Background
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများစိုက်ပျိုးသည့်အပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင် သီးနှံဖြစ်သည့် တိုင်ထောင် ပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း၊ မျှားနီတံဆိပ် မျိုး တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ဝခန့် ပေးဝယ်ရကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် များ နေ့စဉ် ဝင်ရောက်လာပြီး အထွက်လှိုင်လာပြီဖြစ်၍ တစ်ရက် အိတ် ၇၀ဝ-၈၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ပြည်အနီး တစ်ဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သလို ပေါင်းတလည်၊ ပေါက် ခေါင်းမြို့နယ်များမှလည်း ဝင်ရောက်ခဲ့သည်။
ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြား တိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၁၂၀ဝ၀ ကျော်ရှိပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာပဒေ သာ၊ မနောသုခ၊ ဆင်းသုခမျိုးများဖြစ်ပြီး စပါးပင်များကို စတင်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကောက်စိုက်သမ ရှစ်ဦး ဖြင့် စိုက်ပျိုးကြပြီး လုပ်သားခ တစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ ပေး ရကြောင်း၊ စတင်စိုက်ပျိုးသည်မှစ၍ အသုံးပြုသော မြေဆီမှာ ပုလဲမြေသြဇာကို အသုံးပြုရပြီး ပုလဲမြေဆီမှာ ဝယ်ယူရာတွင် အခက်အခဲများ ရှိသောကြောင့် နွားချေးကိုသာ အသုံးပြု ကြောင်း၊ တစ်ဧက စိုက်ပျိုးမှုမှာ တစ်တင်းခွဲခန့် စိုက်ပျိုးမှုရှိ ကြောင်း၊ မနောသုခမှာ ရက်ပေါင်း ၁၄၀ ပြည့်မှသာ စတင် ရိတ်သိမ်းကြပြီး၊ ဆင်းသုခမှာ
ကချင်ပြည်နယ် မိုးညှင်းခရိုင်သည် မိုးစပါးကိုသာအဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့် စပါးအမျိုးအစားများမှာ ဆင်းဧကရီ (၃)၊ ဧရာမင်း၊ ငွေတိုး၊ ကောက်ညှင်းနှင့် တောင်ယာစပါးတို့ကို စိုက်ပျိုးကြသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါး ၂၅၂၃၁၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ ၂၄၇၂၀၄ ဧက ရိတ်သိမ်းပြီးစီးခဲ့ရာ အထွက်နှုန်းအနေဖြင့် ပျမ်းမျှ ၇၇ ဒသမ ၁၇ တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
ပန်းတနော်မြို့နယ်သည် ကျေးရွာအုပ်စု ၅၂ အုပ်စုရှိပြီး စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ဒေသစီးပွားရေး၏ ၇၀ ရာခိုင် နှုန်းခန့်ရှိကြောင်း လေ့လာသိရှိရပြီး စိုက်ပျိုးထုတ်လုပ်ပြီးစပါး များ အရည်အသွေးကောင်းဆန်များ ရရှိရေးသည်လည်း ဆန် စက်များ၏ ဆန်စက်အဆင့်မြှင့်တင်မှုအပေါ် တွင် မူတည် လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အထက် မင်းလှရှိ ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတော ကျေးရွာတို့တွင် စပျစ်သီးကိုစီးပွားဖြစ် စိုက်ပျိုးကြ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ် သည့် ဝဥကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရရှိကြောင်း သိရသည်။ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူ များသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို စိုက်ပျိုးထားကြပြီး ယခုအခါ ဝဥဈေးသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များကဲ့သို့ ဈေးကောင်းမရရှိသေး သဖြင့် မြေကြီးထဲတွင်သာ သိုလှောင်ထားနေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း (GI) ရရှိရေးအတွက် ပြင်သစ်နိုင်ငံAFD (France Develop- ment Agency) ၏ ထောက်ပံ့ကူညီမှုဖြင့်Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဒေသဆိုင်ရာ အညွှန်းများကို အသိအမှတ်ပြုခြင်း နှင့် မြှင့်တင်ခြင်းစီမံကိန်း)ကိုGRETMyanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။