Main menu

Background

Sunday, 19 Feb 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တက်လာခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၅၀၀ ကျော်သာတင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ ပြန် လည်တိုးတက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခင်နှစ် ယခုလိုအချိန် အပတ်စဉ် တင်ပို့မှုထက်တော့ လျော့နည်းနေသေးတာ တွေ့ရပါတယ်။

Monday, 13 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၆၉၂ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာRSS-3  ၈၅၃ တန်ကျော်၊ MSR-20  ၁၂၇ တန်ခန့်၊ MSR-50  ၁၁၈ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၁၇ တန် နယ်စပ်စခန်းများမှ အပို့ရှိခဲ့တာဖြစ်ပါတယ်။

Monday, 13 Feb 2012

    ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိကာလအတွင်းပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၄ ဒသမ ၆၈၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၃၈၅ တန်ကိုတင်ပို့နိုင်ခဲ့ပါတယ်။နိုင်ငံအလိုက်တင်ပို့မှုများကတော့ တရုတ်ကို တန် ၅၀၀၊ ပါကစ္စတန်ကို ၃၉ တန်၊ စင်ကာပူကို တန် ၄၀နဲ့ မလေးရှားကို ၈၀၆ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ ၁၁၁၅ တန် တင်ပို့ပြီး ယခင်အပတ်ထက် နှစ်ဆတက်ခဲ့တာ တွေ့ရပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ RSS-3  တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့ RSS-5  တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ K.Z.W

Monday, 13 Feb 2012

    ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၀၉ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၁၀၄ တန်ကို စင်ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ် နဲ့ ပမာဏတူ တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့နေတယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် မှာတော့ စင်ကာပူကိုအပို့ပိုပြီး ဖိလစ်ပိုင်ကို အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ တရုတ် နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ တန်ချိန် ၆၀၀၀ နီးပါး တင်ပို့နေတာတွေ့ရပြီး ယခင်အပတ်ထက် တန် ၂၀၀၀ ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြားဈေး ရတယ်လို့ သိရပါတယ်။ K.Z.W

Sunday, 12 Feb 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်န ဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာ ကာလအတွင်း နနွင်း ၁၆ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီ တင်းပတ်ကကိုရီးယားနဲ့ မလေးရှားကိုတင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ စင်ကာပူကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်တစ် ပတ်နနွင်း တင်ပို့မှုက ၁၆ တန်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုက ယခင်တစ်ပတ်တင်ပို့မှုကို မီခဲ့တယ်လို့ ဆိုရပါမယ်။

Sunday, 12 Feb 2012

    ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလ အတွင်း မန်ကျည်း ၇၁၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကို ၁၂၂ တန်၊ မလေး ရှားနိုင်ငံကို ၁၉၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၅ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။

Sunday, 12 Feb 2012

    အောင်ပန်းဈေးကွက်ထဲကို ဟဲဟိုးမြို့နယ်တစ်ဝိုက်ကထွက်တဲ့ချင်းတွေ ပုံမှန် အဝင်ရှိနေပါတယ်။ တစ်ပတ်ကို ပိဿာချိန် ၂၅၀ - ၃၀၀ အဝင်ရှိနေပြီး၊ ဈေးပတ် သမားတွေ ဝယ်နေတာကြောင့် ပုံမှန်လောက်သာ အရောင်း အဝယ်ဖြစ်နေပါတယ်။

Sunday, 12 Feb 2012

    ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တစ်ပိဿာကို ချင်းရှယ် ၆၅၀ ကျပ်၊ ဂျွန် ၅၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရ ပါတယ်။ဝင်းဝင်းခိုင်

Sunday, 12 Feb 2012

    ချင်းတင်ပို့မှုက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ချင်းတင်ပို့မှုက ၇ တန်သာရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ ၅၁ တန်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ ချင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလချင်းတင်ပို့မှုကိုကြည့်မယ်ဆိုရင် ၁၀၈ တန် ပို့နိုင်ခဲ့တာ ကြောင့် ဒီနှစ်ဇန်နဝါရီလမှာ ချင်းတင်ပို့မှု အားလျော့ခဲ့တယ်လို့ဆိုရပါမယ်။                                                             MIRT (DOT)

Sunday, 12 Feb 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ယခုတစ်ပတ်မှာလည်း ၁၄၅၀၀ ကျပ်နဲ့ ၎င်းဈေးအတိုင်း ဈေးငြိမ် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ကုလားပဲ အသစ်များ အနည်းငယ် အဝင်ရှိလာကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်နေ့အိတ် ၄၀-၅၀ ခန့်ရှိပြီး၊ ပဲသစ်များကို ရန်ကုန်ဝယ်လက်မှ ဝယ်ယူပြီး၊ ဒေသ တွင်း ခွဲစက်သမားများကတော့ ပဲဟောင်းများကိုသာဝယ်ယူကြိတ်ခွဲလျက်ရှိကြောင်း သိရပါတယ်။                                               လွင်လွင်ဆန်း

Pages