Main menu

Background

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲယင်း ၇၂ တန် အပို့ရှိပါတယ်။ ယခင်အပတ်ကလည်း ၇၇ တန်ခန့် အပို့ရှိခဲ့ရာ ပဲယင်းအပို့ပုံမှန်ရှိနေတယ်လို့ဆိုရ ပါမယ်။ နှစ်ဖက် မြေပြင်ဈေး များ မြင့်တက်လျက် ရှိပါတယ် -

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၂၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခြမ်း ၆၇ တန်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။  မိမိဘက်ရောတစ်ဖက်နိုင်ငံမှာပါ ပဲတီစိမ်းမြေပြင် ပေါက်ဈေးများ လျော့ကျလျက်ရှိပါတယ် -

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၄၃ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၆၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ ထောပတ် ပဲ တန် ၇၀ ခန့်ကို အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် စွန်တာနီ/ပြာ ၁၃ တန်နဲ့ ထောပတ်ပဲ ၄၂ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)

Sunday, 22 Jul 2012

    ယခုတစ်ပတ်အတွင်း ရန်ကုန်ဝယ်လက်မရှိဘဲ ပြည်တွင်း စက်မှုကုန်ကြမ်းသုံး ဝယ်လက်သာရှိတဲ့ ကုလားပဲမျိုးစုံဟာ ပဲ လက်ကျန်အခြေအနေကြောင့် တက်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ် ၂၀၇၀၀ ကျပ်မှ ၂၁၃၀၀ ကျပ်၊ V2 ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်၊ 929  ၂၀၉၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးတက်ဈေးရခဲ့ကြပါ တယ်။

Sunday, 22 Jul 2012

    အိန္ဒိယမှာ ပွဲတော်ရာသီမတိုင်မီ ကုလားပဲ ဝယ်လိုအားများလာခြင်း ၊ ဈေးကွက်အတွင်း ပဲအဝင် ကျဆင်းခြင်းတို့ကြောင့် NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ကုလားပဲကြိုပွိုင့်ဈေးနှုန်းတွေ မြင့်တက်နေပြီး ထပ်မံမြင့်တက်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်း ကြတယ်။ ဇူလိုင် ၁၄ ရက်က ရောင်းချခဲ့တဲ့ သြဂုတ်လစာချုပ်ဈေးနှုန်းက တစ်ကွမ်တယ်လ်ကို ၄၇၄၁ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၆၂ ဝန်းကျင်) အထိ ရောက်ရှိမြင့်တက်ခဲ့တယ်။

Sunday, 22 Jul 2012

ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုယခင်တစ်ပတ်ထက်လျော့လာ    ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့ အပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ဇူလိုင် ၉ ရက်မှ ၁၃ ရက်အထိ ပဲမျိုးစုံတန်ချိန် ၃၁၇၈၅ သာရှိလို့ ပြီးခဲ့တဲ့ သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၆၄၇၉၁ ထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပါ တယ်။အထူးသဖြင့် ပဲတီစိမ်းမှာယခင်တစ်ပတ်က တင်ပို့မှု ထူး ထူးခြားခြားမြင့်တက်ရာမှ ယခုတစ်ပတ်မှာ ပုံမှန်အနေ အထားအတိုင်း ပြန်တင်လာတာကြောင့် ဖြစ်ပါတယ်။ ယခု တစ်ပတ် ပဲတီစိမ်း တန် ၂၅၀၀ ဝန်းကျင်နဲ့ ပုံမှန်ဈေးကွက် တွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ စင်ကာပူနဲ့ မလေးရှားတို့ကို တင်ပို့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်ကတဆင့် တရုတ်ကို တင်ပို့မှုမရှိဘဲ နယ်စပ်လမ်းကြောင်းကသာ တင်ပို့မှုပိုများတယ်လို့ သိရပါ တယ်။ အညာပဲတီစိ မ်းတွေ ဝင်လာနေပြီဖြစ်သလို ပဲတီရွှေဝါ ကို ပြည်ပအဝယ်ပုံမှန်ရှိ FOB ဈေးအနည်းငယ် တိုးလာသ လို ပြည်တွင်းဈေးမှာလည်း တစ်တန် ၂၇၀၀၀-၃၀၀၀၀ ကျပ်ခန့် တိုးလာခဲ့ပါတယ်။

Wednesday, 18 Jul 2012

                                အပတ်စဉ် ပဲမျိူးစုံတင်ပို့မှုနဲ့ FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေ                                                                                                 ရေတွက်ပုံ- တန်ချိန်ထောင်ပေါင်း ပဲအမျိူးအစား              ပြည်ပတင်ပို့မှု  ပြောင်းလဲမှု FOB ရန်ကုန်စာချုပ်  ချုပ်ဆိုမှုပြောင်းလဲမှု   ယခင်တစ်ပတ် ယခုတစ်ပတ် ယခင်တစ်ပတ် ယခုတစ်ပတ် (29-6-12ထိ) (6-7-12 ထိ) (29-6-12ထိ) (6-7-12 ထိ) မတ်ပဲ     21.213   24.954      24.353    15.952  ပဲတီစိမ်း     1.202   24.721       2.291      2.36  ပဲစင်းငုံ     13.991   10.363       9.572     7.768  ကုလားပဲ     0.612     0.625       0.295     1.037  ပဲလွန်းဖြူ     0.096    0.371       0.413     0.083  မြေထောက်ပဲ     0.073    0.677      0.005      0.393 

Wednesday, 18 Jul 2012

                                     ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ                      ၁၂-၇-၂၀၁၂                                                                                   ဒေါ်လာ/တန်စဉ်  ပဲအမျိူးအမည်         တောင်အမေရိက         ဥရုဂွေး      အာဂျင်တီးနား   5/7 12/7 ပြောင်းလဲမှု 5/7 12/7 ပြောင်းလဲမှု   5/7 12/7 ပြောင်းလဲမှု 1 မတ်ပဲ  570 580  632 624  672 673  2 ပဲစင်းငုံ 680 650  727 696  727 709  3 ပဲတီရွှေဝါ 810 810  854 880  800   -  4 ကုလားပဲဖြူလုံးကြီး  800 820  854 889  827  830   *မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။                အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။

Wednesday, 18 Jul 2012

                               ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ         ၁၃-၇-၂၀၁၂                                                                                                         ကျပ်/ပိဿာ  စဉ် ပဲအမျိူးအမည်          ရန်ကုန်           မန္တလေး                မုံရွာ        မကွေး  6/713/7 ပြောင်းလဲမှု  6/7 13/7 ပြောင်းလဲမှု  6/7 13/7ပြောင်းလဲမှု  6/7 13/7 ပြောင်းလဲမှု 1 မတ်ပဲ 792 808  700 750  775 750  700 740  2 ပဲစင်းငုံ 934 901  892 867  890 855  890 850  3 ပဲတီစိမ်း 915 950  747 800  1000 1105  950 975  4 ကုလားပဲရိုးရိုး 1335 1380  1013 1031  1016 1026  1053 1116  5 ပဲလွန်းဖြူ 850 850  833 833     -   -   632 685  6 ထောပတ်ပဲ 780 695  800 800     -   -   542 565  * မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။

Wednesday, 18 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းတန်ဖိုးရှိ  ရော်ဘာအဆင့်စုံ ၂၀၈ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၁၉၁ တန်ကျော်အပို့ရှိခဲ့တာမို့ ရော်ဘာအပို့ပုံမှန်ရှိနေတာတွေ့ရပါတယ်။

Pages