Main menu

Background

Sunday, 30 Jan 2011

ရှမ်းပဲစင်းငုံ ဈေးကွက်စဝင်                  ဒီတစ်ပတ်ဈေးကွက်ကို ရှမ်းပဲစင်းငုံတွေ စပြီးဝင်လာပါပြီ။ အများဆုံး စိုက်တဲ့ တောင်ကြီးခရိုင်၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ရပ်စောက်စတဲ့ မြို့နယ်တွေကနေ ဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်ရှမ်းပြည်နယ်တောင်ပိုင်း ပဲစင်းငုံအထွက်နှုန်းက မနှစ်ကထက် အထွက်လျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဇင်ဘာလမှ နှင်းခါးတွေကျလာလို့ မြို့နယ်အချို့မှာ ပဲစင်းငုံအခင်းလိုက် ပျက်သွားတယ်လို့ သိရပါတယ်။ ပဲစင်းငုံမှာလည်း အထွက်စောတဲ့မျိုးနဲ့ အထွက်နောက်ကျတဲ့ မျိုးဆိုပြီး နှစ်မျိုးရှိလို့ အထွက်စောတဲ့ ပဲတွေက နှင်းခါးဒဏ်လွတ်သွားပြီ၊ အထွက်နောက်ကျတဲ့ ပဲကတော့ ထိသွားတယ်လို့ သိရပါတယ်။ ဟိုပုံးမြို့နယ်တစ်ဝိုက်မှာတော့ လွင်ပြင်က အခင်းတွေ ထိပေမဲ့ တောင်စောင်းနဲ့ ကုန်းမြင့်ပေါ်က အခင်းတွေကတော့ နှင်းခါး ဒဏ်က လွတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မနှစ်က ဟိုပုံးမြို့နယ်မှာ ပဲစင်းငုံ ပိဿာချိန် ၅ သိန်းထွက်ရင် ဒီနှစ်တော့ ၁ သိန်းလောက်သာထွက်နိုင်တယ်လို့ ဟိုပုံး ဒေသခံကုန်သည်တွေထံက သိရပါတယ်။ နာမည်ကြီး လင်းခေး ပဲစင်းငုံ ကတော့ ၂ လပိုင်းအကုန် ၃ လပိုင်းလောက်မှသာ ဈေးကွက်ကို ဝင်မှာဖြစ်ပါတယ်။ ဒီနှစ်ထွက်တဲ့ ပဲစင်းငုံဈေးက အတက်အကျကြမ်းတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံသစ်ဈေးကလုံးကြီးတစ်ပိဿာ ၇ဝဝကျပ်၊ (နီ၊ သေး) တစ်ပိဿာ ၉ဝဝ ကျပ် ဈေးရှိပြီး၊ ပဲစင်းငုံအဟောင်းက တစ်ပိဿာ ၁ဝဝဝ ကျပ် ဈေးရှိပါတယ်။                          ဧဧခိုင်

Sunday, 30 Jan 2011

အဝင်များပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲစင်းငုံ              ပြည်ပဲစင်းငုံမှာ ယခုတစ်ပတ် အစပိုင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၂၇ဝဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပေမဲ့ နောက်ရက်များမှာတော့ တစ်တင်း ၂၃ဝဝဝ ကျပ်သို့ ဈေးအေးလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အစုံမှ ပဲစင်းငုံအဝင်များသလို တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဆီဆုံကုန်းမြို့နယ် များမှလည်း အဝင်များကြောင်းသိရပါတယ်။ ပြည်ဈေးကွက်သို့ စုစုပေါင်း အိတ် ၂ဝဝဝ ကျော် အဝင်ရှိပြီး၊ အဝင်များ လာခြင်းကြောင့် ဈေးလျော့သွားခဲ့ပေမယ့် ယခင်တစ်ပတ်ဈေးထက် ဈေးကောင်းရနေပါတယ်။ အဝင်များသလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                  ဆုမွန်မွန်ဆွေ

Sunday, 30 Jan 2011

်အဟောင်းရော အသစ်ပါသွက်တဲ့ မန်းပဲစင်းငုံဈေးကွက်                     ယခုတစ်ပတ် မန်းပဲဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်တို့ ဝယ်လို အားကောင်းနေလို့ အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်မှာ အဝင်လှိုင်လာပြီး၊ အဟောင်းရော အသစ်ပါ ဈေးကွက်အတွင်း ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်အဟောင်းရှိတဲ့ ကုန်သည် များကလည်း ပဲအဟောင်းများကိုထုတ်ရောင်းပြီး၊ ပဲစင်းငုံအသစ်များကို ပြန်ဝယ်ယူ နေတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ငုံနီအသစ်တစ်ပိဿာ ၉၆၇ ကျပ်၊ တစ်တန် ၅၉၂ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ငုံနီအသစ်တစ်ပိဿာ ၁၁၆၇ ကျပ်၊ တစ်တန် ၇၁၄၆ဝဝ ကျပ်နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် မန်းဈေးကွက်မှာ ပစ္စည်းအဝင်လှိုင် လာသလောက် ရန်ကုန်ဝယ်လက်သမားများမှ ဝယ်လိုအားကောင်းလာတဲ့အတွက် ရောင်းဝယ်ရတာကောင်း တယ်လို့ ကုန်သည် များက ပြောကြပါတယ်။ ကျော်ကျော်မိုး

Sunday, 30 Jan 2011

ပဲစင်းငုံတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးဖြစ်လာ            ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတန်ချိန် ၈၅ဝဝ တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂ဝ ရက်မှ ၂၆ ရက်) မှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်အသီးသီးကို ပဲစင်းငုံဝင် ရောက်မှု တိုးတက်လာပြီး ဝယ်လက်များကလည်း ယခုသီတင်းပတ် အစောပိုင်း မှာ အဝယ်ခပ်စိပ်စိပ်ရှိသလို ပြည်တွင်း ကုန်သည်တွေကလည်း အသစ်၊ အဟောင်း ရောင်းချမှုတွေရှိခဲ့လို့ ဈေးမြင့်တက်ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာတော့ အမြင့် ဈေးနဲ့ ဝယ်ယူမှုနည်းလို့ ဈေးပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အရောင်းအဝယ် တော့ ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခုပတ်  FOBဈေး အပြောင်းအလဲကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                      ဒေါ်လာ/တန်                              ပဲစင်းငုံနီ                ပဲစင်းငုံဖြူနီ၊ အဖြူ ၂၇-၁-၁၁   ၈၆ဝ-၈၈ဝ     ၉၃ဝ-၉၅ဝ      ၇၈ဝ-၈ဝဝ        ၈ဝဝ-၈၁ဝ ၂၁-၁-၁၁    ၈၇ဝ-၈၉ဝ    ၉၃ဝ-၉၅ဝ      ၇၇ဝ-၇၉ဝ         ၈ဝဝ-၈၁ဝ MIRT(MAPT)

Sunday, 30 Jan 2011

ဟင်္သာတမတ်ပဲသစ်များ လှိုင်လှိုင်ဝင်ပါပြီ              ၂ဝ၁၁ ခုနှစ်ထွက် ဟင်္သာတမတ်ပဲများဟာ ဈေးကွက်ကို ဇန်နဝါရီလ လယ်က အနည်းငယ် စတင်ဝင်ရောက်ခဲ့ပြီး ယခု ဇန်နဝါရီလကုန်မှာ အင်္ဂပူ၊ မြန်အောင်၊ လေးမျက်နှာမြို့နယ် မတ်ပဲစိုက်ဒေသများက လှိုင်လှိုင်ဝင်ရောက် လာပြီလို့ သိရပါတယ်။ ဈေးကွက်ကို ဝင်စက တစ်တင်း ၂၃၇ဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့ ပေမဲ့ ယခုအပတ် လှိုင်လှိုင်ဝင်ချိန်မှာ တစ်တင်း ၂၃၄ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ကို နေ့စဉ် မတ်ပဲသစ် အိတ် ၂ဝဝ ခန့်ဝင်ရောက်ပြီး ရန်ကုန်သို့ အိတ် ၁၅ဝ ခန့်တင်ပို့နေပြီလို့ သိရပါတယ်။ ရန်ကုန် ဈေးကွက်ကို နေ့စဉ် မတ်ပဲအဟောင်း၊ အသစ် အိတ် ၅ဝဝ ဝန်းကျင်တင်ပို့ နေတယ်လို့လည်း သိရပါတယ်။                                                                              အေးအေးခိုငိ 

Sunday, 30 Jan 2011

ပြည်မတ်ပဲဈေးပြန်အေး               ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ မတ်ပဲဈေးကွက်မှာ ပဲအသစ်များ ပေါ်စပြုနေပြီဖြစ်လို့ ပြည်အနီးအနား ဇီးအုပ်၊ နတ္တလင်းရွာများမှ အရောက် ရောင်းချကြပါတယ်။ ပဲအသစ်တစ်တင်းကို ၂၂ဝဝဝ ကျပ်ဈေးရှိလို့ ယခင်နှစ်ဈေးနဲ့ ယှဉ်ရင်နည်းတယ်လို့ သိရပါတယ်။ ကုန်သည်လက်ဝယ်ကျန်ရှိနေတဲ့ ပဲတစ်တင်းကို ဇန်နဝါရီလ တတိယပတ်မှာ ၂၂၅ဝဝ ကျပ်ဈေးရှိပြီး စတုတ္တပတ်မှာတော့ ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်မြင့်လာပြီးမှ ၂၃ဝဝဝ ကျပ်ထိဈေးပြန်လျော့ နည်းလာ ခဲ့တာကို တွေ့ရပါတယ်။ မြို့တွင်းရောင်းဝယ်မှုကတော့ မရှိသလောက်နည်းနေ တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၉၅ဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး 

Sunday, 30 Jan 2011

 နယ်စပ်မှ မတ်ပဲတင်ပို့မှု ပြန်လည်လှုပ်ရှား              မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၂ဝဝဝ တန်ဖိုးရှိ မတ်ပဲ ၁၃ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ ဧပြီ၊ မေ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ လများမှာသာ မတ်ပဲ ၈၄၈၈ တန် တင်ပို့နိုင် ခဲ့ပြီး ယခုဇန်နဝါရီလမှာမှ ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် -                                           မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု         ယခင်        ပြောင်းလဲမှု    %      ယခု     ယခင်      ပြောင်းလဲမှု     %မတ်ပဲ      ၈၆ဝ၉၃၅   ၇၈၉၃၈ဝ         ၇၁၅၅၅      ၈       ၉၈၆    ၉ဝ၉             ၇၇           ၈MIRT(DOBT)

Sunday, 30 Jan 2011

ယခုတစ်ပတ် မတ်ပဲတန် ၁၃ဝဝဝ အတင်ရှိ               ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ကို ပင်လယ်ရေ ကြောင်းက တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၂ဝ-၂၆ ရက်) မှာ တန်ချိန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအသစ်တွေ ဈေးကွက်တွေ အဝင် များလာပြီဖြစ်သလို ပြည်ပအဝယ်ကလည်း အားကောင်းလာပါတယ်။ ယခု သီတင်း ပတ် အစပိုင်းမှာ ဝယ်လိုအားကောင်းလို့ ဈေးမြင့်လာခဲ့ရာက သီတင်းပတ် နှောင်း ပိုင်းမှာတော့ ဈေးအနည်းငယ်ပြန်ဆင်းလာပေမဲ့ ယခင်ပတ်အဈေးနှုန်းထက် ပိုလာ တာတွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအရည်အသွေးကောင်းမရနိုင်တဲ့အတွက် မြန်မာမတ်ပဲကို အဝယ်ရှိနေအုံးမှာဖြစ်လို့ ဈေးများများမကျနိုင်ဘူးလို့ ကုန်သည် များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB  ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                              ဒေါ်လာ/တန်                    မတ်ပဲ(FAQ)         မတ်ပဲ(SQ) ၂၇-၁-၁၁      ၉၃ဝ-၉၄ဝ        ၁ဝ၈ဝ-၁ဝ၉ဝ ၂၁-၁-၁၁      ၈၈ဝ-၈၉ဝ        ၁ဝ၅ဝ-၁ဝ၆ဝ                                                                                                                        MIRT(MAPT)

Friday, 28 Jan 2011

နယ်စပ်ပြောင်း တင်ပို့မှု အားကောင်းဆဲ           မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းတို့မှ ဇန်နဝါရီလ ၁၂ မှ ၁၈ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့ ၁၂၁၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁ဝ၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေး အနိမ့်ဈေးဖြင့် ဆက်တိုက်ရှိနေရာကနေ အနည်းငယ်မြင့်တက် လာကြောင်း တွေ့ရပါတယ်။ တရုတ်ဘက်မှဝယ်လိုအားရှိပြီး ၅ဝ ကီလိုတစ်အိတ်ကို (၉ဝ ဒသမ ၅) ယွမ်၊ တစ်တန်လျှင် (၁၈ဝဝ) ယွမ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးတွေကတော့ မိမိဖက်မှာ တစ်တန်လျှင် ၁၈ဝဝဝ ကျပ်ခန့်နဲ့ တစ်ဖက်နိုင်ငံဈေး တစ်တန်ကို ၉ ဒေါ်လာခန့် ဈေးပိုမိုရခဲ့ကြောင်း တွေ့ရှိရပါတယ်။                                                  မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု          ယခင်       ပြောင်းလဲမှု           %      ယခု       ယခင်       ပြောင်းလဲမှု       %ပြောင်းဖူးစေ့  ၂၃၅၉၄၂    ၂၂၁၅၂၉        ၁၈ဝ၁၃            ၈       ၂၈၂       ၂၇၃             ၉               ၃MIRT(DOT)

Friday, 28 Jan 2011

တစ်ပတ်အတွင်း တန် ၄ဝဝဝ ကျော် သင်္ဘောတင်                  ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်းတန်ချိန် ၄ဝ၃၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၁၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၅ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၈ ဆ ပိုမိုခဲ့တာတွေရှိရပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၂၇၆ တန်၊ မလေးရှားကို ၄၇၄ တန်၊ ဖိလစ်ပိုင်ကို ၂ဝ၈၄ တန်နဲ့ စင်္ကာပူကို တန် ၁၂ဝဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB  (ရန်ကုန်)ဈေးက တော့တစ်တန် ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သိရပါတယ်။                                                                                       KZW

Pages