Main menu

Background

Monday, 16 Jan 2012

    ယခုလောလောဆယ်မှာတော့ ကလောမြို့နယ်တစ်ဝိုက်ကထွက်တဲ့ နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ အဝင်ရှိနေပါ သေးတယ်။ အစိုဓာတ်ကများနေတာကြောင့် အဝယ်ကလည်း သိပ်မရှိသေးပါဘူး။ ပင်လောင်းနနွင်းတွေကတော့ အခုမှစပြီး ဖော်မယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ဈေးကွက်ကိုဝင်လာပြီး အစိုတစ်ပိဿာ ၁၀၀ ကျပ်သာရှိပါတယ်။

Monday, 16 Jan 2012

    ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၂၀ ခန့် မူဆယ်နယ်စပ်မှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၂ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Monday, 16 Jan 2012

    ယခုတစ်ပတ် ပြည်ဈေးကွက်ထဲသို့ နတ်မောက်၊ တောင်တွင်းဘက်မှ ငရုတ် ခြောက်ပိဿာ ၂၀ ဝင်အိတ် ၁၂၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ အောင်လံ ဘက်မှ ငရုတ်ခြောက်များ အဝင်နည်းသွားပြီး၊ အောင်လံ ငရုတ်ခြောက်ကုန်ချိန်၊ နတ်မောက်ငရုတ်ပေါ်ထွက်စဖြစ်လို့ ဈေးကွက်အတွင်း အဝင်နည်းပြီး ဈေးမြင့် သွားပါတယ်။

Monday, 16 Jan 2012

    နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၁၂၆ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလမှ စပြီး မန်ကျည်း နဲ့ မန်ကျည်းစေ့တင်ပို့မှုက ပျောက်ခဲ့တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ၂၃၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကိုးရာကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 16 Jan 2012

    ဟိုပုံးချင်းကတော့ ဈေးကွက်မှာ အဝင်နည်းနေပါသေးတယ်။ တောင်သူတွေ ကြိုက်ဈေးမရသေးတာကြောင့်မဖော်ရသေးပါဘူ။ အစိုက်နည်းလို့ အထွက်ကလည်း နည်းတာကြောင့် ကြိုက်ဈေးရမှဖော်ကြမယ်လို့သိရပါတယ်။ အရောင်းအဝယ်က လည်း ခပ်အေးအေးသာဖြစ်နေကာ လက်လီဆိုရင်တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ လက်ကားက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ရှိပါတယ်။

Monday, 16 Jan 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၇ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ ပထမပတ်မှာ မလေးရှားနိုင်ငံကို တင်ပို့ပြီးနောက် အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Monday, 16 Jan 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာ ချင်း (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀-၅၅၀ ကျပ်၊ (ချင်းဓားလှီး) ၈၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။

Sunday, 15 Jan 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာလည်း တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ယခင်နှစ်စမှာ ကုလားပဲတစ်တင်း ၂၃၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုနှစ် နှစ်စမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းကို အဝင်မရှိပဲ လက် ကျန်များနဲ့သာ ရောင်းဝယ်လျက်ရှိပါတယ်။ ခွဲစက်သမားများမှာသာ ပုံမှန် အရောင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀-၃၀၀ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း

Sunday, 15 Jan 2012

    မုံရွာကုန်စည်ဒိုင် ၂၀၁၂ ခုနှစ် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ အဝယ်အရောင်း ပုံမှန်ဆက်လက်ဖြစ်နေပြီး၊ နှစ်ကုန်ပေါက်ဈေးမှာပဲ ဆက်လက်တန့်နေတာတွေ့ရပါ တယ်။ ဈေးကွက်ထဲမှာတော့  Export  တန်းဝင် V2, 929 နဲ့ တိုင်ပေကုလားပဲတွေကို ဝယ်လိုအားများပေမယ့်ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆိုပါတယ်။

Sunday, 15 Jan 2012

    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေကို မဟာရပ်ရှတရာက ပဲဝင်ရောက် မှု နည်းပြီး အဝယ်အသင့်အတင့်ရှိလို့ ကာဘူလီကုလားပဲနဲ့ ရိုးရိုးကုလားပဲ ၂ မျိုးလုံး ဈေးမြင့်တက်ခဲ့ပါတယ်။ ပဲထွက်ရှိနေတဲ့ မဟာရပ်ရှတရာဘက်မှာ မိုးရွာသွန်းနေတဲ့ အတွက် ပဲဝင်ရောက်မှု နှောင့်နှေးနေပါတယ်။ လှောင်လက်တွေက လက်ရှိဈေးမှာ အကျိုးအမြတ်ရလို့ ကုလားပဲတွေ ထုတ်ရောင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဟာရပ်ရှတရာနဲ့ ဂူဂျာရတ်က ပဲအသစ်တွေကတော့ စတင်ဝင်ရောက်နေ ပြီဖြစ်ပါတယ်။

Pages