Main menu

Background

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၃ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တာက ထိုင်းနိုင်ငံကို ၂၇ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေး ကန်ဒေါ်လာ ၁၅၀၀-၁၆၅၀ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန် ဒေါ်လာ ခြောက်သောင်း ကိုးထောင်ကျော် ရရှိခဲ့ပါ တယ်။MIRT (DOT)

Monday, 26 Dec 2011

     ဒီဇင်ဘာ ၁၉ ရက် အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲအဝင်များသော်လည်း လှောင်လက်တွေရဲ့ ဝယ်လိုအားကြောင့် ဈေးနှုန်း ခိုင်မာလျက်ရှိတယ်။ ဒါ့အပြင် တင်သွင်းလာတဲ့ မတ်ပဲဈေးနှုန်းများ မြင့်မားခြင်း၊ ပဲခွဲစက်တွေရဲ့ ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် လက်ရှိ ရက်သတ္တပတ်အတွင်း မတ်ပဲတစ်ကွမ်တယ်လ်ကို ၁၀၀ ရူပီး ဈေးမြင့်နိုင်တယ်လိ့ု ခန့်မှန်းကြတယ်။

Monday, 26 Dec 2011

    ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်မှာ မန်ကျည်းလက်ကျန်နည်းသွားပြီး ပိဿာနှစ်သောင်းခန့်သာရှိကြောင်းနဲ့ ရန်ကုန်(ဘုရင့်နောင်)ကို နေ့စဉ်တင်ပို့မှုမရှိဘဲ ၄-၅ ရက်ခြားတစ်ခါ ပိဿာ ၂၀၀၀-၃၀၀၀ ခန့်သာ တင်ပို့ကြောင်းသိရပါတယ်။

Monday, 26 Dec 2011

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ ဟိုပုံးချင်းဈေးကွက် မှာတော့ နမ့်ခုတ်ချင်းတွေသာအဝင်ရှိနေပြီး၊ ဟိုပုံးချင်းကတော့ အဝင်မရှိသေးပါ ဘူး။ နမ့်ခုတ်ချင်းတွေလည်း အဝင်နည်းနည်းများလာတော့ အရင်တစ်ပတ်ကထက် ဈေးကျလာပြီး၊ အခက်ကြီးပြီးလှရင် တစ်ပိဿာ၂၈၀ ကျပ်ရှိပေမယ့် အခက်သေး ရင်တော့ တစ်ပိဿာ ၂၀၀ ကျပ်ကျော်သာရှိပါတယ်။

Monday, 26 Dec 2011

               ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပြန်ကျ ခဲ့ပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန်ချိန် ၈၄ နဲ့ ၆၃ တန် အသီးသီးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂-၁၆ရက်) အတွင်းမှာတော့ မြေထောက်ပဲတန်ချိန် ၁၇၂ တန်နဲ့ ထောပတ်ပဲ ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြေထောက်ပဲကို ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲယင်း ၂၈ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုးနဲ့ ရိဒ်နယ်စပ်ကနေ ပဲယင်း ၃ ဒသမ ၈၄ တန် တန်ဖိုး ကျပ် ၂ ဒသမ ၄၉၆ သန်း တို့ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နယ်စပ်စခန်းများကနေ ပဲယင်း ၃၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးကို ယခင်တစ်ပတ်က တန် ၂၅၀ ကျော်တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တင်ပို့မှုမရှိခဲ့ကြောင်း သိရပါတယ်။ FOB ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီး တန် ၃၆၀ အရောင်းအဝယ် စာချုပ် ခဲ့ကြောင်း သိရပါတယ်။

Monday, 26 Dec 2011

    ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ တစ်ရက်အိတ် ၃၀၀ ကျော်သာ အဝင်ရှိခဲ့ပါတယ်။ မင်းတုန်း၊ ကံမဘက်မှ အဝင်နည်းလာခဲ့ကာ ဒေသတွင်း ပန်းတောင်း၊ ပေါက်ခေါင်းမှဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အဝင်ရှိသလောက် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။

Monday, 26 Dec 2011

    မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာတတိယပတ် ပဲဈေးကွက်မှာ ပဲတီစိမ်း အကြီး- အသေး နယ်စုံက အဝင်သွက်ခဲ့သလို အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ဝင်လာတဲ့ ပဲတီစိမ်းတွေဟာ ရာသီရဲ့ ဖျက်စီးမှု မခံခဲ့ရလို့ အရည် အသွေးပြည့်မီမှုရှိတယ်လို့ ကုန်သည်လောကမှ ပြောပါတယ်။ ဝယ်လက် အနေအထားအရ ပဲတီစိမ်းကြီးကို မန္တလေးလက်က အများဆုံး ဝယ်ယူခဲ့ကြပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်က အများဆုံး ဝယ်ခဲ့တယ်လို့ သိရပါတယ်။

Pages