Background
မြန်မာရေပြင်တွင် ဖမ်းဆီး ရရှိမှုရှားပါးလာသော ငါးသလောက်အစား အနံ့အရသာတူသော ရေချိုငါးမုတ်များကို တိုးချဲ့မွေးမြူလာ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။ ''ငါးသလောက်တွေက မြန်မာလူမျိုးတွေရဲ့ သာရေး၊နာရေးအလှူအတန်းကိစ္စတွေမှာ မြန်မာအကြိုက် ဟင်းပွဲတစ်ပွဲအဖြစ်နေရာ ယူနိုင်ခဲ့တယ်။ အခု အဲ့ဒီငါးသလောက်က ဖမ်းဆီးရရှိမှုနည်းလာတဲ့အတွက် သူ့အစားအနံ့ အရသာတူတဲ့ ရေချိုငါးမုတ်များကို ထိုင်း နိုင်ငံကတင်သွင်းပြီး ငါးလုပ်ငန်းဦးစီးဌာနက သားဖောက်ခဲ့တာအောင်မြင်ခဲ့ပါတယ်။ ရေချိုငါးမုတ်က ငါးမြစ် ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်းတို့နှင့်လည်းတွဲမွေးနိုင်တယ်။ ရေချိုငါးမုတ်ရဲ့ကြီးထွားနှုန်းက ငါးမြစ်ချင်းကြီးထွားနှုန်းရဲ့ နှစ်ဆရှိပါတယ်။ မွေးမြူရာမှာ အောင်မြင်သလို ဈေးကွက်ရရှိဖို့လည်းလိုပါတယ်။ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ အများဆုံးစားသုံးကြပေမယ့် အခြားငါးတွေ ထက်စာရင် ရေချိုငါးမုတ်ကိုအစားနည်းနေပါသေးတယ်''ဟု MFF မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပြသည်။ မြန်မာနိုင်ငံတွင် ရေချိုငါး မုတ်ကို ၂၀၀၀-၂၀၀၁ ခုနှစ်က ထိုင်း နိုင်ငံမှရေချိုငါးမုတ်၊ ငါးဖယ်ခုံးနှင့် ပြည်တွင်း ဂိုရာမိကြီးငါးမျိုးတို့ကို ငါး လုပ်ငန်းဦးစီးဌာနက စမ်းသပ်သားဖောက် ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။ခင်မျိုးသွယ်
မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရန်အတွက် ယခင်ကဒရွတ်ဆွဲရေယာဉ်များ အသုံးများခဲ့သော်လည်း၊ ယခုအခါ လောင်စာဆီ အခက်အခဲကြောင့် မြံှုးရေယာဉ်များ ပြောင်း လဲအသုံးပြုလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။ ''ပင်လယ်ကို ၂ လကြာ ငါး ဖမ်းထွက်ဖို့ ဒရွတ်ဆွဲ ငါးဖမ်းလုပ်ငန်း ဆိုရင် ၁ ခေါက်ကို လောင်စာဆီပီပါ အလုံး ၅၀ လောက်သုံးရတယ်။ မြံှုးရေ ယာဉ်တွေဆို ပီပါ ၁၅ လုံး-အလုံး ၂၀ လောက်ပဲသုံးရတယ်။ ဒါ့ကြောင့် ၉၉ ခုနှစ်က မြံှုးရေယာဉ် ၂၉ စီးပဲ ရှိရာ ကနေ ၁၀ နှစ်အတွင်းမှာ အစင်း ၁၀၀ ကျော်အထိ ပြောင်းလဲတိုးတက်အသုံးပြုလာတာတွေ့ရတယ်'' ဟု MFF မှ ဒုတိယဥက္ကဌ ဦးဟန်ထွန်းကပြောကြားသည်။ခင်မျိုးသွယ်
စဉ် အမျိုးအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဘက်နိုင်ငံဈေး (ကျပ်) (ဘတ်) ၁ ငါးမုတ်ဖြူ ကီလိုဂရမ် ၇၂၂၀ ၂၆၃ ၂ ငါးပါးနီ ကီလိုဂရမ် ၃၆၀၀ ၁၅၀ ၃ ကတ်သပေါင်း ကီလိုဂရမ် ၂၄၀၀ ၁၀၈၄ ငါးခွေးလျှာ ကီလိုဂရမ် ၁၀၀၀ ၅၇၅ ငါးဒါးလွယ် ကီလိုဂရမ် ၁၂၀၀ ၆၆၆ ရေချိုပုဇွန် ကီလိုဂရမ် ၁၁၁၀၀-၁၅၀၀၀ ၁၀.၃၇-၁၅.၃၆၇ ငါးဖယ် ကီလိုဂရမ် ၁၅၀၀ ၈၅
၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်အတွင်းပြည်နယ်နှင့်တိုင်းအသီးသီးရှိ သစ်တောကြိုးဝိုင်းများမှကျွန်းသစ်ပင်ရေ ၁သိန်းကျော်(၁၃၀၀၀၀ကျော်) နှင့် သစ်မာပင်ေ ရ၆သိန်းခန့်ထုတ်ယူခွင့်ပြုခဲ့ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှသိရသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်သစ် ထုတ်ယူခွင့်ကို မြန်မာ့သစ်လုပ်ငန်းမှ အဓိကဦးဆောင်ထုတ်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြန်မာ့သစ်လုပ်ငန်းတို့ပူးတွဲသစ်ထုတ်လုပ်မှုများ ရှိလာခဲ့ရာ ၂၀၀၈-၂၀၀၉ဘဏ္ဍာနှစ်တွင်လည်း ကျွန်းသစ် ပင်ရေ တစ်သိန်းလေးသောင်း ခန့်နှင့်သစ်မာ ပင်ရေခြောက်သိန်း ရှစ်သောင်းဝန်းကျင်ထုတ်ယူခွင့်ပြုခဲ့သည်ဟုဆိုသည်။ ယခုအခါ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းသစ်ထုတ်လုပ်နေသည့် ကုမ္ပဏီများမှာ ထူးထရေးဒင်း ကုမ္ပဏီ၊ တင်ဝင်းထွန်းကုမ္ပဏီ၊ မိုမင် တန်ကုမ္ပဏီ၊ ဝုဒ်ဝေါကုမ္ပဏီ၊ စိန်သန်းဦးကုမ္ပဏီ၊ ပစိဖိတ်တင်းဘားကုမ္ပဏီ၊ Global Star Co, စသည့်ကုမ္ပဏီကြီးများအပါအဝင် သစ် လုပ်ငန်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရသည်။ခင်မျိုးသွယ်
၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်ဘက်တွင် သြဂဲနစ်စနစ်ဖြင့် ပုစွန်ကျားများမွေးမြူလုပ်ကိုင်လာကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းမှသိရသည်။ ''မွန်ပြည်နယ်ထဲမှာ သြဂဲနစ် စနစ်နဲ့ ပုစွန်မွေးမြူတာကို ပြည့်ဖြိုးကျော်ကုမ္ပဏီကလုပ်ကိုင်လာတာတွေ့ရတယ်။ ပြည်ပဈေးကွက် အတွက်ရည်ရွယ်ပြီးမွေးမြူတာပါ။ သြဂဲနစ် စနစ်နဲ့ မွေးမြူတဲ့ ပုစွန်ကျား ၂ ကန်၊ သိပ္ပံနည်းနဲ့မွေးတာ ပုစွန်ဖြူ ၂ ကန်၊ အဲဒီကန်တွေထဲ မှာ ပုစွန်သားပေါက်ကောင်ရေ ၁၄ သိန်းကျော်ထည့်ပြီး မွေးမြူခဲ့ပါတယ်။ လက်ရှိမှာ ပုစွန် ၇ တန်ကို ဖမ်းဆီးပြီးပါပြီ၊ ကန်ထဲမှာ ၇ တန် ကျော်ကျော် ကန်ဖော်ဖို့ကျန်နေပါသေးတယ်'' ဟု ယင်းအသင်းမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးကပြောပြသည်။ အဆိုပါကုမ္ပဏီမှာ မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ရေလုပ်ငန်းများကို အခြေ စိုက်လုပ်ကိုင်နေကြောင်းသိရသည်။ခင်မျိုးသွယ်
ကချင်ပြည်နယ်၊ ပူတာအို ဒေသရင်း၊ ငါးမျိုးးများဖြစ်သော ငါးတောက်၊ ငါးနီ၊ ငါးဝိုင်းအစရှိသည့် ရေခဲငါးများကို ၂ဝ၁ဝ ခုနှစ် သား ဖောက်ရာသီတွင် ငါးလုပ်ငန်းဦးစီးဌာနက စမ်းသပ်သားဖောက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ဇန်နဝါရီလ၂ ရက်နေ့က မွေးမြူရေးနှင့်ရေ လုပ်ငန်းဝန်ကြီးဌာနဝန်ကြီးက တရားဝင်ပြောကြားသည်။
မြန်မာနိုင်ငံမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၃နိုင်ငံသို့တင်ပို့ရောင်းချနေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေးမှသိရသည်။
ရွှေပြည်သာစက်မှုဇုန်အခြေစိုက် ပြည်လုံးချမ်းသာကုမ္ပဏီမှ ငါးကြိတ်သားများကို ဂျပန်နိုင်ငံသို့ လစဉ်တင်ပို့လျက်ရှိကြောင်းသိရ သည်။