Background
ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်များ ထက် ပိုမို လာခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၄၃၀၀ နီးပါးအထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ပမာဏများတယ်လို့ သိရပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း အခွံချွတ် ၆၇၆ ဒသမ ၀၇၅ တန်နဲ့ ပဲတီစိမ်း ၆၇၆ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၂၀ ကိုတင်ပို့မှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၁၁၀၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ ထက်လျော့ကျပေမဲ့ အခြားပဲများထဲမှာတော့ ရောင်းဝယ်မှုကောင်းတာ တွေ့ရပါတယ်။
သြင်္ကန်အလွန် သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၇ ရက်)အတွင်း ပဲတီစိမ်းတန်ချိန် ၅၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့လို့ သြင်္ကန်မတိုင်မီတင်ပို့မှုနဲ့ယှဉ်ရင်လျော့ကျခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၇ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၈၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။ တင်ပို့မှုများတဲ့ ပဲမှာ ပဲတီရွှေဝါများဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ ၁ ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၃၇၃၇ တန်ကျော်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ တစ် လလုံး နယ်စပ်မှ ပဲလွန်းဖြူ ၃၇၇၀ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ တစ်ဘက် နိုင်ငံ ဈေးပြောင်းလဲမှုမရှိသော် လည်း မိမိဘက်မြေပြင်ဈေးမှာ ၉၇၆၀၀ ကျပ်လျော့နည်းခဲ့ပါတယ် -
နိုင်ငံ တော်တော်များများက ဝယ် လိုအားရှိတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်မှာလည်း တင်ပို့မှုရော အရောင်း အဝယ်ပါ ပုံမှန်ရှိနေပါတယ်။ ပင်လယ် ရေကြောင်းတင်ပို့မှုအနေနဲ့ ယခင် သီတင်းပတ်က တန်ချိန် ၂၁၀၀ ကျော် တင်ပို့မှု ရှိခဲ့ပြီး (ဧပြီလ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန်ချိန် ၁၃၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ် တို့ကို ဖြစ်ပါတယ်။
ပြည်ဈေးကွက်သို့ ပဲစင်းငုံသီးနှံများ အဝင်မရှိတော့တဲ့အတွက် လက်ကျန်ပဲများ ကိုသာ ရောင်းချနေတယ်လို့ သိရပါတယ်။ တစ်ခါတစ်ရံသာ အရောင်းအဝယ်ဖြစ် ပြီး၊ အိတ် ၂၀၀-၃၀၀ ထိ အရောင်းအဝယ်ဖြစ်ပါတယ်။ တိုင်းအတွင်းရှိ ဝယ်လက် သမားများသာအဝယ်ရှိကာ ပြည်ဈေးကွက်မှာ ပဲစင်းငုံပိဿာ ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်၊ ၁၂၇၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ ဆုမွန်ဆွေ
သြင်္ကန်အပြီး သီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံစုစု ပေါင်း တန်တစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အတွင်းမှာတော့ တန်ချိန် ၉၀၀၀ နီးပါးသာ ပြည်ပအရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်များ ဝယ်လိုပေမဲ့ သယ်ယူပို့ ဆောင်မှုစရိတ်ကတစ်တန်ကိုကန်ဒေါ်လာ၄၀ခန့်မြင့်တက်နေတာကြောင့်ဈေးလျှော့ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ရာမှ ဧပြီလ ၂၂ ရက်မှ - ၂၇ ရက်အတွင်းမှာတော့ တန် ၃၅၀၀ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ အဝယ်ရှိနေပေမဲ့ ကွန်တိန်နာငှားရမ်းခက တစ်ပုံး ကို ဆိပ်ကမ်းအလိုက် ကန်ဒေါ်လာ ၃၀၀ ကျော်မြင့်တက်လာတာကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလ ၂၇ ရက် အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၁၂၅၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၆၂၀၀ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ၁ ဆခန့်ပိုမိုလာ ခဲ့ပါတယ်။ ဈေးကွက်ရောင်းဝယ်မှုအရနဲ့ သယ်ယူစရိတ်လျော့ကျမှုမရှိပါက လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုနည်းနိုင်ဖွယ်ရှိပါတယ်။MIRT - MAPT
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ သြင်္ကန်အပြီးဈေးအနည်းငယ် တက်လာ ရာမှ မေလပထမပတ်မှာ ဈေးပြန်အေးသွားတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ မတ်ပဲပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ကျဆင်းလာပါတယ်။ ပဲအရောင်းအဝယ် ဖြစ်မှုအနေနဲ့အဝင်လှိုင်သလောက်ပေါက်ဈေးနဲ့ အရောင်းလည်း သွက်လာပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှအိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်