Background
ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ် လုပ်သူလဲဖြစ်၊ အများဆုံး တင်ပို့သူလဲ ဖြစ်တဲ့ ထိုင်းနိုင်ငံက အခြားထိပ်တန်း ထုတ်လုပ်သူများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့နဲ့အတူ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ကျဆင်းနေတဲ့ ရော်ဘာ ဈေးနှုန်းကို အထောက်အပံ့ ပြုဖို့ အကြမ်းဖျင်း ဆောင်ရွက်ချက် များကို သြဂုတ် ၁၆ ရက်မှာ ပြင်ဆင် ဆောင်ရွက်တယ်လို့ ထိပ်တန်းအရာရှိ တစ်ဦးမှပြောပါတယ်။ ထိပ်တန်း ရော် ဘာ ထုတ်လုပ်သူ ၃ နိုင်ငံဟာ ယမန် နေ့က တွေ့ဆုံခဲ့ပြီး၊ ရော်ဘာဈေးနှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်မှု အချို့ ထွက်ပေါ်လာပြီး၊ ယင်းဆောင်ရွက်ချက် တွေကို အရေးပေါ် အကောင်အထည် ဖော်သွားမယ်လို့ နိုင်ငံတကာရော်ဘာ အစည်းအရုံးမှ အတွင်းရေးမှူး Yium Tavarolity မှ ပြောကြားပါတယ်။
အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။
သြဂုတ်လ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၆၉၄ ဒသမ ၀၄ တန် တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ RSS-3 တန် ၄၀၀ နဲ့ MSR-20 ၁၉၄ တန် ကျော်၊ မလေးရှားသို့ MSR-20 တန် ၁၀၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် ရော်ဘာ FOB တစ်တန် ဈေးတွေတော့ RSS-1 ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-3/MSR-20 ဒေါ်လာ ၂၆၀၀-၂၇၀၀၊RSS-5 /MSR-50 ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ Crepe Rubber ဒေါ်လာ ၂၄၅၀ မှ ၂၅၅၀ အသီးသီး ဖြစ်ပါတယ်။CMK
ဟင်္သာတဈေးကွက်ရှိ ပြောင်းသီးနှံမှာ လက်ကျန်နည်းလာပြီး၊ ဈေးကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ ဟင်္သာတမြို့နယ်အတွင်း ပြောင်းသီးနှံစိုက်ဧက ၁၃၈၃၁ စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကကို ပျမ်းမျှအထွက်တင်း ၇၆ နှုန်းနဲ့ တင်းပေါင်း ၁၀ သိန်း ကျော်ထွက်ရှိခဲ့ပါတယ်။ ယခုနှစ်တွင် ထွက်ရှိမှုအနေနဲ့ ယခင်နှစ်ထက်လျော့နည်း သွားပေမယ့် ယခင်နှစ်ထက် ဈေးမြင့်လာပါတယ်။ ပြောင်းသီးနှံစပေါ်ချိန် မတ်လ ကုန်မှာ ပြောင်းပိဿာ ၂၀ ဝင်တစ်တင်းဈေးမှာ ၅၃၀၀ ကျပ်၊ ဧပြီလမှာ ၅၅၀၀ ကျပ်၊ မေလမှာ ၆၃၀၀ ကျပ်၊ ဇွန်လမှာ ၇၈၀၀ ကျပ်၊ ဇူလိုင်လမှာ ၉၃၀၀ ကျပ်၊ သြဂုတ်လဒုတိယပတ်မှာ ၁၀၂၀၀ ကျပ်နဲ့ တဖြည်းဖြည်းဈေးမြင့်လာပါတယ်။ ပြောင်း စီးထွက်မှုအနေ နဲ့ ဈေးကောင်းရနေပေမယ့် ပစ္စည်းလက်ကျန် နည်းပါး လာပြီဖြစ်တာကြောင့် ရန်ကုန်ဈေးကွက်ကို တစ်ပတ်အတွင်း တင်းပေါင်း ၈၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်
သြဂုတ် ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှတစ်ဆင့် စင်္ကာပူ နိုင်ငံသို့ ကန်ဒေါ်လာ ၁၅၄၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၄ တန် တင်ပို့မှုရှိပါတယ်။ ဇွန်လ ၂၄ ရက်နောက်ပိုင်းကစပြီး ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုရပ်နားနေရာမှ ယခုသြဂုတ်လ ၅ ရက်နောက်ပိုင်းမှာ တင်ပို့မှုပြန် လည် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ပြောင်း FOB ဈေးကတော့ ကန်ဒေါ်လာ ၃၈၀ ရှိတယ်လို့ သိရပါတယ်။CMK
မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်များမှ သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၄၀ သန်းတန်ဖိုးရှိ နနွင်းတက် ၃၉၇ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၁၀၀ ဝန်းကျင် အပို့ ပိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
ပြည်ပကို ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်နေ့တာကာလအတွင်း နနွင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာတော့ တန် ၃၀ ကျော်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါ တယ်။ ဇူလိုင်လအတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၄၉ ဒသမ ၁ တန်ဖြစ်ခဲ့ပြီး ဇွန်လရဲ့ စုစုပေါင်းတင်ပို့မှုတန်ချိန်က ၇၆ ဒသမ ၄၆ တန်ဖြစ်ခဲ့တာကြောင့် ဇူလိုင်လမှာ အပို့နည်းခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ နနွင်းတင်ပို့မှုက ၂၀၅ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာ အပို့ နည်းခဲ့ပါတယ်။ MIRT(DOT)
မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေတို့မှ သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၀၇၂ သန်းတန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၈၉ တန် အပို့ ပြန်ရှိလာပါတယ်။ မူဆယ်မှ ၈၈ တန်နဲ့ စစ်တွေမှ ၁ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း မန်ကျည်း ၁၂၃ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၉၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၇ တန် ဖြစ်ပါတယ်။ အပတ်စဉ်မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ရင် စင်ကာပူနိုင်ငံက အပတ်စဉ်တင်ပို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
အောင်ပန်းချင်း (ဥမ) ထက်နောက်ကျတဲ့ ဟိုပုံးချင်းဥမတွေလည်း ဈေးကွက်ကို ဝင်လာပါပြီ။ ဒါပေမဲ့ ဒီနှစ်က အများကြီးဝင်မလာဘဲ၊ တောင်သူတွေက ငွေလို သလောက်သာဖော်ပြီး ရောင်းကြတယ်လို့ သိရပါတယ်။ အလုပ်သမားခတွေ ဈေး ကြီးတာကြောင့် တွက်ခြေသိပ်မကိုက်လို့ မဖော်ကြတာလည်းပါတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေပေါ်ချိန်မှသာ ဖော်ကြတော့မယ်လို့လည်း သိရပါတယ်။