Background
ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၂၈၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၃၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၉၅ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းဖိုး တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်း တန် ၁၁၀၀ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၁၀၀ ခန့် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ အပတ်စဉ် တန် ၂၀၀၀ ဝန်းကျင်ဖြင့် တင်ပို့နေရာ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အတွင်းမှာလည်း တန် ၂၃၀၀ နဲ့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ အချို့ဒေသတွေက ပဲတီစိမ်းအသစ်အနည်းငယ် ဝင်ရောက်မှုရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ ယခင်နှစ်ပဲဟောင်းပါဝင်မှု ပမာဏများနေသေးကြောင်း သိရပါတယ်။
နိုင်ငံခြားငွေလိုင်စင်ရရှိသောဘဏ် များအနက် သမဝါယမဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်တို့မှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွား ရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ငွေလွှဲပို့မှုအစီ အစဉ်ကို ဆောင်ရွက်ရန် တင်ပြခြင်း အားဗဟိုဘဏ်မှခွင့်ပြုပေးခဲ့သည့်အတွက် စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ပဲလွန်းဖြူသစ်များ ဈေးကွက်ဝင် ရောက်မှု နည်းနေသေးတာကြောင့် ပြည်ပ တင်ပို့မှုနဲ့ အရောင်းအဝယ် တွေကို ပဲအဟောင်းအနည်းငယ်စီသာ ရောင်းဝယ်တင်ပို့မှုရှိနေသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာ ၁၂-၁၆ရက်) မှာ ပဲလွန်းဖြူ တန်ချိန် ၁၇၀ ပြည်ပတင်ပို့နိုင်လို့ ယခင်သီတင်း ပတ် တင်ပို့တဲ့ တန်ချိန် ၁၃၀ ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်အထိ အရောင်းအဝယ်သွက်ခဲ့ရာမှ ယခု တစ်ပတ် (ဒီဇင်ဘာလ ၁၆-၂၂ ရက်) အတွင်းမှာတော့ အရောင်းအဝယ်ပြန်လည် လျော့ကျခဲ့ရာတန်ချိန် ၄၃၀၀ ကျော်သာအရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၇၀၀၀ ကျော်ထိတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်) အတွင်း မှာလည်း တန်ချိန် ၈၄၀၀ ခန့်အထိ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။
ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတွန်းအားပေးရန်နှင့် နိုင်ငံတော်၏စီးပွားရေးအရှိန်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဗဟိုဘဏ် အတိုးနှုန်းကို ၁၂ရာခိုင်နှုန်းမှ ၁၀ရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း၊ ထိုသို့ လျှော့ချလိုက်သည့်အတွက် ဘဏ်များမှ အပ်ငွေများအပေါ် ပေးရ သည့် အတိုးနှုန်းကိုလည်း
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီ တင်းပတ်က နေ့စဉ်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး တန်ချိန် ၆၀၀ ကျော်အရောင်းအဝယ် စာချုပ် နိုင်ခဲ့ရာမှ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာတော့ မတ်ပဲ SQ၊ FAQ တန်ချိန် ၃၈၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၄၁၀၃ တန်ခန့်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၃၄၆၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၄၇၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၃၅ သန်းဖိုး တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှားကို ၃၅၂ တန်နဲ့ စင်ကာပူကို တန် ၁၂၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၀၀၀ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ နယ်စပ်ကနေတော့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း တွေကနေ တန်ချိန် ၂၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်း လဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅)ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW