Background
ပြီးခဲ့တဲ့ရက်ပတ် ဝါဝင်ကာလမှာ စောင့်ထားခဲ့ကြတဲ့ ဥပုသ်က တောင်သူ နဲ့ ပွဲစားကုန်သည်တွေ ထွက်ခဲ့ကြပေမဲ့ မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ခုအပတ်ထိ ဥပုသ် ထွက်ဟန်မတူ။ အရောင်းလေးအဝယ်နှေး ဈေးအေးနေ ဆဲ။ ဒီတစ်ပတ် စိမ်းကြီးဈေးကွက်က တော့ တရုတ်အတွက် မန်းလက်ဝယ်လို အားသွက်နေလို့ ဒေသခံ ကုန်သ ည် တွေ ရောင်းချင်အောင် တက်ဈေးပေးခဲ့ရာတစ်တင်း၃၆၅၀၀ကျပ်ကနေ၃၈၅၀၀ ကျပ်ထိ အမြင့်ဈေးပေါက်ခဲ့ပါတယ်။ ဒါေ တာင် ရောင်းလက်မိတ်ပေါတဲ့ ဝယ် လက်တွေသာ ပစ္စည်းရခဲ့ပြီး တစ်ရက် အိတ် ၂၀၀၀ နီးပါး
မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ကုန်သည်၊စက်ပိုင်များကထိန်တော်အသင်း) ရဲ့ ၂၀၁၄ ခုနှစ် ဇွန်လ ပထမအပတ်မှာ ပဲ၊ ပြောင်း၊ နှမ်းများ အရောင်းအဝယ်သွက်လက်လျက်ရှိပါတယ်။ ပြည်ပ(တရုတ်) ဝယ်လက်မှပဲတီစိမ်းကြီး၊ ပဲယင်း၊ ထောပတ် ပဲကြီး၊ နှမ်းမျိုးစုံ နဲ့ ပြောင်းမျိုးစုံမှာအဓိက အရောင်းအဝယ် ဖြစ်တဲ့ သီးနှံများဖြစ်ပါတယ်။
ပြည်တွင်း ပဲမျိုးစုံ ဈေးကွက်မှာ Export ပဲတွေအနက် ပဲတီစိမ်းတစ်မျိုး တည်းသာ တရုတ်ဝယ်လက်က အရည် အသွေးပေါ် မူတည်ပြီး ဈေးကောင်းပေး အဝယ်ရှိတာကြောင့် ဈေးသိသာစွာမြင့်လာပြီး အရောင်းရော အဝယ်ပါသွက်လို့ ဈေးကွက်မှာ ဦးဆောင်နေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီး (ထိပ်စ) ကို တရုတ်ဝယ်လက်က တစ် ပိဿာ ၂၁၆၉ ကျပ် (တစ်တန်ကို ၁၃၂၈၂၇၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါ တယ်။ပခုက္ကူဈေးကွက်မှာ ယခင်အပတ်ကအရောင်းအဝယ်အေးတဲ့ ပဲတီစိမ်းကို ဒီတစ်ပတ်မှာ ရန်ကုန်-မန္တလေး အဆွဲပြန်လိုက် လာတာကြောင့် ဈေးမြင့်လာပြီးတစ်ပိဿာ ၂၀၂၀ ကျပ် (တစ်တန်ကို ၁၂၃၇၀၀၀ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာပဲတီစိမ်းအနေနဲ့ ဈေးကွက်သို့ဝင်ရောက်မှုနည်းလာပေမဲ့ အဝင်ရှိ သလောက်တော့ တရုတ် အဆွဲသွက်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေး ကောင်းတာကအခုထွက်တဲ့ပဲက မိုး လွတ်ပြီး အရည် အသွေး ကောင်းတယ် လေ။ ဒါကြောင့် Export အတွက် ဝယ် ယူနေတဲ့ ဝယ်လက်တွေက ဈေးကောင်း ပေး အဝယ်ရှိတာလို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၂၀၉၅ ကျပ် (တစ်တန်ကို ၁၂၈၂၉၅၀ ကျပ်) ဈေးြ ဖင့် နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း၊ပဲတီစိမ်းဈေးကောင်းရလို့ တောင်သူ ရော ကုန်သည်ပါ စီးပွားရေးအရ တွက် ချေကိုက်ေ နကြောင်း ဈေးကွက်အတွင်း မှသိရပါတယ်။
ဇွန်လဆန်း ပြည်ပဲဈေးကွက်မှာ ပဲဈေးများအားလုံး ဈေးအေးအရောင်း အဝယ်အေးခဲ့သလို ပဲစင်းငုံ၊ ပဲကြီးဈေး များ ထပ်မံလျော့ နည်းသွားခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ၂၄၈၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ပဲ အဝင်မများတော့လို့ လက်ကျန်ပဲများ ပါ ထုတ် ရောင်းချခဲ့ကြတာကို တွေ့ရပါ တယ်။ ပဲဈေး ငြိမ်နေသော်လည်း ရန်ကုန်ဝယ်လက်မှ နေ့စဉ်ပုံမှန်ဝယ်ယူ နေတဲ့အတွက် အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ မတ်ပဲဈေးမှာ ယခုကာလမှာ ယခင် လဆန်းနဲ့ယှဉ်ရင် ဈေးအေးနေခဲ့တယ် ဆိုပေမဲ့ ယခင်နှစ်က ဇွန်လဆန်း ဈေး ထက်တော့ ဈေးပိုရလျက်ရှိပါတယ်။ ယခင်နှစ်က မတ်ပဲဈေးမှာ တစ်တင်း ၁၇၄၀၀ ကျပ်ဖြင့် သာဈေးကောင်း မရ ခဲ့တာကို တွေ့ရပါတယ်။
မုံရွာ ကုန်စည်ဒိုင်ရဲ့ ဇွန်လပထမပတ်ပဲဈေးကွက်မှာExport ဝယ် လက်အဖြစ် ပဲတီစိမ်းနဲ့ ငုံနီအနည်းငယ် အရောင်းအဝယ် ဖြစ် ခဲ့ပြီး ကျန်ပဲ အများစုမှာ လက်လီဈေးကွက်သာ ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ ယခုအချိန်ဆို ယခင်နှစ်တွေက ရေသွင်းပဲတီတစ်ရက်အိတ်ခုနစ်ထောင်မှတစ်သောင်းထိဝင် ခဲ့ပေမဲ့ ဒီနှစ်မှာ ရာသီဥတုဒဏ်ကြောင့် စိုက်ဧကေ လျာ့ခဲ့တဲ့အတွက် ဒိုင်မှာ တစ်ရက်အိတ် သုံးထောင်ခန့်သာ ဝင် ရောက်မှုရှိတယ်လို့ ကုန်သည်ရပ်ကွက် က ပြောပါတယ်။ ယခု အပတ်မှာ စိမ်း ကြီး တစ်တင်း ၃၈၀၀၀ ကျပ်မှ ၃၉၂၀၀ ကျပ်အတွင်းပေါက်ဈေးဖြစ်ခဲ့ပြီးအရောင်း အဝယ်အားဖြင့် ပဲအဝင်ပေါ် မူတည် ကာတစ်ရက်အိတ်၂၅၀၀မှ၃၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါ တယ်။
မေလ နောက်ဆုံးပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာမတ်ပဲဈေးလျော့သွားပြီးပဲစင်းငုံနှင့်ပဲကြီးသီးနှံဈေးမျာ အနည်း ငယ်ပြန်မြင့်ခဲ့ ကာကုလားပဲဈေးကတော့ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာမေလလယ်အတွင်း တစ် တင်း ၂၆၀၀၀ ကျပ်ထိဈေးမြင့်ခဲ့လို့ပဲလက်ဝယ်ကျန်သူ တောင်သူအချို့ ထုတ်ရောင်းချသလို အချို့တောင်သူ များကတော့ ဈေးဆက်မြင့် တက် လာ မလား မျှော်လင့်ပြီး ရောင်းချမှုမရှိသေး ဘဲ လက်ကျန်များ သိုလှောင်ထားတယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ပဲတစ်တင်း၂၄၈၀၀ကျပ်ဖြင့်သာရန်ကုန်ဝယ်လက်များမှနေ့စဉ်ဝယ်ယူမှုရှိလို့တစ် ရက်အိတ် ၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ ပါတယ်။ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ နယ်များမှ နေ့စဉ်အိတ် ၃၀၀ ကျော် ဝင်ရောက် လျက်ရှိသော်လည်း ပဲဈေး အေးလို့ မေလလယ်ထက် အရောင်း အဝယ်ဖြစ်မှု အေးသွားခဲ့တာကို တွေ့ရ ပါတယ်။
ယခုမေလအတွင်းပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲသီးနှံတစ်မျိုးသာ ဈေးဆက်မြင့်တက်လျက်ရှိခဲ့ပြီး အခြား ပဲများမှာဈေးငြိမ်နေသလိုဈေးအေးအရောင်းအဝယ်လည်းအေးခဲ့ကြပါတယ်။မတ်ပဲသီးနှံမှာပေါင်းတလည်ပေါက်ခေါင်း၊ပန်းတောင်းမြို့ နယ်များမှအိတ်၄၀၀ကျော်နေ့စဉ်ဝင်ရောက်နေခဲ့ပါတယ်။ပဲဈေးနှုန်းမြင့်လာတဲ့အတွက်ပဲလက်ကျန်ရှိသူတောင်သူအချို့ထုတ် ရောင်းချနေ ခဲ့ပြီး ရန်ကုန် ဝယ်လက်မှ လည်းဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတစ်တင်းကို ၂၆၀၀၀ ကျပ်ထိ ယခင် တစ်ပတ်ထက် ၁၅၀၀ကျပ်ခန့်ဈေးပိုရခဲ့တာကို တွေ့ရပါတယ်။
ယခုမေလအတွင်းပြည်ပဲမျိုးစုံဈေးကွက်မှာမတ်ပဲသီးနှံတစ်မျိုးသာဈေးဆက်မြင့်တက်လျက်ရှိခဲ့ပြီး အခြားပဲများ မှာဈေးငြိမ်နေ သလိုဈေးအေး အရောင်းအဝယ်လည်း အေးခဲ့ကြပါတယ်။မတ်ပဲသီးနှံမှာပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှအိတ်၄၀၀ကျော်နေ့စဉ်ဝင်ရောက်နေခဲ့ပါတယ်။ပဲဈေးနှုန်းမြင့်လာတဲ့အတွက်ပဲလက်ကျန်ရှိသူတောင်သူအချို့ ထုတ်ရောင်း ချနေခဲ့ပြီး ရန်ကုန်ဝယ်လက်မှလည်းဝယ်လိုအားကောင်းနေတဲ့အတွက်
ရှမ်းပြည်နယ် တောင်ပိုင်းက အောင်ပန်းကုန်စည်ဒိုင် ဈေးကွက်မှာ မေလ ၁ ရက်မှ ၁၅ ရက်ထိ ဒေသထွက်ကုန်တန်ချိန် ၆၈၈၆တန်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ကုန်ပစ္စည်းတချို့ဈေးကွက်လက်ကျန်နည်းပါးနေကြောင်းသိရပါတယ်။ဈေးကွက်လက် ကျန်နည်းခဲ့တဲ့ကုန်ပစ္စည်းများကတော့ပန်းနှမ်းနဲ့ချင်းအစိုတို့ဖြစ်ကြပြီးပန်းနှမ်းကတော့
မုံရွာကုန်စည်ဒိုင် မေလပထမပတ် ပဲမျိုးစုံဈေးကွက်မှာ ဒေသတွင်း လုပ်ငန်းသုံးဝယ်လက်ဒေသခံ ကုန်သည် လှောင်လက်နဲ့ ရန်ကုန် Export ဝယ်လက်တွေ ဝယ်လိုအားတက်လာလို့ အရောင်းအဝယ်အနည်းငယ်သွက်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ ဒိုင်ကို ဝင်သမျှရောင်းထွက်တဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ နယ်အဝင်သွက်လာခဲ့ တယ်လို့သိရပါတယ်။စိမ်းကြီးဈေးဟာ