Background
ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်လောက်မများပေမဲ့ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၂၀၀ ခန့်ထိ တင်ပို့ခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၂၃ မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပုံမှန်ရှိနေလို့ တင်ပို့မှုလည်း ပုံမှန်သာတင်ပို့နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကို ပုံမှန်အရောင်း အဝယ်ရှိနေပါတယ်။ ဇန်နဝါရီလ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်းတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှုထက် တန် ၁၀၀၀ ခန့် ပိုမိုခဲ့ကြောင်း သိရပါ တယ်။
ရော်ဘာအများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားနည်းတာကြောင့် အရှေ့တောင်အာရှမှာ ထုတ်လုပ်မှု အနည်းဆုံး ကာလဖြစ်တဲ့ မတ်လကုန်လောက်မှာ ရော်ဘာဈေးနှုန်း တစ်ရှိန်တိုးကျဆင်းနိုင်ကြောင်း Golden Sachs အုပ်စုမှ ပြောကြားပါတယ်။ ထိပ်တန်းထုတ်လုပ်သူဖြစ်တဲ့ ထိုင်းနိုင်ငံက တောင်သူတွေကို ထောက်ပံ့တဲ့အနေနဲ့ ဈေးကွက်ဈေးနှုန်းအထက် ဝယ်ယူပေးမယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး ရော်ဘာသုံးလုပ်ငန်းတွေကတော့နှစ်ကူးမတိုင်မီ သိုလှောင်မှုတွေ ပြုလုပ်နေကြ တာကြောင့် ဈေးနှုန်းခေတ္တ မြင့်တက်ခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းင်းအုပ်စုမှ ပြောကြားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပြန်တက် လာပြီး ဥရောပရဲ့ စီးပွားရေး အခြေအနေဆိုးကနေလွတ်မြောက်စပြုလာတာကြောင့် ကော့ပါး၊ ရေနံနဲ့ ရွှေကဲ့သို့သော ကုန် ပစ္စည်းတွေရဲ့ ဈေးနှုန်း ၁၅ ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ ပြန်တက်ပေမယ့်လည်း ဝယ်လိုအားမကောင်းသေးတာကြောင့် ဈေးနှုန်းအချိန်မရွေး ပြန်ပြုတ်ကျသွားနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ ရော်ဘာပြတ်လတ်မှု ၈၇၀၀၀ တန် ရှိရာကနေ ယခုနှစ် ၂၀၁၂ မှာ တန်ချိန် ၄၁၃၀၀၀ ပိုနိုင်ကြောင်း ခန့်မှန်းထားပြီး ၂၀၁၃ မှာ ၅၅၁၀၀၀ အထိ ပိုလျှံနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ လာမယ့်ကာလများမှာ တစ်ကီလိုဂရမ်ကို ၃ ဒသမ ၁၂ ဒေါ်လာအထိ ကျဆင်းနိုင်ကြောင်း သုတေသီနဲ့ ကုန်သည် ၁၄ ဦးပါဝင်တဲ့ ကွင်းဆင်း လေ့လာရေးအဖွဲ့က ပြောကြားပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာတော့ ဇွန်လအတွက်ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို ၃၀၆ ယန်းကို ရောက်ရှိနေကြောင်း သိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအားက ၂၀၁၀ မှာ တန်ချိန် ၃ ဒသမ ၆၃ သန်းရှိရာကနေ တန်ချိန် ၃ ဒသမ ၅၉ သန်းကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့GDP က ၂၀၁၁ နောက်ဆုံးသုံးလအတွင်း ၈ ဒသမ ၉ရာခိုင်နှုန်းတိုးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရကတော့ ဈေးကွက်ဈေးအထက် ရော်ဘာဝယ်ယူပြီး ဈေးနှုန်းမြှင့်တင်ဖို့ ဒေါ်လာ ၅၄၁ သန်း အကုန်အကျခံဖို့ စီမံကိန်းချမှတ်ထားကြောင်း သတင်းရရှိပါတယ်။ Source:Bloomberg.com,K.Z.W
ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၄၀ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၁၂၉ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် ၃ ဆမျှ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နိုင်ငံ အလိုက် တင်ပို့မှုတွေကတော့ စင်ကာပူကို တန် ၁၀၀ ကျော်၊ ဗီယက်နမ်ကို ၁၀၅ တန်၊ တရုတ်ကို တန် ၆၀၀ ကျော်နဲ့ မလေးရှားကို ၇၃၅ တန်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၇၀၀ ကျော် မှန်တန်းလေး ပို့ နေတာ တွေ့ရပါတယ်။FOB(ရန်ကုန်) ဈေးကတော့RSS-3 တစ်တန်ကို (၃၄၀၀ - ၃၅၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၃၀၀ - ၃၄၀၀) ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
ကယားပြည်နယ်လွိုင်ကော်မြို့ရှိ သီးနှံပွဲရုံများမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ပြောင်းစတင်ထွက်ပေါ်ချိန်ကစပြီး၊ အစေ့ထုတ်ပြောင်းတစ်ပိဿာကို ၂၁၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။အောက်တိုဘာလမှာတစ်ပိဿာ၁၈၀ ကျပ်ဝန်းကျင်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေခဲ့ရာမှ တဖြည်းဖြည်းပြန်လည်ဈေးမာလာခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်မှာတော့ တစ်ပိဿာကို ၂၇၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ပြောင်းတင်ပို့နိုင်မှုမှာလည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ၄၀၇၈၁ အိတ်၊နိုဝင်ဘာလ မှာ ၉၁၆၀၅ အိတ်၊ ဒီဇင်ဘာလမှာ ၉၇၂၉၅ အိတ်ကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ မြို့များကို အသီးသီးတိုးတက်တင်ပို့ခဲ့တာကြောင့် ပြောင်းဈေးမြင့် လာသလို တင်ပို့မှုလည်း ပိုလာတာတွေ့ရပါတယ်။ မင်းအောင်
ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းများကနေ ပြောင်းဖူးစေ့ ၅၆၆၂ တန်နီးပါး၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် ထက်ဝက်နီးပါး တင်ပို့မှု ကျဆင်းတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် သယ်ယူခနှုန်းထားကတော့ ၁၀ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။ မိမိဖက်ဈေး မြင့်တက်ပေမယ့် တစ်ဖက်နိုင်ငံဈေး ကျဆင်းတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၅၈၃၆ ၂၅၄၄၉၆ ၁၁၃၄၀ ၄ .၂ ၃၀၀ ၃၀၇ ၇ ၂ .၃MIRT (DOBT)
ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၁၆၆ တန်၊တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၆၀၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု ထက်ဝက် ကျဆင်းခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ မလေးရှားကို တန် ၁၂၀၊ စင်ကာပူကို ၁၀၀၈ တန်နဲ့ ဖိလစ်ပိုင် ကို ၁၀၃၈ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကလည်း နှစ်ကူး ရာသီအလုပ်ပိတ်ရက်များရှိတာကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ တင်ပို့နိုင် ခဲ့ပါ တယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကြက်သွန်နီဈေးကွက် ကို ယခုတစ်ပတ်အတွင်း မကွေးတိုင်းမှ ကြက်သွန်နီ အသစ် များအဝင်များလာတဲ့အတွက် ဈေးပြန်ကျသွားခဲ့ပါတယ်။ ဇန်နဝါရီလဒုတိယပတ်မှာ ကြက်သွန်နီ (ကြီး) တစ်ပိဿာကို ၆၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုဇန်နဝါရီလ စတုတ္ထပတ်မှာ (ကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (သေး) ၂၀၀ ကျပ်တို့နဲ့ တစ်နေ့ ၃၅ ပိဿာဝင်အိတ် ၃၀၀ ခန့်နဲ့ အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ဈေးကွက်ကို မကွေးတိုင်း၊ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခု တစ်ပတ်မှာ ပိဿာ ၂၀ ဝင်အိတ်၊ ၃၅၀ ခန့်နဲ့ အဝင်သွက်လာတယ်လို့ သိရပါတယ်။ အဝင်သွက်သလို ငရုတ်သီးမှုန့်လုပ်ငန်းများမှာ အဆွဲများလို့ အရောင်းအဝယ်မှာ သွက်လျက်ရှိနေပါတယ်။ ပြည်ငရုတ်ခြောက်ဈေးကွက်မှာ တစ်ပိဿာ (ရှည်) ၃၄၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့ရှိပြီး၊ ပုံမှန်ဈေးနဲ့ ရောင်းဝယ် နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၇၃ ဒသမ ၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်း တင်ပို့မှုတွေက ပါကစ္စတန်နိုင်ငံကို ၉၈ ဒသမ ၂ တန်၊ အင်ဒိုနီးရှားကို ၁၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန်နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စပိုင်းမှစပြီး အပတ်စဉ်မန်ကျည်းတင်ပို့မှုရှိနေခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ၇၄၀ နဲ့တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
