Background
ဈေးမာလာတဲ့ မန်းမြေထောက် မြေထောက်ပဲကို မန်ဈေးကွက်အတွင်း အောက်တိုဘာလ ဒုတိယပတ် ထက် ယခုတတိယပတ်မှာ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရန်ကုန်ဝယ် လိုအားရှိနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ်လို့ မြေထောက်ကုန်သည် တို့ကပြောပါတယ်။ အောက်တိုဘာလဒုတိယပတ်မှာ မြေထောက်ပဲတစ်ပိ ဿာ ၈၇ဝ ကျပ် (တစ်တန် ၅၃၂၇ဝဝ ကျပ်)ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု တတိယပတ်မှာတော့ တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန် ၅၆၇ဝဝဝ ကျပ်)နဲ့ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရောင်းဝယ်မှုအနေနဲ့ တစ်ပတ်အတွင်း ၅၄ ပိဿာဝင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါ တယ်။ ကျော်ကျော်မိုး
ပင်လယ်ရေကြောင်းကမြေထောက် တန် ၈ဝဝ ကျော်ထိ တင် ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်နေ့)အတွင်း ပင်လယ်ရေကြောင်းကနေ မြေထောက်ပဲ တန်ချိန် ၈ဝဝ ကျော်ထိ စံချိန်တင် တိုးတက်တင်ပို့တာတွေ့ရပါတယ်။ ဒီနှစ် မှာ ထူးထူးခြားခြား ရုရှားကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရသလို ပုံမှန် အဝယ်ရှိတဲ့ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်းခပ်သွက်သွက် တင်ပို့ နေတာ တွေ့ရပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန် ၅ဝဝ နီးပါး တင်ပို့ခဲ့ တာဖြစ်လို့ ယခုအောက်တိုဘာလ မြေ ထောက်ပဲအတင် ယခင်လတွေထက် သိသိသာသာပိုမယ်လို့ခန့်မှန်းရပါတယ်။ တင်ပို့မှု တိုးတက်သလို ရန်ကုန် FOB ဈေးနဲ့ အိန္ဒိယ မွန်ဘိုင်းဈေး များလည်း မြင့်တက်လာတာ တွေ့ ရပါတယ်။ ၂၂-၁ဝ-၁ဝ ၁၄-၁ဝ-၁ဝရန်ကုန် ၆၆ဝ-၆၇ဝ ၆၃ဝ-၆၄ဝ(FOB)အိန္ဒိယမွန်ဘိုင်း ၈၃၅ ၇၇၉(Unpolished)အိန္ဒိယမွန်ဘိုင်း ၈၈ဝ ၈ဝ၂(polished) MIRT(MAPT)
ရေလိုက်ကြဲစနစ်နဲ့ စိုက်တဲ့ မင်းလှမတ်ပဲ ပဲခူးတိုင်းဒေသကြီးအနောက်၊ မင်းလှမြို့နယ်မှာ မတ်ပဲကိုစိုက်ပျိုးနေပြီလို့ သိရပါတယ်။ မင်းလှ ပတ်ဝန်းကျင် ရွာများမှာ မတ်ပဲ၊ ပဲပုပ်တို့ကို သီတင်းကျွတ် လဆန်းပိုင်းမှာ ပဲစတင်စိုက်ပျိုးကြပြီး၊ စပါးမစိုက်နိုင်တဲ့ မြစ်နား ချောင်းနားနီးတဲ့ ရေလံျှကွင်းတွေမှာရေတက်ပြီး ပြန်ကျသွားတဲ့အချိန် တင်ကျန်ခဲ့တဲ့ နုန်းတင်မြေမှာ ရေလိုက်ကြဲနည်းနဲ့ စိုက်ပျိုးကြတယ်လို့သိရပါတယ်။ ယခုနှစ်စိုက်ပျိုးပြီးတဲ့ဧက လေး ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ချိန် စောပြီး အထွက်လည်းစောမှာ ဖြစ်လို့ နတ်တော်လမှာ ပဲစပေါ်မယ်လို့သိရပါတယ်။ မိမိအေး
မိုးနဲ့အပြိုင်အေးနေတဲ့ မတ်ပဲဈေး မတ်ပဲဈေးကတော့ ဟင်္သာတပဲဈေးကွက်မှာ မိုးနဲ့အပြိုင်အေးနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆၆ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်ရဲ့ မတ်ပဲဈေးမှာ ၂၆ဝဝဝ ကျပ်ကို ကျဆင်းလာပါတယ်။ ယခုအပတ်ပဲရောင်းဝယ်မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ပေါက်ဈေးများဖြင့် တစ်ရက်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၇၅ဝ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
လက်လီသမားများအပြင် လက်ကားအဝယ်လိုက်နေတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်မှာတိုင်းအတွင်း လက်လီသမားများဖြင့် အဝယ်လိုက်ခဲ့တဲ့ ပဲနီပြားဟာ ယခုအောက်တိုဘာ လဆန်းမှစ၍ လက်ကားသမားများလည်း အဝယ်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝသာအရောင်းအဝယ်ဖြစ်ခဲ့ကြသော်လည်း အောက်တိုဘာ ပထမပတ်အတွင်း အိတ် ၁ဝဝ ခန့်အထိ အရောင်းသွက်ခဲ့ကြပါတယ်။ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ ငွေပေါ်လိုလို့ ထုတ်ရောင်းချသူများရှိလာတာကြောင့် ယခင်အပတ်ကထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးကျခဲ့ပြီး တစ်တင်း ၂၅၅ဝ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့ ပျမ်းမျှ တစ်ရက်ကို ၂၅ အိတ် ၊ ၃ဝ အိတ်ဖြစ်ခဲ့ကြပြီး လက်ကားသမားများ အဝယ်ရှိတဲ့ရက် ဆိုပါက တစ်ရက်ကို အိတ် ၁ဝဝ ကျော်အထိ အရောင်းသွက်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဒေသတွင်းအသုံးနှင့် ရန်ကုန်ဝယ်လက်အားပြိုင်နေတဲ့ မုံရွာစွန်တာနီဈေးကွက် အောက်တိုဘာဒုတိယပတ်အတွင်း ဒေသတွင်းအသုံးနဲ့ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲပြီး ဈေးကောင်းနေတဲ့ ပဲကစွန်တာနီပါ။ ဈေးကွက်လက်ကျန်နည်းလာပြီဖြစ်သလို မဝယ်မဖြစ် ဒေသတွင်းသို့ ကြာဇံစက်၊ ပဲကြော်ဖိုများရဲ့ ဝယ်လိုအားနဲ့အတူရန်ကုန်ဝယ်လက်လည်းရှိလာတဲ့အတွက် အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၂ဝဝဝကျပ်ထိ ဈေးမြင့်တက်ခဲ့ပြီး၊ အောက်တိုဘာ ၁၁ ရက်နေ့က အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း
လက်ကျန်လျော့လေ ဈေးမော့နေတဲ့ မုံရွာမြေကစွန်တာနီ အောက်တိုဘာလ ဒုတိယပတ် မုံရွာပဲဈေးကွက်မှာ စွန်တာနီပဲဟာ ဆက်လက်အောင်ပွဲခံနေကာ တစ်တင်း ၂၂ဝဝဝကျပ်ထိ အမြင့်ဆုံးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ နယ်လက်ဝယ်ယူမှု မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေနဲ့ ပဲလက်လီအရောင်းသွက်နေတဲ့အတွက် ယခုလိုဈေးမြောက်လာခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒေသတွင်း ကုန်သည်တွေဆီမှာ ပဲလက်ကျန်လျော့လာတာနဲ့အမျှ ရောင်းသူဈေးကွက်အဖြစ် ဆက်လက် ရပ်တည်နေနိုင်ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ၁ရက် ပျမ်းမျှတင်း ၂ဝဝ မှ ၃ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင်
ပဲကြော်ဖိုလုပ်ငန်းများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေတဲ့ ပဲကတော့ ပဲကြီး(ကမ်းနား) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပဲကြီး (ကမ်းနား) အလတ်စဆိုရင် တစ်တင်း ၂၈ဝဝဝ ကျပ်နဲ့ အချောစမှာ ၂၉ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ပထမပတ်တွင်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃ဝဝဝဝ ကျပ်၊ မျိုးပဲမှာ တစ်တင်း ၃၂ဝဝဝ ကျပ်အထိ ဈေးရရှိခဲ့ကြပြီး မျိုးသမားများ အဝယ်ရှိခဲ့ကြပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ မျိုးသမားများအဝယ်မရှိတော့ဘဲ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများသာ အဝယ်ရှိခဲ့သည့်အတွက် ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် နေ့စဉ်အဝယ်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်အတွင်းအခြားပဲများလက်ကျန်အသင့်အတင့်ရှိသေးသော် လည်း ထောပတ်ပဲကတော့ လက်ကျန်ပြတ် သွားပြီလို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်လများအတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေခဲ့သော်လည်း စက်တင်ဘာ လ ဆန်းမှစ၍ လက်ကျန်နည်းခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့်လည်း ဝယ်လိုအားရှိသော်လည်း ရောင်းအားကျ သွားခဲ့ပါတယ်။ ထောပတ်ပဲမှာ ဈေးစဖွင့်ချိန်တွင် တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုပဲလက်ကျန် ပြတ်သွား သည့်အချိန်မှာ တစ်တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အောက်တိုဘာလပထမပတ်မှာ အိတ် ၂ဝ ခန့်နောက်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခင်တစ်ပတ်ထက် ဈေးမြင့်တက်လာတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ် အောက်တိုဘာပထမပတ်မှာ ၂၂၃ဝဝ ကျပ်ရှိရာမှ ယခုအောက်တိုဘာ ဒုတိယပတ်မှာ ၂၃၂ဝဝ ကျပ်ဖြင့် တစ်တင်းကို ၉ဝဝ ကျပ်ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူး ဈေးမှာမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ပဲ ဈေးဆက်လက်မြင့်တက်ရခြင်းမှာ တိုင်းအတွင်း လိုင်းသမားများပါ အဝယ်လိုက်လာ တဲ့အတွက် တခိုျ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ခန့်ထိရောင်းအား ကောင်းခဲ့ပါ တယ်။ ပဲခွဲစက်များကတော့ ပုံမှန်အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်း များသို့ တင်ပို့ရောင်းချမှုမရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း