Main menu

Background

Thursday, 18 Aug 2016

       အမေရိကန်ဒေါ်လာက အာရှပစိဖိတ် ငွေကြေးများနဲ့ဖလှယ်ရာမှာ သြဂုတ် ၁၁ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းသတ်မှတ်မယ့်ကာလကို ရှင်းလင်း ပြတ်သား စွာ သိနိုင်မယ့်အချက်ပြတွေကို စောင့်ဆိုင်းလေ့လာနေတဲ့အတွက်တန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ထားသလို ဖြစ်ခဲ့ပါတယ်။ဇွန်လအတွက် ထုတ်ပြန်တဲ့အမေရိကန် အလုပ်အကိုင် ကိန်းဂဏန်းတွေကို သြဂုတ် ၁၂ ရက်က ထုတ်ပြန် ခဲရာ မူလခန့်မှန်းချက်ထက် ကျော်လွန်တဲ့အတွက် ယခုနှစ်အတွင်းမှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်တင်ပေးလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါကြောင့် ဒေါ်လာတန်ဖိုးက ပြန်လည် ဦးမော့လာပါတယ်။ဒါပေမယ့် ဆက်တိုက်ထုတ်ပြန်ခဲ့တဲ့ဒုတိ

Thursday, 28 Jul 2016

ယွမ်ငွေတန်ဖိုး   တဖြည်းဖြည်း မြင့်တက်လာမှုကို   အကြောင်းပြုပြီး  ဇူလိုင် ၂၂ ရက်မှာ   ထွန်းသစ်စငွေ ကြေးအများစုရဲ့  တန်ဖိုးတွေမြင့်တက် ခဲ့ပါတယ်။   ဒါပေမယ့် လာမယ့်ရက် သတ္တပတ်မှာ အမေရိကန်နဲ့ ဂျပန်ဗဟို ဘဏ်တွေက မူဝါဒချမှတ်မှာကို ရင်းနှီး မြှုပ်နှံသူတွေက   စောင့်ကြည့်လေ့လာ နေတဲ့အတွက်   ဒေသတွင်း ငွေကြေး တွေရဲ့  တန်ဖိုးက    ရက်သတ္တပတ် အလိုက်ကြည့်ရင် တန်ဖိုးကျဆင်းမယ့် အလားအလာ ကို တွေ့နေရပါတယ်။

Thursday, 21 Jul 2016

တရုတ်နိုင်ငံက ထုတ်ပြန်လိုက် တဲ့ စီးပွားရေး  ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းက  ခန့်မှန်းထားတာထက် ပိုမို တိုးတက်ခဲ့တာကို    တွေ့ရပါတယ်။ အလားတူ  အာရှအီကွီတီရှယ် ယာ ဈေး ကွက်တွေကလည်း    ခိုင်မာလာတဲ့ အတွက် ဒေသတွင်းငွေကြေး အများစု ရဲ့ တန်ဖိုးတွေက ဇူလိုင် ၁၅ ရက်မှာ မြင့်တက်လာတာကို တွေ့ရပါတယ်။စီးပွားရေး    တည်ငြိမ်မှုရစေဖို့ အတွက် တရုတ်အစိုးရက   တိုးမြှင့်ပြီး ကြိုးပမ်း   ဆောင်ရွက်ခဲ့တဲ့အတွက် ဒုတိယသုံးလပတ်မှာ  တရုတ်စီးပွားရေး က ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ မူလခန့်မှန်းချက်ထက်  ပိုမိုတိုးတက်ခဲ့ တာကို တွေ့ရ ပါတယ်။ စက်မှုထုတ်ကုန် နဲ့ လက်လီ ရောင်းချမှု  အခြေအနေ

Thursday, 16 Jun 2016

         အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်ရဲ့ မူဝါဒအစည်းအဝေးကျင်းပ တော့မယ့်အချိန်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ဥရောပမှဗြိတိန်နိုင်ငံနုတ်ထွက်ရေး အတွက် မဲပေးဆုံးဖြတ်တော့မယ့် အချိန်နီးကပ်လာတဲ့အတွက် ရင်းနှီး မြှုပ်နှံ သူတွေက သတိထားပြီး အလုပ်လုပ်နေကြပါတယ်။  ဒါကြောင့် ရက် သတ္တပတ်အလိုက် နှိုင်းယှဉ်ရင်တန်ဖိုး မြင့်တက်ခဲ့တဲ့  အာရှငွေကြေးအချို့ တန်ဖိုးကျဆင်းခဲ့တဲ့အတွက်  ဇွန် ၁၀ ရက်က အာရှငွေကြေးအများစုရဲ့ တန်ဖိုးများ ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ ဇွန် ၂၃ ရက်မှာ  ကျင်းပမယ့် ဗြိတိန်နိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက်စိုးရိမ် မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုအန္တရာယ်များတဲ့  သက်သေခံ ငွေချေးစာရွက်စာတမ်းများ ဝ

Wednesday, 1 Jun 2016

ထွန်းသစ်စ   အာရှငွေကြေး အများစုက မေ ၂၇ ရက်မှာနေ့ အလိုက် တန်ဖိုးမြင့်တက်လာကြပြီး ရက်သတ္တ ပတ်အလိုက် နှိုင်းယှဉ်ကြည့်ရင်လည်း တန်ဖိုးမြင့်တက်နေတာကို   တွေ့ရပါ တယ်။ ဒါပေမယ့် အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌရဲ့ သဘောထားက အမေ ရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်ပေး မပေးဆိုတဲ့အချက်အပေါ် သြဇာသက်ရောက်မှုရှိနေတဲ့အတွက် ရင်းနှီး မြှုပ်နှံသူတွေက ငွေကြေးမူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်ရဲ့ ဝေဖန်ပြော ကြားချက်ကို စောင့်ကြည့်ပြီး သတိထား ဆောင်ရွက်လျက်ရှိပါတယ်။

Thursday, 26 May 2016

အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်က အတိုးနှုန်းများကို ဇွန်မှာမြှင့် တင်လိမ့်မယ်လို့ ယုံကြည်တဲ့ ရင်းနှီးမြှုပ် နှံသူတွေက  တိုးတက်များပြားလာတဲ့ အတွက် ထွန်းသစ်စ   အာရှငွေကြေး အများစုက မေ ၂၀ ရက်မှာ တန်ဖိုးကျ ဆင်းခဲ့ရာ တတိယမြောက်   ရက်သတ္တ ပတ် အဖြစ်   ဆက်တိုက်ကျဆင်းမှုဖြစ်ခဲ့ပါ တယ်။

Tuesday, 5 Apr 2016

           အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးမူဝါဒလျှော့ချရန် ဦးတည် ဆောင်ရွက်လာသဖြင့်  အာရှဒေသတွင်းရှိငွေကြေးများ  တိုးတက်မှုအရှိန် အဟုန်ကျဆင်းသွားမည့် လက္ခဏာမရှိ သော်လည်း  ရင်းနှီးမြှုပ်နှံသူတို့ က ဒေ သတွင်းငွေကြေးများကို အမြတ်ရ စဉ်  ပြန်လည်ရောင်းချလာကြတဲ့ အတွက် ဧပြီ ၁ ရက်နေ့မှာ ထွန်းသစ်စ ငွေကြေးအများစုရဲ့ တန်ဖိုးများကျဆင်း လာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတ က်မှုရှိ ခဲ့ပေမယ့် ချေးငွေအကဲဖြတ်ရေးအေဂျင်စီ စတန်း ဒတ်အင်ပူးဝါးက တရုတ်နိုင်ငံရဲ့ ချေးငွေအဆင့်အတန်းကို Stable မှ Negative  အဆင့်သို့လျှော့ချသတ်မှတ် လိုက်တဲ့အတွက်  တရုတ်ယွမ်ငွေကြေး တန်ဖိုး ကျဆင်းခဲ့တာ ကိ

Wednesday, 23 Mar 2016

တရုတ်ယွမ်
        အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းမြှင့်တင်မယ့် အကြိမ်ကိုလျှော့ချပြီး နောက်ပိုင်း အခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း တဲ့အတွက် တရုတ်ဗဟိုဘဏ်ရဲ့ ရည် ညွှန်းအတိုးနှုန်းကို မြှင့်တင်သတ်မှတ် ခဲ့ပါတယ်။ ဒါကြောင့် မတ် ၁၈ ရက်မှာ ယွမ်ငွေတန်ဖိုးက  လေးလအတွင်း  အမြင့်ဆုံးနှုန်းအထိရောက်ရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြား ယွမ် (Offshore Yuan)  နဲ့ အမေရိကန်ဒေါ်လာ ဖလှယ် နှုန်းက မတ် ၁၈ ရက်မှာ ယခင်နေ့က ထက် သုည ဒသမ ၁၇ ရာခိုင်နှုန်းမြင့် တက်ပြီး   တစ်ဒေါ်လာကို ၆ ဒသမ ၄၄၃၄ ယွမ်နှုန်းရှိခဲ့ပါတယ်။   အဲဒီနှုန်း ဒီဇင်ဘာ ၃ ရက် နောက်ပိုင်းအမြင့်ဆုံး ဖလှယ်နှုန်း ဖြစ်ပါ တယ်။

Wednesday, 16 Mar 2016

             တရုတ်ဗဟိုဘဏ်က ယွမ်ငွေ ကြေးရဲ့ နေ့စဉ်ငွေကြေးဖလှယ်နှုန်းမှာ ယွမ်တန်ဖိုးကို တိုးမြှင့်သတ်မှတ်လိုက် ပြီးနောက်ပိုင်း ယွမ်ငွေကြေးတန်ဖိုးက ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိလာတဲ့ အတွက် မတ် ၁၁ ရက် မှာ အာရှငွေကြေးများရဲ့တန်ဖိုးတွေ မြင့်တက်လာခဲ့ပါတယ်။ ဥရောပ ဗဟိုဘဏ် (အီးစီ ဘီ)ကအတိုးနှုန်းများကို လျော့ချပေးတော့မှာဖြစ်ကြောင်း ကြေ ညာလိုက်ပြီးနောက်ပိုင်း အီးစီဘီရဲ့ ဆောင်ရွက်မှုကြောင့်   အာရှေ ဒသရှိ ထွန်းသစ်စ ဈေးကွက်များအတွင်းရှိ မတည်ရင်းနှီးငွေတွေစီးဝင်လာအောင် တွန်းအားပေးခဲ့ပါတယ်။ မတ် ၁၀ ရက် မှာ ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ယူရို တန်ဖိုး မြင့်တက်လာပြီး နောက်ပိုင်း ယွမ်ငွေကြေးတန်ဖိုးကလည်း 

Friday, 30 Oct 2015

           ဥရောပဗဟိုဘဏ်က ငွေကြေးလှုံ့ ဆော်တွန်းအားပေး အစီအစဉ်များကို ထပ်မံဆောင်ရွက်ဦးမယ့် လက္ခဏာတွေ ပြသတာကြောင့် စွန့်စားမှုရှိတဲ့ အက်ဆက်တွေရဲ့ တန်ဖိုးတွေ ပြန်လည်မြင့် တက်လာခဲ့ပါတယ်။ ဒါကြော င့် အောက်တိုဘာ ၂၃ ရက်နေ့မှာ ထွန်းသစ်စအာရှ ငွေကြေးတွေ တန်ဖိုးမြင့်တက်လာခဲ့ပါ တယ်။ ဒါပေမယ့် နှေးကွေးကျဆင်းနေတဲ့ တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုများကြောင့် ဒေသတွင်းငွေကြေးတွေရဲ့တန်ဖိုးက ရက်သတ္တပ တ်အလိုက် နှိုင်းယှဉ်ကြည့်ရင် တန်ဖိုးကျဆင်းလာတာကို တွေ့ရပါတယ်။ ဥရောပဗဟိုဘဏ်က ငွေကြေးလှုံ့ ဆော်တွန်းအားပေး အစီအမံသစ်များကို အကောင်အထည်ဖော်ဖို့ လေ့လာ လျက်ရှိကြောင်း၊ အဲဒီ အစီအမံသစ်တွေကို ဒီဇင်ဘာမှာ ထုတ်ပြန်ကြေညာနိုင်ဖ

Pages