Main menu

Background

Wednesday, 3 May 2017

     ထိုင်းနိုင်ငံရှိBDC (British Dispensary Consumer Plc)  အများပိုင်ကုမ္ပဏီသည် ှညေုန ကုန်အမှတ်တံဆိပ်ဖြင့် အလှကုန် ပစ္စည်းအသစ်ဖြစ်သည့်  သနပ်ခါးပေါင်ဒါ (Thannaka  Powder)  ကို ယခုနှစ်နွေရာသီ တွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ပါသည်။အလှကုန်အသစ်ဖြစ်သော သနပ်ခါးပေါင်ဒါ (Thannaka Powder)  ကို ထုတ်လုပ်ရန်အတွက်   ထိုင်းဘတ်သန်း ၂၀၀ ကို ရင်းနှီးမြှုပ်နှံ မည်ဖြစ်သည်။  အထူးသဖြင့်  မြန်မာလူမျိုး များသည်   မျက်နှာတွင် လိမ်းခြယ်သည့်အလှကုန်ပစ္စည်းအဖြစ်   ရှေးနှစ်ပေါင်းများစွာက တည်းက သုံးစွဲလာခဲ့ကြသည့် သဘာဝသနပ်ခါးခေါက်ကို   အဓိက  ကုန်ကြမ်းအဖြစ်အသုံးပြု၍ ထုတ်လုပ်မည်ဖြစ်ပါသည်။

Wednesday, 3 May 2017

         ထိုင်းနိုင်ငံတွင်   အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့် CRC Sports ကုမ္ပဏီ သည် ၂၀၂၀ ခုနှစ်တွင်  အာဆီယံဒေသတွင်း၌ အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့်    အကြီးဆုံးကုမ္ပဏီဖြစ် လာ ရန်နှင့် ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီ   ၅၀ စာရင်းတွင် ဝင်ရောက်နိုင် သည်အထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။CRC Sports ကုမ္ပဏီသည် ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံ တွင်လည်း အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။  ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ခြင်းကို ၂၀၂၀ခုနှစ်အတွင်း  

Wednesday, 26 Apr 2017

         ယူနန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း တိုးမြှင့် စေရန်အတွက် လုပ်ငန်းစဉ် ၂၂ ခုဖြင့် ဧပြီ ၁၅ ရက်မှ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဌာနက ပြောကြားလိုက်ပါသည်။ ထိုလုပ် ငန်းစဉ်များမှာ ခရီးသွားများအား အတင်းအကျပ် ဈေးဝယ်ရန် ဆွဲဆောင်ခြင်း၊ အလွန်ဈေးနှုန်းချိုသာသော ခရီးစဉ်များဖြင့် ဆွဲဆောင်ခြင်းတို့ကို တားမြစ်ခြင်း၊ အတုအယောင်ခရီးစဉ်များအား အပြစ်ပေးဆောင်ရွက်ခြင်း၊ ခရီးသွားလ မ်းညွှန်သူများအတွက် လုပ်ထုံးလုပ်နည်းများကို အွန်လိုင်းဖြင့်  သတင်းဖြန့်ဝေခြင်း၊ အကဲဖြတ်ခြင်း စသည်တို့ ပါဝင်ပါသည်။

Tuesday, 25 Apr 2017

      မြန်မာနိုင်ငံအတွင်း အဖိုးတန် ရွှေ၊ ငွေ၊ သတ္တုများ အရောင်းအဝယ်ပြုလုပ်ရန်အတွက် စတော့အိတ်ချိန်း တည်ထောင်ရာတွင် မြန်မာအစိုးရအား ဟောင်ကောင်ရှိ Gold Exchange က ကူညီသွားမည်ဖြစ်ကြောင်းChinese Gold  & Sliver Exchange Society ဥက္ကဋ္ဌ Cheung ၏ ပြောကြားချက်အရ သိရှိရကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုး စားနေချိန်တွင် Gold Exchange တည်ထောင်ရန်မှာ အချိန်ကောင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက ဆောင်ရွက်လျက် ရှိသော '' One Belt, One Road " စီမံကိန်း၏ လမ်းကြောင်းတစ်လျှောက်တွင် တည်ရှိေ နသည့်အတွက် ဒေသတွင်း ကုန်

Monday, 24 Apr 2017

        တရုတ်၌ လွတ်လပ်သော ကုန်သွယ်မှုဇုန် (FTZs)  အသစ်ခုနစ်ခုကို ဧပြီလ ၈ ရက်က ထပ်မံ ဖွင့်လှစ်ခဲ့ပြီး လွတ်လပ်သော စီးပွားရေးနှင့် Belt & Road Initiative ကို အရှိန်မြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကူးသန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါသည်။အဆိုပါ FTZs ခုနစ်ခုအနက် ဟေနန်၊ စီချွမ်၊ ရှန်ရှီး၊ ချုံချင်းနှင့် ဟူဘေပြည်နယ်တို့မှာ ကုန်းတွင်းပိုင်းတွင်ဖြစ်ပြီး လျောင်နင်းနှင့်ကျဲကျန်း ပြည်နယ်များမှာ ကမ်းရိုးတမ်းဒေသ များဖြစ် ကြောင်း သိရပါသည်။  တရုတ်၌ ပထမဆုံးတည် ထောင်ထားသည့် ရှန်ဟိုင်း FTZs ဖွင့်လှစ်ပြီး နောက်ပိုင်းလေးနှစ်အကြာတွင်  ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Wednesday, 5 Apr 2017

        လာမည့် ဧပြီလ၌ တရုတ်နှင့် အမေရိကန်တို့သည် ပထမအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပရန် ရည်မှန်းထားပြီး အသေးစိတ်အစီအစဉ်ကို ဆက်လက် အတည်ပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။  နိုင်ငံခြားရေး ဝန်ကြီးဝမ်ရီက နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အပြုသဘော ဆောင်သည့်ဘက်သို့ ရောက်ရှိလာပြီး ပဋိပက္ခနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားခြင်း၊ အပြန်အ လှန် နားလည်မှုနှင့် လေးစားမှုကိုအခြေခံ၍ ဆက်ဆံသွားမည်ဖြစ်ကြောင်း ရှင်းလင်းထားပါသည်။

Wednesday, 5 Apr 2017

      အေအိုင်အိုင်ဘီကို  ၂၀၁၆ ဇန်နဝါရီလက အဖွဲ့ဝင် ၅၇ နိုင်ငံနှင့် စတင်ထူထောင်ခဲ့ပြီး တစ်နှစ် အကြာတွင် နောက်ထပ်အဖွဲ့ဝင် အသစ် ၁၃ နိုင်ငံ အား လက်ခံရန် အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့က အတည်ပြုလိုက်ကြောင်း မတ်လ ၂၃ ရက်က ကြေ ညာခဲ့ပါသည်။ထိုအဖွဲ့ဝင်သစ်၁၃ နိုင်ငံမှာအာဖဂန် နစ္စတန်၊ အာမေးနီးယား၊ ဖီဂျီ၊ ဟောင်ကောင်၊အရှေ့ တီမော၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အီသီယိုးပီးယား၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ ပီရူး၊ ဆူဒန်နှင့် ဗင်နီ ဇွဲလား နိုင်ငံတို့ဖြစ်ပါသည်။ ၎င်းင်းတို့မှာ မိမိတို့၏ ပြည်တွင်း လုပ်ငန်းစဉ်များဆောင်ရွက်ဆဲဖြစ်ကြောင်း  သိရ ပါသည်။ ကနေဒါနိုင်ငံက  အေအိုင်အိုင်ဘီအပေါ် စိတ်ဝင်စားလာခြင်းသည် အာရှဒေသ၌  တရုတ် နိုင်ငံ၏ စီးပွား

Wednesday, 5 Apr 2017

       အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံအကြားရှိ နယ်စပ်ဈေး (Border haats) များမှာ လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်လျက်ရှိရာ အိန္ဒိယအစိုးရအနေ ဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ကုန်သွယ်မှုပိုမိုတိုးတက်အဆင်ပြေ ချော မွေ့ေ စရေးအတွက် ယင်းကဲ့သို့ ဈေးများကို ထပ်မံဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိသည်ဟု အိန္ဒိယနိုင်ငံ Central Board of Excise and Customs (CBEC) ၏ ဥက္ကဋ္ဌဖြစ်သူ နာဂျစ်ရှားက မတ်လ ၈ ရက်က ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

Tuesday, 4 Apr 2017

     ထိုင်းနိုင်ငံရှိ အိမ်သုံးပရိဘောဂ ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် HomePro အများပိုင်ကုမ္ပဏီ သည် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်အတွက် ဘတ်ခုနစ်ဘီလီယံခန့် လျာထား ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော CLMV နိုင်ငံများ၌ ရင်းနှီးမြှုပ်နံှမှုများ တိုးချဲ့ သွားမည်ဖြစ်ပါသည်။ HomePro အနေဖြင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဘတ်ခုနစ် ဘီလီယံတွင် ဘတ်သုံးဘီလီယံခန့်သည် ကုမ္ပဏီပိုင်ငွေဖြစ်၍ ကျန်ပမာဏကို ချေးငွေများရယူ၍  ေ ဆာင်ရွက်မည်ဖြစ် ပါသည်။ HomePro သည် မလေးရှား နိုင်ငံတွင် အရောင်းဆိုင်နှစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး နောက်ထပ်အရောင်းဆိုင် နှစ်ဆိုင်သို့မဟုတ် သုံးဆိုင်ကို တိုးချဲ့ဖွင့်လှစ်ရန်စီ

Tuesday, 4 Apr 2017

          အိန္ဒိယအစိုးရသည် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ပို့ကုန်ကဏ္ဍအခြေခံအဆောက်အအုံ များတည်ဆောက် အကောင်အထည်ဖော်ရာ၌ ဘဏ္ဍာငွေထောက်ပံ့ပေးမည့်အစီအစဉ်သစ်တစ်ရပ်ကိုစတင်ရန် မတ်လ ၁၅ ရက် က ကြေညာခဲ့ကြောင်း၊ အဆိုပါအစီအစဉ်အား ပို့ကုန်ကုန်သွယ်မှု အခြေခံအဆောက်အအုံအစီအစဉ် (Trade Infrastructure for Export Scheme) အဖြစ်အမည်ပေးထားပြီး ယင်းအစီအစဉ်အတွက် တစ်နှစ်လျှင် ဘဏ္ဍာေ ငွရူပီးကုဋေ ၂၀၀ ဖြင့် သုံးနှစ်အတွက် ရူပီး ကုဋေ ၆၀၀ ခွဲဝေချထားပေးမည်ဖြစ်ကာ ယခုနှစ် ဧပြီလ ၁ ရက်မှ စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်းသိရှိရပါသည်။ ယင်းအစီအစဉ်အရ နယ်စပ်ဈေးများ နယ်စပ်အကောက် ခွန်ဌာနများ၊ အရည်အသွေး စစ်ဆေးရေးနှင့် အသိအမှတ်ပြုဓာတ်ခွဲခ

Pages