Main menu

Background

Monday, 20 May 2013

မေလလယ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ အရောင်းအဝယ် လည်း အေးနေခဲ့ပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များအဝယ်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်လံ၊ ပေါက်ခေါင်း၊ ပန်း တောင်း၊ ရွှေတောင်၊ ကျီးသဲဘက်မှ အဝင်ရှိပြီး၊ ပဲလက်ကျန် များလည်းရှိတာကြောင့် နေ့စဉ်အရောင်းအဝယ် ပုံမှန် ဖြစ်ပေ မယ့် ပဲဈေးနှုန်းမှာ ဈေးငြိမ်နေခဲ့ ပါတယ်။ ပဲစင်းငုံလက်ကျန် များ ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး တစ်ခါတစ်ရံ အိတ် ၂၅၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ကထက် တစ်တင်း ၃၀၀ ကျပ်ခန့်သာ ဈေးပိုပြီး၊ တစ်တင်း ၂၀၈၀၀ ကျပ်နဲ့သာ ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ကုလားပဲ သီးနှံမှာ ပန်းတောင်းမြို့နယ်ဘက်မှ ပဲအဝင်အနည်း ငယ်သာရှိခဲ့တာကြောင့် တစ်ရက်အိတ် ၂၅၀ ခန့်သာ ဝင် ရောက်ခဲ့ပြီး၊ ဒေသတွင်းဝယ်လက်များနဲ့ ခွဲစက် သမား၊ လှောင် လက်သမားများ ဝယ်ယူမှုရှိကာ ပဲတစ်တင်း ၁၉၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် လျက်ရှိတာ ကို တွေ့ရပါတယ်။

Monday, 20 May 2013

မုံရွာကုန်စည်ဒိုင် မေလဒုတိယ ပတ် ပဲဈေးကွက်မှာ ပဲအများစုပေါက် ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပေမဲ့ ပဲစင်းငုံနီကတော့ အနိမ့်ဈေးပေါက်ချိန် ရန်ကုန်ဝယ်လက်ဝယ်ယူမှုများပြားခဲ့သလို ရောင်းလက်လည်းများခဲ့တယ်လို့ ဒိုင်ရပ် ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ကုလားပဲဈေးကွက်အနေနဲ့ယခင်အပတ် က ပေါက်ဈေးဝန်းကျင်မှာပဲ ငြိမ်နေခဲ့ပြီး ဒေသတွင်း ဝယ်လက် အဝယ်အေးခဲ့ တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ တစ် တင်း အမြင့်ဆုံး ဈေးများကတော့ ကုလားပဲ (ရိုးရိုး) ၁၇၈၀၀ ကျပ်၊ ထိုင်ဝမ် ၁၈၁၀၀ ကျပ်၊ V2 ၁၈၆၀၀ ကျပ်နဲ့ 929 ၁၈၃၀၀ ကျပ် ပေါက်ခဲ့ကြပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက် အိတ် ၁၅၀၀ ခန့်ရှိတယ်လို့ ကုန်သည် နဲ့ပွဲရုံရပ်ကွက်က သိရပါတယ်။

Monday, 20 May 2013

ဟင်္သာတပဲဈေးကွက် မတ်ပဲဈေး မှာ တစ်တင်းကို ၁၇၃၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်သွက် နေကြောင်း သိရပါတယ်။ဒေသခံလှောင်လက် ကုန် သည်ကြီးများလည်း ဝယ်ယူနေသလို ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ပုံမှန်ဝယ်ယူအားကြောင့် တစ်နေ့ကို အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်း အဝယ် ဖြစ်နေပါတယ်။

Monday, 13 May 2013

မေလ ၁ ရက်မှ ၇ ရက်တာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၂၁၁ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၉၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၉၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။ စခန်းအသီးသီး အလိုက် တင်ပို့နိုင်မှုတွေက တော့ မူဆယ် (၁၀၅)မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းမှ  ကန် ဒေါ်လာ သုည ဒသမ ၅၁၄ သန်း တန်ဖိုးရှိ ရော်ဘာ RSS-3  ၁၇၆ တန်ကျော်၊ကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ  ရော်ဘာ  MSR-20  ၆၀၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၇၇ သန်းတန်ဖိုးရှိ  ရော်ဘာ  MSR-50 ၂၈ တန်ခန့်၊ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၅၇၁ သန်းတန်ဖိုးရှိ  ရော်ဘာ RSS-3  ၅၅၁ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၃၄ သန်းတန်ဖိုးရှိရော်ဘာ ၃၈၄ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်းတန်ဖိုး ရှိ ရော်ဘာ  MSR-50  ၄၅ တန်ကျော်၊ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မှာ ရောတစ်ဖက် တရုတ်နိုင်ငံမှာ ပါ ရော်ဘာဈေးများပြောင်းလဲမှုမရှိဘဲဈေးငြိမ်နေတာကို တွေ့ရှိ ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်တရုတ်နိုင် ငံမြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု           ယခင်       ပြောင်းလဲမှု    %     ယခု    ယခင်      ပြောင်းလဲမှု    %RSS-3     ၂၀၉၁၅၀၀    ၂၀၉၁၅၀၀         -             -    ၂၃၅၀    ၂၃၅၀          -             -RSS-5     ၁၉၄၇၃၂၀    ၁၉၄၇၃၂၀        -              -    ၂၁၈၈    ၂၁၈၈          -             -ခင်ကလျာဦး MIRT (DCCA)

Monday, 13 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၁၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ၁၁၅၁၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့တဲ့ပြောင်း တန်ချိန်တွေကတော့ မူဆယ်မှ ၇၄၇၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၇၇၈ တန် ကျော်၊ လွယ်ဂျယ်မှ တန် ၁၂၀၀ နဲ့ကန်ပိုက်တီးမှ ၅၅ တန်ဖြစ်ပါတယ်။ ယခင် အပတ်က လွယ်ဂျယ်မှတင်ပို့မှုမရှိဘဲမူဆယ်၊ ချင်းရွှေဟော် နဲ့ကန်ပိုက်တီးစခန်း ၃ ခုမှပြောင်းတန်ချိန် ၁၂၇၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၁၂၀၀ ကျော်ေ လျာ့နည်းခဲ့ပါတယ်။ မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားမှာတော့ ပြောင်း ၁ ပိသာကို ၄၃ ကျပ်နဲ့တည်ငြိမ်နေ တာတွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်း ဈေးများကိုကြည့်မယ်ဆိုလျှင် မိမိဘက်ဈေး ယခင်အပတ်ထက် အနည်းငယ်မြင့် တက် နေပါတယ် -

 
မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်    ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၂၉၂၃၀၂    ၂၉၀၆၂၉         ၁၆၇၃       ၁    ၃၃၈      ၃၄၄             ၆        ၂မော်မော်အောင်၊ MIRT (DCCA)

Monday, 13 May 2013

ကျောက်ဆည်နယ်မှာ ဒီနှစ် တောင်သူများအဓိကထား စိုက်ပျိုးခဲ့တဲ့ (ဒီမွန်၊ ၆၉၂) ငရုတ်သီးများ၊ ဧပြီလကုန်ပိုင်းမှာ စတင်ထွက်ပေါ်နေပြီဖြစ်ပါတယ်။ လက်ရှိအဖွင့်ဈေးမှာ ငရုတ်ခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ရှိပြီး၊ အညှာချွေပြီး တစ်ပိဿာ ၂၂၅၀ ကျပ်နဲ့ မန္တလေးမှ မူဆယ်ကို အစမ်းတင်ပို့နေပြီး၊ ရန်ကုန်ကိုတော့ ဈေးမကိုက်လို့ မပို့သေးဘူးလို့ ပွဲရုံပိုင်ရှင်ရပ်ကွက်မှ သိရပါတယ်။ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်မှာ ဈေးကွက်ကို လှိုင်လှိုင် ဝင်ရောက်နိုင်ပါတယ်။ ငရုတ်ပွဲစားများက ငရုတ်စိုက်ခင်းများနဲ့ ရွာအရောက် ကွင်းဆင်းအဝယ်လိုက်ပေမယ့် မနှစ်က အဖွင့်ဈေးဖြစ်တဲ့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ်ထိ မရောက်သေးဘူးလို့ ဆိုပါတယ်။ တောင်သူများ အနေနဲ့ ယခုနှစ် ငရုတ်အခြေအနေမှာ မနှစ်ကထက် အထွက်နှုန်းကောင်းနိုင်ကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ မနှစ် ကဈေးအထိရောက်ဖို့ မျှော်လင့်နေကြောင်း၊ ငရုတ်စိုက် တောင်သူများထံမှ သိရပါ တယ်။    ကြည်ကြည်ဝင်း - ကျောက်ဆည်

Tuesday, 7 May 2013

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလနောက်ဆုံးပတ်မှာ ရော်ဘာတင်ပို့မှုမရှိခဲ့ပါဘူး၊ ဧပြီလ တစ်လလုံး အနေနဲ့တော့ ကန်ဒေါ်လာ ၃ဒသမ၅၆၅ သန်းတန်ဘိုးရှိ ရော်ဘာအဆင့်စုံ တန်၁၄၃၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ နဲ့နှိုင်းယှဉ်ကြည့်ပါက တန် ၁၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ လျော့နည်းရတဲ့ အကြောင်းရင်း ကတော့ နှစ်သစ်ကူး ကာလမှာ ရော်ဘာတင်ပို့မှုမရှိတဲ့အတွက် ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်ရဲ့ ပထမလေးလတာ ကာလဖြစ်တဲ့ ဇန်နဝါရီလမှ ဧပြီလအထိ ကန်ဒေါ်လာ ၂၇ ဒသမ ၀၆၃ သန်း တန်ဘိုးရှိ ရော်ဘာအဆင့်စုံ ၉၇၅၈ တန်ကျော်ကို နိုင်ငံ သုံးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ မလေးရှားနိုင်ငံသို့ ၆၁၃၁ တန်ကျော်၊ တရုတ်နိုင်ငံသို့တန် ၂၁၁၀ ကျော်၊ စင်္ကာပူနိုင်ငံသို့ ၁၅၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ယခုအပတ် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက အတက်အကျ ကွာခြားမှု မရှိတာတွေ့ရပါတယ်။ ပြည်ပပို့မည့်ရော်ဘာဈေးများမှာလည်း ယခင်အပတ် အတိုင်း ပြောင်းလဲမှု မရှိဘဲ RSS 1  တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊ RSS 3 နဲ့ MSR 20 တစ်တန်လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS 5 နဲ့ MSR 50  တစ်တန်လျှင် ဒေါ်လာ၂၂၀၀-၂၃၀၀၊MSR 10  တစ်တန်လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကထုတ်ပြန်ထားတဲ့ သတင်းအရသိရှိရပါတယ်။ယဉ်ယဉ်အေး (DCCA )
 

Tuesday, 7 May 2013

နွားထိုးကြီးမြို့နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ လက်ဖက်ခူး ထွက်နေ သော ဒေသခံ ၅၀၀၀ ထက်မ နည်းမှာ လက်ဖက်ခူးပြီးရှမ်းပြည်နယ်မှ ပြန် ရောက်လျက်ရှိကြောင်း သိရသည်။

မိုးမကျမီတစ်လကြာ လက်ဖက်ခူးခဲ့ရာ ရွှေဖီမိုးလွတ်လက်ဖက်ခြောက်  နှင့်အတူပြန်ရောက်နေကြသည်။ မိုးမရွာမီ လက်ဖက်အညွန့်အဖူးများကို ခူးခဲ့သော ရွှေဖီမိုးလွတ် လက်ဖက်ခြောက်ဈေးကွက်မှာ ကျပ် ၄၀၀၀ အထက်ဖြင့် ဈေး ကွက် ရှိနေသည်။ ရှမ်းပြည်နယ်တွင် မိုးဖြိုင်ဖြိုင်ကျနေပြီဖြစ်၍ လက်ဖက်ခူးရေးမှာမိုးနှင့် အပြိုင်ခူးနေရ၍ အခက်အခဲရှိသည်။ မိုးမိ၍ဖျားနာမှာကိုစိုးရိမ်ရသည်။ခူးရ သော လက်ဖက်မှာလည်း ဈေးကောင်းမရဟုဆိုသည်။ ယခုနှစ်လက်ဖက်များမှာ ထွက်သလောက် ဈေးကောင်းမရဘဲ ဈေးနှိမ်ခံ နေရသည့်အပြင်သွားလာရေး ခက်ခဲ မှုကြောင့် လက်ဖက် သယ်ယူရေးမှာ စရိတ် ထောင်းနေကြောင်း လက်ဖက်ခူးပြန်သူတို့ကဆိုသည်။ခင်ဇာမွန်မြင့်(ဥပဒေ)
 

Tuesday, 7 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူး စေ့တန်ချိန် ၁၀၃၂၅ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကတန်ချိန် ၅၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ နှစ်ဆပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ကန်ပိုက်တီးကူး သန်းရောင်းဝယ်ရေးစခန်းမှလည်း ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုး ရှိ ပြောင်းဖူးစေ့ ၇၂ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်က၁၂ တန်ခွဲ သာတင်ပို့နိုင်ခဲ့တာမို့ ၅၉ တန်ကျော်တင်ပို့နိုင် ပိုမိုခဲ့ပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလအတွင်းကူးသန်းရောင်းဝယ်ရေးစခန်းအားလုံးမှ ပြောင်းတန်ချိန်စုစုပေါင်း ၃၁၈၉၆ တန်တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။နှစ်ဖက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

 
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု        ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၂၉၀၆၂၉    ၃၁၃၃၄၈    ၂၁၇၁၉        ၇    ၃၄၄    ၃၅၉            ၁၅         ၄မော်မော်အောင်၊ MIRT (DCCA)

Tuesday, 7 May 2013

အညာမှာ သိုး၊ဆိတ်၊ မွေးမြူရေး အောင်မြင်နေသလို သိုး၊ ဆိတ်ကို ၁၂ ဘီး၊၂၂ ဘီး၊ကား များနှင့် နှစ်ထပ်စင်ထိုးကာ ကားစီးလုံးတိုက်ဈေးကွက်သို့ တင်ပို့ နေသည်။ အညာမှ သိုး၊ဆိတ်တွေကို နွားသယ်သလို ကားကြီးများနှင့် အလုံး အရင်းတစ်နေ့ ၂၂ ဘီး ကားသုံးစီးဖြင့် မန္တလေးဈေးကွက်သို့ သွားနေကြသည်။ စစ်မည့်ဆေး မည့်သူမရှိသလိုရွာစဉ်လှည့်၍ သိုးအုပ်၊ ဆိတ်အုပ်များကို ဝယ်ယူ နေ ကြပြီး ကားတစ်စီးလျှင် ကောင်ရေ ၄၀၀-၅၀၀ ခန့်တင်နေ ကြောင်းသိရ သည်။

သိုးတစ်ကောင်(သို့မဟုတ်) ဆိတ်တစ်ကောင်လျှင် ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ အထက်ရှိသဖြင့် ဆိတ်သားဈေးကွက်တွင် ကျပ် ၆၀၀၀၊၇၀၀၀ ဈေး အောက်မကျဘဲဈေးကောင်းနေခြင်းဖြစ်သည်။ ဒါ့အပြင်နိုင်ငံခြား ဈေးကွက်ဖြစ်သော မလေးရှား၊အင်ဒိုနီးရှားဈေး ကွက်သို့ ပြည်တွင်းမှသိုး၊ ဆိတ်များတင်ပို့ လျက်ရှိနေကြောင်းသိရသည်။တရုတ်ဈေးကွက် သို့မူအိမ်ဦးကြမ်းပြင်ပို့နေကြောင်း သိရသည်။ အညာတွင်သိုး၊ဆိတ်တို့ တစ်နိုင်တစ်ပိုင် မွေးမြူမှုမှာ အောင်မြင်နေသော် လည်း ဝယ်ဈေးကွက်ကသွက်နေ၍ သိုး၊ ဆိတ်ဈေးကွက်မှာ ဈေးကောင်းလျက်ရှိ ကြောင်းသိရသည်။                                      ဌေးမြင့်မောင်
 

Pages