Background
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ငါးသိန်းေ ကျာ်တန်ဖိုး ရှိ မြေသြဇာ ၂၁၀၈ ဒသမ၁၃၇တန်ကိုပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်းနဲ့ သြဂဲနစ်မြေသြဇာများအများဆုံးတင်သွင်းလာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသည် ကုန်သွယ်မှုမြှင့် တင်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးအတွက် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နှစ် နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီများဖွဲ့စည်း၍ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် ကုန် သွယ်ရေးပူးတွဲ ကော်မတီ အစည်း အဝေးများကို ကျင်းပပြုလုပ်လျက်ရှိပါ သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်းအိမ်ဝယ်ယူသူတွေရဲ့ ယုံကြည်မှုမြင့် တက်လာတဲ့အတွက် ယခုနှစ်ဒုတိယနှစ် ဝက်မှာ အိမ်ခြံမြေဈေးကွက် ၁၀ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းထိမြင့်တက်လာ လိမ့်မယ်လို့ ခန့်မှန်းကြောင်း သည်နေး ရှင်းသတင်းမှာ ဖော်ပြပါတယ်။ ယခင်လက ဝယ်လိုအားပြန်လည် နာလန်ထူလာတာကိုတွေ့မြင်ရပြီး နောက်ပိုင်း ယခုနှစ်ကျန် ကာလတွေ မှာ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစီမံကိန်းတွေ ကိုပြန်လည်ပြုစုပြီး စီမံကိန်းသစ်တွေ စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီရဲ့ အစီအစဉ်မှာ ထိပ်တန်းဦးစားပေးဖြစ် တဲ့ ခေတ်မီမြို့တော် (Smart Cities) ဆောက် လုပ်ရေး မှာ စင်ကာပူက အကူ အညီပေးဖို့ ကမ်းလှမ်းထားကြောင်း တိုင်းမ်အော့အိန္ဒိယဝက်ဘ်ဆိုက်သတင်း မှာဖော်ပြပါ တယ်။ အိန္ဒိယနိုင်ငံက တီယန်ကျင်းမှာ တည်ဆောက်တဲ့ အသိပညာဆိုင်ရာမြို့ တော်မျိုးကိုလည်း အိန္ဒိယနိုင်ငံကစိတ် ဝင်စားမှုရှိပြီး အိန္ဒိယနိုင်ငံရှိဒေသအချို့ မှာ ပုံတူမြို့တွင်တည်ဆောက်ဖို့ စိတ်ဝင် စားမှုရှိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးကေရှန်မူဂမ်ကို အသိပေးတင်ပြ ထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီရဲ့ အစီအစဉ်မှာ ထိပ်တန်းဦးစားပေးဖြစ် တဲ့ ခေတ်မီမြို့တော် (Smart Cities) ဆောက် လုပ်ရေး မှာ စင်ကာပူက အကူ အညီပေးဖို့ ကမ်းလှမ်းထားကြောင်း တိုင်းမ်အော့အိန္ဒိယဝက်ဘ်ဆိုက်သတင်း မှာဖော်ပြပါ တယ်။ အိန္ဒိယနိုင်ငံက တီယန်ကျင်းမှာ တည်ဆောက်တဲ့ အသိပညာဆိုင်ရာမြို့ တော်မျိုးကိုလည်း အိန္ဒိယနိုင်ငံကစိတ် ဝင်စားမှုရှိပြီး အိန္ဒိယနိုင်ငံရှိဒေသအချို့ မှာ ပုံတူမြို့တွင်တည်ဆောက်ဖို့ စိတ်ဝင် စားမှုရှိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးကေရှန်မူဂမ်ကို အသိပေးတင်ပြ ထားပါတယ်။
ဟနွိုင်း ဗီယက်နမ်နိုင်ငံက တစ်ပတ်ရစ် ဟန်းဖုန်း၊ လက်ပ်တော့၊ နုတ်ဘုတ်နဲ့ မီနီ နုတ်ဘုတ်တွေ တင်သွင်းတာကို ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ပိတ် ပင်ခဲ့တယ်လို့ ရှင်ဝှာသတင်းမှာ ဖော် ပြထားပါတယ်။ ကင်မရာ၊နာရီအမျိုး မျိုးနဲ့အာထရာဆောင်းအပါအဝင်ဆေး ဘက်ဆိုင်ရာတစ်ပတ်ရစ် ပစ္စည်းတင် သွင်းတာကိုလည်းပိတ်ပင်ထားပါတယ်။
တိုကျို ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း က ၂၀၁၂ ခုနှစ်က ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၄ ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ အတွက် ဂျပန်နိုင်ငံရဲ့အလုပ်အကိုင် အခြေအနေက တတိယနှစ်အဖြစ် ဆက်တိုက်တိုးတက် ကောင်းမွန်လာ ကြောင်းဂျပန်ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၃ ရက်ကသိရပါတယ်။
ပေကျင်း တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွ နှုန်းဂယက်အနည်းငယ်သာရှိတဲ့အပြင် နောက်ထပ်ငွေကြေးစီးဝင်မှုများလည်း ရှိမယ်လို့ ခန့်မှန်းတဲ့အတွက် တရုတ် နိုင်ငံ ဗဟိုဘဏ်က မူဝါဒတင်းကျပ်မှု သို့မဟုတ် လျှော့ချမှုတွေကိုပြုလုပ် ဦးမည်မဟုတ်ကြောင်းဟောင်ကောင် ရှန်ဟဲဘဏ် ကော်ပိုရေးရှင်း (HSBC) မှစီးပွား ရေးပညာရှင်နှစ်ဦး က အောက်တိုဘာ ၂၅ ရက်ကပြော ကြောင်း ရှင်ဝှာသတင်းမှာ ဖော်ပြ ထားပါတယ်။ဝါရှင်တန် ဂျပန်နိုင်ငံ အာဂျီနိုမိုတို ကုမ္ပဏီ ရဲ့ အမေရိကန်ပြည်ထောင်စုရှိ လက် အောက်ခံ ကုမ္ပဏီရဲ့ ပန်ကြားချက် အရ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ တို့က တင်သွင်းတဲ့ အချိုမှုန့်တွေကို တန်ပြန် စုပုံခွန် ကောက်ခံရေး အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ် နေကြောင်းအမေရိကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်ကပြောပါတယ်။ဆိုးလ် ဆမ်ဆောင်းအီလက် ထရွန်းနစ် ကုမ္ပဏီရဲ့ အရောင်းဖွံ့ဖြိုးမှုနှုန်းအကြီး အကျယ်ကျဆင်းနေပေမဲ့ မင်မိုရီချစ် များရဲ့ နာလန်ထူမှုအခြေအနေခိုင်မာ လာတဲ့အတွက် မူလခန့်မှန်းထားတဲ့ အတိုင်းကုမ္ပဏီရဲ့ သုံးလပတ်အမြတ် က ၂၆ ရာခိုင်နှုန်းတိုးကာ အမြတ် စံချိန်တင်ခဲ့ကြောင်း ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။တိုကျို စွမ်းအင် ကုန်ကျ စရိတ်များ မြင့်မားလာမှုကြောင့် ဂျပန်နိုင်ငံရဲ့ ပင်မစားသုံးသူဈေးနှုန်းများက ယခင် နှစ်နဲ့နှိုင်းယှဉ်ပါက သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း တောင် ကိုရီးယားပြည်ထဲရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်ကထုတ်ပြန် တဲ့စာရင်းအရသိရတယ်လို့အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ဟနွိုင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်း ခရီးသယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ လာ မဲ့နှစ်ကစပြီး ဗီယက်နမ်ဟာ တတိယ မြောက် အလျင်မြန်ဆုံးတိုးတက်လာ တဲ့ ဈေးကွက်တစ်ခု ဖြစ်လာနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်းသယ်ယူပို့ဆောင်ရေးအသင်း က ပြောတယ်လို့ Vietnam Briefing အွန်လိုင်းသတင်းမှာ ဖော်ပြပါ တယ်။
ထိုင်းဘင်း (ဗီယက်နမ်) ဗီယက်နမ်နိုင်ငံ ထိုင်းဘင်းပြည် နယ် ရှိ စီးပွားရေးလုပ်ငန်းများရဲ့ စီမံ ခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည် ညံ့ဖျင်းမှုနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေး ကျဆင်းမှုကြောင့် ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းပေါင်း ၂၈၆ ခု အထိ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရာ နှစ် အလိုက်နှိုင်းယှဉ်ပါက ၅၄ ရာခိုင် နှုန်းရှိခဲ့ကြောင်း ပြည်နယ် စီးပွားရေး လုပ်ငန်းအသင်း ဥက္ကဋ္ဌ ထရန်ဟူမို အား က ပြောတယ်လို့ ဗီယက်နမ် သတင်း အေဂျင်စီက ပြောပါတယ်။ပေကျင်း တရုတ်နိုင်ငံရဲ့ နှစ်ပတ်လည် စီး ပွားရေး ဖွံ့ဖြိုးမှုနှုန်းက ယခင်သုံးလ ပတ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ဇူလိုင်-စက်တင်ဘာ သုံးလပတ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ယခုနှစ်အတွင်း ဖွံ့ ဖြိုးမှု အမြန်ဆုံးဖြစ်ကြောင်း ရိုက်တာ သတင်းမှ ဖော်ပြထားပါတယ်။မနီလာ ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့ကဏ္ဍရဲ့ ပြည်တွင်းပြည်ပချေးငွေက ၂၀၁၂ ခုနှစ် နှစ်ကုန်မှ ၂၀၁၃ ခုနှစ် မတ်လ အထိ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပီဆို ၇ ဒသမ ၇ ထရီလီယံ (ဒေါ်လာ ၁၇၈ ဘီလီယံ) ရှိခဲ့ကြောင်း အောက် တိုဘာ ၁၇ ရက်က ဖိလစ်ပိုင်ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် အရ သိရတယ်လို့ ရှင်ဝှာသတင်းဌာနက ထုတ်ပြန်ပါတယ်။ဝါရှင်တန် အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ ဘတ်ဂျက်တိုက်ပွဲက နိုင်ငံစီးပွား ရေးဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အတွက် ဘွန်းစာချုပ်တွေဝယ်ယူပြီး စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တွန်းအားပေးတဲ့အစီ အစဉ်ကို ပြန်လည်ရုပ်သိမ်းရေးကိစ္စ ကို အမေရိကန်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းအထိ စောင့်ဆိုင်းရဦး မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။ဆိုးလ် ကြွေးမြီထူထပ်မှုနှုန်းက ဝင်ငွေ ထက်ကျော်လွန်နေတဲ့အတွက် အိမ် ထောင်စုကြွေးမြီကိစ္စက တောင်ကိုရီး ယားစီးပွားရေးအတွက် စွန့်စားမှုအန္တ ရာယ်ဖြစ်စေတဲ့အကြောင်းတစ်ခုဖြစ်နေ သေးကြောင်း တောင်ကိုရီးယားဗဟို ဘဏ်က အောက်တိုဘာ ၁၈ ရက်က ပြောပါတယ်။
ဆိုးလ် ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ် မထားတဲ့ အက်ဆက်တွေကို ပြန် ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုး ကျ နေတဲ့အတွက် စက်တင်ဘာလကုန် မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံ ခြားအရန်ငွေက သြဂုတ်လကရှိခဲ့တဲ့ ပမာဏထက် ဒေါ်လာ ၅ ဒသမ ၈၃ ဘီလီယံ ပိုမိုလာပြီး ဒေါ်လာ ၃၃၆ ဒသမ ၉၂ ဘီလီယံထိ ရှိခဲ့ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ရှင်ဝှာ သတင်းဌာန က ဖော်ပြပါတယ်။
