Background
Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2 ၂ဝ၁၁ ခု မေလအတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၉၅၃ ကျပ်-၁ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ် ကြပြီး ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၃၂ ကျပ်-၁ဝ၆၃ ကျပ်ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်များမှ ကုလားပဲဖြူလုံးကြီး V2 များ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်သလို ပြည်ပဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဒုတိယ အရောင်းအဝယ်သွက်ဆုံး ပဲသီးနံှမှာ ကုလားပဲဖြူလုံးကြီး V2 ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ V2 တင်း ၉ဝဝဝ ကျော်ရန်ကုန်သို့ V2 တင်း ၆ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်
ပြည်မတ်ပဲဈေးထပ်မံ လျော့နည်း ယခင်တစ်ပတ်ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေး တစ်တင်းကို ၁၉၅ဝဝ ကျပ် ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ပဲတစ်တင်းကို ၁၈၅ဝဝ ကျပ်ထိလျော့ခဲ့ပြီး ပြည်ပွဲရုံများသို့ တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်သာ အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်နည်းနေပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲအဝင်နည်းသော်လည်း မြို့တွင်း လှောင်လက်သမားများမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲတင်ပို့မှုရှိနေပါတယ်။ ပဲခူးတိုင်းဒေသကြီး မှ ရန်ကုန်သို့ တင်ပို့မှုကတော့ တစ်နေ့ကို မတ်ပဲအိတ် ၁၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပဲယင်း (ချင်းပဲ) မူဆယ် (၁ဝ၅) မိုင်နဲ့ တမူးနယ်စပ်များမှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ဝ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ပဲယင်း ၃၆၃ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၃၅၈ ဒသမ ၉ဝဝ တန်နဲ့ တမူးမှ ၄ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ ပဲယင်း ၁၆၈၃ တန် တင်ပို့မှု ရှိခဲ့ပြီး မေလအတွင်းမှာတော့ ယခုအပတ်မှ တင်ပို့မှုရှိတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၄၁၃၄ဝ၅ ၃၉ဝ၈၃၅ ၂၂၅၇ဝ ၅ ၅၂၈ ၅၂၇ ၁ ဝ .၂MIRT (DOBT)
လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်သို့ ပဲနီပြားသီးနံှအနေဖြင့် တစ်ရက်ကို အိတ် ၅ဝ ခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်လီသမားရော၊ လက်ကားသမားများပါ အဝယ်ရှိတယ်လို့ သိရပါတယ်။ လက်လီသမားများဖြင့် တစ်နေ့ကို အိတ် ၃ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားသမားများ အဝယ်ရှိသည့်ရက်၌ အိတ် ၁ဝဝ မှ ၁၅ဝ ခန့်အထိ ရောင်းဝယ်မှု ရှိကြပါတယ်။ ပဲနီပြားဈေးနှုန်းမှာ လက်လီတစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ လက်ကားဈေးမှာ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မုံရွာစိမ်းကြီးအဝယ်သွက် အဆွဲသွက်နေ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာ ချောင်းဦး၊ မြောင်နဲ့ ရေဦးနယ်ဘက်က ပဲတီစိမ်းကြီးတွေ ဈေးကွက်အတွင်း အဝင်သွက်လာခဲ့ပြီး တရုတ်ပြည်တင်ပို့ဖို့ မန္တလေးအဆွဲသွက်လို့ အရောင်းအဝယ်အား ကောင်းလာ တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ဈေးအဆင်းအတက်မကြာခဏဖြစ်ပေါ်ခဲ့ပေမဲ့ တစ်တင်း ၂၆၅ဝဝ ကျပ်အနိမ့်ဆုံးနဲ့ တစ်တင်း ၃၁ဝဝဝ ကျပ်ထိ အမြင့် ဆုံးပေါက်ခဲ့တာ တွေ့ရပါတယ်။ တရုတ်အဝယ် မျှော်လင့် ချက်နဲ့ ဒေသခံကုန်သည်တွေ အဝယ်ရှိခဲ့လို့ မုံရွာကုန်စည်ဒိုင် မှာ ယခုရက်ပတ်အတွင်း တစ်ရက်ကို အိတ် ၃ဝဝဝ မှ ၅ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ပွဲရုံရပ်ကွက်က ကြား သိရပါတယ်။ ယခုတစ်ပတ်စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း၅ဝဝဝ ကျော်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်
ရက်ခြားသာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲစင်းငုံ ပြည်ပဲစင်းငုံမှာ ရန်ကုန်ဝယ်လက်များ အဝယ်လျော့နည်းခဲ့တာကြောင့် ယခုတစ်ပတ်မှာတော့ ဈေးအနည်းငယ်ကျသွားခဲ့ကြောင်း သိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ တစ်ရက်ခြား၊ နှစ်ရက်ခြားသာ အရောင်းအဝယ် ဖြစ်ကြောင်းအရောင်းအဝယ်ဖြစ်သည့်ရက်များတွင် အိတ် ၄ဝဝ-၅ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်က ယခုလိုအချိန်တွင် ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ၃၂၇ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ရောင်းအားသွက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှတော့ ယခင်နှစ်လောက် ဈေးကောင်းမရသည့်အပြင် ရောင်းအားမသွက်ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
ရန်ကုန်ဝယ်လက်အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိ သလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ် ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေ ပြီး တစ်ခိုျ့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလ အတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် လျက်ရှိကာ ယခုမေလ စတုတ္ထပတ်တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မုံရွာပဲကြီးဈေးကွက် ဒေသသုံးသာ အရောင်းသွက် မုံရွာကုန်စည်ဒိုင် မေလပဲကြီးဈေးကွက်မှာ နယ်ပစ္စည်းအဝင်ရှိခဲ့ပေမဲ့ မန္တလေးဝယ်လက်မရှိလို့ ကျဈေးဆက်လက်ဖြစ်ပေါ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာဈေးကွက်အတွင်း အဓိက စီးဝင်နေကျ ကနီ၊ ကင်းနဲ့ မင်းကင်း ဒေသတွေက ပဲပေါ်စအချိန်မှာ ရေလမ်းဖြင့် တစ်ရက်အိတ် ၃ဝဝဝ ခန့် ဝင်ရောက်ခဲ့ပြီး ဈေးအနေနဲ့ တစ်တင်း ၂၄၅ဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်ထိ ဈေးကောင်းရတတ်ကြပေမဲ့ ယခုလအတွင်းမှာတော့ ရေလမ်းက အဝင်ကြဲသွားကာ တစ်ရက်ကို အိတ် ၈ဝဝ ဝန်းကျင်သာဝင်ရောက်လျက်ရှိပြီး ပေါက်ဈေးက တစ်တင်း ၁၄ဝဝဝ ကျပ်ထိကျဆင်းသွားတာတွေ့ရပါတယ်။ ပဲကြီးအသစ်ပေါ်စ အချိန်က ရန်ကုန်ဝယ်လက်ရှိလို့ အမြင့်ဆုံး ရခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေမှာတော့ ဒေသတွင်း ကုန်သည် လှောင်လက်နဲ့ လုပ်ငန်းသုံးသမားအဝယ်သာရှိခဲ့လို့ အခုလို ဈေးအေးခဲ့ခြင်းဖြစ်တယ်လို့ ပဲကြီးပွဲရုံတစ်ခုမှ ကြားသိရပါတယ်။ ဒီနှစ်ထဲမှာ တရုတ်အဝယ်မရှိသေးလို့ တရုတ်အဝယ်မျှော်လင့်ရင်း ကုန်သည်အခိုျ့ ပဲကြီးဆက်လက် လှောင်လျှက်ရှိပြီး မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ရန်ကုန်ဝယ်လက်ပါးလို့ မုံရွာ V2 ဈေးကျလာ မုံရွာကုန်စည်ဒိုင် မေလ စတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ ရန်ကုန် ဝယ်လက်ပါးလာလို့ V2 ဈေးအနည်းငယ်အေးလာခဲ့ပြီး ကျန်ကုလားပဲများကတော့ ဈေးတက်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေးများကတော့ V2 တစ်တင်း အမြင့်ဆုံး ၁၈၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး ထိုင်ဝမ်တစ်တင်း ၁၅၇ဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ်နဲ့ 929 တစ်တင်း ၁၅၅ဝဝ ကျပ်မှာ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်မှာ ရန်ကုန်ဝယ်လက်ပါးလာလို့ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် V2 တင်း ၁၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထိုင်ဝမ်နဲ့ 929 ကုလားပဲများ ကတော့ ဒေသတွင်း လုပ်ငန်းသမား ပုံမှန်ဝယ်လို့ တစ်ရက်တင်း ၁ဝဝဝ ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအဝယ်လျော့ကျ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခင်သီတင်းပတ်တွေက အဝယ်သွက်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးကို ယခုသီတင်းပတ် (မေလ ၂၃-၂၇)အတွင်းမှာတော့ တန်ချိန် ၃ဝဝ ကျော်က အရောင်းအဝယ်ဖြစ်ခဲ့ တာ တွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အတွင်းမှာ ကုလားပဲဖြူလုံးကြီး တန် ၈ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ်များအတွင်း FOB ဈေးကွက်မှာ ပြည်ပအဝယ်သွက်ခဲ့ပေမဲ့ ဒီတစ်ပတ်အတွင်း ပြည်ပအဝယ်အေးလာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက် မှာတော့ ဒေသတွင်းသုံးအဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း မေလ ၂၇ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
