Background
နယ်စပ်စခန်းများမှ ရော်ဘာတန် ၁၃ဝဝ ကျော်တင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ ၁၃၂ဝ တန်ကျော် ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၃၃ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့မှုများ ကတော့ မူဆယ်မှ တန် ၇၇ဝ၊ ချင်းရွှေဟော်မှ ၄၃၂ တန်ကျော်နဲ့ မြိတ်မှ တန် ၁၂ဝ တင်ပို့ခဲ့ပြီး ရော်ဘာအဆင့် အလိုက်တင်ပို့နိုင်မှုများကတော့ MSR- 50 ၂၈၃ တန်ကျော်၊MSR--20 ၁၁၆ တန်ကျော်၊RSS-3 ၈၇၉ တန်ကျော်နဲ့ RSS-5 ၄၃ တန်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံမှ စက်မှုလုပ်ငန်းများအတွက် ရော်ဘာဝယ်လိုအားရှိတဲ့အတွက် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး တင်ပို့လျက်ရှိပါတယ်။ယူနန်ပြည်နယ်အထိ မိမိတို့ရော်ဘာများရောက်ရှိနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ (ဒေါ်လာ/ တန်)RSS - 3 ၄၄၁၉၂၆ဝ ၅၁၆၃RSS - 5 ၄၁၆၉၇၈၅ ၄၇၈၃MIRT(DOBT)
ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝဝ ကျော်ရှိ ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ရော်ဘာ ၁၁၃၇ တန်၊ တန်ဖိုး ၄ ဒသမ ၈ဝ၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် နှစ်ထောင်ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ရော်ဘာအထွက်နှုန်းကျတဲ့ရာသီဖြစ်တာကြောင့် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၂၅ဝ တန်၊ မလေးရှားကိုRSS-3 ၁၇၇ တန်၊ MSR-20 တန် ၄ဝဝ နဲ့ MSR-50 တန် ၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ် ပြည်ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ရှိ ပန်းတောင်း၊ ဥသျှစ်ပင် မြို့နယ်များမှ ပဲသစ်များအဝင်ရှိနေပါတယ်။ ပဲသစ်တွေ ဝင်လာတာကြောင့် ဘိုကိတ် ဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးကျသွားကြောင်း သိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၇ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၁ဝဝ မှ အိတ် ၁၅ဝ အထိ အဝင်ရှိနေသော်လည်း အရောင်း အဝယ်နေ့စဉ်မဖြစ်ဘူးလို့ သိရပါ တယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို အိတ် ၂ဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ပြည်ဈေးကွက်သို့ ထောပတ်ပဲများ စတင်ဝင်ရောက်လာပြီ ပဲခူးတိုင်းအနောက်ပိုင်းအတွင်း ထောပတ်ပဲစိုက်ဧက ၁၂ဝ၂ဝ၇ ဧက စိုက်ပျိုးခဲ့ပြီး ယခုမတ်လ ဒုတိယပတ်မှ စ၍ ပဲသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ရွှေတောင်မြို့နယ်တွင် ဧက ၄ဝဝဝ ကျော်စိုက်ပိုျး နိုင်ခဲ့ပြီး ယခုဝင်ရောက်လာသော ပဲသစ်များမှာ ရွှေတောင် (ကျီးသဲ) ဖက်မှ ဝင်ရောက်တယ်လို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခင်နှစ်က ပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်ပေါ်စ အဖွင့်ဈေးမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် တစ်ရက်ကို ၁ဝ အိတ် ၁၅ အိတ်ခန့် အဝင်ရှိလာခဲ့ ပါတယ်။ ပဲသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်ချိန်ဖြစ်သဖြင့် လက်လီသမားများဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
လွယ်ဂျယ်မှ မြေထောက်ပဲ ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ စတင်တင်ပို့နိုင် ခဲ့ပြီဖြစ်ပါတယ်။ဇူလိုင်လတည်းက တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာမှ ပြန်လည် တင်ပို့လာခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၄ဝ၉၂ဝ တန်ဖိုးရှိ မြေထောက်ပဲ ၆၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု ပုံမှန်ရှိ ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကို ယခု တစ်ပတ် ပင်လယ်ရေကြောင်းက တန်ချိန် ၂၅ဝ နဲ့ ၁၇ဝ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအားရှိသလောက် တင်ပို့နိုင်ခြင်းမရှိတဲ့ ထောပတ်ပဲ က ရှားကုန်အနေနဲ့ ရှိနေတယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ဒီတစ်ပတ် မြေထောက်ပဲကို စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ ဖောက်သည်ဂျပန်ကို တင်ပို့မှုများပါတယ်။ ပြည်ပဝယ်လိုအားကောင်းပေမဲ့ ရန်ကုန် FOB ဈေးတွေကတော့ ပဲ ၂ မိုျးလုံး ငြိမ်နေပါတယ်။ မတ်လ ၁၁ ရက် FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ပြီး၊ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတာတွေ့ရပါတယ်။ MIRT - MAPT
ပြည်ကုလားပဲသစ်များ အဝင်များသလို အဝယ်သွက် ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း ပဲအသစ်များကို လှောင်လက်သမားများနဲ့ ပဲခွဲစက်သမားများမှ အဝယ်ရှိပြီး ပဲကြော်၊ ပဲလှော် သမား များကလည်း ပဲသစ်များကို အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားတိုင်း များမှ အဝင်မရှိဘဲ တိုင်းအတွင်း ဒေသများမှ ပဲသစ်များသာ အဝင်များကြောင်း သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ကုလားပဲအိတ် ၂ဝဝ ခန့် တင်ပို့ရောင်းချမှုရှိပြီး နေ့စဉ် အိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုလားပဲအဝင်လှိုင် ဈေးအေးပေမဲ့ အရောင်းသွက် စိုက်ပိုျးကာလ နောက်ကျခဲ့တဲ့ မုံရွာနယ်ဝန်းကျင်က ကုလားပဲမိုျးစုံ ရင့်မှည့်ရိတ်သိမ်းလျက်ရှိကြလို့ ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်မှာပဲ အဝင် လှိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံစက်သမားတွေ ကုန်ကြမ်း လိုသလောက်သာ ထိန်းသိမ်းဝယ်နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း ဖြည်းဖြည်းမှန်မှန်သာ ဝယ်ခဲ့ကြလို့ ကုလားပဲဈေးတွေ အေးနေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကတော့ ကုလားပဲတိုင်ပေ တစ်တင်း ၁၆၆ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်မှာ တန့်နေကာ V2 ကတော့ တစ်တင်း ၁၇၆ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်နဲ့ 929 ကုလားပဲ တစ်တင်း ၁၆၆ဝဝ ကျပ်-၁၆၈ဝဝ ကျပ်အသီးသီး ဈေးအေးနေခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် တရက်ပျမ်းမျှတင်း ၄ဝဝဝ ခန့်ရှိပြီးV2 နဲ့ 929 အများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ယခုတစ်ပတ် အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁ဝဝဝ ခန့် ရန်ကုန်ကို တင်း ၁၂ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၃ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
ကုန်ပစ္စည်းအဝင်နည်းလို့ အိန္ဒိယကုလားပဲဈေးပြန်ခိုင်မာလာ ယခုသီတင်းပတ်အတွင်း မတ်လ ၉ ရက်နေ့မှာ အိန္ဒိယပြည်တွင်း အင်ဒိုရီ ကုလားပဲလက်ငင်းဈေးကွက်ကို ပဲအဝင်လျော့ကျလာလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ဈေးပါ ၁ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၆၆ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာ တယ်လို့ သိရပါတယ်။ ပဲလုံးဈေးနှုန်းခိုင်မာလာခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့ အင်ဒိုရီဈေးကွက်ကို ပဲအိတ် ၂ဝဝဝ သာဝင်ရောက်လို့ ယခင်ရက်ဝင်ရောက်မှု အိတ် ၄ဝဝဝ ထက် ထက်ဝက်ကျ ဆင်း ခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂၈ ရက်အထိ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉၅ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၅၅ သိန်းထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းပိုမိုလာတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဟက်တာ ၁၅ ဒသမ ၂ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် သီးနံှထွက်ရှိမှုကို ဖေဖော်ဝါရီလ ၉ ရက်ကခန့်မှန်းရာ ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်းထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်း ထက်လျော့ကျမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်အနေနဲ့ ကနေဒါ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုကို ၂ဝ၁ဝ-၂ဝ၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်း ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက်ပိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအတွင်း ရေလွှမ်းမိုးမှုကြောင့် ကုလားပဲအထွက်နှုန်းကို ထိခိုက်ခဲ့ရာ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၄ ဒသမ ၄၅ သိန်း ထွက်ရှိပေမဲ့ ၂ဝ၁ဝ-၁၁ မှာတော့ တန်ချိန် ၃ ဒသမ ၇၉ သိန်းကို လျော့ကျခန့်မှန်း ထားပါတယ်။ အိန္ဒိယပြည်တွင်း ကာလလတ် ကုလားပဲဈေးက ဆောင်းပဲအမှန်ထွက်ရှိမှု နဲ့ ဈေးကွက်တွေကို ပဲဝင်ရောက်မှုအပေါ် မူတည်ပြီးပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ မတ်လမှာတော့ တစ်တန်ကို ရူပီး ၂၄ဝဝဝ-၂၆ဝဝဝ (ကန်ဒေါ်လာ ၅၃၁-၅၇၈) ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းခင်၊Source: Angel Commodities
အရောင်းအဝယ်ပိုပြီး ဈေးအေးသွားတဲ့ ပဲတီစိမ်း ဟင်္သာတမြို့နယ်အတွင်း ဖေဖော်ဝါရီလ တတိယပတ်မှစပြီး ပဲတီစိမ်းသစ်များ ဝင်ရောက်လာကာ ယခုအပတ်တွင် တစ်တင်းခွဲဝင်အိတ် ၅ဝဝ မှ ၇ဝဝ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ပဲတီစိမ်း တစ်တင်းဈေးမှာ ယခု အပတ်တွင် ၂၉ဝဝဝ ကျပ်ဈေးဖြစ်၍ ယခင်အပတ်ထက် တစ်တင်းကို ၂ဝဝဝ ကျပ် ဈေးအေးသွားပါတယ်။ ရန်ကုန် တင်ပို့နိုင်မှုများမှာလည်း ယခုအပတ်တွင် အိတ် ၃၈ဝဝ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်