Main menu

Background

Sunday, 15 Jan 2012

    ဇန်နဝါရီဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ပဲအဟောင်းပုံမှန် အဆွဲရှိခဲ့သလို ပဲအသစ်နယ်အဝင်လှိုင်လာခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ပဲသစ် အများစု အရည်အသွေးကောင်း မွန်ခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်အဝယ်အော်ဒါကြောင့် ယခုတစ်ပတ်မှာ တစ်တင်း ၁၅၉၀၀ ကျပ်ထိ ဈေးမာလာကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲဟောင်းအနေနဲ့ လည်း နယ်အဝယ်ရှိလို့ တစ်တင်း ၁၄၆၀၀ ကျပ်ထိ ဈေးလိုက်လာကာ တစ်နေ့ အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။     ယခုလို နယ်အော်ဒါနဲ့ ဒေသခံကုန်သည်တွေ ဝယ်လိုအားကောင်းမွန်မှုကြောင့် ဈေး ဆက်လက်တက်နိုင်ဖွယ်ရှိကြောင်း ကုန်သည်တွေရဲ့သုံးသပ်ချက်ကိုကြားသိရပါ တယ်။                                                        ထွန်းလှိုင်

Sunday, 15 Jan 2012

    ပြည်ဈေးကွက်ကို ပဲစင်းငုံအသစ်များ ဝင်ရောက်လျက်ရှိပြီး၊ တစ်ရက် အိတ် ၃၀၀ ကျော် ၄၀၀ အထိ အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံစိုက်ဧက ၁၇၀၀၀ ကျော်မှာ ဧက ၆၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ပဲသစ်များ ဈေးကွက်ကို ဆက်တိုက် ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ပြည်အောင်လံကြား မြို့နယ်များနဲ့ ကြံခင်း ဖက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်ပေါ်စအချိန် အဖွင့် ဈေးမှာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ပဲစင်းငုံဈေးမြင့်လာခဲ့သလို ရန်ကုန်ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါ တယ်။                                                         ဆုမွန်ဆွေ

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ရောင်း လက် ဝယ်လက်စုံနေပြီး ပဲစင်းငုံအရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံဖြူနီနဲ့အနီ စုစုပေါင်း ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်) အတွင်းမှာ တန်ချိန် ၁၄၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

Sunday, 15 Jan 2012

      ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု အရှိန်ကောင်းလာနေပါပြီ။ ယခင် တစ်ပတ်က တန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်-၆ ရက်) အတွင်းမှာလည်း တန်ချိန် ၇၉၀၀ နီးပါး တင်ပို့လာနိုင်တာ တွေ့ရပါ တယ်။ တင်ပို့တဲ့ပဲတွေထဲမှာ ပဲအဟောင်းရော အသစ်တွေပါတင်နေပြီလို့ သိရပါ တယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီ ၁၀ ရက်အထိ ပဲစင်းငုံတင်ပို့မှု ဟာ တန်ချိန် ၂၀၆၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၁၂၅ သန်းကျော်ရရှိထား ကြောင်း သိရပါတယ်။

Sunday, 15 Jan 2012

    ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ကံမဘက်မှ မတ်ပဲသစ်များ တစ်နေ့ ကို အိတ် ၂၀-၃၀ ခန့်ဝင်လာပြီး၊ မတ်ပဲအသစ်တစ်တင်းကို ၁၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ပဲသစ်အဝင်ရှိပေမဲ့ အရောင်းအဝယ်ကတော့ မဖြစ်သေးဘူး လို့သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတွေကို  ထုတ်ရောင်းလျက်ရှိတာ ကြောင့် ရန်ကုန်ဝယ်လက်တွေ ဝယ်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန် သည်တစ်ဦးကပြောပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၁၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု တစ်ပတ် (ဇန်နဝါရီ ၇-၁၂ ရက်) အတွင်းမှာတော့ တန် ၃၉၀၀ ခန့်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်း အိန္ဒိယဝယ်လက်အဝယ် သိပ် မလိုက်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဝယ်လက်တွေလာမယ့် ၁၀-၁၅ ရက်လောက်မှာတော့ အဝယ် ပြန်လိုက်လာနိုင်တယ်လို့လည်း ပြောပါ တယ်။    အရောင်းအဝယ်သိပ်မဖြစ်လို့ ဒီတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။

Sunday, 15 Jan 2012

    ယခုတစ်ပတ်မှာ မတ်ပဲပြည်ပတင်ပို့မှုက ပုံမှန်အနေအထားကို ရောက်ရှိ လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၃၀၀ ခန့်သာ တင်ပို့မှုရှိခဲ့ရာမှ ဇန်နဝါ ရီလ ၂ ရက်မှ ၆ ရက်အတွင်းမှာတော့ တန် ၅၀၀၀ ကျော်ထိ ပြန်တင်ပို့လာနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့အထိ  စုစုပေါင်း မတ်ပဲတင်ပို့မှု တန်ချိန် ၄၉၄၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၄၁၀ နီးပါး ရရှိထားကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။

Sunday, 8 Jan 2012

    အိန္ဒိယနိုင်ငံမှာသကြားဈေးနှုန်းတွေ တည်ငြိမ်နေခဲ့ပေမဲ့လည်း လာမယ့်ဇန်နဝါ ရီလအတွက် သကြားအရောင်းကန့်သတ်ပမာဏ(quota)က နည်းသွားတာကြောင့် သကြားဈေးနှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းရတယ်။

Sunday, 8 Jan 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၂၄ သန်း တန်ဖိုး ရှိ ပြောင်းဖူးစေ့ ၁၇၉၄၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅၈၉၄ တန် ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။

Sunday, 8 Jan 2012

    ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိကာလတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၃ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၃ သန်းကို ဗီယက်နမ်နဲ့ အင်ဒို နီးရှားကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ နီးပါး တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။

Pages