Main menu

Background

Friday, 23 Mar 2012

    ကမ္ဘာမှာ ပဲပုပ်အများဆုံးဝယ်ယူ သူ တရုတ်နိုင်ငံရဲ့  ဝယ်ယူလိုအား မြင့်တက်နေတာကြောင့်  ယခုနှစ်မှာ စံချိန်သစ်တင်တဲ့အထိ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရ ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွက် တင်သွင်း မှုဟာ ယခင်နှစ်တင်သွင်းတဲ့ တန်ချိန် ၅၂ သန်းထက်ကျော်လွန်ပြီး၊  တန်ချိန် ၅၆ သန်းအထိ ရှိနိုင်တယ်လို့ ဘေဂျင်း မှာကျင်းပတဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံမှာ နိုင်ငံရဲ့ ထိပ် တန်း သီးနှံ စီမံခန့်ခွဲမှုဒါရိုက်တာ Nie  Zhembang  မှ ပြောကြားပါတယ်။

Monday, 12 Mar 2012

    တစ်လအတွင်း မြေပဲဆီဈေး မြင့်တက်လာခြင်းက ဂူဂျာရတ်ရှိ ဆီစက်လုပ်ငန်းရှင် များအနေနဲ့ ၎င်းတို့ထုတ်လုပ်မှုကိုလျှော့ချပေးဖို့ ဖြစ်စေသလိုအချို့သော ဆီစက်လုပ်ငန်း ရှင်များလည်း စက်လည်ပတ်မှုရပ်ရတဲ့တိုင် ဖြစ်စေတယ်လို့ သိရပါတယ်။ ၉၀ ရာခိုင်နှုန်း ကျော်တဲ့ ဆီစက်များက ပိတ်ဖို့ဖြစ်လာပြီး ကျန်ဆီစက်များမှာလည်း တစ်ပတ်အတွင်း အချိန်ပိုင်းသာလည်ပတ်ကြရတယ်လို့ သိရပါတယ်။

Monday, 27 Feb 2012

    စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်ခြင်းကြောင့် ဆုံးရှုံးမှုကန့်သတ်တဲ့တိုင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေရှိလို့ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး၊ ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျဆင်းခဲ့ပါတယ်။

Monday, 27 Feb 2012

အမေရိကန်ပြည်ထောင်စုမှ ပဲပုပ် တင်ပို့သူတွေက ပဲပုပ်တန်ချိန် ၂ ဒသမ ၉၂  သန်းကို တရုတ်ကို ရောင်းချခဲ့ပြီး နောက် အများဆုံးသော ကုန်သွယ်မှု အဖြစ် စံချိန်တင်ခဲ့ပြီး ပဲပုပ်ဈေးနှုန်းက ငါးလအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။ ဒါ့အပြင် ပြောင်းနဲ့ ဂျုံဈေးနှုန်းတွေလည်း တက် သွားခဲ့တယ်။

Sunday, 12 Feb 2012

    ချီကာကို ပဲပုပ်ဆီဈေးမြင့်တက်ခြင်းနဲ့ ဂရိကြွေးမြီပြဿနာ ဖြေရှင်းမှု တိုးတက် လာခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၈ ရက်မှာ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သီတင်း ၂ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလအခြေခံစံနှုန်း စာချုပ်ဈေးဟာ ၂ ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၁၅၅ (ကန်ဒေါ်လာ ၁၀၄၄)ရှိခဲ့လို့ ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။

Monday, 6 Feb 2012

    မလေးရှားရင်းဂစ်တန်ဖိုး ခိုင်မာလာခြင်းက ဆီသန့်စင်သူများအတွက် ပြုပြင် ထုတ်လုပ်ဖို့ ကုန်ကြမ်းဝယ်ယူရာမှာ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်လာတာကြောင့် ဝယ် လိုအား နှေးကွေးလာခဲ့ကာ စားအုန်းဆီကြမ်းဈေးကလည်း သီတင်း ၆ ပတ်အတွင်း အနိမ့်ဆုံးဈေးနီးပါး ကျဆင်းလာခဲ့ပါတယ်။

Monday, 6 Feb 2012

    ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ နှမ်းများမှာ ဂျပန်နဲ့ ကိုရီးယား နိုင်ငံတွေကို ပမာဏပိုများတာ တွေ့ရပါတယ်။ ယခုတစ်ပတ် ဇန်နဝါရီ လ ၂၃ ရက်မှ ၂၇ ရက် အထိ ပင်လယ်ရေကြောင်းက စုစုပေါင်း နှမ်းတန်ချိန် ၈၀၀ ကျော်တင်ပို့ခဲ့ပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊  ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။

Friday, 3 Feb 2012

             တောင်အမေရိက ကပဲပုပ်ထွက်ရှိမှုအပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေတာကြောင့်ပိတ်ရက်များအတွင်း အရောင်း အဝယ်ပါးပြီး မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြမ်းကြိုပွိုင့်ဈေးအမြင့်နဲ့ပိတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဈေး မြင့်တက်မှုအပေါ် ဂရိကြွေးမြီးပြဿနာ ဆက်လက်ဖြေရှင်းနိုင်ဖွယ်မရှိတဲ့ စိုးရိမ်မှု တွေက ပြန်လည် ကန့်သတ်လိမ့်မယ်လို့လည်း ခန့်မှန်းကြပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဧပြီလအခြေခံစံနှုန်း စာချုပ်ဈေးဟာ သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၁၆၉ (ကန်ဒေါ်လာ ၁၀၄၂) ဈေးဖြစ်ခဲ့ပါတယ်။ ဥရောပရဲ့ ပြဿနာက ဈေးကွက်အပေါ် ရိုက်ခတ်နေဆဲဖြစ် ပေမယ့် တောင်အမေရိကား ပဲပုပ်ထွက်ရှိမှုကလည်း ဈေးနှုန်းကျဆင်းမှုကို တားဆီး နိုင်လိမ့်မယ်လို့ကွာလာလမ်ပူအခြေစိုက်ကုန်သည်တစ်ဦးကဆိုပါတယ်။ အာဂျင်တီး  နားနဲ့ ဘရာဇီးတို့လို ပဲပုပ်ထိပ်တန်း ထုတ်လုပ်သူတွေရဲ့ သီးနှံထွက်ရှိမှု ကျဆင်းမယ့် ခန့်မှန်းချက်တွေ ဆက်လက်ဖြစ်နေဦးမယ်ဆိုရင် နောက်သီတင်းပတ် အနည်းငယ်မှာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဈေးကို အရှိန်အဟုန်နဲ့ တွန်းပို့နိုင်တယ်လို့လည်း ၎င်းကထပ်လောင်း ပြောကြားပါတယ်။                   ဒါပေမယ့်လည်း ဟင်းချက်ဆီ အဓိကဝယ်ယူတဲ့ တရုတ်နိုင်ငံမှာ နှစ်သစ်ကူး ပိတ်ရက်တွေကြောင့် အရောင်းအဝယ် ပိတ်ထားဆဲဖြစ်လို့ ပြည်ပဝယ်လိုအားနည်း နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လများအတွက် သန့်စင်ပြီး စားအုန်းဆီဈေးဟာ FOB တစ်တန် ကန်ဒေါ်လာ ၁၀၆၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၀ မြင့်ပြီး ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၄၉)ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source:Palmoil.com

Monday, 23 Jan 2012

    ဥရောပဇုန် ကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်နေရမှုကြာရှည်နေခြင်းကို ရင်းနှီးမြုပ်နှံသူတွေ ဂရုစိုက်မှုလျှော့လာတဲ့အပြင် တောင်အမေရိကားမှာရှိတဲ့ အဓိက ပဲပုပ်ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရာသီဥတုဆိုးဝါး လာတဲ့အပေါ် အလေးထား စောင့် ကြည့်လာကြတာကြောင့် ဇန်နဝါရီလ ၁၈ ရက်မှာ မလေးရှားစားအုန်းဆီ ကြိုပွိုင့် ဈေး မြင့်တက်လာခဲ့ပါတယ်။

Monday, 23 Jan 2012

    ပင်လယ်ရေကြောင်းက နှမ်းရောင်စုံများ ဂျပန်နဲ့ ကိုရီးယားကို ပုံမှန်တင်ပို့မှု ရှိနေပါတယ်။ယခင်တစ်ပတ်ကနှမ်းစုစုပေါင်း တန်ချိန်၇၅၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ တန်ချိန် ၈၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ အများစုကတော့ ဂျပန်နဲ့ ကိုရီးယားကိုဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Pages