Main menu

Background

Sunday, 20 Mar 2011

 ဂျပန်၏ ပျက်စီးဆုံးရှုံးမှုများကြောင့် သီးနံှဈေးကွက်ဈေးကျနေ                     ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ချီကာဂို ကုန်သွယ်ရေး အသင်း (CBOT) ရဲ့ လယ်ယာထွက်ကုန် ပစ္စည်းအလားအလာ မကောင်းကြောင်း သိရပါတယ်။ မေလအတွက် ပြောင်းစာခုျပ် ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၆၄ ဒေါ်လာကိုရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးနှုန်းက ၃၁ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ မှာ တစ်ဘူရှယ်ကို ၇ ဒသမ ၄၄ ဒေါ်လာကို ရောက်ရှိ ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ရဲ့ မေလစာချုပ်ဈေးနှုန်းက ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ၁၃ ဒသမ ၃၄၅ ဒေါ်လာရှိပြီး ဆန်စာခုျပ်ဈေးနှုန်းက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ပေါင် ၁ဝဝကို ၁၃ ဒသမ ဝ၁ ဒေါ်လာကို ရောက်ရှိခဲ့ပါတယ်။ ကော်ဖီ ဈေးနှုန်းက မေလအတွက် ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ၂ ဒသမ ၇၄ ဒေါ်လာကိုရောက်ရှိလာသလို ကိုကိုးဈေးနှုန်းကလည်း ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်ကို ၃၄၂ဝ ဒေါ်လာရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ ဝယ်လိုအားကြောင့် ဖေဖော်ဝါရီလဆန်းမှာ တစ်ဘူရှယ်ကို ၁၄ ဒသမ ၅ ဒေါ်လာအထိ ဈေးရခဲ့ကြောင်း သိရပါတယ်။ ဂျပန်က လွန်ခဲ့တဲ့နှစ်မှာ အမေရိကန် ထံမှ ပဲပုပ် တန်ချိန် ၂ ဒသမ ၃၄ သန်းနဲ့ ဆန်တန်ချိန် ၃၈၈၉ဝဝ တန်ဝယ်ယူခဲ့ပြီး အကြီးဆုံးပြောင်းဝယ်လက် ဖြစ်ခဲ့တယ်လို့(USDA)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်စိုက်ပိုျးရေး ထုတ်လုပ်မှု ဧရိယာတော်တော် များများ ပျက်စီးခဲ့ရပါတယ်။ ဒီပျက်စီးဆုံးရှုံးမှုက ပိုပြီးကျယ်ပြန့်လာပြီး ဂျပန်သီးနံှ ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန် ကြေညာချက်များအရ သိရပါတယ်။ ဂျပန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းဖြစ်တဲ့ ကုရှီယို၊ ဟချီနိုဟီ၊ အိချိနို၊ မဂိနဲ့ကရှိမ ဆိပ်ကမ်းတွေက ဆူနာမီကြောင့် ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေပါ ပျက်စီးခဲ့ပါတယ်။ အဲဒီထိခိုက်မှုတွေက မြေငလျင်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာမဟုတ်ဘဲ ဆူနာမီကြောင့် ထိခိုက်တာဖြစ်ကြောင်း ဂျပန်မှပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဒီထိခိုက်မှုက စိုက်ပျိုးရေး ကဏ္ဍကို ဘယ်လောက် အကျိုးသက်ရောက်စေမယ်ဆိုတာ ပြောဖို့ စောသေး ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: Commodity Online, KZW

Sunday, 20 Mar 2011

ဂျပန် ဆူနာမီဂယက်ကြောင့် ပင်လယ်ရေကြောင်း ပြောင်းအတင်မရှိ             မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု မရှိတာတွေ့ရပါတယ်။မတ်လဆန်းကစပြီး တစ်ပတ်ထက် တစ်ပတ် တင်ပို့မှု လျော့ကျခဲ့ရာကနေ ရပ်ဆိုင်းသွားတာ တွေ့ရပါတယ်။ပြောင်း အဓိကထွက်တဲ့ အမေရိကန်နိုင်ငံမှာလည်း ဝယ်လိုအားတွေကျဆင်းပြီး ဈေးနှုန်း လည်းကျသွားတာတွေ့ရပါတယ်။ ပြောင်းတင်သွင်းမှုအများဆုံး စာရင်းဝင် ဂျပန် နိုင်ငံရဲ့ ဆူနာမီဂရက်ကြောင့် တင်သွင်းမှုရပ်ဆိုင်းခဲ့ခြင်းကလည်း ပြောင်းတင်ပို့မှုကို ကျဆင်း စေခဲ့တာဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေ ကြောင်း တင်ပို့မှုရပ်တန့် နေပေမယ့် နယ်စပ်တင်ပို့မှုကတော့ရှိနေပြီး တင်ပို့တဲ့ ပမာဏသာအနည်းငယ် လျော့ကျ ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့ခဲ့တဲ့ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရခဲ့ပါတယ်။ KZW

Sunday, 20 Mar 2011

ဂျပန်ငလျင်ကြောင့် အိန္ဒိယရော်ဘာ စိုက်သူတို့ထိခိုက်                    မြေငလျင်နဲ့ ဆူနာမီလှိုင်းများ ဂျပန်မှာ ကျရောက်ခြင်းအကျိုးဆက်က အိန္ဒိယရဲ့တောင်ပိုင်းမှာရှိတဲ့ ကာရာလာ ဒေသကို ထိခိုက်စေခဲ့ကြောင်းသိရပါတယ်။ အဲဒီဒေသမှာ နေထိုင်တဲ့အိန္ဒိယတိုင်းရင်းသားတွေက ဂျပန်နိုင်ငံအပေါ်မှာ မှီခိုနေရပြီး သူတို့ဒေသရဲ့အဓိကထွက်ကုန်ရော်ဘာက တိုကျိုကုန်စည်ဒိုင် (Tocom)  ရဲ့ အထင်ကရ ကုန်ပစ္စည်းဖြစ်ပြီး ကာရာလာရဲ့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ကမ္ဘာ့ တစ်ဝန်းကုန်ပစ္စည်းတွေရှားပါးပြီး ဈေးကောင်းရ လာတာက ထုတ်လုပ်သူတွေအတွက် ပိုမိုကောင်းမွန်စေပြီး ဈေးနှုန်း အပြောင်းအလဲအတက်အကျကတော့ ပကတိအခြေအနေ အကြောင်းတရားတွေပေါ်မှာ မူတည်ပါတယ်။ ဂျပန်က သဘောဝဘေးအန္တရာယ်ဒဏ်ကို ခံစားရပြီး စီးပွားရေးအထိနာ နေချိန်မှာ ပြန်လည် ဦးမော့ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။ ဂျပန်ရဲ့ရော်ဘာဝယ်လိုအားလည်း ကျဆင်းသွားပြီး ရော်ဘာ ဈေးနှုန်းတွေလဲ သုံးလ အတွင်း အနိမ့်ဆုံးကိုရောက်သွားနိုင်ကြောင်း မှန်းဆကြပါတယ်။ တိုကျိုကုန်စည်ဒိုင် (Tocom)  ရဲ့ သြဂုတ်လ အလားအလာကတော့ဈေးကျပြီး တစ်ကီလိုဂရမ်ကို ၃၈၅ ယန်း (၄ ဒသမ ၆ ဒေါ်လာ) သာရှိနိုင်ကြောင်း သိရပါတယ်။ (Tocom)  ရဲ့ ဝယ်လိုအားက နိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးအသုံးပြုမှုနဲ့ တိုက်ရိုက်ပတ်သက်ပြီး ဈေးကျတာကတော့ နားမလည်နိုင်တဲ့ပုစ္ဆာဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီအကျိုးဆက်ကို ကာရာလာလယ်သမားတွေအတွက် အလွန်ဆိုးရွားတဲ့ ဈေးနှုန်းကို ဖြစ်စေနိုင်ကြောင်းသိရပါတယ်။ ဂျပန်တစ်နိုင်ငံတည်းက ရော်ဘာသုံးစွဲသူမဟုတ်တဲ့ အတွက် ရော်ဘာ ဝယ်လိုအား တက်နေဦးမှာ ဖြစ်တယ်လို့ သုတေသီများက သုံးသပ်ပြန်ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ရော်ဘာ အရောင်းအဝယ်ဟာ (၅၈ဝ၅၈) တန် ဝန်းကျင်ရှိပြီး ယခင်နှစ် ၁၅၁၈၃၂ တန် ထက် ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းANRPC  ရဲ့ ထုတ်ပြန်ချက်အရတော့ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှု ၉ ရာခိုင်နှုန်း မြင့်တက်ဖွယ် ရှိပြီး တန်ချိန် ၃ ဒသမ ၆ သန်းနဲ့ အိန္ဒိယက ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉၉၁ဝဝဝ သုံးစွဲဖွယ်ရှိကြောင်း သိရပါတယ်။ ခရီးသည်တင်ကားရောင်းချရနှုန်းက တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ၁ ဒသမ ၅၃ သန်း ရောင်းချရခဲ့ကြောင်း ခရီးသည်တင်ကားထုတ်လုပ်ရေးအသင်းက ကြေညာခဲ့ပါတယ်။ Source: Commodity Online, KZW  

Sunday, 20 Mar 2011

ရော်ဘာဈေး ဆက်တိုက်ကျနေလို့ ထိုင်းနိုင်ငံမှ ရော်ဘာတင်ပို့မှု ရွှေဆိုင်း                     တစ်ချိန်က ဝယ်လိုအားတွေတစ်ရှိန်ထိုးတက်ခဲ့တဲ့ ရော်ဘာရဲ့ဈေးနှုန်းတွေ ဆက်လက်ကျဆင်းဆဲဖြစ်ပြီး လေးလထက်မနည်း အနိမ့်ဆုံးဈေးနှုန်းကို ရောက်ရှိနိုင်ကြောင်းခန့်မှန်းကြပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ အရောင်း အဝယ်အများဆုံး သြဂုတ်လရဲ့ စာချုပ်ဈေးနှုန်းက မက်ထရစ်တစ်တန်ကို ၄ဝ၉၇ ဒေါ်လာရှိခဲ့ပါတယ်။ ဒါဟာ အလွန်စိုးရိမ်စရာဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်က ပို့ကုန်တင်ပို့သူတွေကို သင်္ဘောတင်ရွှေ့ဆိုင်းဖို့ အမိန့်ပေးခဲ့တာကြောင့် ထိုင်းရဲ့ရော်ဘာ တင်ပို့မှုရပ်ဆိုင်းဖို့ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဘဏ်တွေကိုလဲ ပို့ကုန် တင်ပို့သူများကို ငွေချေးပေးဖို့ ညွှန်ကြားထား တာကြောင့် ကုန်သည်တွေက ရော်ဘာသိုလှောင်ထားနိုင်ကြောင်း သိရပါတယ်။ အစိုးရက တောင်သူတွေကိုလည်း ထုတ်ကုန်တွေကို ဈေးနိမ့်နဲ့မရောင်းဖို့ တားမြစ်ထားပါတယ်။ ရော်ဘာက ဖေဖော်ဝါရီလလယ်ကစပြီး ၂၃ ရာခိုင်နှုန်း တစ်ရှိန်ထိုးဈေးကျ ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းပြဿနာ၊ တရုတ်ရဲ့အဓိကကဏ္ဍများမှာ တိုးတက်မှုနှုန်းကျဆင်းခြင်းမှသည် ဂျပန်နိုင်ငံရဲ့ သဘာဝဘေးကျရောက်မှုက အဓိကကျတဲ့မော်တော်ကားလုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့ကြောင်း သိရပါတယ်။ နျူကလီးယား ရဲ့ ခြောက်လှန့်မှုက ဈေးကွက်များကို ကမောက်ကမဖြစ်စေပြီး ရွှေရောင်လွှမ်းခဲ့တဲ့ ဈေးကွက်တွေဟာ မှေးမှိန်သေးသိမ်သွားစေပါတယ်။ ဂျပန်ကားလုပ်ငန်းတွေက အရောင်းအဝယ်ရပ်နေကြပါတယ်။ တိုကိုျကုန်စည်ဒိုင်မှာ ဧပြီလအတွက် ရော်ဘာ စာခုျပ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။ မော်တော်ကားထုတ်လုပ်မှုမှာ အကြီးဆုံးကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနဲ့ နစ်ဆန်းက လုပ်ငန်းတဝက်ကိုသာ ဆောင်ရွက်နိုင်ပါတယ်။ တိုယိုတာကတော့ ၎င်းရဲ့စက်ရုံတွေကို မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ပိတ်ထားပြီး အီဆူဇူးနဲ့ ဟီးနိုးမော်တော်ကားအုပ်စုတွေကတော့ မတ်လ ၁၈ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပါတယ်။ နစ်ဆန်းကုမ္ပဏီကတော့ ၎င်းရဲ့ကားစီးရေ ၂၃ဝဝ ပျက်စီးပြီး စက်ရုံ ၄ ခုမှာ အသေးစားပျက်စီးမှုတွေရှိကြောင်း အစီရင်ခံခဲ့တယ် လို့ သတင်းရရှိပါတယ်။ Source: Commodity Online ,KZW  

Sunday, 20 Mar 2011

ကနေဒါပဲနီလေးအစိမ်းရောင်ကို အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံ အစားထိုး စားသုံးရန် သုတေသနပြု             ၂ဝ၁၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့ အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ ပဲမိုျးစုံကုန်သွယ်ရေးအစည်းအဝေးမှာ ကနေဒါ (ှSaskatchewan) မှ ပဲနီလေး (အစိမ်းရောင်မျိုး)များကို အိန္ဒိယနိုင်ငံမှစားသုံးသူများ လက်ခံနိုင်ပြီဖြစ်ကြောင်း သုတေသန ပြုခဲ့မှုနဲ့ပတ်သက်လို့ တင်ပြခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံ တမီးနာဒူးစိုက်ပျိုးရေးတက္ကသိုလ်နဲ့ ကနေဒါနိုင်ငံဘက်မှ ဆက်ကတ်ချီဝမ် ပဲမျိုးစုံစိုက်ပျိုးသူများအသင်းတို့ ပူးပေါင်းသုတေသနပြုခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၃၆၄ဝဝဝ ကို ကနေဒါဘက်မှ ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။         အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ကနေဒါနိုင်ငံ ှSaskatchewan  မှာ စိုက်ပျိုးတဲ့ ပဲနီလေး (အစိမ်းရောင်) ခွဲခြမ်းများ အသုံးပြုခြင်း၊ ဈေးကွက်မှာစမ်းသပ်ရောင်းချခြင်းများပြုခဲ့ပါတယ်။ ဒေါက်တာ Pushpa  နဲ့ ဒေါက်တာVaradharaju တို့ဦးဆောင်တဲ့ သုတေသနအဖွဲ့က မိမိနိုင်ငံအတွင်း စိုက်ပျိုးတဲ့ပဲနီလေးနဲ့ ကနေဒါမှာ စိုက်ပျိုးတဲ့ပဲနီလေးတို့ကို နှိုင်းယှဉ် လေ့လာ သုံးသပ်ရာမှာ ရုပ်သွင်ပညာ၊ ဓာတုပစ္စည်းအမျိုးမျိုးပါဝင်မှုနဲ့ အာဟာရဖြစ်မှု တို့ကို သုံးသပ်ခဲ့ပါတယ်။ သုတေသန ပညာရှင်များက အိန္ဒိယအစားအစာများ ပြုလုပ်ရာတွင် ပဲစင်းငုံအစား ပဲနီလေး (အစိမ်းရောင်) ကိုအစားထိုးပြီး အသုံးပြု နိုင်ကြောင်း ဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။          ပဲနီလေးချက်ပြုတ်ချိန်ဟာ အခြားပဲများထက်ပိုအချိန်တိုတောင်းကာ၊ ကနေဒါပဲနီလေးမှာ Selenium  ဓါတ်သတ္တု ပါဝင်နေပြီး၊ အိန္ဒိယပဲနီလေးတွင် မပါဝင်ကြောင်းလည်းသိရှိရပါတယ်။ အဲဒီပရောဂျက်အရ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံတင်သွင်းမှုရဲ့ ၂ဝ ရာခိုင်နှုန်းကို ပဲနီလေးတင်သွင်းနိုင်မယ်လို့ ခန့်မှန်းထားကြောင်းလည်းသိရှိရပါတယ်။ အလားအလာရှိပြီး ဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်း ၁၆ဝ အထိ ရရှိနိုင်ကြောင်း၊ သုတေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းကြောင့် အိန္ဒိယနိုင်ငံအတွက် ပဲစင်းငုံ အစားထိုး ပဲနီလေးအသုံးပြု နိုင်ကြောင်းကို ပြသနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ (မှတ်စု၊ ှSeleniumမှာ အိုင်အိုဒင်း (သတ္တုဆား)ကဲ့သို့ဖြစ်ပြီး မြေကြီးတွင်အဓိကပါဝင်သည်။ ၎င်းဓာတ်များသော မြေကွက်တွင် စိုက်ပိုျးသောသီးနံှနှင့် တိရစ္ဆာန်အစားအစာများတွင် Selenium  ဓာတ်သတ္တုပါဝင်သည်) တင်ချိုဦး- NPT,Source: statpub.com 

Sunday, 20 Mar 2011

အိန္ဒိယကုလားပဲဈေး ဆက်တိုက်လျော့ကျရာမှ အနည်းငယ်ပြန်မြင့်လာ              အိန္ဒိယကုလားပဲဈေးကွက်တွေမှာ ပဲအသစ်တွေ အဝင်ရှိနေလို့ တစ်ပတ် လုံး ဆက်တိုက်ကျဆင်းခဲ့ရာက မတ်လ ၁၆ ရက်မှာတော့ အဝယ်ပြန်လိုက်လာလို့ လက်ငင်းရော ကြိုပွိုင့်ဈေးပါ သုည ဒသမ ၄၅ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို မတ်လ ၁ဝ ရက်က သြစတြေးလျကုလားပဲဖြူလုံးကြီး ကွန်တိန်နာ လေးလုံးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။             လွန်ခဲ့တဲ့ ရက်များအတွင်း ပဲဝင်ရောက်မှု များလာပြီး အရောင်းအဝယ် ဖြစ်မှုနည်းလို့ ဈေးက အကျဘက် ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဝယ်လိုအား တက်မယ်လို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ ပဲ ဝင်ရောက်မှု သိသိသာသာတိုးတက်လာခဲ့ရာ အိတ်ပေါင်း ၃ဝဝဝဝ-၃၅ဝဝဝ ခန့် ဝင်ရောက်တယ်လို့ သိရပါတယ်။ ရာဂျက်စသန်က ပဲအသစ်ကတော့ ဧပြီလမှာ ဝင်ရောက်မယ်လို့ သိရပါတယ်။ ဈေးနှုန်းခန့်မှန်းချက်အနေနဲ့ ပြည်တွင်းလှောင်လက် တွေ ဝယ်လိုအားရှိနိုင်လို့ ကုလားပဲဈေးခိုင်မာတဲ့ဘက်ကို ရောက်ရှိလာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source:commoditiesonline.com

Sunday, 20 Mar 2011

အိန္ဒိယ ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ                အိန္ဒိယပြည်တွင်းအဓိက ဈေးကွက်တွေဖြစ်တဲ့ မွန်ဘိုင်းနဲ့ ချန်နိုင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်မဖြစ်၊ ဈေးမရှိပေမဲ့ အခြားဈေးကွက်တွေမှာတော့ ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဒါပေမဲ့ ကန်ပါဈေးကွက်မှာတော့ လက်ကျန်က လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အလားအလာတွေအရ ဈေးအနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ လာမယ့် ရက်တွေမှာလည်း ဈေးငြိမ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူဈေးများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်                   ဒေလီဈေးကွက်           အင်ဒိုနီးရှားဈေးကွက်၁၅-၃-၁၁          ၁၂၈၁                          ၁၁၄၉၁၅-၂-၁၁          ၁၂၇၆                           ၁၁၈၈MIRT (MAPT)

Sunday, 20 Mar 2011

ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်လျော့ကျ                 အိန္ဒိယပြည်တွင်းပဲစင်းငုံဈေးကွက်မှာ ပဲအသစ်တွေဝင်နေတဲ့ ကာလဖြစ် လို့ ဈေးအကျဘက် ဆင်းနေတာ ကြောင့် ဖေဖော်ဝါရီလနဲ့ မတ်လ လဝက်ဈေးနှုန်း နှိုင်းယှဉ်ရာမှာ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ မြန်မာပဲစင်းငုံကို ဝယ်လိုအားနည်းလို့ ဈေးကျနေတာကြောင့် ပဲတင်သွင်းသူများက လက်ရှိ အမြင့်ဈေးမှာ တင်သွင်းဖို့ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ ပြည်တွင်း ပုံမှန်အရောင်းရှိလို့ ပဲဈေးက အကျဘက်ကို ဆက်သွားနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်နဲ့ C & F  ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်                   မွန်ဘိုင်းဈေးကွက်           မွန်ဘိုင်း(C & F)၁၅-၃-၁၁           ၇၉၅-၈ဝ၁                     ၉၂ဝ၁၅-၂-၁၁           ၈ဝ၉-၈၁၄                  ၉၄ဝ-၉၅ဝMIRT(MAPT)

Sunday, 20 Mar 2011

ဖေဖော်ဝါရီလဝက်နဲ့ မတ်လဝက် ကာလတူ အိန္ဒိယမတ်ပဲများ အနည်းငယ်တိုး         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲအရောင်းအဝယ်နည်းပေမဲ့ ဖေဖော်ဝါရီနဲ့ မတ်လဝက် ကာလတူဈေးကတော့ အနည်းငယ်တိုးလာခဲ့ပါတယ်။ ပြည်တွင်း ဂူဂျာရတ်မှ မတ်ပဲအသစ်တွေ ဝင်လာနေတဲ့အပြင် မြန်မာမတ်ပဲ များလည်း ပုံမှန်ဝင်ရောက်နေတာကြောင့် ပြည်တွင်းမတ်ပဲဈေး သိသိသာသာ မတက်တာဖြစ်ပါတယ်။ ကာလတိုအတွင်းမှာတော့ အတ္တရာပရာဒေ့ရှ်က ဆောင်း မတ်ပဲတွေ ဝင်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများကို ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-                                                                                     ဒေါ်လာ/တန်                 မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း(C & F) ၁၅-၃-၁၁          ၉ဝ၆-၉၁၁                     ၉၆ဝ ၁၅-၂-၁၁        ၈၆၉-၈၈ဝ                   ၉ဝ၅-၉၁ဝ MIRT(MAPT)

Sunday, 13 Mar 2011

အိန္ဒိယရော်ဘာလိုအပ်ချက်တန် တစ်သိန်းကျော်               အိန္ဒိယ တာယာထုတ်လုပ်ရေးများဟာ လာမယ့်နှစ်မှာ ထုတ်လုပ်မှုပိုမိုတိုးမြှင့်ဖို့ ကြိုးစားနေကြပြီး ပြည်တွင်း ရော်ဘာအထွက်နှုန်းကတော့ လျာထားချက်အောက် ၅ ရာခိုင်နှုန်းလျော့နည်းမှာ ဖြစ်ကြောင်းသိရပါ တယ်။လာမယ့်ရာသီမှာ စက်မှုလုပ်ငန်းတွေလည်ပတ်ဖို့အတွက် ရော်ဘာတန်ချိန် ၁ ဒသမ ၂ သိန်းလိုအပ် ကြောင်း ခန့်မှန်းထားပါတယ်။၂ဝ၁၁- ၂ဝ၁၂ အတွင်းမှာ သွင်းကုန်တန်ချိန် ၁ ဒသမ ၇ သိန်းတင်သွင်းမှာဖြစ်ပြီး ဝယ်လိုအားကို ရင်ဆိုင်ဖို့အတွက် ရော်ဘာစိုက်ဧက ဟက်တာ ၁၄ဝဝဝ ကို ထပ်မံတိုးခဲျ့စိုက်ပျိုးလျက်ရှိရာ ၂ဝ၁၂ မှာ အစေးထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့အဲဒီ စိုက်ခင်း တွေကနေ တစ်နှစ်ကို တန် ၁၄ဝဝဝ သာ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ရော်ဘာ ထုတ်လုပ်မှုက တန်ချိန် ၈ ဒသမ ၅၁ သိန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်းတိုးတက်ကာ သုံးစွဲမှုအနေနဲ့ ၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၉ ဒသမ ၄၈ သိန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။၂ဝ၁၁- ၂ဝ၁၂ ထုတ်လုပ်မှုနဲ့သုံးစွဲမှုကတော့ တန်ချိန် ၂ သိန်းကျော်မယ်လို့ မျှော်လင့်ရကြောင်း မော်တော်ကားတာယာ ထုတ်လုပ်သူများ အသင်း (ATMA)  ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အဲဒီအသင်းက ဝယ်လိုအားကို ရင်ဆိုင်ဖို့ အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်တောင်းဆိုထားကြောင်း သိရပါတယ်။ရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီလမှာ တစ်ကီလိုဂရမ်ကို ၂၄ဝ ရူပီး (၅ ဒသမ ၄ ဒေါ်လာ) သို့ရောက်ရှိခဲ့ပါတယ်။ KZW,Source: Commodity online 

Pages