Main menu

Background

Tuesday, 31 May 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိ               ယခုတစ်ပတ် (မေလ ၁၉-၂၅ ရက်) အတွင်းမှာလည်း ထောပတ်ပဲနဲ့ မြေထောက်ပဲတွေကတော့ သင်္ဘောတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ထောပတ်ပဲတန် ၈၅ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃၅ဝ ကျော်တင်ပို့ခဲ့ပြီး တင်ပို့နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။               ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၉ဝဝ ထိ ရှိခဲ့ပြီး မြေထောက်ပဲတန် ၂၅ဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ပမာဏများ ကတော့ ထောပတ်ပဲတန် ၃၅ဝဝ နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ခန့်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။MIRT - MAPT 

Tuesday, 31 May 2011

နှစ်ငုံ ညီမျှခြင်း တစ်စိမ်း                ပဲစင်းငုံက စိုက်ရက်သက်တမ်း ၇ လ၊ ၈ လရှိပြီး တစ်ဧကကို ၁၂ တင်းမှ ၁၅ တင်းခန့် ထွက်တတ်ပါတယ်။ ယခု လက်ရှိတော့ တစ်တင်းကို ၁၄၈ဝဝ ကျပ်ပေါက်ပြီး ကုန်သည် တော်တော်များများဆီမှာ လက်ကျန်ပေါ်နေ ပါတယ်။ ပဲတီစိမ်းကြီးကတော့ စိုက်ရက်သက်တမ်း ၃-၄ လရှိပြီး တစ်ဧကကို ၈ တင်းမှ ၁ဝ တင်းခန့် ထွက်ပါတယ်။ လက်ရှိ ပေါ်ဦးစ မှ တရုတ်ဘက်စဆွဲနေတော့ တစ်တင်းကို ၃ဝ၁ဝဝ ကျပ်ဈေးရပါတယ်။ အဲဒီတော့ ပဲစင်းငုံ ၂ တင်းနဲ့ ပဲတီစိမ်းကြီး ၁ တင်း ညီမျှနေတဲ့ သဘောပါ။ MMA 

Tuesday, 31 May 2011

အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းပဲတီစိမ်းကြီး               မုံရွာကုန်စည်ဒိုင်မှာ မေလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်သွက်ဆုံးပဲသီးနံှမှာ ပဲတီစိမ်းဖြစ်ကြောင်း သိရပါ တယ်။ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီမြို့နယ်များမှ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ မုံရွာ ကုန်စည်ဒိုင်ကို ဝင်ရောက်လာပြီး တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ပိဿာဈေးမှာ မေလ ၁ ရက်နေ့တွင် ၁၃၁၆ ကျပ်မှ မေလ ၁၈ ရက်နေ့တွင် ၁၆၃၂ ကျပ်သို့ဈေးမြင့်ခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ၁၅၅၃ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ရက်ကို အိတ် ၁၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ရန်ကုန်သို့ ပဲတီစိမ်းကြီးတင်း ၅၄ဝ ကျော် မန္တလေးသို့ တင်း ၁၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။                               သန်းသန်းတင်- မုံရွာ 

Tuesday, 31 May 2011

မူဆယ်မှ ပဲတီစိမ်းတန် ၃၇ဝဝ နီးပါးတင်ပို့                  မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၉၇၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၆၈၈ ဒသမ ၂၅၆ တန် တင်ပို့မှုရှိခဲ့ပါတယ်။ လုံးပြည့်အပြင် ကန်ဒေါ်လာ ဝ ဒသမ ၄၈ဝ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၄၂၄ ဒသမ ၁၆၉ တန်လည်း တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ပဲတီစိမ်း ၁၇၂၂ တန် ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း ၂၈၂ တန်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေး လိုက်ရပါတယ်                                          မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်        ပြောင်းလဲမှု    %        ယခု             ယခင်    ပြောင်းလဲမှု      %ပဲတီစိမ်း     ၁ဝဝ၁၄၁ဝ    ၁ဝ၂၃၄၈၅      ၂၂ဝ၇၅      ၂         ၁၂၂၈          ၁၂၄၃      ၁၅                ၁MIRT (DOBT)

Tuesday, 31 May 2011

ယခုသီတင်းပတ် ပဲတီစိမ်း ပြည်ပအဝယ်စာချုပ်ချုပ်ဆိုမှု လျော့ကျ              ရန်ကုန်တိုင်းကုန်စည်ဒိုင်(ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခုတစ်ပတ်(မေလ ၂၃ ရက်မှ ၂၇ ရက်) အတွင်း ပြည်ပ အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှု တန်ချိန် ၂ဝဝဝ ကျော်သာရှိလို့ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုသီတင်းပတ်များအတွင်း တရုတ်ဘက်မှ ဝယ်လိုအားပြန်တက်ခဲ့သလို လက်ရှိဈေးကို အိန္ဒိယဝယ်လက် တွေလည်း အကြိုက် တွေ့လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားပဲဈေးတွေ လျော့ကျနေတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်လာခြင်း မရှိဘဲ FOB ဈေးငြိမ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂ ရက် ရန်ကုန် FOB  ဈေးမှာ ပဲတီစိမ်းအညာနဲ့ ပခုက္ကူဈေး တစ် တန် ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန် ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ နဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ MIRT - MAPT

Tuesday, 31 May 2011

ပဲတီစိမ်းတင်ပို့မှု ပုံမှန်နီးပါးပြန်တက်လာ                 ယခုသီတင်းပတ် (မေလ ၁၉-၂၅ ရက်)အတွင်း ပဲတီစိမ်းသင်္ဘောတင်မှုက ပုံမှန်ပမာဏနီးပါး ပြန်တက်လာခဲ့ပါတယ်။ ယခင်သီတင်းပတ်အတွင်းက တန်ချိန် ၄ဝဝဝ ကျော်ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၅၇ဝဝ ကျော်ထိ ပြန်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ နယ်သာလန်တို့ကိုဖြစ်ပါတယ်။ တင်ပို့မှုပမဏများတဲ့နိုင်ငံတွေကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။ ပြည်ပအဝယ်အသင့်အတင့်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်ပမာဏအတိုင်းတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။    MIRT - MAPT

Tuesday, 31 May 2011

ဈေးလည်းငြိမ် အဝယ်လည်း အေးတဲ့ ပြည်ပဲလွန်းဖြူ                      ပြည်ပဲလွန်းဖြူုဈေးကွက်မှာ ယခုတစ်ပတ် ပဲတစ်တင်းကို ၁၇၅ဝဝ ကျပ် ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ပွဲရုံများ သို့ ပဲဝင်ရောက်မှုလည်း မရှိသလောက် နည်းနေပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတော့ မြို့တွင်း လက်လီလိုင်းသမား များသာ အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၁၈-၂ဝ ခန့်သာ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ မိမိအေး

Tuesday, 31 May 2011

ပဲလွန်းဖြူ၊ နီ ပုံမှန်အတိုင်း သင်္ဘောတင်ပို့                 ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှုကတော့ ပုံမှန်တင်ပို့မှု ပမာဏအတိုင်း ယခုသီတင်းပတ် (မေလ ၁၉-၂၅) ရက်အတွင်းမှာလည်း ပဲလွန်း ဖြူ တန် ၉၅ဝ ကျော်နဲ့ ပဲလွန်းနီ တန် ၁၂ဝ၊စုစုပေါင်း တန် ၁ဝဝဝ ကျော် ရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ရုရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ပြည်ပအဝယ် စာချုပ်ချုပ်ဆိုမှုအနေနဲ့ မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၄ဝဝ ကျော်ရှိပြီး မေလ ၂ ရက်မှ ၂၇ ရက် အထိ တန်ချိန် ၁၇ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်နီးပါးရှိနေတဲ့ ပဲမို့ ၤFOB ဈေးမှာလည်း အပြောင်းအလဲ မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။    MIRT - MAPT

Tuesday, 31 May 2011

ယခုတစ်ပတ်ပဲစင်းငုံကို ပြည်ပဝယ်ယူမှု တန် ၄၅ဝဝ ထိတက်လာ                  ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံတန် ၄၅ဝဝ ခန့်ကို ပြည်ပဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုကတော့ တန်ချိန် ၂၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။                  အိန္ဒိယဝယ်လက်အချို့ အဝယ်ရှိပေမဲ့ အိန္ဒိယဈေးကွက်အတွင်း ဈေးကျ နေတာကြောင့် ဈေးလျှော့ ဝယ်လာတဲ့အတွက် ပြည်တွင်းလှောင်လက်များ အနေနဲ့ ထုတ်ရောင်းမှုနည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးလျော့တဲ့ ပဲစင်းငုံ ဖြူနီကို တော့ အဝယ်ပိုများတယ်လို့ သိရပါတယ်။ လျော့ကျလာတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                              ဒေါ်လာ/တန်                  ပဲစင်းငုံနီ(FAQ)     ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၇-၅-၁၁     ၆၆ဝ-၆၈ဝ                   ၅၆ဝ-၅၈ဝ၂ဝ-၅-၁၁      ၆၉ဝ-၇၁ဝ                  ၅၉ဝ-၆၁ဝMIRT(MAPT)

Tuesday, 31 May 2011

   ပဲစင်း ငုံတင်ပို့မှုတန် တစ်သောင်းနီးပါးရှိလာ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ် တန်ချိန် ၃ဝဝဝ ဝန်းကျင် သာရှိခဲ့ရာမှ ယခုသီတင်းပတ် (မေလ ၁၉-၂၅) အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့ တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ပမာဏအများဆုံးဖြစ်ပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံကို တော့ အနည်းငယ်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံတင်ပို့မှု လျော့နည်းတယ် ဆိုပေမဲ့ ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။                                                              MIRT - MAPT

Pages