Main menu

Background

Thursday, 26 Sep 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၉၁ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၀၀၈ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ထက် ၉၃၉ တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း က ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၅၀၀ ကိုတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် တန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 26 Sep 2013

ပြည်ဈေးကွက်အတွင်း မန်ကျည်းသီးစိမ်းဈေးမှာ ပေါ်စအချိန်က ၁၀ ကျပ်သား ၅၀၀ ကျပ်ဈေးအထိ ဈေးကောင်းခဲ့ပြီး၊ အဝင်များလာချိန်မှာတော့ တဖြည်းဖြည်း ဈေးကျလာကာ၂၀၀ ကျပ်မှယခုတစ်ပတ်ဆို ၁၀ ကျပ်သား ၁၀၀ ကျပ်အထိ ဈေးကျ သွားတာကို တွေ့ရပါတယ်။ ရာသီစာ သီးနှံဖြစ်တာကြောင့် အရောင်းသွက်တယ် လို့ သိရပါတယ်။

Thursday, 26 Sep 2013

နောက်ဆုံးသီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့တာကာ လအတွင်း မန်ကျည်း ၄၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ မန်ကျည်းကို ယခင်တစ်ပတ်တင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ် ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်ကနေ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။

Thursday, 26 Sep 2013

ချင်းဈေးကွက်ကြီးဖြစ်တဲ့ အောင်ပန်းချင်းဈေးကွက်မှာ ဒီတစ်ပတ်တော့ Export အဝယ်ခဏရပ်နေပါတယ်။ ဒါပေမယ့် တမူးလှောင်လက်တွေကတော့ ဆက်ပြီးဝယ်နေတုံးပါပဲ။ ဝယ်လိုအားကလည်း လျော့မသွားပဲ တစ်ပတ်ကို ပိဿာ ချိန် ၂ ဒသမ ၅ သိန်းခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ လှောင်လက်တွေက ပြည်ပကိုတင်ပို့မှု မရှိပေမယ့်လည်း လှောင်လက်တွေကတော့ ပုံမှန်အတိုင်း ဝယ်ယူနေသလို ပြည်တွင်းသုံး ချင်းထိုးသမားတွေလည်း ဝယ်ယူနေကြပါတယ်။

Thursday, 26 Sep 2013

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်အပတ်ထက် ဈေး ပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းပါး လျက်ရှိနေပါတယ်။အဝင်အားဖြင့်လည်းပိဿာ ၃၀ ဝင် အိတ် ၂၀၀ ခန့်သာ ပုံမှန် အဝင်ရှိပြီး၊ ယခင်ကထက် အဝင်နည်းနေပါတယ်။ ရခိုင်ဝယ်လက်များမှ တိုက်ရိုက် ဆင်းပြီး၊ဝယ်ယူမှုများရှိနေတဲ့အတွက် ချင်းစိုက်ပျိုးထွက်ရှိရာ အောင်ပန်း၊ တောင်ကြီး ဘက်က တောင်သူတွေမှလည်း ဈေးတင်ရောင်းချမှုများရှိလာတာကြောင့် နယ် ဝယ်လက်များမှပါ ဈေးကောင်းပေးပြီး မှာယူရောင်းချနေရပါတယ်။ ယခုတစ်ပတ် ပွဲရုံများ၌ ချင်းတစ်ပိဿာကို ချင်း(ဥမ) ရှယ် ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၉၀၀ ကျပ်ရှိပြီး၊ ချင်းဓါးလှီးသမားများမှ လက်လီ၊လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်း ဒေသ ကြီး၊ ရခိုင်ပြည်နယ်သို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာချိန် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရပါ တယ်။                                              ဝင်းဝင်းခိုင် - ပြည်

Thursday, 26 Sep 2013

စက်တင်ဘာလဆန်း မုံရွာကုန် စည်ဒိုင် ပဲဈေးကွက်မှာ ယခင်နှစ်တွေ ကလို စက်တင်ဘာအိတ်စပို့ ပဲဈေး အကြွကိုမျှော်လင့်ပြီးဝယ်ထားတဲ့ ပဲတွေ လှောင်လက်က တွက်ခြေမကိုက်လို့ ထုတ်မရောင်းနိုင်ခဲ့သလို နယ်အဝယ် အော်ဒါ မရှိလို့ လိုင်းသမားတွေ ငြိမ်နေ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ပဲဈေး ငြိမ်ခဲ့ပြီး၊ အရောင်းအဝယ် ပမာဏ လည်း ယခင်ကထက်လျော့ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

Thursday, 26 Sep 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၈ ရက်မှ စက်တင် ဘာလ ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၃၁၈ တန်နီးပါး တင်ပို့ခဲ့သလို ကန် ဒေါ်လာသုည ဒသမ ၀၉၀ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးခြမ်း ၇၉ တန်ကျော်ကို လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကပဲတီစိမ်းလုံးပြည့် ၂၇၀၂ တန် ကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်းတင်ပို့မှု ၆၁၅ တန်ကျော် ပိုမို လာတာတွေ့ရပါတယ်။ သြဂုတ်လမှာ မူဆယ်နဲ့ချင်းရွှွေဟော် စခန်းများမှ ပဲတီစိမ်း လုံးပြည့်တင်ပို့မှု ၁၉၅၄၀ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။

Thursday, 26 Sep 2013

စက်တင်ဘာလဆန်းရက်မှာ ပြည်ပဲဈေးကွက်အတွင်း အခြားပဲမျိုးစုံဈေးနှုန်းများ တစ်စတစ်စ ဈေးလျော့ခဲ့ ပေမယ့် ပဲကြီးဈေးကတော့ တရိပ်ရိပ်တက်နေတာကြောင့် ယခုတစ်ပတ်မှာ ရွှေကျွန်းတစ်တင်း ၃၇၅၀၀ ကျပ်(ကမ်းနား) တစ်တင်း ၃၅၅၀၀ ကျပ်ထိ ဈေးနှုန်းများမြင့်တက်လျက်ရှိခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ပဲဝင်ရောက်မှု အသင့်အတင့်သာရှိခဲ့ပြီး၊ လှောင်လက်သမားများမှ ထုတ်ရောင်းချနေခဲ့ပြီး၊ ဒေသတွင်းသာ ပဲကြော်ဖိုလုပ်ငန်းရှင်များ နေ့စဉ်အိတ် ၂၀၀ ကျော် ဝယ်ယူ နေခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ယခင်နှစ်ကလည်း အခြားပဲများနဲ့ယှဉ်ရင် ဈေးကောင်းခဲ့သလို ယခုနှစ်မှာလည်း ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံမှာ ဈေးအမြင့်ဆုံးရလျက် ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်

Thursday, 26 Sep 2013

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန် သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာ အရောင်းအဝယ်ပြုလုပ်တဲ့ ပဲများအနက် တရုတ်ပြည်ကိုတင်ပို့တဲ့ ပဲတီစိမ်းကြီးမှာ အဓိက အကျဆုံးပဲ ဖြစ် ပါတယ်။ ပဲတီစိမ်းကြီးကို ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦး စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။

Thursday, 26 Sep 2013

ပြည်ပဲဈေးကွက်အတွင်း စက်တင် ဘာ ပထမပတ်မှာ အရောင်းအဝယ် ဖြစ်ခဲ့သော ပဲဈေးနှုန်းများကို လေ့ လာရာမှာ အခြားပဲမျိုးစုံဈေးနှုန်းများမှာ သြဂုတ်လကုန်ဈေးထက် ဈေးလျော့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲကြီးဈေးမှာ ဆက်လက်မြင့်တက်လာခဲ့သလို စား တော်ပဲဈေးကလည်း ဈေးအမြင့်နဲ့ ဈေး ငြိမ်နေခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲဝင် ရောက်မှုနည်းပါးသလို ဈေးနှုန်းက လည်း တစ်စတစ်စ ကျဆင်းခဲ့ပြီး၊ ရန်ကုန် ဝယ်လက်က ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ယခင်အပတ်ဈေးထက် တစ်တင်း ၆၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ပါတယ်။

Pages