Background
ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် အနာဂတ်ကုန်သွယ်မှုတွင် အရေးပါလာမည့်ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးအတွက်ပဏာမလေ့လာမှုများ သဘာဝအခြေအနေနှင့် နည်းပညာဆိုင်ရာ ရှုထောင့်တို့မှ လေ့လာသုံးသပ်မှုများ ပြုလုပ်လျက် မြန်မာ့ကမ်းရိုးတန်းများတွင် နေရာ များကို ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ။ ။ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်တွင်တည် ရှိသည်။ ပဏာမလေ့လာ ချက်များအရ ချဉ်းကပ်ရေကြောင်းလမ်းသည် အနိမ့်ဆုံးရေအနက် ၂၄ မီတာ ရှိသည်။ ဒီရေအမြင့်နှုန်းကွာခြားချက်မှာ ၂ မီတာမှ ၂ ဒသမ ၇ မီတာရှိသည်။ ဆိပ်ကမ်း နေရာသည် မုန်တိုင်းဒဏ်အကာ အကွယ်ရသောနေရာဖြစ်ပြီး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းတွင် ကျရောက်ခြင်းမရှိပါ။ စစ်တွေ- ကုလားတန်စီမံကိန်းဒေသ၊ သံတွဲခရီးသွား လုပ်ငန်းနှင့်ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသဖြစ်ပါသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် စစ်တကောင်း၊ ရန်ကုန်နှင့် စစ်တကောင်းဆိပ်ကမ်းမြို့များသို့ ကုန်များအတွက် ကြားခံ ဆိပ်ကမ်းတစ်ခုဖြစ်လာမည့်အပြင် အဆိုပြု ထားပြီးဖြစ်သော တရုတ် နိုင်ငံ ယူန၊န်ပြည်နယ် ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တွေ လမ်းပေါ်တွင် တည်ရှိသောကြောင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် အချက်အချာကျသော ဆိပ်ကမ်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဆိပ်ကမ်းစီမံကိန်းပြီးစီးပါက ကွန်တိန်နာ ၄ဝဝဝ ဆန့်ရေယာဉ်များ ဆိုက်ကပ်နိုင် မည်ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသည် တောင်ကုတ်-မအိ-ကျောက်ဖြူလမ်းကြောင်းဖြင့်လည်း ဆက်သွယ်နိုင် မည်ဖြစ်သည်။ ကုလားဂုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့နယ်တို့အကြားတွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၁၅ မီတာရှိသည်။ ဒီရေ အမြင့်ကွာခြားချက် မှ ၃ မီတာနှင့် ၅ မီတာ အကြား တည်ရှိသည်။ ကုလားဂုတ်ကျွန်းနှင့် ကမ်းရိုးတန်း ဒေသအကြား မုန်တိုင်းကင်း လွတ်သည့်နေရာတွင် ရှိသည်။ ဆိပ်ကမ်းတွင် DWT ၄ဝဝဝဝ မှ ၅ဝဝဝဝ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည်။ မဟာမဲခေါင်ဒေသခွဲ၏ အဓိကကျသော အရှေ့ အနောက် စီးပွားရေး စြင်္ကံ (East West Economic Corridor)၏ အဓိကကျသောရေ နက်ဆိပ်ကမ်းတခုဖြစ်၍ ဂျပန် ၊တရုတ်၊ကိုရီးယားစသည့် အရှေ့အာရှနိုင်ငံများအနေဖြင့် ပင်လယ် ရေကြောင်းကုန်သွယ်မှုတွင် မလက္ကာရေလက်ကြားကို အမှီပြုနေရာမှ ဤရေနက်ဆိပ်ကမ်း မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ကုန်စည်များ ပို့ဆောင်နိုင်မည့်အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။ ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ်အတွင်း တွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် ( LAD) မှာ ၁၅ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှ ၅ မီတာဖြစ်သည်။ ဤရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် ဂျီအမ်အက်စ်နိုင်ငံများနှင့် ဘင်းစတက် နိုင်ငံများ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ဆောင်မှု ကြာမြင့်ချိန်မှာ လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ကုန်ကျ စရိတ်များကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆိပ်ကမ်းတွင် DWT ၅ဝဝဝဝ ရှိ ရေယာဉ်များ ဆိုက်ကပ် နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေး လမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်မည်ဖြစ်သည်။ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ။ ။ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့် ကော့သောင်းမြို့နယ် တို့ကြားတွင် တည်ရှိ သည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၃ဝ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှာ ၃ မီတာရှိသည်။ ရေနက်ဆိပ်ကမ်းနေရာမှာ နှစ်နေရာဖြစ်ပြီး ဘုတ်ပြင်း တွင် တစ်ခုနှင့် ထိုင်းနိုင်ငံ ဘန်ဆာဖန်တွင် တစ်ခုဖြစ်သည်။ စီမံကိန်း လုပ်ငန်းတွင် နယ်စပ်ဖြတ် ကျော်အဝေးပြေးလမ်းမ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ရေနံဓာတု စက်ရုံများနှင့် အခြားစွမ်းအင်စက်ရုံများ အဓိက ပါဝင်သည့် စက်မှုမြို့တော်နှစ်ခု ပါဝင်သည်။ ဆိပ်ကမ်းတွင် ကူးသန်း ရောင်းဝယ် ရေးအတွက် DWT ၆၅ဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်ပြီး ကမ်းလွန်ရေနံလုပ်ကွက်များမှ ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများ တင် ဆောင်ရန် DWT ၂ဝဝဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်သည်။ ပုဂ္ဂလိကဆိပ်ကမ်းများ စဉ် ဆိပ်ကမ်း ရင်းနှီးမြှုပ်နံှမှု ဖွင့်လှစ်သည့်နှစ် လုပ်ငန်း ၁။ သီလဝါ နိုင်ငံခြား ၁၉၉၆ အထွေထွေကုန်ပစ္စည်းများနှင့် ကုန်သေတ္တာများ ၂။ Myanmar Int'l နိုင်ငံခြား ၁၉၉၈ အထွေထွေကုန်ပစ္စည်းများနှင့် Terminal Thilawa စားအုန်းဆီ Co., Ltd. ၃။ မြန်မာ့စက်မှုဆိပ်ကမ်း တိုင်းရင်းသားပိုင် ၂ဝဝ၃ အထွေထွေကုန်ပစ္စည်းများ မြန်မာအဏ္ဏဝါစွမ်းအားရှင် ကုန်သေတ္တာ ၄။ အေးရှားဝေါလ်ဆိပ်ကမ်း (၁) ၂ဝဝဝ ကုန်သေတ္တာ ၄၆၅ဝ အေးရှားဝေါလ်ဆိပ်ကမ်း (၂) ၁၉၉၇ စားအုန်းဆီသိုလှောင်ကန်များပါရှိ အေးရှားဝေါလ်ဆိပ်ကမ်း (၃) ၂ဝဝ၅ ပစ္စည်းစုံကိုင်တွယ်ပေးနိုင်သည်
အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် ကုန်သွယ်မှုအတွက် ဆိပ်ကမ်းဝန်ဆောင်မှု အခြေခံအဆောက်အအုံများ ကုန်သွယ်မှုကို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်စက်သဖွယ် တင်စားကြသည်။ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာတွင် ပင်လယ်ရေကြောင်းဖြင့်် ကုန်သွယ်မှုသည် နိုင်ငံတိုင်းတွင် အဓိက အရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်နိုင်ငံတကာနှင့် တိုးမြှင့်ကုန်သွယ်လျှက်ရှိရာ ပင်လယ်ရေကြောင်းဖြင့်ကုန်သွယ်မှု ပမာဏသည် နှစ်စဉ် ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ရာခိုင်နှုန်းကျော်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် ဆိပ်ခံတံတားများ၊ ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်းများကိုတည်ဆောက်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ပင်လယ်ဆိပ်ကမ်း ထွက်ပေါက်များအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် (၅)ခုရှိသည်။ ယင်းတို့မှာ-ရန်ကုန်တိုင်းဒေသကြီးတွင် - ရန်ကုန်ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်တွင် - စစ်တွေ၊ ကျောက်ဖြုူ၊ သံတွဲ၊ ဧရာဝတီတိုင်းဒေသကြီးတွင် - ပုသိမ်၊ မွန်ပြည်နယ်တွင် - မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင်-ထားဝယ်၊မြိတ်၊ကော့သောင်း တို့ဖြစ်သည်။၁၉၈၈ ခုနှစ်အရှေ့ပိုင်းတွင် ဆိပ်ခံတံတား ၁၃ ခုရှိခဲ့ရာမှ ယခုအခါ ဆိပ်ခံတံတား ၂၈ ခုအထိရှိလာပြီ ဖြစ်သဖြင့် ဆိပ်ခံတံတား ၁၅ ခု တိုးတက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်ရှေ့ပိုင်းတွင်မရှိခဲ့သော ကုန်းတွင်း ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်း ၃ ခု တည်ဆောက်လုပ်ကိုင်လာနိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိဆိပ်ကမ်းများ (၁) ထီးတန်းဆိပ်ကမ်း (Berth) (၂) ထီးတန်းဆန်ဆိပ်ကမ်း (Berth) (၃) အလုံဆိပ်ကမ်း (Wharves) (က) အမှတ် (၁) (ခ) အမှတ် (၂) (ဂ) အမှတ် (၃) (၄) မြန်မာစက်မှုဆိပ်ကမ်း (၅) ဆူးလေဘုရားဆိပ်ကမ်း (က) အမှတ် (၁) (ခ) အမှတ် (၂) (ဂ) အမှတ် (၃) (ဃ) အမှတ် (၄) (င) အမှတ် (၅) (စ) အမှတ် (၆) (ဆ) အမှတ် (၇) (၆) ကျန်းမာရေးဆိပ်ကမ်း (Jetty) (၇) ဗိုလ်အောင်ကျော်ဆိပ်ကမ်း (က) အမှတ် (၁) (ခ) အမှတ် (၂) (ဂ) အမှတ် (၃) (၈) သာကေတဆိပ်ကမ်း(Wharves) (က) အမှတ် (၁) (ခ) အမှတ် (၂) (၉) မြန်မာအင်တာနေရှင်နယ်သီလဝါဆိပ်ကမ်း (၁ဝ) မြန်မာအင်တီဂရိတ်တက်သီလဝါဆိပ်ကမ်း
