Background
ပြည်ဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက် အချို့ အဝယ်ရှိလာ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်တွင် ပဲစင်းငုံစိုက်ဧကဟာ လျာထားဧကရဲ့ ၉၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၃၅ဝဝ ကျပ်ရှိပြီး ဈေးကွက်တွင် ပဲစင်းငုံလက်ကျန်ရှိသော်လည်း အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃ဝဝဝ ကျပ်ရှိပြီး အရောင်းအဝယ်အနေနဲ့ ရန်ကုန်ဝယ်လက်များအနည်းငယ် အဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံးအနေဖြင့် တိုင်းအတွင်း ပေါက်ခေါင်း မြို့နယ် မှ အဝင်ရှိခဲ့ပြီး ရန်ကုန်သို့ ပဲစင်းငုံအိတ် ၅ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဆုမွန်မွန်ဆွေ
ဒေသတွင်း လှောင်လက်အရောင်းအဝယ်များတဲ့ မုံရွာပဲစင်းငုံနီ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇူလိုင်လအတွင်းက ပဲစင်းငုံနီ တစ်ပိဿာ အနိမ့်၊ အမြင့်ဈေးမှာ ၆၄၅ ကျပ်၊ ၆၅၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း ပဲစင်းငုံနီဈေးမှာ တစ်တင်းအပေါ် ၂ဝဝ ကျပ်-၃ဝဝ ကျပ်၊ တစ်ပိဿာအပေါ် ၁ဝ ကျပ်ခန့်သာ ဈေးအတက်အကျဖြစ်ကြောင်း သိရပါတယ်။ ဈေးအတက်အကျနည်းလို့ ဒေသတွင်း လှောင်လက်သမားများသာ အများဆုံး ရောင်းဝယ်ကြရာ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲစင်းငုံနီတင်း ၅ဝဝ ကျော်စီးထွက် ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပဲစင်းငုံကို ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုသီတင်းပတ် ဇူလိုင်လဒုတိယပတ်မှာ တန် ၆ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝဝ ထိ အရောင်း အဝယ် စာချုပ်ခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လျော့ကျလာခဲ့ပါတယ်။ ဇူလိုင်လ ဒုတိယပတ်အထိ လဝက်အတွင်းပဲစင်းငုံတန် ၁၆ဝဝဝ ကျော် FOB အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ မြန်မာပဲစင်းငုံအနီ၊ လင်းခေးစတွေကို အဝယ်ပြန်လိုက်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးမှာငြိမ်နေပြီး ဇူလိုင်လ ၁၄ ရက်မှာလည်း ပဲစင်းငုံနီ (FAQ ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
ပဲစင်းငုံတင်ပို့မှု ပြန်တိုးတက် ပြည်ပပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေထက် တိုးတက်ပြီး ယခု သီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်း တန်ချိန် ၆၅ဝဝ အထိ တိုး တက်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအား တိုးလာတာကြောင့် တင်ပို့မှု တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၃၂ဝဝဝ ခန့် သာတင်ပို့ နိုင်ခဲ့လို့ ယခုနှစ်မှာ တန်ချိန် ၂ဝဝဝဝ ကျော်ပိုမို တင်ပို့ပြီးဖြစ်ပါတယ်။ ပြည်ပအဝယ် ပြန်လိုက်လာလို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြည်မတ်ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ် ပြည်မတ်ပဲဈေးကွက်မှာ ဇူလိုင် လဆန်းရက်က မတ်ပဲဈေးမြင့်ခဲ့သော် လည်း တဖြည်းဖြည်း ဈေးပြန်ကျလာ ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ပဲတစ်တင်းကို ၁၇၄ဝဝ-၁၇၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ် နေခဲ့တာကိုတွေ့ရပါတယ်။ ပြည်အနီး အနားတစ်ဝိုက်မှ တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့်သာ အဝင်ရှိပြီး အဝင် ပါးလာတာကိုတွေ့ရပါတယ်။ ရန်ကုန် ဝယ်လက်ကလည်း တစ်နေ့ကို အိတ် ၄ဝဝ-၅ဝဝ ခန့် အဝယ်ရှိနေတယ်လို့သိရပါတယ်။ အခြားတိုင်းအဝင်မရှိဘဲ ပြည်မှ ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုကတော့ တစ်ရက်လျှင် အိတ် ၇ဝဝ ခန့် တင်ပို့မှုရှိ တယ်လို့သိရပါတယ်။ မိမိအေး
မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ရှိ ပြည်ပကို မတ်ပဲတင်ပို့မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်က တန်ချိန် ၁၆ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့)အတွင်းမှာ တန် နှစ်သောင်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း တင်ပို့မှု အားကောင်းခဲ့ သလို ယခုသီတင်းပတ်မှာလည်း တင်ပို့အားကောင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ရဲ့ ဇူလိုင်လ ၈ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် နှစ်သိန်း တစ်သောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် တစ်သိန်းလေးသောင်း ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု သိသိသာသာပိုလာတာ တွေ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်များမှာ ပြည်ပအဝယ်ပုံမှန်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ်လျော့ ယခင်သီတင်းပတ်တွေက ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လက်တွေ အဝယ်သွက်လို့ FOB အရောင်းအဝယ် စာချုပ် တန်ချိန် သုံးသောင်းနီးပါးဖြစ်ခဲ့ပေမဲ့ ယခုဒုတိယပတ်မှာ လျော့ကျလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းကုန်သည်များက ဈေးမြှင့်ရောင်းချမှု ကြောင့် FOB အဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ လဝက်အထိ FOB အရောင်းအဝယ်စာခုျပ်ခုျပ်ဆိုမှုက SQ ၊ FAQ အပါအဝင် စုစုပေါင်း တန်ချိန် လေးသောင်းနီးပါးရှိတာတွေ့ရပါတယ်။ ပြည်ပ အဝယ်အနည်းငယ်လျော့တာကြောင့် ရန်ကုန် ၤဥြ ဈေးလည်းအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၄-၇-၁၁ ၇၆ဝ-၇၈ဝ ၈၄ဝ-၈၆ဝ၈-၇-၁၁ ၇၆ဝ-၇၈ဝ ၈၅ဝ-၈၇ဝMIRT(MAPT)
သကြားစက်များ ဆုံးရှုံးမှုလျော့ကျစေဖို့ သကြားတန်ချိန် နောက်ထပ် ၁ သန်း တင်ပို့ဖို့ အိန္ဒိယ သကြားစက်အသင်းမှ တိုက်တွန်း အိန္ဒိယနိုင်ငံ ပုဂ္ဂလိကနဲ့ အစိုးရဌာနသကြားစက်ကဏ္ဍကိုယ်စားပြုတဲ့ အိန္ဒိယ သကြားစက် လုပ်ငန်းရှင်များအသင်း (Isma) ဟာ ပြည်တွင်းလက်ကျန်ပမာဏ ပိုမိုနေခြင်းနဲ့ နောက်နှစ် သကြားရာသီမှာ အထွက်ကောင်းဖွယ် ရှိခြင်းတို့ကြောင့် နောက်ထပ်သကြားတန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ခွင့်ပြုဖို့ အစိုးရကို တောင်းဆို ထားတယ်လို့ သိရပါတယ်။ အစောပိုင်းက အစိုးရဟာ ပြည်တွင်းဈေးကွက်အတွင်း ကုန်စည်ဈေးနှုန်းကျဆင်းခြင်းကို ထိန်းချုပ်ဖို့ သကြားတန်ချိန် ငါးသိန်းတင်ပို့ခွင့်ပြု ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၁-၁၂ အတွက် အဖွင့်လက်ကျန်ဟာ ယခင်နှစ်ထက်တန်ချိန် တစ်သန်းပိုပြီး တန်ချိန် ၆ သန်းခန့် ရှိမယ်လို့ အသင်းကခန့်မှန်းထားပါတယ်။ နောက်သီးနံှရာသီအတွင်း သကြားထုတ်လုပ်မှု ပိုမိုဖွယ်ရှိတာ ကြောင့် သကြား လက်ကျန်လျှော့ချဖို့ အရေးပေါ်လိုအပ်နေတဲ့အတွက် သကြားစက်လုပ်ငန်းရှင် များကို နောက်ထပ် တန်ချိန် တစ်သန်း တင်ပို့ဖို့ ခွင့်ပြုသင့်တယ်လို့(Isma) ဥက္ကဌ Narendra Maurkumbi က ဆိုပါတယ်။ ဒါ့အပြင် ကုန်သည်များအတွက် သိုလှောင်မှုကန့်သတ်ထားခြင်းကိုလည်း ဈေး ပိုရရှိစေဖို့ ဖယ်ရှားသင့်တယ်လို့ ဆိုပါတယ်။ သကြားစက်လုပ်ငန်းရှင်တွေဟာ လက် ရှိဈေးနဲ့ ထုတ်လုပ်မှုစရိတ်ကို မရရှိကြဘူးလို့ ဆိုပါတယ်။ နိုင်ငံအတွင်း သကြားပိုလံျှခြင်းနဲ့ ကုန်သည်များအတွက် သိုလှောင်မှု ကန့် သတ်ခြင်းတို့ကြောင့် သကြားစက်များရဲ့ သကြားဈေးဟာထုတ်လုပ်မှုစရိတ် အောက် ရောက်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သကြားစက်များအနေနဲ့လည်း တောင်သူတွေကို ဈေးမပေးနိုင်ကြဘူးလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ သကြား လုပ်ငန်းမှာ လွတ်လွတ်လပ်လပ်ကုန်သွယ်မှု ပြုနိုင်ဖို့ သကြားစက်များကို စည်းကျပ် ထားတဲ့ အခွန်များဖယ်ရှားခြင်းဖြင့် ကူညီသင့်တယ်လို့ Isma မှ တောင်းဆိုထား ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က သကြားတန်ချိန် ၁၉ သန်းထုတ်လုပ်ခဲ့ရာမှ ၂ဝ၁ဝ-၁၁ (အောက်တိုဘာမှ စက်တင်ဘာလ)အတွင်း သကြားတန်ချိန် ၂၄ သန်း- ၂၄ ဒသမ ၅ သန်းဝန်းကျင်ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်း စားသုံးမှုဟာ ယခုနှစ်မှာ တန်ချိန် ၂၂ သန်း-၂၂ ဒသမ ၅ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင် Source: businessline
ယခင်အပတ်ထက် ပိုမိုတင်ပို့တဲ့ မူဆယ်ပြောင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၂၈၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၁၉၈ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၆၇ တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ မူဆယ်မှ ပြောင်းဖူးစေ့ တန် ၂၃ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်အပြင် ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်များက တင်ပို့ခဲ့တာမို့ နယ်စပ်ပေါက် ၃ ပေါက် လုံးမှ တင်ပို့မှုမရှိတဲ့အတွက် ယခုအပတ်မှာ နယ်စပ်မှ ပြောင်းတင်ပို့မှု ၆၄၅ တန် လျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံပြောင်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၇၁၄၇ ၂၂၉ဝ၂၅ ၁၁၈၇၈ ၅ .၅ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၂၁၄၂၉ ၂၂ဝ၁၃၈ ၁၂၉၁ ဝ .၆ ၂၉၄ ၂၉၄ - -MIRT (DOBT)
ယခင်အပတ်ထက် ပြောင်းအပို့ ပိုမို ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၈၄ဝ၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၂၃၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု နှစ်ဆတက် တယ်လို့ ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်နဲ့စင်ကာပူတို့ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုနည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၈ဝဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေး ပေါက်လျက်ရှိပါတယ်။ KZW