Background
ယခုနှစ် ၂၀၁၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်၌ အောက်မြန်မာပြည်တွင် သရက်ပန်းပွင့်နှုန်းမှာ ၁၀ ရာခိုင်နှုန်း လောက်သာ ပန်းပွင့်ကြသီးကြသည်။ ၂၀၀၈ ခုနှစ် နာဂစ်နောက်ပိုင်းတွင် အောက်မြန် မာပြည်၌ သရက်များ ကောင်းကောင်းမပွင့်ကြသ လို ယခု ၂၀၁၂ ခုနှစ်လည်း သရက်သီးပန်းများ ကောင်းကောင်းမပွင့်ကြသဖြင့် အထွက်နှုန်းနည်း မည်ဟု
ယခုနှစ် သရက်သီး ရာသီမှာ သရက်သီးဈေးကောင်းရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေး ရွာပေါင်း ၇၀ ကို မန္တလေးတိုင်းဒေသ ကြီး သရက်သီးအစုအဖွ့ဲမှ ပညာပေး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရပါ တယ်။ယခုနှစ် သရက်သီးထွက်ချိန်မှာ ပိုး မပါ၊ မှဲ့ခြောက်မကျတဲ့ အရည်အသွေး ကောင်းသရက်သီးများထွက်ရှိဖို့သဘာ၀ မြေသြဇာသုံးပြီး သရက်ပင်ပြုစုစောင့် ရှောက်နည်းများ၊ ပိုးသတ်ဆေး စနစ် တကျသုံးစွဲခြင်းများကို ပညာပေးဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။
မုံရွာဆီးသီးခြောက်ပွဲရုံတွေမှာ ဘုတလင်နဲ့ကန်နီဘက်က ဆီးသီးခြောက်တွေ အဝင်ပုံမှန်ရှိလာပြီး၊ ဒေသခံလှောင် လက်တွေ ယိုစုံလုပ်ငန်းသမားတွေအပြင်၊ မန္တလေးနဲ့ ရန်ကုန်တင်ပို့မဲ့ကုန်သည်တွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။
ယခုနှစ် ဆီးသီးရာသီချိန်မှာ သယ် ယူစရိတ် မြင့်တက်ခြင်း၊ အသီးနည်းခြင်း ကြောင့် ဆီးစိုက်တောင်သူများ အရှုံး ဖြင့်ရင်ဆိုင်ရကြောင်း သိရပါတယ်။
မြန်မာတို့ရဲ့ ထမင်းပွဲမှာ မပါမဖြစ်တဲ့ အချဉ်ဟင်းအတွက် ရာသီစာဖြစ်တဲ့ မရမ်းသီးနုကို ပုစွန်ခြောက်၊ မြေပဲဆန်တို့နဲ့ ထောင်းခြင်း၊ သုပ်စားခြင်းဖြင့် ထမင်းကို မြိန်စေတတ်ပါတယ်။ ဒါပေမယ့် အညာဒေသမှာက မရမ်းပင်ဖြစ်ထွန်းမှု နည်းပါးလို့ အောက်ပြည်က သယ်ယူရောင်းချမှုကိုသာ ဝယ်စားကြရတယ်လို့ ရှားပါးချိန်မှာ တစ်ဆယ်သား တစ်ထောင့်ငါးရာကျပ်ထိ ဈေးပေါက်ခဲ့ပါတယ်။
မြောင်းမြမြို့နယ်မှာ သီဟိုဠ်စိုက် ဧက ၈၀၀၀ ခန့်မှ ဧက ၇၅၀၀ ခန့် ရိတ်သိမ်းနိုင်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ဝင်ရောက်ပြီး မတ်လဆန်းမှာ လှိုင်လှိုင်ထွက်ပေါ် လာတာကြောင့် အဝယ်ဒိုင် ၆ ဒိုင်ဖွင့်လှစ်ဝယ်နေတာ တွေ့ရပါ တယ်။ အဖွင့်ဈေးမှာ မနှစ်က တစ်ပိဿာ ၁၅၀၀ ကျပ်ရှိရာမှ ယခုနှစ် မှာ ၁၆၀၀ ကျပ်နဲ့ ဝယ်ယူနေကြပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်းမှာ သီဟိုဠ်စိုက်ဧက ၃၅၃၇ ရှိပေမယ့် ယခုနှစ်မှာအထွက်နှုန်း ကျဆင်းခဲ့တာကြောင့် ဝယ်လက် တွေ အခက်အခဲ တွေ့နေရပါတယ်။ ယခင်နှစ် ယခုအချိန်ဆိုရင် အနည်းဆုံး ပိဿာ ၁၀၀ကျော်ထိ ဝယ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ မတ်လဆန်းအထိ ပိဿာ ၂၀ ကျော် တောင်မရသေးဘူးလို့ သိရပါ တယ်။ ဈေးနှုန်းအနေနဲ့ တစ်ပိဿာ ကျပ် ၁၆၀၀ ဈေးနဲ့ အဝယ်ရှိပေမယ့် ပစ္စည်းရှားနေလို့ ဒီနှစ်မှာ သီဟိုဠ်တင်ပို့မှု အားနည်းနိုင်တယ်လို့ သိရပါတယ်။ ယဉ်သိမ့်နွေး
ပခုက္ကူမြို့နယ်တစ်ဝိုက် မြိုင်၊ ကမ္မ စတဲ့နယ်တွေက မန်ကျည်းမှည့်တွေ နေ့စဉ်ဝယ်နေကျပွဲရုံတွေမှာ ဝင်နေပါပြီ၊ ပခုက္ကူမှာ မန်ကျည်းမှည့်ကို အခွံခွာအကြောသင်ပြီးမှ ရောင်းဝယ်လေ့ရှိပါတယ်။ မနှစ်ကဒီရက်မှာ မန်ကျည်းတစ်ပိဿာကို ကျပ် ၁၀၅၀ ဈေးဖြစ်ခဲ့ပေမဲ့ ယခုနှစ်တော့ ၄၀၅ ကျပ်ထိရောက်ရှိပါတယ်။ မနှစ်က မန်ကျည်းရှားချိန်မှာ ကျပ် ၁၆၀၀ ထိရောက်ခဲ့ပြီး ယခုနှစ်တော့ မန်ကျည်းအထွက်ပိုမယ်လို့ ပခုက္ကူက မန်ကျည်း၊ ထန်းလျက်၊ ပဲမျိုးစုံကုန်သည် ဦးစိုးနိုင်က ရှင်းပြပါတယ်။
မုံရွာမြို့နယ်ရဲ့ Export ထွက်ကုန် သစ်သီးဝလံဖြစ်တဲ့ သခွားမွှေးစိုက်ပျိုးရာ သပြေတော၊ ဖန်းခါးကျင်း၊ အက်တောနဲ့ ကျောက်ဆစ်ပုံရွာတွေမှာ ယခုရာသီစိုက်ခဲ့ကြတဲ့ သခွားမွှေးတွေ ဇန်နဝါရီလလယ်ခန့်ကစပြီး ယနေ့အထိ မူဆယ်ဈေးကွက်ကို တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။
မန္တလေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များမှာ စက်ကြိတ်ခွဲအားကောင်းခဲ့တဲ့ ဆောင်းရာသီမှာပင် စက်လည်နှုန်းကျဆင်းကာ နွေရာသီလို စက်လည်နှုန်း မကောင်းချိန်မှာ လုပ်ငန်းပြောင်းရမယ့် အနေအထားရှိနေကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။"အခါတိုင်း ဆောင်းရာသီဆို လက်မလည်အောင် ဆီကြိတ်ရတယ်။ ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းပဲ စက်လည်အားရှိတယ်။ ဆောင်းရာသီမှာတောင် ဒီလိုဖြစ်နေရင် နွေမှာလုပ်ငန်းပြောင်းရမယ့်အနေအထားရှိတယ်။