်းဖြင့်ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးမူဝါဒ ကော်မတီ (Monetary Policy Committee-MPC)  ကဆုံးဖြတ်ခဲ့ ပါ တယ်။ လော လောဆယ်မှာ ဒီနှုန်းကဒေသတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်တဲ့အတွက် သင့်တော်တဲ့ နှုန်းထားဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် မစ္စတာ ပရီဒီယာသွန် ဒီဝါကုလာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 17 Jun 2015

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကတည်းက မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးသည်  ယခုတစ်ပတ်တွင် ပိုမို အတက်ကြမ်းလာခဲ့ကာ ပြန်လည်ကျ ဆင်းသည့်အခါတွင်လည်း အကျကြမ်း ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၂၇၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပြီး  ဈေးပြန်ဖွင့်ချိန်တွင် အဆိုပါဈေးအတိုင်းသာရှိခဲ့သည်။ သို့ သော် ဇွန် ၉ ရက်တွင် ပြည်တွင်းရွှေ ဈေးသည် ထိုနေ့တစ်နေ့တည်းမှာပင် ကျပ် ၃၄၅၀၀ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်ခဲ့ရာ ဇွန် ၁၀ရက်တွင် စံချိန်တင်အမြင့်ဆုံး ဈေးအဖြစ်  ကျပ်ရှစ်သိန်းအထိ မြင့် တက်ခဲ့သည်။

Wednesday, 17 Jun 2015

   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၅၅ကျပ်အထိ အမြင့်ဆုံး နှုန်းကိုရောက်ရှိခဲ့ပြီး ပြန်လည်ကျ ဆင်းခဲ့ သည်။ ပြည် တွင်းငွေလဲနှုန်းများ အဆ မတန် မြင့်တက်လာခြင်းကြောင့် အခြေခံစားကုန်ဈေးနှုန်းများ ရုတ်ခြည်းမြင့်တက် လာခဲ့သည်။ ထို့ပြင် မြန်မာ့ရွှေဈေးမှာလည်း ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကျပ်ရှစ် သိန်းအထိ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။

Pages