Main menu

Background

Sunday, 12 Feb 2012

    ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တစ်ပိဿာကို ချင်းရှယ် ၆၅၀ ကျပ်၊ ဂျွန် ၅၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရ ပါတယ်။ဝင်းဝင်းခိုင်

Sunday, 12 Feb 2012

    ချင်းတင်ပို့မှုက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ချင်းတင်ပို့မှုက ၇ တန်သာရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ ၅၁ တန်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ ချင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလချင်းတင်ပို့မှုကိုကြည့်မယ်ဆိုရင် ၁၀၈ တန် ပို့နိုင်ခဲ့တာ ကြောင့် ဒီနှစ်ဇန်နဝါရီလမှာ ချင်းတင်ပို့မှု အားလျော့ခဲ့တယ်လို့ဆိုရပါမယ်။                                                             MIRT (DOT)

Sunday, 12 Feb 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ယခုတစ်ပတ်မှာလည်း ၁၄၅၀၀ ကျပ်နဲ့ ၎င်းဈေးအတိုင်း ဈေးငြိမ် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ကုလားပဲ အသစ်များ အနည်းငယ် အဝင်ရှိလာကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်နေ့အိတ် ၄၀-၅၀ ခန့်ရှိပြီး၊ ပဲသစ်များကို ရန်ကုန်ဝယ်လက်မှ ဝယ်ယူပြီး၊ ဒေသ တွင်း ခွဲစက်သမားများကတော့ ပဲဟောင်းများကိုသာဝယ်ယူကြိတ်ခွဲလျက်ရှိကြောင်း သိရပါတယ်။                                               လွင်လွင်ဆန်း

Sunday, 12 Feb 2012

    ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမရှိ ပေမဲ့ FOB  ဈေးကွက်မှာတော့ အသစ်ဝင်လာတဲ့ ပဲအနည်းငယ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ကုလားပဲဖြူလုံးကြီးFAQ  နဲ့ ခွဲခြမ်း တန်ချိန် ၅၂၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 12 Feb 2012

                 ပြည်ဈေးကွက်ကို ဘိုကိတ်ပဲသစ်များ နေ့စဉ်ဆက်တိုက်ဆိုသလို ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တစ်ရက်အိတ် ၁၀၀ ကျော်ဝင်ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်မှ အဝင်ရှိသလို အောင်လံဘက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Sunday, 12 Feb 2012

            ယခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းမှာ ဆောင်းပဲတီစိမ်းလျာထားစိုက်ဧက ၂၁၀၀၀ ကျော်မှ ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားတာထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းဝင်ရောက်မှုမှာ ဇန်နဝါရီကလောက် အဝင်မများတော့ဘဲ ပဲအဝင်ကျဲသွားခဲ့ပါတယ်။

Sunday, 12 Feb 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၈ သန်းတန်ဖိုးရှိ  ပဲတီစိမ်း ၁၁၁၄ တန်ကျော်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလ အတွင်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုရှိခဲ့ပါတယ်။

Sunday, 12 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ယခုတစ်ပတ်လည်း အရောင်းအဝယ် ကောင်းနေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday, 12 Feb 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၃၀-ဖေဖော်ဝါရီ ၃)အတွင်းမှာ တန်ချိန် ၄၃၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရ ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၁၄၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူအတွင်းမှာ တန်ချိန် ၁၂၅၀၀ ခန့်တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ် ပိုတင်ပို့ပြီးကြောင်း သိရပါတယ်။

Sunday, 12 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၁၈၄ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၅၄ တန်ခန့် ဖေဖေါ်ဝါရီ လဆန်း ၇ ရက်တာကာလမှာ တရုတ် ဖက်သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၁၀၀ အပို့ပိုခဲ့ပါတယ်။ ဧပြီလမှ ဇန်နဝါရီလကုန်ထိကာလမှာ နယ်စပ်မှ ပဲလွန်းဖြူ တန် ၃၀၀၀ နီးပါး တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)

Pages