Main menu

Background

Sunday, 20 Feb 2011

ပြည်မတ်ပဲအဝင်ရှိသော်လည်း ဈေးအေးနေ                   ပြည်မတ်ပဲဈေးမှာ ၂ဝ၁ဝ ဒီဇင်ဘာနောက်ဆုံးပတ်မှစပြီး ၂ဝ၁၁ ဖေဖော်ဝါရီလအထိ ဈေးဆက် အေးနေတာကိုတွေ့ရပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၂၂၅ဝဝ ကျပ်ဈေးရှိပြီး၊ တတိယပတ်မှာတော့ ပဲသစ်၊ ပဲဟောင်းတစ်တင်းကို ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြည် အနီးအနားနယ်စုံမှ ပဲအဝင်ရှိသော်လည်း ဝက်ထီးကန်ဘက်မှ အများဆုံး ဝင်ရောက်ပြီး တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ မြို့တွင်းဝယ်လက် ကလည်း ဝင်သလောက်အဝယ်ရှိကြောင်းသိရပါတယ်။ တိုင်းဒေသကြီးအတွင်းက မြို့နယ်များမှ ရန်ကုန်သို့ ပဲတစ်ပတ်ကို အိတ် ၈၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 20 Feb 2011

မုံရွာမတ်ပဲ ပစ္စည်းအဝင်နည်းလို့ ဈေးပြန်မာ               မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ်မတ်ပဲဈေးကွက်မှာ နယ်ပစ္စည်းအဝင် နည်းပြီး အဝယ်လိုက်လာတဲ့အတွက် ဈေးအနည်းငယ်ပြန်မာလာခဲ့ပါတယ်။ အိတ်စပို့အတွက် နယ်ကုန်သည်အဆွဲရှိသလို ဒေသခံခွဲစက်သမားနဲ့ ပဲလက်လီ အရောင်းသမားတွေ အဝယ်သွက်ခဲ့တဲ့အတွက် ယခုလို ဈေးမာလာခြင်းဖြစ် တယ်လို့ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုလအတွင်း လဆန်းပိုင်းက တစ်ပိဿာ ၁၁၂၅ ကျပ်ထိဈေးမာခဲ့ရာက ဒုတိယပတ်မှာ တစ်ပိဿာ ၁ဝ၆၅ ကျပ်ထိ ဈေးအေးသွားခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ တစ်ပိဿာ ၁၁၁ဝ ကျပ်ထိ ဈေးပြန်မာလာတာ တွေ့ရပါတယ်။ ဒေသတွင်း အသုံးများတဲ့ မတ်ပဲခွဲခြမ်းဈေးကတော့ လက်လီဈေး တစ်ပိဿာ ၁၃ဝဝ ကျပ်နဲ့ အရောင်းသွက်ခဲ့တယ်လို့ ပဲလက်လီသမားတွေက ပြောပါတယ်။ ယခုတစ်ပတ်အတွင်း နယ်တင်ပို့မှုအားဖြင့် မန္တလေးကို တင်း ၆ဝဝ နဲ့ ရန်ကုန်ကို တင်း ၄၅ဝ ခန့် ရှိခဲ့ကြောင်း ဈေးကွက်က ဆိုပါတယ်။                                                             ထွန်းလှိုင်

Sunday, 20 Feb 2011

မတ်ပဲတင်ပို့မှု တန် ၄ဝဝဝ ကျော်သာရှိ                 ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁ဝ-၁၆ ရက် ) ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက တန်ချိန် ၄ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ ဇန်နဝါရီလ အတွင်း အပတ်စဉ် တန် တစ်သောင်းကျော်တင်ပို့ခဲ့ရာမှ ဖေဖော်ဝါရီ ဒုတိယပတ်မှာ သိသိသာသာလျော့ကျလာခြင်းဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပြည်ပဝယ် လက်တွေ အဝယ်ပြန်လိုက်လာသလို ပြည်တွင်းအရောင်းအဝယ်လည်း သွက်နေတာ ကြောင့် ပြည်တွင်းဈေးကျဆင်းနေရာမှ ပြန်လည်မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ဝယ်လက်တွေကလည်း ပဲတီစိမ်းဈေးကြီးမြင့်မှုကြောင့် မတ်ပဲ SQ ဘက်ကို အဝယ်လိုက်လာလို့ ဈေးမာလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခင်ပတ်က ပြည်ပဝယ်လက်များ ဝယ်လိုအားရှိပေမဲ့ ဈေးမြင့်ကို ပေးမဝယ်လိုတာ ကြောင့် ပြည်ပအရောင်းအဝယ်ဖြစ်မှုနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်             ဒေါ်လာ/တန်                     မတ်ပဲ(FAQ)               မတ်ပဲ(SQ)၁၇-၂-၁၁          ၈၈ဝ-၉ဝဝ               ၉၈ဝ-၁ဝဝဝ၁ဝ-၂-၁၁           ၈၉ဝ-၉ဝဝ              ၉၉ဝ-၁ဝဝဝ                                                                                  MIRT(MAPT)

Tuesday, 15 Feb 2011

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အနာဂတ်ကြက်သွန်နီ             ယခုဆိုလျှင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်နီစိုက် ယာမြေတွေမှာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီး သလောက်ဖြစ်နေလို့ ကြက်သွန်ခင်းထွန်တုံးပိတ်ပြီလို့ဆိုရပါမယ်။ ဈေးကွက်ရဲ့အလှည့် အပြောင်း၊ သဘာဝရဲ့ အထောင်းအဖိ၊ ကြီးမြင့်လာတဲ့ စိုက်ပျိုးစရိတ်တွေ ဘယ်လောက်ပိပါစေ၊ ဒေသ တောင်သူတွေ ဇွဲမလျော့ဘဲ စိုက်ခဲ့ကြတာ ဒီနှစ်မှာ ဆောင်းကြက်သွန်လျာထားဧက ၂၈၁ဝဝ ထက်ကျော် ပြီး တိုင်းဒေသကြီးအတွင်း ဧကပေါင်း ၂၈၆၄၈ စိုက်ပျိုးပြီး ၁ဝ၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရပါတယ်။ အဓိကကတော့ အကျိုးအမြတ်ပိုမိုရနိုင်လို့စိုက်ကြရင်း ကြက်သွန်နီရဲ့ ပရိယာယ်တွေကို ကျွမ်းဝင်နားလည်လာပြီး၊ နိုင်နင်းစွာစီးပွားဖြစ် ထုတ်လုပ်နိုင်ကြလို့ စိုက်ကြတယ်လို့ ကြက်သွန်တောင်သူ အများစုရဲ့ သဘောထားကိုသိရ ပါတယ်။ ရှေးယခင်ကြက်သွန်တစ်ပိဿာ ၁ ကျပ်၊ ၂ ကျပ်ခေတ်ကနေ ယနေ့ ၅ဝဝ ကျပ်၊ ၁ဝဝဝ ကျပ် ခေတ်အထိ နှစ်စဉ်မပျက် စွဲစွဲမြဲမြဲစိုက်ကြတဲ့တောင်သူတွေ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ များစွာရှိပါတယ်။ ကြက်သွန် တောင်သူတွေရဲ့ အဓိကမျှော်လင့်ချက်က ကြက်သွန်နီ ဈေး အဆမတန်ကြီးမြင့်ရေး ကိုယ်ကျိုးစီးပွားသက်သက်မဟုတ်ဘူးလို့ တောင်သူတွေက ပြောပါတယ်။ ကိုယ်ပိုင်ယာ ကိုယ်ပိုင်လုပ်အားနဲ့ဆိုရင် ကြက်သွန်နီ စိုက်စရိတ်ဟာ တစ်ပိဿာ ၁၅ဝ ကျပ်မှ ၂ဝဝ ကျပ် အတွင်းသာရှိပြီး၊ ရင်းနှီးမြှုပ်နံှမှု အကျိုးအမြတ်အနေနဲ့ တစ်ပိဿာရောင်းဈေး ၃ဝဝ ကျပ်မှ ၅ဝဝ ကျပ်အတွင်းရရင် တောင်သူအများစု ကျေနပ်ဝမ်းမြောက်ကြတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကြက်သွန်နီအဓိကရောင်းဝယ်ရာ မုံရွာဈေးကွက်မှ လွန်ခဲ့တဲ့ သုံးနှစ် တာ ကာလ အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကြက်သွန်နီဈေးများကို လေ့လာတဲ့အခါ ကြက်သွန်နီအသစ်ပေါ်ချိန် မတ်၊ ဧပြီလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ နှစ်အလိုက်လက်ကားဈေးအနေနဲ့ ၂ဝဝ၈ ခုနှစ်မှာ ၂ဝဝ ကျပ်၊ ၃ဝဝ ကျပ်၊ ၂ဝဝ၉ ခုနှစ်မှာ ၃၅ဝ ကျပ်၊ ၄၅ဝ ကျပ်၊ ၂ဝ၁ဝ ခုနှစ်မှာ ၂ဝဝ ကျပ်၊ ၂၂၅ ကျပ်အသီးသီး ပေါက်ခဲ့ပါတယ်။ ဒီ သုံးနှစ်တာ ကာလအတွင်း ကြက်သွန် တစ်ပိဿာရဲ့ အမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ လက်ကား ဈေးအနေနဲ့ ၂ဝဝ၈ ခုနှစ် သြဂုတ်လမှာ ၃၅ဝ ကျပ်၊ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလမှာ ၁၃ဝဝ ကျပ်၊ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှာ ၄၃ဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ ကြက်သွန်နီတောင်သူတွေ တူးဖော်စအချိန်မှာ အနိမ့်ဆုံးဈေး တစ်ပိဿာ ၂ဝဝ ကျပ်ဝန်းကျင်သာ ရရှိခဲ့ပြီး၊ စိုက်ပျိုးစရိတ် တစ်ပိဿာ ၁၈ဝ ကျပ်အထက် ကုန်ကျခဲ့တဲ့ ၂ဝ၁ဝ မတ်၊ ဧပြီ ကြက်သွန် ဈေးကွက်ဟာ စိုက်ပိုျးသူ တောင်သူ ၈၅ ရာခိုင်နှုန်း ကျော်ကျော် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရပါတယ်။ သမရိုးကျ နှစ်စဉ်စိုက်ပျိုးနေကြ တောင်သူတွေအတွက် နာတစ်ခါ သာတစ်လှည့်မို့ ဆုံးရှုံးမှုဒဏ်ခံနိုင်ကြပေမဲ့ ဧည့်တောင်သူတွေအတွက် အထိနာခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ မုံရွာကြက်သွန်ပွဲရုံတန်းမှာ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း အစို့ပေါက်ကြက်သွန်ဟောင်းတွေသာ နေရာယူခဲ့ပြီး၊ ရောင်းကုန်ရှားနေတဲ့အတွက်လည်းကောင်း၊ မိုးကြက်သွန်အထွက်နည်းနေတဲ့အတွက် လည်းကောင်း၊ ပြည်တွင်း ဝယ်လိုအားကောင်းနေတဲ့အတွက်လည်းကောင်း ကြက်သွန်ဈေးအနည်းငယ် မြင့်တက် လာခဲ့ပါတယ်။ ၂ဝ၁ဝ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ကြက်သွန်နီအဟောင်းတစ်ပိဿာ ၈၅ဝ ကျပ်ရရှိခဲ့ သလို အသစ်တစ်ပိဿာ ၁၃ဝဝ ကျပ်ထိ ဈေးကောင်းရရှိခဲ့လို့ မိုးစိုက်တောင်သူအချို့ အမောပြေ ခဲ့ကြတယ်လို့ တောင်သူတို့ကပြောပြပါတယ်။                   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၁၁ ခုနှစ် ဆောင်းကြက်သွန်နီစိုက်ပျိုးမှုဟာ ဂီရိမုန်တိုင်း ကြောင့် မြေပြင်စိုက်ပျိုးချိန်နောက်ကျခဲ့တဲ့အတွက် လာမဲ့ မတ်လဆန်းမှာသာ အစောဆုံးတူးဖော်နိုင်မှာ ဖြစ်ပြီး၊ အများစုကတော့ ဧပြီလလယ်နဲ့ လကုန်ပိုင်းမှာသာ အလုံးအရင်းတူးဖော်ပြီး ဈေးကွက်ထဲ ဝင်နိုင်မယ်လို့ ကြက်သွန်တောင်သူနဲ့ ပွဲစားများက သုံးသပ်ထားပါတယ်။ ဒီနှစ်ဆောင်းရာသီ ကြက်သွန်နီ စိုက်ပျိုးမှုမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားမှုအနေနဲ့ ဂီရိမိုးမုန်တိုင်းကြောင့် ယာမြေအများစု ထယ်ထွန်စရိတ်ပိုမို ကုန်ကျခြင်း၊ အမျိုးသမီးနေ့စားခတစ်ဦး ၁ဝဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ထိတိုးလာခြင်း၊ ရာသီဥတုအခြေအနေ အရ ရေသွင်းမှုအကြိမ်ရေ မြင့်တက်ဖွယ်ရှိခြင်းစတဲ့ စိုက်ပိုျးစရိတ်ကုန်ကျမှု ယခင်နှစ်တွေကထက် အနည်း ငယ် တိုးလာဖွယ်ရှိတယ်လို့ တောင်သူအများစုက ဆိုပါတယ်။                  ဒီနှစ်ဆောင်းကြက်သွန် စိုက်ပျိုးကုန်ကျစရိတ်ဟာ ကိုယ်ပိုင်ယာ၊ ထွန်ရှိတဲ့ တောင်သူတွေအတွက် တစ်ဧက ၅ ဒသမ ၅ သိန်း၊ ၆ ဒသမ ၆ သိန်းခန့်ရှိပြီး၊ ယာမင်းသားတွေအတွက် တစ်ဧက ၆ ဒသမ ၅ သိန်းမှ ၇ ဒသမ ၅ သိန်းထိ ကုန်ကျမှုရှိတယ်လို့ လေ့လာသိရှိရပါတယ်။ လာမယ့် မတ်လလယ်ကနေ ဧပြီလကုန်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာစိုက်ပျိုးခဲ့ကြတဲ့ ဆောင်း ကြက်သွန်နီတွေ စဉ်ဆက်မပြတ်ထွက်တော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ကွင်းဆင်းမှုအရ ကြက်သွန်ခင်းတွေရဲ့ အခြေအနေဟာ သန်မာထွားကြိုင်း ကောင်းမွန်နေတာ တွေ့ရပါတယ်။ စစ်ကိုင်း၊ မြင်းမူနဲ့ မုံရွာနယ်က တောင်သူတွေနဲ့ ကွင်းဆင်းထိတွေ့မေးမြန်းတဲ့အခါ အခုအခြေအနေအတိုင်းဆိုရင် တစ်ဧကအနိမ့်ဆုံး ပိဿာ ၃၅ဝဝ ကနေ အများဆုံး ၅ဝဝဝ ထိ ထွက်နိုင်ကြောင်း၊ အရည်အသွေး ကောင်းမွန်နိုင်ကြောင်း သုံးသပ်ရပါ တယ်။               ဒီနှစ်ထွက်ရှိလာမဲ့ ဆောင်းကြက်သွန်နီတွေကို တရားမဝင်မှောင်ခိုစီးထွက်မှုမရှိစေရေး ဝိုင်းဝန်း တားဆီးကြမယ်ဆိုရင်ဖြင့် ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေမှု၊ ပြည်တွင်းစီးဆင်းမှု ပုံမှန်အတိုင်းစီးဆင်းမှု မှန်ကန်စေရေး စိုက်ပျိုးသူ တောင်သူ၊ ရောင်းဝယ်တဲ့ကုန်သည်ပွဲစား၊ သိုလှောင်သူ အိတ်စ်ပိုတာများ အဆင့်ဆင့် သတ်မှတ်ရာခိုင်နှုန်းအလိုက် ထိုင်သင့်တဲ့အကျိုးအမြတ်များ ခံစားရပြီး၊ စားသုံးသူပြည်သူလူထု မှ ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ စားသုံးမှုပြုနိုင်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းလှိုင်

Tuesday, 15 Feb 2011

နနွင်းဝင်ရောက်မှုများလို့ အိန္ဒိယဈေးကွက်တွေမှာ ဈေးကျဆင်းလာ                 အိန္ဒိယနိုင်ငံ အီရော့ဈေးကွက် ထိန်းသိမ်းရေး ကော်မတီဈေးကွက်မှာ ဖေဖော်ဝါရီလ ၉ ရက် နနွင်း လက်ငင်းဈေး သိသိသာသာကျဆင်းခဲ့တယ်လို့သိရပါတယ်။ နနွင်းလက်ချောင်း ဈေးငြိမ်နေပေမဲ့ နနွင်းဥဈေးက ဈေးကွက် အားလုံးမှာ ကျဆင်းခဲ့ပါတယ်။ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၇ဝဝဝ (ကန်ဒေါ်လာ ၁၅၄) လျော့ကျပြီး နနွင်းဥက တစ်တန်ကို ရူပီး ၁၂ဝဝဝ (ကန်ဒေါ်လာ ၂၆၅) အထိကျဆင်းခဲ့လို့ နနွင်းတောင်သူများကို ထိတ်လန့်စေခဲ့ပါ တယ်။                တစ်လအတွင်း နနွင်းတစ်တန်ကို ရူပီး ၅ဝဝဝဝ (ကန်ဒေါ်လာ ၁၁ဝ၄) ကျဆင်းခဲ့တယ်လို့ အီရော့နနွင်း ကုန် သည်များ အသင်း ဥက္ကဌ အာဗွီရာဗီရှန်တာက ပြောကြားပါတယ်။ ဇန်နဝါရီလ ၇ ရက်မှာ တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၃၃)နဲ့ ရောင်းချခဲ့ပြီးလက်ရှိမှာ ရူပီး ၁၁ဝဝဝဝ (ကန်ဒေါ်လာ ၂၄၂၉) ဈေးနဲ့သာ ရောင်းချနေရ တယ်လို့လည်း ဆိုပါတယ်။ ဈေးကွက်တွေကို နနွင်းသစ်တွေ လှိုင်လှိုင် ဝင်ရောက်လာပေမဲ့ ဝယ်လိုအား များများမရှိတဲ့ အတွက် ဝယ်လက်တွေက ဈေးအနိမ့်နဲ့ ပေးကြတယ်လို့ ဆိုပါတယ်။                   ဈေးကွက်မှာ အိတ် ၆ဝဝဝ ကျော်ထိ လက်ကျန် များနေပေမဲ့ ရောင်းချရမှုက အလွန်ဘဲနည်းနေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ရောင်းချတဲ့ ဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန်ကို ရူပီး ၈၆၁၁ဝ- ၁၂၈၁၁ဝ (ကန်ဒေါ်လာ ၁၉ဝ၁-၂၈၂၉) ရှိပြီး နနွင်းဥဈေးက ရူပီး ၈၁ဝဝဝ-၁၁၄၈၉ဝ (ကန်ဒေါ်လာ ၁၇၈၉-၂၅၃၇)   ရှိတယ်လို့သိရပါတယ်။ ဈေးကွက် ထိန်းသိမ်းရေးကော်မတီမှာ တော့ နနွင်းလက်ချောင်းတစ်တန်ကို ရူပီး ၉၅၆၇ဝ-၁၃၅၂၇ဝ (ကန်ဒေါ်လာ ၂၁၁၃-၂၉၈၇) ရှိပြီး၊ နနွင်းဥတစ်တန် ရူပီး ၉၃၂ဝဝ-၁၁၉၂၁ဝ (ကန်ဒေါ်လာ ၂ဝ၅၈-၂၆၃၃) ဈေးရှိ တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline

Tuesday, 15 Feb 2011

နမ့်ဆန်နနွင်းတွေ ဈေးကွက်ကိုအဝင်များပေမဲ့ ဈေးမာနေ              ဒီတစ်ပတ်အတွင်း နနွင်းဈေးလည်း အနည်းငယ်ထပ်တက်လာပါတယ်။ နမ့်ဆန်နနွင်းတွေလည်း ဈေးကွက် ကို အဝင်များနေပါပြီ။ နနွင်း(စို)တွေကို တောက်လျှောက်ပြုတ်ပြီး အခြောက်လုပ်နေတာကြောင့် ဒီကရှေ့ဆိုရင် အဝင် ပိုလှိုင်လာတော့မှာဖြစ်တယ်လို့ နမ့်ဆန်က နနွင်းကုန်သည်တွေကဆိုပါတယ်။ နနွင်း (စို) တွေကတော့ အခြောက်ပြုလုပ်ဖို့ ဝယ်ယူနေလို့ ဈေးကွက်မှာ မရှိသလောက်ဖြစ်နေပါပြီ။ နမ့်ဆန်ဈေးကွက်မှာ နနွင်းခြောက် တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေးရှိပါတယ်။               အောင်ပန်းဈေးကွက်ကိုတော့ ကလောမြို့နယ်ကထွက်တဲ့ ဟဲဟိုးနနွင်း၊ ရွာငံမြို့နယ်၊ မြိုင်ရွာကထွက်တဲ့ မြိုင်နနွင်း ဆိုပြီး (ရိုးရိုး) စတွေဝင်နေပါတယ်။ အဝင်ကတော့ ပုံမှန်ခန့်သာဝင်နေပြီး၊ ရိုးရိုးစလို့ခေါ်တဲ့ နနွင်းခြောက်ကတစ်ပိဿာ ၂၂ဝဝ ကျပ်၊ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ အထွက်လည်း ကောင်း၊ ပစ္စည်းအရည်အသွေး ကလည်း ကောင်းတာကြောင့် ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်

Tuesday, 15 Feb 2011

ချင်း ၁၁ တန်သာ ပို့နိုင်ခဲ့                ဖေဖော်ဝါရီ ပထမပတ်အတွင်း ချင်း ၁၁ တန်ကို မလေးရှားနိုင်ငံကို တင်ပို့ ခဲ့ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ၁၄၄ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့ တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၅၈၄ဝ ရရှိခဲ့ပါတယ်။ MIRT (DOT) အဝင်နည်းပြီး အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်                  ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၈ဝ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့လျှင် ပိဿာချိန် ၂ဝဝ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း (ရှယ်) ၁၁ဝဝ ကျပ်၊ (ဂျွန်) ၉၅ဝ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။        ဝင်းလဲ့ဝါ ခြံအရောက်လိုက်ဝယ်ကြတဲ့ ရှမ်းချင်းဈေးကွက်               အောင်ပန်းဈေးကွက်မှာ ချင်း (စို) ဈေးက အရင်တစ်ပတ်ကထက် တက်လာပါတယ်။ အဝင်နည်းလာပြီး လက်ကျန်လည်းနည်းနေပြီလို့သိရပါတယ်။ ဒီနှစ်က ရာသီဥတုကြောင့် အထွက်နှုန်းလျော့လို့ လက်ကျန်လည်း သိပ်များများ မကျန်တော့ပါဘူး။ ဒါကြောင့် ကလောမြို့နယ်က ချင်းစိုက်တောင်သူတွေက အသစ်တွေပြန်စိုက်ဖို့ ပြင်ဆင်နေကြပါပြီ။ အောင်ပန်းချင်းဈေးက အရည်အသွေး ပေါ် မူတည်ပြီး ဈေးကွက်မှာတစ်ပိဿာကို ၆ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးအထိ ရှိလာပါတယ်။ နမ့်ဆန်ချင်းတွေကိုတော့ တစ်ပိဿာ ၄၅ဝ ကျပ် ဝယ်ယူနေတယ်လို့ သိရပါတယ်။                  နမ့်ဆန်ကထွက်တဲ့ ချင်း (စို) တွေကို ဒေသတွင်းပြန်ဖြန့်ဖို့အတွက် တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုး၊ မြင်းခြံစတဲ့ မြို့တွေက နမ့်ဆန်အထိတက်ပြီးဝယ်ကြပါတယ်။ ချင်းစိုတွေက ဈေးကွက်ကိုသိပ်မဝင်တော့ဘဲ ဝယ်လက်တွေက ခြံတွေ အရောက်လိုက်ဝယ်နေပြီး တစ်ခါတည်း တင်သွားကြတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်ကနေ မန္တလေးကို အများဆုံးတင်ပို့ကြပါတယ်။ နမ့်ဆန်မှာ ချင်းစို တစ်ပိဿာ ၄၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတစ်ပိဿာ ကျပ် ၁၄ဝဝ- ၁၅ဝဝ ဈေးရှိပါတယ်။ ဒီတစ်ပတ်ချင်းခြောက်ဈေးကတော့ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာကျပ် ၁၅ဝဝ -၂ဝဝဝ၊ တောင်ကြီးဈေးကွက်မှာတစ်ပိဿာ ကျပ် ၂ဝဝဝ- ၂၃ဝဝ ဈေးရှိပြီး၊ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းစီ ဆင်း သွားတယ်လို့ ချင်းပွဲရုံက သိရပါတယ်။                                                                                       ဧဧခိုင်

Tuesday, 15 Feb 2011

၁၅ နှစ်အတွင်း ပြောင်းရောင်းလိုအား အနိမ့်ဆုံးရောက်ရှိ                    ၂ဝ၁ဝ-၂ဝ၁၁ မှာ အမေရိကန်ရဲ့ပြောင်းရောင်းလိုအား ၁၅ နှစ် အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနိုင်တာကြောင့် အီသနောထုတ်လုပ်ရေး များအတွက် ပြောင်းရောင်းလိုအား ကျဆင်းဖွယ်ရှိနေကြောင်း သိရပါတယ်။ယခု ရာသီကုန်ချိန်မှာ ရောင်းလိုအား ဘူရှယ် (၇၂၈) သန်းရှိပြီး ယခင်နှစ်ကုန်ချိန်က သိုလှောင်မှု တန်ချိန် (၁ ဒသမ ၇ဝ၈) ဘီလီယံကလည်း ၄၃ ရာခိုင်နှုန်း ကျဆင်း နေကြောင်းသိရပါတယ်။ဇန်နဝါရီလရဲ့ ရောင်းချမှုက ဘူရှယ် (၇၄၅) သန်းရှိကြောင်း သိရပါတယ်။ ၁၉၉၅-၁၉၉၆ နှစ်တွေမှာ သိုလှောင်မှု ၄ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်မှာတော့ ၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းကြပါတယ်။ ပြောင်းကတော့ အစားအစာနဲ့ ပို့ကုန်တင်ပို့မှုနှစ်မျိုးလုံးအတွက် သတိထား ရမယ့်အခြေအနေဖြစ်နေပါတယ်။ချီကာဂိုကုန်သွယ် ရေးအသင်းရဲ့ပြောင်း ဈေးနှုန်း ကတော့ လ (၃ဝ)အတွင်း အမြင့်ဆုံးဖြစ်နေပြီး စားသုံးမူအတွက် ဝယ်လိုအား ကောင်း နေကာ ရောင်းလိုအားက အားနည်းနေပါတယ်။ Source:Commodity online,KZW

Tuesday, 15 Feb 2011

နယ်စပ် ပြောင်းဖူးစေ့ ဈေးနှုန်း အနည်းငယ် မြင့်တက်နေ                       ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပြောင်းဖူးစေ့တန် ၃၅၇ဝ ခန့် ကန်ဒေါ်လာ ဝ ဒသမ ၈၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း (၂) ခုကနေ ၅ဝ၇၅ တန်နီးပါးတင်ပို့နိုင်ခဲ့သော်လည်း ယခုအပတ်မှာ တန်ချိန် ၁၅ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ယခုအပတ်မှာ ပြည်တွင်းပြောင်းဈေး အနည်းငယ် မြင့်တက်လာသလို တစ်ဖက်နိုင်ငံဈေးလည်း အနည်းငယ် မြင့် တက် လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဖူးစေ့ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                                            မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု                ယခင်          ပြောင်းလဲမှု  %            ယခု       ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့         ၂၉ဝ၄၉၃         ၂၆၄၄၂၈         ၂၆ဝ၆၅       ၉            ၃၃၄       ၂၈၉       ၄၅             ၁၄MIRT (DOBT) 

Tuesday, 15 Feb 2011

နှစ်ကူးကာလ ပြောင်းတင်ပို့မှုလျော့                ဖေဖော်ဝါရီလ ၁ ရက်မှ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၁ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ၂၁၉၁ တန် တင်ပို့ခဲ့တာကြောင့် တန်ချိန် ၁၆ဝဝ လျော့ နည်း တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ဖိလစ်ပိုင်ကို တန် ၅ဝဝ၊ စင်္ကာပူကို ၉၁ တန်အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူးကာလ ဖြစ်တာကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးရော နယ်စပ်ကုန်သွယ်ရေး ပါ ပြောင်းတင်ပို့မှု ကျဆင်းရခြင်းဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြားဈေးရလျက်ရှိကြောင်း သတင်းရရှိပါတယ်။                    KZW

Pages