Background
မွန်ပြည်နယ် ရော်ဘာဈေး ပြန်လည်ဦးမော့ ယခုမတ်လဆန်းတွင် RSS -3 တစ်ပေါင် ၁၇ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၆ဝဝ ကျပ်ရှိနေခဲ့သော မွန်ပြည်နယ်ရှိ ရော်ဘာ ဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ဂယက်ကြောင့် ပြည်ပဝယ်လို အား ကျဆင်းသွားခဲ့လို့ RSS -3 တစ်ပေါင် ၁၁ဝဝ ကျပ်နဲ့ RSS -5 တစ်ပေါင် ၁ဝဝဝ ကျပ်သို့ကျဆင်းသွားခဲ့ပါတယ်။ မတ်လ တတိယပတ်အရာက်မှာ ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာသလို ဝယ်လိုအားပြန်ကောင်းလာတာကြောင့် မတ်လ စတုတ္ထပတ်မှာRSS -5 တစ်ပေါင် ၁၆၄ဝ ကျပ်နဲ့ RSS -5 တစ်ပေါင် ၁၅ဝဝ ကျပ်ကို ပြန်လည်ဦးမော့လာပါတယ်။ မွန်ပြည်နယ်မှ ရော်ဘာများအား ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့မှုမှာ ယခုလအတွင်း ၂၆ ရက်နေ့ထိ တန် ၆ဝဝဝ ခန့် တင်ပို့ခဲ့ရာ ယခင်လနဲ့ နှိုင်းယှဉ်သော် တန် ၁၈ဝဝ ခန့်လျော့နည်းသွားပါတယ်။ ပြည်ပဝယ်လိုအား ကျဆင်းရခြင်း ကြောင့်လို့ ရော်ဘာလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။ အောင်လွင်
ယခုအပတ်နယ်စပ်မှရော်ဘာ တင်ပို့မှုကျ မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၃၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများမှာ မူဆယ်နယ်စပ်မှ RSS-3 ၁၃၁ တန်၊RSS-5 ၃၉ တန်၊MSR-20 ၃၅ တန်နဲ့ ချင်းရွှေဟော်မှRSS-3 ၂၃ တန်ခွဲ၊ MSR-50 ၂၆ တန်ခွဲတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ယခုအပတ်မှာ ၂၈၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တရုတ်ဘက်မှ ဝယ်လိုအားရှိ သော်လည်း မိမိဘက်မှ ဈေးကွက်အခြေအနေကိုစောင့်ကြည့်တင်ပို့နေခြင်းကြောင့် ရော်ဘာတင်ပို့မှုမှာ လျော့ကျနေတယ် လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှ ရော်ဘာအဆင့်စုံတင်ပို့နိုင်မှုမှာ တန် ၄ဝ၆၅ဝ ကျော်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှစ်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၉၁၂၉၁ဝ ၃၈၉၄၉၁ဝ ၁၈ဝဝဝ ဝ .၅ ၄၅၇၂ ၄၄၁၆ ၁၅၆ ၃RSS - 5 ၃၇၈၂၉ဝဝ ၃၆၇ဝ၉၁ဝ ၁၁၁၉ဝဝ ၃ ၄၄၁၉ ၄၁၁၂ ၃၁၇ ၇MIRT (DOBT)
ပင်လယ်ရေကြောင်းက ပုံမှန်တင်ပို့နေ မတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၂ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု အနည်းငယ် ပိုမိုခဲ့တယ်လို့ဆိုရပါတယ်။တင်ပို့တာကတော့ မလေးရှား တစ်နိုင်ငံထဲကိုRSS-3 တန် ၂၂ဝ နဲ့ RSS-5 တန် ၂ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ KZW
အတာသြင်္ကန်ရေ ပက်ဖျန်းလိုက်လို့ ပဲမျိုးစုံဈေးအေး ပဲမျိုးစုံအရောင်းအဝယ်ထဲမှာ အခြားဆောင်းပဲတွေ မပေါ်ခင် ဒီဇင်ဘာလဆန်း လလယ်မှာ ပဲစင်းငုံတစ်မျိုးပဲ ဈေးကွက်ဦးဆောင်ပဲအဖြစ် ပေါ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ အခြားပဲသစ်တွေလည်း စိုက်ပျိုးဆဲဖြစ်သလို ပဲဟောင်းလည်း မကျန်တတ်တဲ့အချိန်ပါ ဒီလိုရာသီဥတုမှာ ကုန်သည်အများစုက နောက်ပဲရာသီအတွက် အားမွေးရင်း ငွေစုတတ်တဲ့ အချိန်ပါဘဲ။ အဲဒီလို ကာလမှာ ပဲစင်းငုံအသစ်တွေ ဒီဇင်ဘာလလယ်ကစပြီး ထွက်ပေါ်လာခဲ့ပါတယ်။ မနှစ်က ဈေးတွေ ထိုးကျလို့ ရင်ခုန်သံနည်းနည်းမြန်ခဲ့တဲ့ ပဲဟောင်းတွေကို ရင်မှာပိုက်ပြီး ပဲသစ်ပဲဝယ်ရနိုးနိုး၊ ပဲဟောင်းပဲထုတ်ရောင်းရနိုးနိုးနဲ့ အိန္ဒိယမှာ အအေးလှိုင်းကြောင့် ပဲအထွက်လျော့နိုင်တယ်ဆိုတဲ့ အသံနဲ့ ပဲစင်းငုံဈေးမာခဲ့ပါတယ်။ ဒီကြားထဲ ဇန်နဝါရီ တတိယပတ်မှာ ဝိသမကုန်သည်အချို့ရဲ့ လေပတ်ကားရိုက် အရောင်းအဝယ်ကြောင့် ဆပ်ပြာဘူဖောင်းဈေးနှုန်းတွေ၊ တစ်နပ်ခံ ဈေးနှုန်းတွေဖြစ်ခဲ့ကြပြီး အထိနာသူနာခဲ့ကြတယ်။ အခုတော့ ပဲစင်းငုံဟာ မတ်လလယ်မှာ ၂၁၈ဝဝ ကျပ်ရောက်ခဲ့ပြီး တစ်နေ့တစ်ဈေးပြန်ဆင်းလာလိုက်တာ မတ်လကုန်မှာ ၁၈၆ဝဝ ကျပ်ဈေးပဲရှိပါတော့တယ်။ အခြားပဲများလည်းအလားတူပါပဲ၊ အာလုံးအကျဘက်မှာ ရှိပါတယ်။ ကုလားပဲဖြူလုံးကြီးဆိုရင် ၁၇၆ဝဝ ကျပ်၊ ကုလားပဲဝါကြီး ၁၆၄ဝဝ ကျပ်၊ ပဲယင်း ၁၄၅ဝဝ ကျပ်နဲ့ ထောပတ်ပဲ ၁၇၅ဝဝ ကျပ်ပဲရှိပါတယ်။ လာမဲ့ ဧပြီလအတွင်း မြန်မာနှစ်သစ်ကူးသြင်္ကန်ပိတ်ရက်၊ ဘဏ်ပိတ်ရက် ရုံးပိတ်ရက်များကြောင့် အဝယ်အဆွဲနည်းသွားကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပဲမျိုးစုံဈေးရဲ့ အလားအလာကို သြင်္ကန်ရုံးပိတ်ရက်ကျော်မှဘဲ ပြန်လည်သက်ဝင်လှုပ်ရှားမှု ရှိလာမယ်လို့ မျှော်လင့်မိကြောင်းပါ။ မောင်မောင်အေး
ပဲယင်း မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ ကန်ဒေါ်လာ ဝ ဒသမ ၄၃ သန်းတန်ဖိုးရှိ ပဲယင်း တန် ၆ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၇၅ တန်ကျော်တင်ပို့ မှု ပိုမိုခဲ့ပါတယ်။ မတ်လအတွင်း ပဲယင်းတန် ၁၂ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှပဲလွန်းဖြူ တင်ပို့နိုင်မှုမှာ တန် ၃၆၅ဝ ဝန်းကျင်ရှိပါတယ်။ မိမိဘက်မှာ ဈေးကျနေပြီး တစ်ဘက်နိုင်ငံဈေးသိသိသာသာ ပြောင်းလဲမှုမရှိ ဘဲ ငွေဈေးအတက်အကျကြောင့် အနည်းငယ် ပြောင်းလဲတာ တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲယင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၅၃၅ဝ၂၈ ၅၅၅၅၉၅ ၂ဝ၅၆၇ ၄ ၆၈၅ ၆၇၄ ၁၁ ၁ .၆MIRT (DOBT)
ယခင်နှစ်ဈေးကို မမီသေးတဲ့ပြည်ပဲကြီး ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေး အနည်းငယ် ကျသွားခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါ တယ်။ ယခင်နှစ်က မတ်လအတွင်း တစ်တင်း ၃၆ဝဝဝ ကျပ်ထိဈေးကောင်းခဲ့ပြီး၊ ယခုနှစ်မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ကျပ် ၁ဝဝဝဝ ကျော်ခန့် ဈေးလျော့နည်းခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးအဝင် အနေဖြင့် အိတ် ၇ဝဝ-၈ဝဝ အထိ အဝင်ရှိခဲ့ပြီး၊ ပဲလှော်ဖိုသမားများ အဝယ်ရှိတာ ကြောင့် တစ်ရက် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သြင်္ကန်မတိုင်မီ လှောင်လက်သမားများ အဝယ်ရှိလာနိုင် တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ထောပတ်ပဲ အဝင်များလာပြီး ဈေးကျ ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ အဝင်များလာခဲ့ပြီး၊ တစ်ရက်လျှင် အိတ် ၂ဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ယခုမတ်လ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ဈေးကျသွားခဲ့ပါတယ်။ ပဲအသစ် များ အဝင်များလာတာကြောင့် ဈေးကျသွားခဲ့ခြင်းဖြစ်ပြီး၊ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် လက်လီသမားများနှင့် နယ်လှောင်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၅ဝ-၆ဝ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ ယခင်သီတင်းပတ်က မြေထောက်ပဲနဲ့ ထောပတ်ပဲ ၂ မျိုးလုံးပြည်ပ တင်ပို့မှု လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာ တော့ မြေထောက်ပဲ တန် ၂ဝဝ ကျော်နဲ့ ထောပတ်ပဲ တန် ၄၇ဝ ခန့်ထိ တိုးတက် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်နိုင်ငံကို တင်ပို့မှုနည်းခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ထောပတ်ပဲရော၊ မြေထောက်ပဲပါ ဂျပန်နိုင်ငံကို ပမာဏ များများသွားတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလှိုင်လှိုင် ဝင်နေသလို ပြည်ပအဝယ်လည်း ရှိနေတာကြောင့် ယခုတစ်ပတ်တင်ပို့မှု တက်လာ တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဧပြီလ ၁ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ဈေးငြိမ်နေပြီး ထောပတ်ပဲဈေးမှာ မတ်လ ၂၅ ရက်က FAQ တစ်တန်ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ဈေးရှိရာမှ ဧပြီလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ တန် ၁ဝဝ ကျော်ပို့ မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းလွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာ ၆၈၆၄ဝ တန်ဖိုးရှိ မြေထောက်ပဲ ၁ဝ၄ တန်ကျော်တစ်ဘက်နိုင်ငံ နယ်စပ်မြို့ လိုင်းရင်းသို့တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လတစ်လလုံး ၂၂၈ တန်တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တစ်နှစ်လုံး မြေထောက်ပဲ တန် ၅၇ဝ တင်ပို့နိုင်ခဲ့တာမို့ မတ်လ တစ်လထဲတစ်နှစ်လုံး တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဧပြီ၊မေ၊ ဇွန်လများမှာ သာတင်ပို့မှုရှိခဲ့ပြီး ကြားကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ယခုမတ်လမှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၄၆၅ဝဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ဒေါ်လာ ၆ဝဝ ဝန်းကျင်ပေါက်လျက် ရှိပါတယ်။ MIRT(DOBT)
နယ်အဝင်ကောင်းပေမဲ့ အရောင်းအဝယ်အေးတဲ့ ကုလားပဲ မုံရွာ ကုန်စည်ဒိုင် မတ်လ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ နယ်ပစ္စည်းအဝင်ကောင်းမွန်နေပြီး မန္တလေး၊ ရန်ကုန်၊ ဝယ်လက်အေးကာ ဒေသတွင်း အသုံးအတွက် အဝယ်ပုံမှန်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ဈေးကွက်အလိုအားဖြင့် ဒေသတွင်း စက်သမားနဲ့ လှောင်လက်အဝယ်သာရှိပြီး ပစ္စည်းအဝင်လှိုင်နေတဲ့အတွက် တစ်နေ့ထက်တစ်နေ့ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်အတွင်းV2 တစ်တင်း အမြင့်ဆုံး ၁၈၂ဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ်၊ 929 တစ်တင်း အမြင့်ဆုံး ၁၇ဝဝဝ ကျပ်မှ ၁၆၃ဝဝ ကျပ်၊ တိုင်ပေတစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်အသီးသီးနဲ့ တစ်ပတ်အတွင်း ကုလားပဲမျိုးစုံ တင်း ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
