Main menu

Background

Monday, 3 Dec 2012

အရင်ကတည်းကအရောင်းပါးနေတဲ့နနွင်းကပွဲတော်ရက်ကြောင့် ပိုပြီးပါးနေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေ ကတော့ ခပ်ပါး ပါးဝင်နေပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေကသာ အမှုန့်ကြိတ်ဖို့၊ ပရဆေးဖော်ဖို့အတွက် အနည်းအကျဉ်းနဲ့ တစိမ့်စိမ့်ဝယ်ယူမှုရှိပေမဲ့ ပြည်ပဝယ်လက်ကတော့ လွန်ခဲ့တဲ့ ၂ လ၊ ၃ လခန့်ကသာ မူဆယ်ဝယ်လက်တွေက ဟိုပုံးနနွင်းကို အနည်းအကျဉ်းဝယ်ယူခဲ့တာ ရှိခဲ့ပြီး၊ နောက်ထပ်ဝယ် တာတော့ မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးကတော့ ပင်လောင်းနနွင်းက ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ရိုးရိုးနနွင်းက ၇၀၀ ကျပ်၊ ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။     ဧဧခိုင်-တောင်ကြီး

Monday, 3 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၆၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ နနွင်းတက် ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၄၆ သန်းတန်ဖိုးရှိ နနွင်းတက် ၂၆ တန်တို့ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း အပို့ရှိခဲ့တာမို့ ယခင်အပတ်တင်ပို့မှုထက် ၃၆ တန်နီးပါးပိုမိုခဲ့တာတွေ့ ရပါတယ်။ နိုဝင်ဘာလအတွင်း နယ်စပ်စခန်းများမှ နနွင်းတက် ၂၀၂ တန်ကျော်ကို တန်ဖိုးသုညဒသမ ၃၄၅ ဒေါ်လာ သန်းဖိုးတင်ပို့ထားပြီးဖြစ်ပါတယ်။မော်မော်အောင်၊  MIRT (DOBT)

Monday, 3 Dec 2012

တန်ဆောင်တိုင်ပွဲတော်ရက်ဖြစ်တာကြောင့် ချင်းအဝင်ကလည်း ပါးနေပါ တယ်။ အောင်ပန်းအနီးတစ်ဝိုက် ကသာအဝင်ရှိနေတာကြောင့်အဝင်ကလည်း ခပ်ပါး ပါးသာရှိတယ်လို့ သိရပါတယ်။ ပွဲတော်ရ က်ကြောင့် တောင်သူေ တွ၊ ကုန်သည်တွေ ပွဲရုံတွေကလည်း အရောင်းအဝယ်မလုပ်ကြတော့ ဘဲ ခေတ္တနားနေတယ်လို့ ဆိုပါ တယ်။ အဝင်ပါးနေပေမယ့် အရောင်းကတော့ ခပ်သွက်သွက်ရှိနေတာပါ။ ဈေးပတ် သမားတွေကပုံမှန်အဝယ် ရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၅၁၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းချင်း ဈေးကွက်မှာ ချင်ဈေးက ထပ်တက်နေပါတယ်။ ချင်းသစ်မှာ မြေနီချင်းတက် (အလှ)ဆိုရင် တစ်ပိဿာ ၂၈၀ ကျပ် - ၃၁၀ ကျပ်ဈေးရှိပြီး၊ ချင်းဥမကတစ်ပိဿာ၂၀၀ ကျပ် - ၂၅၀ ကျပ်ရှိပါတယ်။ ချင်းခြောက်တော့ တစ် ပိဿာ ၇၀၀ မှ ၁၁၀၀ ကျပ်ရှိပါတယ်။ ဟိုပုန်းမှာတော့ ချင်းနုတွေက အဝင်ရှိပြီး တစ်ပိဿာ ၂၀၀ ကျပ်နဲ့ လက်လီရောင်းနေပါတယ်။ ချင်းတက်တွေကတော့ ပွဲတော် ရက်အပြီး ဒီဇင်ဘာ ဒုတိယပတ်လောက်မှ အဝင်ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧဧခိုင် - တောင်ကြီး

Monday, 3 Dec 2012

ယခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ် ပဲစင်းငုံဈေးမှာ ၁၃၀၀၀ ကျပ် ဈေးရှိပြီး၊ အရောင်းအဝယ်မှာ ရက်ခြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးခဲ့ကာ၊ တောင်သူအများစု မှာ ဈေးကောင်းကောင်း နဲ့၊ အရောင်းသွက်နိုင်ရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပဲစင်းငုံဈေးမှာ ယခင် နှစ်ထက် ဈေးပိုရခဲ့သော်လည်းကာလတူဈေးနှုန်းမှာကွာဟမှုသိပ်မရှိဘဲ တစ်တင်းကို ၁၅၇၀၀ ကျပ်ဈေးရှိပါ တယ်။ ယခင်နှစ် နိုဝင်ဘာလက ရက်ခြား အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲစင်းငုံဟာ ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်မှာတော့ အရောင်းအဝယ် မဖြစ်သလောက်အေးနေကြောင်း သိရပါတယ်။               ဆုမွန်ဆွေ-ပြည်

Monday, 3 Dec 2012

နိုဝင်ဘာနောက်ဆုံးပတ်မှာ ပခုက္ကူကနေ ရန်ကုန်ကိုနှမ်း ၁၅၃၀ အိတ်၊ ပဲတီစိမ်း ၃၄၀၀ အိတ်၊ စားတော်ပဲ ၉၉ အိတ်နဲ့ ထောပတ်ပဲ ၃၈ အိတ် အပို့ရှိ နေတာကို တွေ့ရပါတယ်။ သယ်ယူခနှုန်းထားတွေအနေနဲ့ ကားဖြင့်တစ်ပိဿာ ၃၅ ကျပ်မှ ၄၀ ကျပ်အထိဖြစ်ပါတယ်။ ကုန်စည်ဒိုင်မှာလည်း အရောင်းအဝယ်အေးနေ တယ်လို့ပြောရမှာပါ။ ပဲစင်းငုံ၊ ပဲတီစိမ်းသေး၊ နှမ်းဝါ၊ ကုလားပဲဖြူလုံးကြီးဆိုတာတွေ အရောင်းအဝယ်ဖြစ်ပါတယ်။ အရောင်းအဝယ်ဖြစ်တယ်လို့ သာပြောရမှာပါ။ တစ် နေ့မှ အိတ် ၅၀ နဲ့ ၁၀၀ ကြားရောင်းကြဝယ်ကြတာကို တွေ့ရ ပါတယ်။ ပဲစင်းငုံ ဆိုရင်တစ်တင်း ၁၅၆၀၀ ကျပ်ထိ ဈေးတွေဆင်းနေပါတယ်။ ပစ္စည်းလက်ကျန် နည်းပါးမှုတွေ၊ ဈေးနှုန်းတွေဆက်လက်ကျဆ င်းနေတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သုံးသပ်ရမှာပါ။ အထူးသဖြင့် ပဲစင်းငုံဈေးတွေ ဆက်တိုက်ကျဆင်း နေတဲ့အတွက် မှန်းချက်နဲ့နှမ်းတွက်မကိုက်ကြလို့ ပဲစင်းငုံအမည် မခေါ်ချင်ကြဘဲ ပဲစိတ်ကုန်လို့ အမည်ပြောင်းခေါ်ချင်တယ်လို့ ပြောဆိုနေကြတာကိုလည်း ကြားသိ ရကြောင်းပါ။                      မြင့်ဦး-ပခုက္ကူ

Monday, 3 Dec 2012

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန်သီးနှံဈေးများကတော့ ကြက်သွန် ဖြူ တစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ထိပ်စတစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ အနိမ့်ဆုံး ၃၂၀ ကျပ်၊ အမြင့်ဆုံး ၃၂၅ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၅၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၃၁၀ ကျပ်၊ နနွင်းတစ်ပိဿာ အနိမ့်ဆုံး ၆၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၁၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်စ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်နဲ့ ထိပ်စ ၇၀၀ ကျပ်၊ ၇၈၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှ  တစ်ပတ်အတွင်း ဒေသထွက်ကုန် စုစုပေါင်း ၃၃၆၁၅၀ ပိဿာ(၅၄၈ ဒသမ ၉၁ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဆိုပါ ကုန်များမှာ ကြက်သွန်ဖြူ ၈၃၀၅၀ ပိဿာ (၁၃၅ ဒသမ ၆၁ တန်) ၊ အစေ့ ထုတ်ပြောင်း ၄၇၀၅၀ ပိဿာ (၇၆ ဒသမ ၈၃ တန်)၊ ပဲပုပ်စေ့ ၁၁၂၅၀ ပိဿာ (၁၈ ဒသမ ၃၇ တန်)၊ ပန်းနှမ်း ၁၃၁၀၀ ပိဿာ (၂၁ ဒသမ ၃၉ တန်)၊ ချင်းအစို ၅၆၅၀၀ ပိဿာ (၉၂ ဒသမ ၂၆ တန်) ၊ နနွင်း ၅၂၀၀ ပိဿာ (၈ ဒသမ ၄၉ တန်)၊ ချင်းခြောက် ၅၄၀၀ ပိဿာ (၈ ဒသမ ၈၁ တန်) ၊ နဲ့ အာလူး ၁၁၄၆၀၀ ပိဿာ (၁၈၇ ဒသမ ၁၃ တန်) တို့ဖြစ်ကြပြီး၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော် ရက်အတွင်း အောင်ပန်းဈေးကွက်ကို ချင်းအဝင်ပါးပြီး၊ ချင်းဈေးမာလာသလို၊ ကြက် သွန်ဖြူနဲ့အာလူးမှာလည်း ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါ တယ်။      မင်းအောင်-တောင်ကြီး

Monday, 3 Dec 2012

နိုဝင်ဘာနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းအသစ်များ အဝင် များလာခဲ့တာကြောင့် တစ်ရက် အိတ် ၆၀၀ ကျော်အထိ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ယခင်အပတ်က ရန်ကုန်၊ မန္တလေးလိုင်းသမားမျာ အဝယ်ရှိသလို ပဲဈေးမှာလည်း ထိပ်စတစ်တင်း ၂၁၅၀၀ ကျပ်၊ လတ်စတစ်တင်း ၂၀၅၀၀ ကျပ်နဲ့ ဈေးပေးဝယ်ယူခဲ့ကြပြီး၊ ယခုအပတ်မှာတော့ ပဲအရည်အသွေးလည်း ကျဆင်း တာကြောင့်တစ်တင်းထိပ်စ ၂၀၅၀၀ ကျပ်၊ အလတ်စ ၂၀၃၀၀ ကျပ်နဲ့သာ ဝယ်ယူ ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်အေးပြီး၊ မန္တလေးလိုင်းသမားများ ဝယ်ယူမှု ပိုများလာတာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း - ပြည်

Monday, 3 Dec 2012

ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးငြိမ်နေပြီး၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းလာခဲ့ပါတယ်။ ပဲကြီး ဈေးနှုန်းများကတော့ ဈေးပြန်မြင့်လာတယ်လို့ သိရပါ တယ်။ မတ်ပဲလက်ကျန်ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက် အဝယ် အေးခဲ့သလို ဈေးလည်းအေးနေခဲ့ပြီး တစ်တင်း ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မျိုးပဲဝယ်ယူသူအချို့ရှိ ခဲ့ပြီး၊ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့်သာ ဝယ်ယူခဲ့ကြပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ပန်းတောင်းဘက်မှ  နေ့စဉ် အဝင်ရှိ ပြီး၊ အိတ် ၆၀၀ ကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း မန္တလေး ဝယ်လက်ရှိသော်လည်း ပဲဈေးမှာထိပ်စတစ် တင်း ၂၀၅၀၀ ကျပ်၊ အလတ်စ ၂၀၃၀၀ ကျပ်ဖြင့်သာ အရည် အသွေး ပေါ်လိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါတယ်။ ပဲစင်းငုံမှာ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၅၇၀၀ ကျပ်ထိ ဈေးပြန်လျော့ သွားပြီး၊ အရောင်းအဝယ်မှာလည်း မဖြစ်သလောက်အေး နေ ခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား) မှာ တစ်တင်း ၂၈၀၀၀ ကျပ်ဖြင့် အဝင်ပါး လာသလို လက်ကျန်လည်းနည်းလာတာကြောင့် ဈေးပြန်မြင့် သွားတယ်လို့ သိရပါတယ်။ ဒေသတွင်း ပဲလှော်ဖိုသမားသာ အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၁၅၀ ကျော် ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူသစ်များ ဈေးကွက်အတွင်းသို့ ယခုတစ်ပတ် စတင် ဝင်ရောက်လာခဲ့ပြီး၊ တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပါတယ်။ ရွှေတောင်၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ပြီး၊ လက်လီ သမားများသာ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်

Monday, 3 Dec 2012

မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မျိုးစုံ ဟာ ကျဈေးအဖုံဖုံဖြစ်ခဲ့ကာ Export အဝယ်မရှိ ခဲ့ဘဲ ဒေသခံ စက်သမားတွေဝယ်လိုအားပိုပေမဲ့ တောင်သူတွေ ဈေးမကိုက် လို့အရှုံးပေါ်နေခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ အထူး သဖြင့်ကုလားပဲမျိုးစုံအနေနဲ့ ဒေသအတွင်း စိုက်ပျိုးထုတ်လုပ် မှု အားကောင်းခဲ့ပြီး၊ ကုန်သည် ဝယ်လက် Export  အထွက် နည်းလာခဲ့ကာ ဒီလထဲမှာ တစ်တင်း ၁၃၀၀ ကျပ်ကနေ၊ ၂၃၀၀ ကျပ်အထိ သိသိသာသာ ဈေးအေးသွားခဲ့တာကိုတွေ့ ရပါတယ်။

Friday, 30 Nov 2012

နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း တန်ဖိုးရှိ ရော်ဘာတန် ၁၀၀၄ ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံသို့ RSS-3  တန် ၆၀၀၊ စင်္ကာပူသို့  MSR-20 ၂၆၅ တန်နဲ့ မလေးရှားသို့ RSS-3   တန် ၁၄၀ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၉၀၀ သာတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၁၀၀ ကျော်ပိုမိုတင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်အပတ် ဈေးနှင့် ကွာခြားမှုမရှိ၍ မိမိတို့ရော်ဘာ ၤဥြ ဈေးနှုန်းများ မှာလည်းပြောင်းလဲမှုမရှိဘဲRSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ ျွှ-၃ နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ ဖြစ်ပြီး Crepe Rubber   တစ်တန်လျှင် ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများနဲ့ တင်ပို့သူများ အသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)

Pages