Main menu

Background

Monday, 6 Feb 2012

    ယခင်သီတင်းပတ်များက ပဲစင်းငုံတန် တစ်သောင်းအထက်မှာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်(ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာတော့ တန် ၉၀၀၀ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိပေမဲ့ တင်ပို့မှုမှာတော့ လျော့ကျခဲ့ပါတယ်။    လက်ရှိ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်ဇန်နဝါရီ ၂၇ ရက်အထိ ပဲစင်းငုံ တန်ချိန် ၂၄၀၀၀၀ ခန့်တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။

Monday, 6 Feb 2012

    ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်သို့ မတ်ပဲအသစ်များ ဟင်္သာတမြို့အနီးရှိ ကျေးရွာများမှ တစ်ရက် အိတ် ၃၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ် မတ်ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့သိရပါတယ်။ မတ်ပဲသစ်များ အဝင်များလာသ လို အဝယ်လည်း လိုက်လာပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။

Monday, 6 Feb 2012

    ပြည်ပွဲရုံများသို့ ပတ်ဝန်းကျင်ရွာများမှ မတ်ပဲသစ်များ တစ်နေ့အိတ် ၁၅၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ပဲကုန်သည်တွေရဲ့လက်မှာ ပဲဟောင်းလက်ကျန် လည်း ရှိနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက်များအား ပဲသစ် ပဲဟောင်း နှစ်မျိုး စလုံး အဝယ်ရှိနေပါတယ်။ ပဲတစ်တင်းကို ၁၂၉၀၀ ကျပ်ဈေးနဲ့တစ်နေ့အိတ် ၇၀၀-၈၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။

Monday, 6 Feb 2012

    ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်လောက်မများပေမဲ့ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၂၀၀ ခန့်ထိ တင်ပို့ခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၂၃ မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပုံမှန်ရှိနေလို့ တင်ပို့မှုလည်း ပုံမှန်သာတင်ပို့နေပါတယ်။

Monday, 6 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကို ပုံမှန်အရောင်း အဝယ်ရှိနေပါတယ်။ ဇန်နဝါရီလ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်းတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှုထက် တန် ၁၀၀၀ ခန့် ပိုမိုခဲ့ကြောင်း သိရပါ တယ်။

Saturday, 4 Feb 2012

             ရော်ဘာအများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားနည်းတာကြောင့် အရှေ့တောင်အာရှမှာ ထုတ်လုပ်မှု အနည်းဆုံး ကာလဖြစ်တဲ့ မတ်လကုန်လောက်မှာ ရော်ဘာဈေးနှုန်း တစ်ရှိန်တိုးကျဆင်းနိုင်ကြောင်း Golden Sachs အုပ်စုမှ ပြောကြားပါတယ်။ ထိပ်တန်းထုတ်လုပ်သူဖြစ်တဲ့               ထိုင်းနိုင်ငံက တောင်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ ဈေးကွက်ဈေးနှုန်းအထက် ဝယ်ယူပေးမယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး ရော်ဘာသုံးလုပ်ငန်းတွေကတော့နှစ်ကူးမတိုင်မီ သိုလှောင်မှုတွေ ပြုလုပ်နေကြ တာကြောင့် ဈေးနှုန်းခေတ္တ မြင့်တက်ခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းင်းအုပ်စုမှ ပြောကြားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပြန်တက် လာပြီး ဥရောပရဲ့ စီးပွားရေး အခြေအနေဆိုးကနေလွတ်မြောက်စပြုလာတာကြောင့် ကော့ပါး၊ ရေနံနဲ့ ရွှေကဲ့သို့သော ကုန် ပစ္စည်းတွေရဲ့ ဈေးနှုန်း ၁၅ ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ ပြန်တက်ပေမယ့်လည်း ဝယ်လိုအားမကောင်းသေးတာကြောင့် ဈေးနှုန်းအချိန်မရွေး ပြန်ပြုတ်ကျသွားနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ ရော်ဘာပြတ်လတ်မှု ၈၇၀၀၀ တန် ရှိရာကနေ ယခုနှစ် ၂၀၁၂ မှာ တန်ချိန် ၄၁၃၀၀၀ ပိုနိုင်ကြောင်း ခန့်မှန်းထားပြီး ၂၀၁၃ မှာ ၅၅၁၀၀၀ အထိ ပိုလျှံနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာ တစ်ကီလိုဂရမ်ကို ၃ ဒသမ ၁၂ ဒေါ်လာအထိ ကျဆင်းနိုင်ကြောင်း သုတေသီနဲ့ ကုန်သည် ၁၄ ဦးပါဝင်တဲ့ ကွင်းဆင်း လေ့လာရေးအဖွဲ့က ပြောကြားပါတယ်။             တိုကျိုကုန်စည်ဒိုင်မှာတော့ ဇွန်လအတွက်ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို ၃၀၆ ယန်းကို ရောက်ရှိနေကြောင်း သိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအားက ၂၀၁၀ မှာ တန်ချိန် ၃ ဒသမ ၆၃ သန်းရှိရာကနေ တန်ချိန် ၃ ဒသမ ၅၉ သန်းကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့GDP က ၂၀၁၁ နောက်ဆုံးသုံးလအတွင်း ၈ ဒသမ ၉ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရကတော့ ဈေးကွက်ဈေးအထက် ရော်ဘာဝယ်ယူပြီး ဈေးနှုန်းမြှင့်တင်ဖို့ ဒေါ်လာ ၅၄၁ သန်း အကုန်အကျခံဖို့ စီမံကိန်းချမှတ်ထားကြောင်း သတင်းရရှိပါတယ်။ Source:Bloomberg.com,K.Z.W

Saturday, 4 Feb 2012

                ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၄၀ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၂၉ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ၃ ဆမျှ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နိုင်ငံ အလိုက် တင်ပို့မှုတွေကတော့ စင်ကာပူကို တန် ၁၀၀ ကျော်၊ ဗီယက်နမ်ကို ၁၀၅ တန်၊ တရုတ်ကို တန် ၆၀၀ ကျော်နဲ့ မလေးရှားကို ၇၃၅ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၇၀၀ ကျော် မှန်တန်းလေး ပို့ နေတာ တွေ့ရပါတယ်။FOB(ရန်ကုန်) ဈေးကတော့RSS-3 တစ်တန်ကို (၃၄၀၀ - ၃၅၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၃၀၀ - ၃၄၀၀) ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Saturday, 4 Feb 2012

                 ကယားပြည်နယ်လွိုင်ကော်မြို့ရှိ သီးနှံပွဲရုံများမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ပြောင်းစတင်ထွက်ပေါ်ချိန်ကစပြီး၊ အစေ့ထုတ်ပြောင်းတစ်ပိဿာကို ၂၁၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။အောက်တိုဘာလမှာတစ်ပိဿာ၁၈၀ ကျပ်ဝန်းကျင်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ရာမှ တဖြည်းဖြည်းပြန်လည်ဈေးမာလာခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်မှာတော့ တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ပြောင်းတင်ပို့နိုင်မှုမှာလည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ၄၀၇၈၁ အိတ်၊နိုဝင်ဘာလ မှာ ၉၁၆၀၅ အိတ်၊ ဒီဇင်ဘာလမှာ ၉၇၂၉၅ အိတ်ကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ မြို့များကို အသီးသီးတိုးတက်တင်ပို့ခဲ့တာကြောင့် ပြောင်းဈေးမြင့် လာသလို တင်ပို့မှုလည်း ပိုလာတာတွေ့ရပါတယ်။ မင်းအောင်

Saturday, 4 Feb 2012

                      ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းများကနေ ပြောင်းဖူးစေ့ ၅၆၆၂ တန်နီးပါး၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် ထက်ဝက်နီးပါး တင်ပို့မှု ကျဆင်းတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် သယ်ယူခနှုန်းထားကတော့ ၁၀ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။ မိမိဖက်ဈေး မြင့်တက်ပေမယ့် တစ်ဖက်နိုင်ငံဈေး ကျဆင်းတာတွေ့ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု           ယခင်        ပြောင်းလဲမှု    %       ယခု       ယခင်  ပြောင်းလဲမှု    %ပြောင်းဖူးစေ့       ၂၆၅၈၃၆       ၂၅၄၄၉၆       ၁၁၃၄၀    ၄ .၂      ၃၀၀       ၃၀၇        ၇            ၂ .၃MIRT (DOBT)

Saturday, 4 Feb 2012

                   ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၁၆၆ တန်၊တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၆၀၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု ထက်ဝက် ကျဆင်းခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ မလေးရှားကို တန် ၁၂၀၊ စင်ကာပူကို ၁၀၀၈ တန်နဲ့ ဖိလစ်ပိုင် ကို ၁၀၃၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကလည်း နှစ်ကူး ရာသီအလုပ်ပိတ်ရက်များရှိတာကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ တင်ပို့နိုင် ခဲ့ပါ တယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Pages