Main menu

Background

Wednesday, 16 May 2012

    ယခု တစ်ပတ်အတွင်း ပြည်ပွဲရုံ များကို ပဲလွန်းဖြူ အဝင်ပါးလာခဲ့ပြီး၊ အရောင်းအဝယ်လည်း အေးခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အနည်းငယ်သာရှိပြီး၊ လက်လီသမား များသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်နေ့အိတ် ၁၀-၁၅ ခန့်သာ အဝယ်ရှိ တယ်လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါ တယ်။မိမိအေး

Wednesday, 16 May 2012

    ယခု တစ်ပတ်မှာ ပင်လယ်ရေ ကြောင်းက ပဲလွန်းဖြူ တန် ၁၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ် တင်ပို့ခဲ့တဲ့ ပမာဏထက်လျော့ကျခဲ့ပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံ များကတော့  ကိုရီးယား၊  စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အီဂျစ် ကိုဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၅၀၀၀ နီးပါးတင်ပို့ခဲ့ပြီး မတ်လမှာ တန် ချိန် ၈၀၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ ၂၀၁၁ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅၀၀ ခန့်သာရှိလို့  ယခုနှစ် ကာလတူမှာ  ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 16 May 2012

    ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ တစ်တင်းကို ၁၂၅၀၀ ကျပ် - ၁၂၇၀၀ ကျပ်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့  တစ်တင်းကို ၁၃၃၀၀ ကျပ်ရှိနေပါတယ်။ မကွေးတိုင်းဒေသကြီးဘက်မှ အဝင်ရှိလာတဲ့ ပဲများမှာ လက်ကျန် ပဲများထက် အနည်းငယ် အရည်အသွေးသာလွန်နေတာကြောင့် ဈေးကောင်းရခြင်း ဖြစ်တယ်လို့ သိရပြီး တစ်ရက် အိတ် ၂၀၀ ခန့် အဝင်ရှိပါတယ်။ ရန်ကုန်ဝယ်လက် သမားများ အဝယ်ရှိတဲ့ ရက်များမှာ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                       ဆုမွန်ဆွေ

Wednesday, 16 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်ပဲစင်းငုံအရောင်းအဝယ်ဖြစ်မှုက ယခင်တစ်ပတ်ထက် ၁ဆပိုလာတာ တွေ့ ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၀၀၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မေ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၄၀၀၀ ထိ အရောင်းအဝယ် စာချုပ် ချုပ်ခဲ့ကြောင်း သိရပါတယ်။

Wednesday, 16 May 2012

    ပဲစင်းငုံ ပင်လယ်ရေကြောင်းက တင်ပို့ရာမှာ တိုးတက်လာခြင်းမရှိသေးဘဲ ယခင်သီတင်းပတ်အတွင်း တင်ပို့တဲ့ ပမာဏအတိုင်းသာ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပဲစင်းငုံတန် ၃၅၀၀ သာ တင်ပု့ိနိုင်ခဲ့ပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏထက် အပတ်စဉ် တင်ပို့မှုမှာ နည်းနေသေး တာ တွေ့ရပါတယ်။

Wednesday, 16 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု ကောင်းနေတာတွေ့ရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ဈေးနှုန်းကွာဟမှုကြောင့် FAQ မတ်ပဲကို ဝယ်ယူမှုများတာ တွေ့ရပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် FAQ စုစု ပေါင်း တန်ချိန် ၃၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 16 May 2012

    မောင်တောဒေသဟာ ရေမြေသဘာဝအရ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်းများ တင်ပို့မှုကို အားထားရလျက်ရှိပြီး အထူးသဖြင့် ရေငန်ပုစွန်တင်ပို့မှုမှာ များစွာ အရေးပါနေပါတယ်။

Wednesday, 16 May 2012

    ပင်လယ်ရေကြောင်းက မတ်ပဲပုံမှန်တင်ပို့မှု  ရှိနေပါတယ်။ ဧပြီ ၃၀ ရက်မှ မေ ၄ ရက်အထိ မတ်ပဲ စုစုပေါင်း တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင် သီတင်းပတ်များအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပိတ်ရက်များရှိတဲ့တိုင် ၂၀၁၂ ဧပြီလ တစ်လလုံးမှာ မတ်ပဲ  တန်ချိန် ၄၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မတ်လအတွင်းမှာ တန်ချိန် ၄၈၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။၂၀၁၁ ဧပြီလအတွင်း တန် ချိန် ၂၇၀၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။

Tuesday, 15 May 2012

     ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၈၇၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၈၅၆ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၁၀၂၂ တန် အပို့ပိုခဲ့ပါတယ်။

Tuesday, 15 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ  ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၀ ဒသမ ၈၀၀ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ ၆၅၆၆ တန် ကျော်၊ လွယ်ဂျယ်မှ ၄၅၄ တန်နဲ့ချင်းရွှေဟော်မှ တန် ၈၀၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှာ ပြောင်းဖူးစေ့ ၁၆၈၇၅ တန်ဝန်းကျင် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)

Pages