Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲသိုလှောင်မှုပမာဏ လျော့နည်းလာ တဲ့အတွက် ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအတက်ဘက်ကို ရောက်ရှိလာ ခဲ့ပါတယ်။ ဒါ့အပြင် ရူပီးတန်ဖိုး ပိုမိုကျဆင်းလာပြီး တင်သွင်းဈေးကြီးမြင့်လာတဲ့ အတွက်လည်း ပြည်တွင်းဈေးများပိုမိုလာတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ် (ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်) အတွင်း တန်ချိန် ၄၀၀၀ အောက်လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၄၅၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၄၇၁၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၉၄ သန်းကျော်ရရှိထားကြောင်း သိရပါ တယ်။
မန်းပြောင်းဈေးကွက်မှာ နိုဝင်ဘာတစ်လလုံး ပြောင်းရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်းဗမာ ၂၅၉ ကျပ်၊ ပြောင်းစီပီ ၂၆၉ ကျပ်တို့ဖြင့် အမြင့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှအပ ကျန်မြို့နယ်များမှာ ကြံစိုက်ပျိုးကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ် ချက်ကြံရင့် စိုက်ဧက ၁၈၀၀၀ ခန့် စိုက်ပျိုးပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ ဧက ၅၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလမှာ ပြောင်းတန်ချိန် ၈၆၂၅၈ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလထက် တန် ၂၆၈၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင်လည်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
ယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ ပြောင်းတန်ချိန် ၂၀၆၃၆ တန်၊ တန်ဖိုးကန် ဒေါ်လာ ၅ဒသမ၇၇၈ သန်းဖိုးကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့်အပို့လျော့ခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၄၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၉၆ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။ အများဆုံးတင်ပို့တာကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး ဗီယက်နမ်ကိုလည်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်မှာလည်း နနွင်းပေါ်တဲ့အချိန်ဖြစ်တာကြောင့် နနွင်းတွေလည်း စပြီးဖော်နေပါပြီ။စပြီးပေါ်တဲ့ နနွင်းကတော့ ပင်းတယနယ်တောင်ပို့လနဲ့ ဆင်တောင်နနွင်းတွေဖြစ်ပါတယ်။ အသစ်တွေဝင်လာပေမယ့် ဝယ်လက်က မရှိ သေးပါဘူး။ တောင်သူတွေကလည်း ရောင်းချင်တာကြောင့် ဈေးကွက်ကို ရှာနေပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၂၇ ၇က်မှ ဒီဇင်ဘာ ၃ ၇က်ကာလအတွင်း နနွင်း ၂၉ဒသမ ၆၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၁၉တန်ကျော် တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ် မှာ ယခင်တစ်ပတ် တင်ပို့တန်ချိန် ထက် ၁၀ တန် ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အက်ဖ်အိုဘီဈေး တစ် တန်ကို ကန်ဒေါ်လာ ၁၅၀၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းကျော် ရရှိခဲ့ ပါတယ်။
ယခုတစ်ပတ်မှာတော့အောင်ပန်းဘက်မှချင်းများ ပိဿာ ၃၀ ဝင် အိတ် ၃၀၀ ခန့်သာ အဝင်ရှိလို့ ယခင်အပတ်ထက် အဝင်နည်းနေပါတယ်။အောင်ပန်းဈေးကွက် တွင် ချင်းဈေးမှာ တစ်ပိဿာ ၄၅၀-၅၀၀ ကျပ်ရှိပြီး၊ ချင်းစိုက်တောင်သူများနဲ့ ရောင်းဝယ်သူများမှ အထွက်အားလုံးစုံပြီး၊ ယခုဈေးထက် နိမ့်မသွားခင် ဈေးကောင်း ရနေတုန်း ပိုမိုတင်သွင်းမှုများရှိရာ ပြည်ပွဲရုံများမှလည်း ချင်းလက်ကျန်များ ရှိနေ သေးတဲ့အတွက် မှာယူမှုနည်းသွားကြောင်းလည်း သိရပါတယ်။