Background
ပခုက္ကူကုန်စည်ဒိုင်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေ တာကတော့ ပဲစင်းငုံပါ။ ကြားရက်တွေထဲမှာ စိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ နှမ်းနီဆိုတာတွေကိုလည်း အရောင်း အဝယ်ဖြစ်ပါတယ်။အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ ပမာဏ အရ နည်းတာကိုတွေ့ရပါတယ်။ ဈေးနှုန်းတွေ၊ အရောင်း အဝယ် ပမာဏတွေအနေနဲ့ ပဲစင်းငုံနီ အောက်တိုဘာ ၁၆ ရက်မှာ တစ်ပိဿာ ၉၃၀ ကျပ်၊ တစ်တင်း ၁၈၆၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ၁၇ ရက်နေ့မှာ တစ်ပိဿာ ၉၃၅ ကျပ်၊ တစ်တင်း ၁၈၇၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ၁၈ ရက်နေ့မှာ တစ်ပိဿာ ၉၂၅ ကျပ်၊ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၉၂၀ ကျပ်၊ တစ်တင်း ၁၈၄၀၀ ကျပ်နဲ့ အိတ် ၁၀၀ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဈေးနှုန်း တွေ အရ တစ်ပိဿာအပေါ် ၅ ကျပ်၊ ၁၀ ကျပ်နှုန်းအကွာ တစ်တင်းအပေါ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ်အကွာနဲ့ လှုပ်ရှားနေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်အပေါ် မူ တည်လို့ အရောင်းအဝယ်ဈေးနှုန်းဖော်နေ တယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။
အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၂၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း ၄၁ တန်အပို့ရှိခဲ့ပါတယ်။ မြေပြင်ပဲတီစိမ်းဈေးများ အနည်းငယ် မြင့်တက် နေသော်လည်း ပဲအရည်အသွေးကိုမူတည်ပြီး တရုတ်ဘက်က ဝယ်ယူနေတာဖြစ်လို့ တင်ပို့မှုပမာဏ လျော့နည်းခဲ့ရတာဖြစ်ပါတယ်။ မိမိဖက်နဲ့တစ်ဖက် မြေပြင်ပေါက် ဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၆၈၉၇၁၈ ၆၈၀၅၇၀ ၉၁၄၈ ၁ .၃ ၈၁၉ ၈၁၆ ၃ ၀ .၄ MIRT (DOBT)
အိန္ဒိယဈေးကွက်တချို့ကို ပဲစင်းငုံအသစ်ဝင်ရောက်လာ လို့ ပဲစင်းငုံခွဲခြမ်းဈေးက လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် မှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းလာ ခဲ့ပါတယ်။ ဂူဘာကာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တစ် ကီလိုကိုရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၈၇)ရှိခဲ့ရာမှ ယခု အခါ ရူပီး ၆၀(ကန်ဒေါ်လာ ၁ ဒသမ ၁၂)နဲ့ရောင်းချနေပါ တယ်။ ဒါပေမယ့် ထုတ်လုပ်မှု သိသိသာသာ ကျဆင်းတာ ကြောင့် လာမယ့် သီတင်းပတ် တွေမှာ ပဲစင်းငုံဈေး သိသိသာ သာ မြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။
ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း တင်ပို့မှုမှာ ယခင် တစ်ပတ်ထက် ပိုတင်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာ အိန္ဒိယ အဝယ်ရှိခဲ့တဲ့အတွက် တင်ပို့မှု တက်လာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာန စာရင်းတွေအရ အောက်တို ဘာလ ၁၂ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှု တန်ချိန် ၈ သိန်းကျော်ပြီး၊ ကန်ဒေါ်လာ ၅၀၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၈၇၀၀၀၀ နီးပါးမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၇၂၇ သန်းနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၇ သောင်းခန့်သာ လျော့နည်း တင်ပို့ခဲ့ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၂၀ ခန့်ထိ များစွာလျော့ကျတာ တွေ့ရပါတယ်။
ကမ္ဘာ့ရော်ဘာ ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က ရော်ဘာတင်ပို့မှုကို လျှော့ချတဲ့ အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး အကောင်အထည်ေ ဖာ်ပြီဖြစ်ရာ အောက်တိုဘာလအတွင်း ရော်ဘာ ဈေးနှုန်းတွေက နေ့စဉ်နဲ့ အမျှ မြင့်မားလာတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၇၅ သန်းတန်ဖိုးရှိတဲ့ RSS-3 ၃၄၆ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ ရော်ဘာအပို့နားခဲ့ပြီး ယခုအပတ်မှာမှ အပို့ရှိလာတာဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀ တန်ကျော်ကို မူဆယ်မှ အပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာ ၃၅၆ တန်ကျော် အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ မြိတ်နယ်စပ်စခန်းများမှ တန် ၄၄၀ ကျော်အပို့ရှိခဲ့ရာ ယခုအပတ်မှာ ၈၅ တန်ခန့်တင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မူဆယ်မှာRSS-3 ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေးမိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးမြင့်လျက် ရှိတယ်လို့ သိရပါတယ် -
စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရော်ဘာ ၂၃၄ တန်ကျော်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနဲ့ တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ မလေးရှားသို့ RSS-3 တန် ၄၀ နဲ့ တရုတ်သို့ MSR-20 ၁၉၄ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကတော့ တရုတ်နိုင်ငံသို့ MSR-20 ၁၉၄ တန်ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၄၀ အပို့ပိုခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာရော်ဘာ ပေါက်ဈေးမှာ ကျရိပ်ရှိနေသော်လည်း ပြည်ပသို့တင်ပို့မဲ့ FOB ရော်ဘာဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိပါဘူး လို့ သိရပါတယ်။RSS-1 ၁ တန်ဒေါ်လာ၂၈၅၀ မှ ၂၉၅၀၊ RSS-3 နဲ့ MSR-20 ၁ တန် ဒေါ်လာ ၂၇၅၀-၂၈၅၀၊ RSS-5 နဲ့ MSR-50 ၁ တန် ဒေါ်လာ ၂၆၅၀-၂၇၅၀ နဲ့ Crepe Rubber ၁ တန်ကို ဒေါ်လာ ၂၆၀၀ မှ ၂၇၅၀ ဈေးနဲ့ ပြည်ပ သို့တင်ပို့နိုင်ကြတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သတင်းရရှိပါတယ်။ CMK
ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ဖို့ ပြည်ပမှ သကြားတင်သွင်းမှု အပေါ် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံဖို့ အိန္ဒိယ သကြားလုပ်ငန်းရှင်တွေက အစိုးရကို တောင်းဆိုထား ကြောင်း သိရတယ်။
ဒီနှစ်ပြောင်းရာသီမှာ ရှမ်းမြောက်ပြောင်းများသာ မူဆယ်ကုန်စည်ဒိုင်သို့ အဝင် ရှိနေရာမှ ယခုအပတ် မှာ ရှမ်းတောင်နဲ့ရွှေဘိုဒေသထွက်ပြောင်းတွေ ပါဝင် လာနေပြီလို့ သတင်းရရှိပါတယ်။ အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၉၁၃ တန် ကျော်ကို မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံရွှေလီသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် က မူဆယ်မှ တင်ပို့မှုထက် ၁၄၄၂ တန်ခန့်တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ မူဆယ်ကို ယခုအပတ်အတွင်း ပြောင်းကားအစီး ၅၀ ပျမ်းမျှအဝင်ရှိပြီး အဝင်များတဲ့ နေ့မှာဆို ပြောင်းကားအစီး ၈၀ ဝန်းကျင်အထိအဝင်ရှိနေပါတယ်။ မိမိဘက် မြေပြင် ပြောင်းပေါက်ဈေး အနည်းငယ်သာကျသော်လည်း တစ်ဖက်မြေပြင်ဈေးများ ပြောင်း လဲမှု မရှိဘူးလို့ သိရပါတယ် -
ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ မြို့နယ် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၁ ခုမှ တောင်သူ ၅၃ ဦးဖြင့် စိုက်ဧက ၉၅ ဒသမ ၅၉ ဧက ရိတ်သိမ်းခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၇၀ ဒသမ ၄၆ တင်းရရှိပြီး၊ အထွက်တင်း ၆၇၃၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ ကန်ကြီးထောင့်မြို့နယ်မှာ အထွက်နှုန်း ၇၂ ဒသမ ၃၆တင်း၊ ကျုံပျော်မြို့နယ်မှာ အထွက်နှုန်း ၈၅တင်း၊ ရေကြည်မြို့နယ်မှာ အထွက်နှုန်း ၈၂ ဒသမ ၁၁၊ ကျောင်းကုန်းမြို့နယ်မှာ အထွက်တင်း ၇၅ ဒသမ ၃၅၊ မြန်အောင်မြို့နယ်မှာ အထွက်နှုန်း ၈၁၊ မြောင်းမြမြို့နယ်မှာ အထွက်နှုန်း ၆၃ ဒသမ ၈၆၊ မအူပင်မြို့နယ်မှာ အထွက်နှုန်း ၆၀ ဒသမ ၅၅၊ ပန်းတနော်မြို့နယ်မှာ အထွက်နှုန်း ၇၄ ဒသမ ၈၈၊ ညောင်တုန်းမြို့နယ်မှာ အထွက်နှုန်း ၇၂ ဒသမ ၅၀၊ ဓနုဖြူမြို့နယ်မှာ အထွက်နှုန်း ၇၄ ဒသမ ၂၅၊ ဖျာပုံ မြို့နယ်မှာ အထွက်နှုန်း ၇၀၊ ဘိုကလေးမြို့နယ်မှာ အထွက်နှုန်း ၄၅၊ ကျိုက်လတ်မြို့နယ်မှာ အထွက်နှုန်း ၅၂ တင်းနှုန်းထွက်ရှိကြောင်းသိရပါတယ်။ အများစုမှာ ၁ ဧက တင်း ၇၀ အထက်မှာ ထွက်ရှိတာတွေ့ရပါတယ်။ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်မှာဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ မိုးများအုံ့ဆိုင်းနေ လို့ အချို့မြို့နယ်များမှာ မိုးရွာသွန်းမှုဖြစ်ပေါ်လျက်ရှိရာ ယင်းအခြေအနေများကြောင့် ကောက်စောစပါးရိတ်သိမ်းနယ်လှေ့မှုများ တုံ့ဆိုင်းသွားပြီး စပါးအရည် အချင်းများလည်း ထိခိုက်နိုင်ပေမဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာမှာထွက်ပေါ်မယ့် စပါးအတွက် အောင်ရေရရှိလို့ စပါးများပိုမိုကောင်းမွန်နိုင်ကြောင်းသိရပါတယ်။ရီရီနိုင်ဝင်း
