Background
ယခုသီတင်းပတ်နှောင်းပိုင်းမှာ အီးယူခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲက ဒေသတွင်းအကြွေးအကျပ် အတည်း လျော့ပါးအောင်ဖြေရှင်းနိုင်ဖွယ်မရှိခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုဖြစ်ကာ မလေးရှား စားအုန်း ဆီကြမ်းကြိုပွို င့်ဈေး၊ ဇွန်လ ၂၇ ရက်မှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရာသီဥတု ပူပြင်းခြောက်ေ သွ့မှုက ပဲပုပ်အထွက်ကို ကျဆင်းစေပြီး ဆီထွက်သီးနှံရောင်းချမှု လျော့နည်းဖွယ်ရှိခြင်းဟာ စားအုန်းဆီဈေး ကို မြှင့်တင်နိုင်တဲ့အတွက် လက်ရှိ စားအုန်းဆီေ ဈးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှာ စားအုန်းဆီတစ်တန်ရင်းဂစ် ၃၀၀၀-၃၀၅၀ (ကန်ဒေါ်လာ ၉၃၉-၉၈၆ ) အတွင်း ရှိနေတယ်လို့ ကုန်သည် တစ်ဦးကဆိုပါတယ်။ ရာသီဥတုအခြေအနေက ကာလတို အတွင်း စားအုန်းဆီေ ဈးကွက်ကို ကြီးမားစွာလွှမ်းမိုးနေ ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိစိုက်ပျိုးရာသီအတွင်း ရာသီဥတုခြောက်ေ သွ့ခြင်းက စားအုန်းဆီဈေးကို အထောက်အပံ့ပြုနေပါတယ်။
တရုတ်နိုင်ငံရဲ့ ဆီထွက်သီးနှံ ဝယ်လိုအား ဆက်လက်ကြီးထွားနေ တာကြောင့် တစ်နှစ်ကို လိုအပ်ချက် တန်ချိန် ၅ ဒသမ ၆ သန်းမြင့်တက် လျက်ရှိလို့ ၂၀၁၁ အောက်တိုဘာလမှ ၂၀၁၂ စက်တင်ဘာလအတွင်း ပဲပုပ် တန်ချိန် ၅၇ ဒသမ ၉ သန်း တင်သွင်း ရဖွယ်ရှိတယ်လို့ ဇွန်လ ၂၆ ရက်မှာ ဟမ်းဘတ်အခြေစိုက် Oil World ဆီ ထွက်သီးနှံ သုတေသန လုပ်ငန်းရှင်များ က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ မေမှာ Oil World ရဲ့ အစော ပိုင်း တင်သွင်းမှု ခန့်မှန်းထားခြင်းထက် တန်ချိန် ၁ သန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
အီးယူအကြွေးအကျပ်အတည်းနဲ့ အမေရိကန် စီးပွားရေးကျဆင်းမှုတို့ကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့် ဈေးဟာ ၂၀၁၂ ခုနှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်အလုပ်အကိုင် အခြေအနေနဲ့ အီတလီ အြွေကးလေလံရလဒ်တို့ကို စောင့်ကြည့်လျက်ရှိပါတယ်။ မသေချာတဲ့ ကမ္ဘာ့စီးပွား ရေးက အာရှရှယ်ယာဈေးနှုန်းများ ဇွန်လ ၁၄ ရက်မှာ ကျဆင်းဖို့ တွန်းပို့လာခဲ့ ပါတယ်။
ရင်းနှီးမြှုပ်နှံသူများက အီးယူဇုန်အကျပ်အတည်းကြောင့် စီးပွားရေးတိုးတက်မှုနဲ့ ကုန်စည်ဝယ်လိုအား ကျဆင်းမှာကို စိုးရိမ်မှုတွေ ကြီးစိုးနေပေမယ့်လည်း အာရှမှ စားဆီဝယ်လိုအားမြင့်တက်လာတာကြောင့် ဇွန်လ ၆ ရက်မှာ မလေးရှားစားအုန်း ဆီ ကြိုပွိုင့်ဈေးဆက်လက်မြင့်တက်လာပါတယ်။ ဇွန် ၄ ရက်မှာ စားအုန်းဆီဈေးက အနိမ့်ဆုံးအဆင့်နဲ့ ပိတ်ခဲ့ပေမယ့် ဈေးကွက်ကစားသူများ အဝယ်ပြန်ထွက်လာလို့ တစ်ကျော့ပြန် ဈေးပြန်တက်လာတာဖြစ်ပါတယ်။
မူဆလင်နိုင်ငံများရဲ့ ဥပုသ်လဝယ်လိုအား မြင့်တက်မယ့် အလားအလာအရ စား အုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှ ပြည်ပတင်ပို့မှု တိုးတက်နေတာ ကြောင့် စားအုန်းဆီဈေးလေးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး၊ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိလာခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ပဲပုပ်ဝယ်လိုအား ဆက်လက်မြင့်တက်နေပြီး၊ ထွက်ရှိမှု ပိုမို လျော့နည်းလာတာကြောင့် မကြာ သေးခင်က ဝယ်ယူတင်သွင်းမှုကို ဖျက် သိမ်းခဲ့တဲ့တိုင် ၂၀၁၁-၁၂ ရာသီအတွင်း ပဲပုပ် တင်သွင်းမှု မြင့်တက်ဖွယ် ရှိ တယ်လို့ ဟမ်းဘတ် အခြေစိုက် Oil World မှ လေ့လာဆန်းစစ်သူများက မေ ၂၉ ရက်မှာ ခန့်မှန်းပြောကြား ပါတယ်။ ၂၀၁၀-၁၁ မှာ တန်ချိန် ၅၂ ဒသမ ၃ သန်း တင်သွင်းခဲ့ပြီး၊ ၂၀၁၁ အောက်တိုဘာမှ ၂၀၁၂ စက်တင် ဘာလ အတွင်း တန်ချိန် ၅၆ ဒသမ ၈ သန်းအထိ တင်သွင်းရဖွယ်ရှိတယ် လို့လည်း ဆိုပါတယ်။
အီးယူဇုန် အကျပ်အတည်းအပေါ် စိုးရိမ်မှုတွေက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ပေမယ့်လည်း မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခင်ရက်များက ကြီးမားစွာကျဆင်းပြီးနောက် မေလ ၂၄ ရက်မှာတော့ အမြင့် ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အီးယူ အကြွေးပြဿနာ မသေချာမှုကစားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့ရာ မေ ၂၃ ရက် ပေါက်ဈေးဟာ ၂၀၁၂ အတွင်း အနိမ့်ဆုံးကိုဆင်းခဲ့ပြီး၊ ဝယ်လက်များ အတွက် ဈေးသက်သာတဲ့ စားဆီဝယ်ယူမှု မြင့်တက်စေခဲ့ပါတယ်။
အီးယူဇုန်မှ ဂရိထွက်ခွာဖွယ်ရှိခြင်းနဲ့အတူ အီးယူအကြွေးပြဿနာ ပိုမိုဆိုးဝါး လာခြင်းတို့အရ ကုန်စည် ဝယ်လိုအားကျဆင်းမှုကို စိုးရိမ်ဖွယ်ရှိတာကြောင့် စားအုန်း ဆီကြိုပွိုင့်ဈေး ၁၄ လကျော်အတွင်း အများဆုံး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် ကြိုပွိုင့်ဈေးဟာ ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလို့ ၂၀၁၁ ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း အကြီးမားဆုံး ကျဆင်းကာ တစ်တန် ရင်းဂစ် ၃၀၉၃ (ကန်ဒေါ်လာ ၉၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဈေး နှုန်းဟာ ဖေဖော်ဝါရီ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိလာနိုင်လို့ ယခင်နှစ် တင်သွင်းမှု တန်ချိန် ၅၂ ဒသမ ၃၄ သန်းထက် ၁၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့ တရုတ်နိုင်ငံတော် သီးနှံနဲ့ ဆီသတင်းဌာနမှ မေ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခု ခန့် မှန်းချက်ဟာ ဧပြီလအတွင်း ခန့်မှန်း ပမာဏတန်ချိန် ၅၅ သန်းမှ ၃ သန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် ဂေါ်ဖီထုပ်ဈေးနှုန်းက ယခု သုံးလအတွင်းမှာ ၇၀ ရာခိုင်နှုန်းခန့် မြင့် တက်သွားတယ်လို့ သိရပါတယ်။ ယခု အချိန်မှာ တရုတ်နိုင်ငံ တစ်ဝန်းလုံးရှိ ဒေသအတော်များများမှာ တရုတ်ဂေါ်ဖီ ထုပ်က ဝက်သား တစ်ကီလိုဂရမ်ထက် ပိုပြီး ဈေးကြီးနေပါတယ်။ အဲဒီရလဒ် ကတော့ ပြစ်တင်ဝေဖန်မှုများ ကြားရ ခြင်းပဲဖြစ်ပါတယ်။
