Background
ပဲမျိုးစုံအထွက်နှုန်းမြှင့်ဖို့ အိန္ဒိယအစိုးရက တောင်သူတွေအတွက် ဈေးကွက်ချိတ်ဆက်မှုများစီစဉ် အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်များအတွင်း စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို အဓိကအထောက်အပံ့ပြုနေတဲ့ အဓိက အစားအစာတွေထဲက တစ်ခုကတော့ ပဲဖြစ်ပါတယ်။ ပဲမျိုးစုံရှားပါးမှုကြောင့် ထုတ်လုပ်မှုတိုးတက်ဖို့ အသုံးပြုငွေများထဲက စီမံကိန်းတစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူများအတွက် ဈေးကွက်အချိတ်အဆက်များ ပံ့ပိုးပေးဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ တစ်ယူနစ်ထုတ်လုပ်မှုပမာဏ အလွန်နည်းပြီး ဖြန့်ဝေမှုမှာ စိတ်ပါဝင်စားမှုမရှိတာကြောင့် ဈေးကွက်ချိတ်ဆက်မှု မရှိဖြစ်ကာ စားသုံးသူဈေးနှုန်းမှာ ပဲစိုက်ပျိုးသူများရဲ့ ဝေစုက အလွန်ပဲ နိမ့်နေတယ်လို့ အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက ဆိုပါတယ်။ ရေရာတဲ့ ဈေးကွက်က ပဲမျိုးစုံထုတ်လုပ်မှု ရေရှည်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့လည်း ဆိုပါတယ်။ အဲဒီစီမံကိန်း အောင်မြင်ဖို့ အစိုးရက နိုင်ငံ နှစ်စဉ်ပဲထုတ်လုပ်မှုရဲ့ ၉၆ ရာခိုင်နှုန်းဝန်းကျင်ပါဝင်နေတဲ့ ပြည်နယ် ၁၁ ခုမှ တောင်သူ ၁ဝဝဝ ဦးနဲ့ ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်း ၁၅ဝ ဝန်းကျင်တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို အဖွဲ့အစည်း ဖွဲ့စည်းခြင်းဟာ ၎င်းတို့ ထုတ်ကုန်များဈေးကွက် ရှာဖွေရေး၊ အကောင်းဆုံး လယ်ယာစနစ်များ လေ့ကျင့် ပြန့်ပွားရေးတို့နဲ့ ပတ်သက်ပြီး လယ်သမားအုပ်စု စုစည်းဆုံးဖြတ်ချက်ရယူနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့အစည်းများဟာ ငွေရင်းအနှီး ရူပီး ၃၅ဝ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၇၇ သန်း) ထောက်ပံ့မှုရရှိမယ်လို့ ဆိုပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ကြေညာထားတဲ့ အဲဒီအစီအစဉ်ကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းအတွက် ဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee ကရူပီး ၃ဝဝဝ သန်း (ကန်ဒေါ်လာ၆၆ ဒသမ ၆၅ သန်း) ထပ်မံခွင့်ပြုထားတယ်လို့ သိရပါတယ်။ နှစ်စဉ် ပဲမျိုးစုံဟက်တာ ငါးသိန်းကျော်ကို အဲဒီပြည်နယ်များမှာ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ စီမံကိန်းပြည်နယ်များကတော့ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ကာနာ တာကာ၊ အင်ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ချက်တီဂရပ်၊ ဘီဟာ၊ မဟာရပ်ရှတရာ၊ သြရိသ၊ ရာဂျက်စသန်နဲ့ တမီနာဒူးတို့ဖြစ်ပြီး အသုံးပြုငွေအများဆုံးကို မဒ္ဒရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့ကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံအပြင် ပဲလုံး၊ ပဲစင်းငုံနဲ့ မြေထောက်ပဲတို့ကိုလည်း အဲဒီအစီအစဉ်မှာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အခြားစီမံကိန်းများအပြင် ယခုအစီအစဉ်ကိုလည်း နောက်နှစ်ကုန်မှာ ပဲမျိုးစုံ ထုတ်လုပ်မှု ထူးထူးခြားခြား တိုးတက်ဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှု တိုးမြှင့်ဖို့ ယခုလိုအစီအမံများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ ှSource: Business standard
ပဲကိစ္စ အိန္ဒိယ ဘာတွေလုပ်နေသလဲ ဒီရက်သတ္တပတ်ထဲမှာ ပဲကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ဒီလိုတွေ့ရပါတယ် -(၁) ပထမဆုံးအချက်ကတော့ ၂ဝဝ၆ ခုနှစ်၊ ဇွန်လက စတင် တားမြစ် ခဲ့တဲ့ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့ခွင့်ကို ၂ဝ၁၁ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။(၂) ဒုတိယအချက်ကတော့ အစိုးရပိုင် PEC က ပြည်တွင်းမှာ ဖြန့်ဖြူးဖို့ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာစိမ်းနဲ့ ကုလားပဲ အပါအဝင် ပဲမျိုးစုံ တန် ၁ဝဝဝဝ ကို မြန်မာ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ သြစတြေးလျတို့ထံမှ တင်ဒါခေါ်ခဲ့တာပါ။ (၃) တတိယအချက်ကတော့ ပြည်နယ် ၁၁ ခုမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအသင်း ၁၅ဝ ဖွဲ့စည်းဘို့ စတင်ပြင်ဆင် ဆောင်ရွက်ခဲ့တာပါပဲ။ ပဲမျိုးစုံ ထုတ်လုပ်မှု မြှင့်တင်ရေး အစီအစဉ် အရ ခွင့်ပြုထားတဲ့ ရန်ပုံငွေတစ်စိတ်တစ်ဒေသကို အသုံးပြုပြီး ဆောင်ရွက်မယ့် ဒီအစီအစဉ်အရ ပဲစိုက်တောင်သူတွေကို ဈေး ကွက်နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပဲ စိုက်တောင်သူ ၆ဝဝဝဝ ကျော်၊ ပဲစိုက်ဧရိယာ ဟတ်တာ (၅) သိန်းခန့်ဟာ ဒီအစီအမံထဲမှာ အကံျုးဝင်လာမှာ ဖြစ်ပါတယ်။ (၄) စတုတ္ထအချက်ကတော့ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုး ထုတ်လုပ်နေတဲ့ ကနေဒါနိုင်ငံ၊ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကနေဒါ ပဲမျိုးစုံ လုပ်ငန်းရှင် ၁ဝဝ လောက်ပါတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လာရောက်ပြီး ပဲအရောင်း အဝယ်ကိစ္စများ ဆွေးနွေးသွားခဲ့တဲ့ ကိစ္စပါ။ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပဲအများဆုံး စားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၆.၅၁ သန်း ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတွင်း ပဲဈေးနှုန်းများ ကြီးမြင့်ရခြင်းရဲ့ အကြောင်း တစ်ခုကတော့ အိန္ဒိယနိုင်ငံသားတွေ နှစ်သက်စွာ စားသုံးနေတဲ့ ပဲအမျိုးအစားကို နိုင်ငံအများအပြားက ထုတ်လုပ်နိုင်ခြင်း မရှိတာပါဘဲ။ ဒါကြောင့် အိန္ဒိယ အစိုးရရဲ့ အစီအစဉ်က နိုင်ငံတွင်း ပဲထုတ်လုပ်မှု မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ လူလေး
အိန္ဒိယဈေးကွက်တွေကို ကုလားပဲအဝင်တိုးလာလို့ ဈေးလျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များကို ကုလားပဲအသစ်ဝင်ရောက်မှု တိုးတက် လာပေမဲ့ အဝယ်ထိုင်းတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေးများ ၂ ဒသမ ဝ၄ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၃၁ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဘီကနာမှ ပဲအသစ်များ ယခုသီတင်းပတ်ပိတ်ရက်မှာ အမြောက်အမြား ဝင်ရောက် လာဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံက ပဲတင်သွင်းမှုအနေနဲ့ ၂ဝ၁၁ ဇန်နဝါရီတစ်လထဲမှာ တန်ချိန် ၅၉၅၂၁ ရှိပြီး ဖေဖော်ဝါရီလမှာ ၁၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅ဝ၅၇၇ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်လုပ်မှု ပိုမိုမယ့်ခန့်မှန်းချက်များက ယခုနှစ်ပဲတင်သွင်းမှုကို ကျဆင်းစေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ အတွင်း ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၁၆ ဒသမ ၅၁ သန်းခန့်ရှိလို့ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းဖို့ လိုအပ်မယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီ သောမတ်က ပြောကြားပါတယ်။ ပြည်တွင်းပဲအသစ်များ ဝင်ရောက်မှုတိုးတက်လာ တော့မှာဖြစ်လို့ ကုလားပဲဈေးကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Argel Commodities
အိန္ဒိယအစိုးရဝန်ကြီးများအစည်းအဝေးက နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ပဲတန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြု အိန္ဒိယအစိုးရဝန်ကြီးများ အစည်းအဝေး (EGoM ) က MMTC လို နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁- ၁၂ ဘဏ္ဍာနှစ်အတွက် ပဲမိုျးစုံတန်ချိန် ၅ သိန်းတင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တင်သွင်းပဲများ ပြည်တွင်းဈေးကွက်အတွင်း ပြန်လည်ရောင်းချရာမှာ ဆုံးရှုံးမှုကာမိဖို့ ထောက်ပံ့ငွေ ၁၅ ရာခိုင်နှုန်းကိုတော့ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ ဟာ ပြည်တွင်းဝယ်လိုအား တန်ချိန် ၁၈-၁၉ သန်းရှိပြီး ယခုနှစ် ထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၅ သန်းခန့်ရှိလို့ ပဲမိုျးစုံ တင်သွင်းသူသက်သက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ပိုင်STC နဲ့ MMTC လို အေဂျင်စီများကလည်း ပြည်တွင်းရောင်းချမှု တိုးမြင့်ဖို့ ပဲတင်သွင်းနေရပါတယ်။ EGoM ဟာ ပြည်ပက တင်သွင်းပဲများကို ရာရှင်ဆိုင်များကတစ်ဆင့် ရောင်းချရာမှာ တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ချပေးတဲ့ အစီအစဉ်ကို စက်တင်ဘာလတိုင်အောင် နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သကြား၊ စားဆီနဲ့ ပဲမျိုးစုံ သိုလှောင်မှု ကန့်သတ်ခြင်းကိုလည်း စက်တင်ဘာလတိုင်အောင် သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ယမင်းခင်၊ှSource: Business standard
်အိန္ဒိယ မွန်ဘိုင်းဈေးကွက် တစ်လအတွင်း ပဲတီစိမ်းဈေးမြင့်လာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲတီစိမ်း အရောင်းအဝယ်မဖြစ်ပေမဲ့ ကင်ညာနဲ့ တန်ဇန်းနီးယား ပဲတီစိမ်းဈေးက ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူမှာ အနည်းငယ်မြင့်တက်လာတာ တွေ့ရပါတယ်။ ကင်ညာ ပဲတီစိမ်း ဈေးထက် တန်ဇန်းနီးယား ပဲတီစိမ်းဈေး ပိုနေတာလည်း တွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် အကန့်အသတ်သာရှိပြီး အဝယ်အထိုက် အလျောက် ရှိနေတာကြောင့် ဈေးအနည်းငယ်တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် (တန်/ဒေါ်လာ) ကင်ညာပဲတီစိမ်း တန်ဇန်းနီးယားပဲတီစိမ်း ၂၄-၃-၁၁ ၉၃၉ ၁ဝ၄၃၂၄-၂-၁၁ ၈၉၈-၉ဝ၃ ၉၈၇MIRT (MAPT)
တရုတ်ဝယ်လိုအားနည်းလို့ ပဲတီစိမ်းအတင်လျော့လာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းကနေ တရုတ်ဝယ်လိုအားကောင်းတာကြောင့် ပဲတီစိမ်း တင်ပို့မှု အားကောင်းခဲ့ရာက ယခုသီတင်းပတ်မှာတော့ တရုတ်အဝယ်အေးသွားလို့ တန်ချိန် ၅၈ဝဝ ခန့်ကို တင်ပို့မှု လျော့ကျ လာခဲ့ပါတယ်။ တရုတ်ဝယ်လက်များက ၎င်းတို့ လက်ထဲပစ္စည်းတော်တော်များများရောက်ရှိပြီဖြစ်လို့ အဝယ်ခေတ္တ ရပ်သွား ခြင်းဖြစ်ပေမဲ့ တရုတ် (တိုင်ပေ) ဈေးကွက်ကိုတော့ တင်ပို့မှု များနေဆဲဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်ပါးပြီး တောက်လျှောက်ဈေးဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်ပတ်အတိုင်း မတ်လ ၂၅ မှာလည်း ပဲတီစိမ်း FAQ က အညာတစ်တန်ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ၤ FAQ (ပခုက္ကူ) တစ်တန် ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
အိန္ဒိယဈေးကွက်မှာ တစ်လအတွင်း မြန်မာပဲစင်းငုံဈေး သိသိသာသာကျ အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မြန်မာပဲစင်းငုံဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူအတွင်း သိသိသာသာ ကျခဲ့ပါတယ်။ ပြည်တွင်းပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်တွေအရ ဈေးထပ်ကျဆင်းမယ့် ခန့်မှန်းချက်တွေနဲ့ ကုန် သည်များဝယ်ယူမှုနည်းတဲ့အပြင် ရိတ်သိမ်းရာသီပဲအသစ်များ ဈေးကွက်ဝင်ရောက်မှု တိုးလာတာကြောင့် ခုလိုဈေးဆက်တိုက်ကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းနဲ့ ဒေလီဈေးကွက်များမှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဂူဘာကာ၂၄-၃-၁၁ ၇၆၆ ၈၃၈-၈၉၃၂၄-၂-၁၁ ၇၈၈-၇၉၃ ၈၄၅MIRT-MAPT
တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး ပြောင်းလဲကွာခြားမှုနည်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူ ဈေးနှုန်း ကွာခြားမှုနည်းတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ မတ်ပဲလက်ကျန် အကန့်အသတ်ရှိပေမဲ့ ပဲအသစ်ဝင်ရောက်မယ့် မျှော်လင့်ချက် တွေအရ အဝယ်နည်းနေတာကြောင့် ဈေးအပြောင်းအလဲ သိပ်မရှိတာဖြစ်ကြောင်း သိရပါတယ်။ လာမယ့်လမှာ ပဲအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးနှုန်းအကျ ဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းနဲ့ ချန်နိုင်းဈေးကွက်မှာရှိတဲ့ မြန်မာမတ်ပဲဈေးများ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း ၂၄-၃-၁၁ ၉၁ဝ ၉၅ဝ- ၁၁ဝ၂ ၂၄-၂-၁၁ ၈၉၃ ၉၂ဝ-၁ဝ၄၁ MIRT(MAPT)
ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်တင်ပို့သူများ ကမ္ဘာ့ဈေးနှုန်း မြင့်တက်နေသော်လည်း အကျိုအမြတ်ရရှိမှုနည်းပါး ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်နေတဲ့တိုင် ဗီယက်နမ်ပြည်တွင်း စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူများအနေနဲ့ ငွေအရင်းအနှီးနည်းပါးမှုကြောင့် ပြည်ပဈေးကွက်တွေမှာ ၎င်းတို့ ထုတ်ကုန်များ ရောင်းချရာ မှာ အကျိုးအမြတ်ရရှိမှု နည်းပါးဖွယ်ရှိတယ်လို့ သိရပါတယ်။ ဗီယက်နမ်ကော်ဖီ၊ သီဟိုဠ်အသင်းဥက္ကဌ ူLuong Van Tu က က ပြောကြားရာမှာ ပြည်တွင်းကော်ဖီတင်ပို့သူများဟာ ငွေရင်းများများ မရှိတာကြောင့် ကုန်ကြမ်းများများ ဝယ်ယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ငွေရင်းခိုင်မာတောင့်တင်းတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကတော့ ကုန်ကြမ်းများများဝယ်ယူနိုင်တော့ ဈေးနှုန်းပိုမိုလာလေ အကျိုးအမြတ်ပိုရလေဖြစ်ပါတယ်လို့ ဆိုပါတယ်။ ပြည်တွင်းကော်ဖီတင်ပို့သူများဟာ နှစ်စဉ် ရိတ်သိမ်းရာသီအစမှာ ကော်ဖီကုန်ကြမ်းသိုလှောင်ဖို့ တန်ချိန် ၂ သိန်း-၃ သိန်းဝယ်ယူနိုင်ရေး ၆ လမှ ၉ လအတွင်းကာလရှည် ချေးငွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ကော်ဖီ တင်ပို့နိုင်ငံဖြစ်ပေမဲ့ ပြည်တွင်းတင်ပို့သူတွေကတော့ ငွေအရင်းအနှီးနည်းလို့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို မယှဉ်ပြိုင်နိုင်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ ကုန်ကြမ်းသိုလှောင်ဖို့နဲ့ ပြည်ပကုန်သွယ်ဖက်များနဲ့ ဈေးနှုန်းညှိနှိုင်းရမှုတွေ ကနေဦးဆောင်ရွက်နေရတယ်လို့ ဗီယက်နမ်သီဟိုဠ်အသင်း ဒုတိယဥက္ကဌ Nguyen Duc Thanh့ က ပြောကြားပါတယ်။ ဗီယက်နမ် ငရုတ်ကောင်းအသင်းဥက္ကဌ Do Than Nan ကလည်း ယခုနှစ် ကမ္ဘာ့ငရုတ်ကောင်းဈေးက မကြာခင် သိသိသာသာ တိုးတက်မှာဖြစ်လို့ တောင်သူများအနေနဲ့ စောစောစီးစီး မရောင်းချဖို့ သတိပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်းငရုတ်ကောင်းဈေးဟာ ယခင်နှစ် ဈေးထက် ၃ ဆမြင့်တက်ပြီး တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅ အထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့ဈေးက ယခင်နှစ်က တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ-၁၄ဝဝ ရှိရာမှ ယခုအခါ ကန်ဒေါ်လာ ၄၃ဝဝ-၄၄ဝဝ အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ အတွင်း ငရုတ်ကောင်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ သန်း ၅ဝဝ ရရှိမယ်လို့ မျှော်မှန်းထားကြောင်းလည်း ၎င်းကဆက်လက် ပြောကြားပါတယ်။ ကုန်းမြင့်ပြည်နယ်များက ကော်ဖီဈေးလည်း မြင့်တက်လာတာကြောင့် တစ်ကီလိုကို ကန်ဒေါ်လာ ၂ ဒသမ ၃ ရှိခဲ့ပြီး ကမ္ဘာမှာ ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံတွေကလည်း သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုကြောင့် သီးနံှများ ပျက်စီးခဲ့တဲ့အတွက် ကမ္ဘာ့ကော်ဖီဈေးဟာ ဆက်လက်မြင့်တက်လိမ့်ဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းးခင်၊Source: VOU
ပြည်ပအဝယ်အလားအလာကြောင့် အိန္ဒိယနနွင်းကြိုပွိုင့်ဈေးမြင့်ပေမဲ့ လက်ငင်းဈေးလျော့ကျဆဲ မတ်လ ၁၆ ရက် အိန္ဒိယရဲ့ နနွင်းအဓိကဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာ နနွင်းဝင်ရောက်မှု ပိုမိုလာလို့ လက်ငင်းဈေး ၁ ဒသမ ၂၉ ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ပြည်ပအဝယ်အလားအလာကြောင့် ပိုမိုလာ တယ်လို့ သိရပါတယ်။ ဝယ်လက်များက ဈေးထပ်မံကျဆင်းမယ်အထင်နဲ့ အဝယ်လျော့ကျနေတယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်က ပဲဝင်ရောက်မှုအနေနဲ့ အီရော့ဈေးကွက်ကို အိတ် ၂ဝဝဝဝ နဲ့ နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ရှိတယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်မှာ မတ်လ ၁၈ ရက်က အိန္ဒိယမြောက်ပိုင်းက ဝယ်လိုအားတက်လာလို့ ဈေးမြင့်တက်စ ပြုလာ တယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်မှာ မတ်လ ၁၈ ရက်က နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁ဝ၉၁၇ဝ- ၁၂၆၁ဝဝ (ကန်ဒေါ်လာ ၂၄၂၄-၂၈ဝဝ) ရှိရာမှ နနွင်းဥဈေးက တစ်တန်ကို ကန်ဒေါ်လာ ၉၃၉၆ဝ-၁၁၄၇၅ဝ (ကန်ဒေါ်လာ ၂ဝ၈၆-၂၅၄၈) နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကာလတိုနဲ့ ကာလလတ်အတွင်း နနွင်းအထွက် ပိုမိုတာကြောင့် ပဲဝင်ရောက်မှု တိုးတက်လာနိုင်လို့ နနွင်းဈေး အကျဘက်ပြန်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: Angel Commodities