Main menu

Background

Sunday, 18 Dec 2011

    ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ချင်း ၂၅ တန် ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံက မလေးရှား ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၅၁ တန်တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ချင်းအပို့ လျော့ ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၄၄၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းခြောက်ထောင်ကျော်ရရှိခဲ့ပါတယ်။MIRT(DOT)

Sunday, 18 Dec 2011

    ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ပဲယင်း ၃၂ တန်ကျော်နဲ့ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပဲယင်း ၆ တန်ကျော် အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲယင်း ၃၉ တန် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ယခုတစ်ပတ် (ဒီဇင်ဘာ ၅-၉ ရက်) ပင်လယ်ရေကြောင်းက မြေထောက်ပဲ တန်ချိန် ၁၇၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့မှု တန်ချိန် ၈၄ ထက် ပိုတင်ပို့နိုင်ပါတယ်။ ယခုတစ်ပတ်မှာ စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါ တယ်။ FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တန်ချိန် ၁၇၀ ခန့် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။     အခြားပဲများအနေနဲ့ ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အတွင်းပင်လယ်ရေကြောင်း က စင်ကာပူကို ထောပတ်ပဲ တန်ချိန် ၆၃၊ မလေးရှားကို ပဲယင်း ၂၅ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ တန် ၈၀ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀နဲ့ ထောပတ်ပဲ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ဖြစ် ကြောင်း သိရပါတယ်။                                                       MIRT- MAPT

Sunday, 18 Dec 2011

    ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၈၀၀ ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ဈေး မြင့်လာခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာလလောက်မှစပြီး ကုလားပဲမှာ ဈေးအေး လာရာမှ ဒီဇင်ဘာဒုတိယပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာတာကိုတွေ့ရပါ တယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခုတစ်ပတ် (ဒီဇင် ဘာ ၅ ရက်မှ ၉ ရက်)အတွင်း တန်ချိန်၂၅၀ကျော်ရှိကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့လည်း ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း တန် ၅၀ ခန့်သာရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ကုလားပဲ ဖြူလုံးကြီး အရည်အသွေးကောင်း လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်း အဝယ် ဖြစ်မှုရော တင်ပို့မှုပါ လျော့လာခဲ့ပါတယ်။

Sunday, 18 Dec 2011

    ပဲခူးတိုင်းဒေသကြီး အနောက်အတွင်း ပဲတီစိမ်းစိုက်ဧက ၀ ဒသမ ၂၃ သိန်းလျာထားပြီး၊ ယခုလအတွင်း စိုက်ဧက အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း ထိပ်စတစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Sunday, 18 Dec 2011

    ယခုတစ်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အဝယ်ရှိ ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ပဲတီရွှေဝါ တန် ၃၁၂၄ နဲ့ ပဲတီစိမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၀၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု လျော့ကျနေရာ ယခုတစ်ပတ် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အတွင်းမှာ တန်ချိန် ၁၈၀၀ ခန့်ကို လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒီဇင်လာလ ၉ ရက် အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၁၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန်  ၁၆၇၀၀၀ သာ တင်ပို့မှုရှိခဲ့ကြောင်း သိရတဲ့အတွက် ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင်တော့ ပမာဏ ပိုနေတာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်များက အရည်အသွေးကောင်း ပဲတီစိမ်းများကိုသာ အဝယ်ရှိပြီး ယခုတလော အရောင်းအဝယ်ဖြစ်မှုအရ လာမယ့် သီတင်းပတ်မှာ တင်ပို့မှု အနည်းငယ်ပိုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။                                               MIRT(MAPT)

Sunday, 18 Dec 2011

    ဟင်္သာတခရိုင်အတွင်း ကိုင်းမြေ များတွင် အဓိကထားစိုက်ပျိုးကြတဲ့ ပဲသီးနှံအုပ်စုတွင် ပထမဦးဆုံးထွက်လာ တဲ့ နတ်တော်ဖြူခေါ်လွန်းဖြူပဲသစ်များ ဟာ ဒီဇင်ဘာလဆန်းကစပြီး အနည်း ငယ်ဈေးကွက်သို့ဝင်ရောက်လာပါတယ်။ ဈေးကွက်အဖွင့် ပဲလွန်းဖြူ ပိဿာ ၂၀ တစ်တင်းကို ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခင်နှစ် ပဲအဖွင့် ဈေးမှာ ၁၉၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဟင်္သာတပဲ ဈေးကွက်သို့ နေ့စဉ်ပိဿာ  ၃၀ ဝင် အိတ် ၅၀ ခန့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဒေသ များဖြစ်တဲ့ ခေါင်းဆေးကျွန်း ကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ခြင်ဘို့ကျေး ရွာများမှ ဝင်ရောက်လျက်ရှိတယ်လို့    သိရပါ တယ်။                အေးအေးခိုင်

Sunday, 18 Dec 2011

    ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက် အထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကနေ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၃ တန် ကျော် အပို့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ပဲလွန်းဖြူ အပို့မရှိခဲ့သော် လည်း ဧပြီမှ နိုဝင်ဘာလထိ ပဲလွန်းဖြူ တန် ၁၁၇၀ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်မိမိဘက်ပဲလွန်းဖြူမြေပြင်ပေါက် ဈေးမှာ တစ်တန်လျှင် ၅၆၀၉၅၄ ကျပ် ဖြစ်ပြီး ယခင်အပတ်ကထက် ၃၇၃၆၇ ကျပ်ဈေးပိုရခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဈေးမှာ ကန်ဒေါ်လာ ၈၀၅ တန် ဈေး ပေါက်ပြီး ယခင်အပတ်ကထက် ၁၁၁ ဒေါ်လာ လျော့နည်းခဲ့ပါတယ်။         MIRT(DOBT)

Pages