Main menu

Background

Sunday, 6 Feb 2011

 ပုစွန်ရာသီအတွက် ပုစွန်သားပေါက်များ စတင်ရောင်းချနေပြီဖြစ်တဲ့ စစ်တွေ                        စစ်တွေမှာ ယခုနှစ် ပုစွန် ရာသီ အတွက် ရေငန်ပုစွန်များစတင် မွေးမြူ နိုင်ရေး ကန်ပြင်ဆင်ခြင်း၊ သားပေါက် များထည့်ခြင်းကို ဆောင်ရွက်နေပြီ ဖြစ်သလို အလယ်သံကျော် ပုစွန်သားပေါက် စခန်းမှာလည်း သားပေါက်များ စတင်ရောင်းချတော့မယ်လို့ သတင်း ရရှိပါတယ်။ ပုစွန်မွေးမြူ ကုန်သွယ်မှု ပြုမယ့်သူများလည်း ခရိုင်ငါးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး သားပေါက်များဝယ်ယူ ထည့်သွင်း မွေးမြူသွားကြရန် ဇန်နဝါရီ လ ၃၁ ရက်နေ့က မောင်တောမြို့ နယ်စပ်ကုန်သည်များအသင်း ဒေဝါနဒီ ခန်းမမှာ ပြုလုပ်တဲ့မောင်တော နယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ တာဝန်ရှိသူများက အသိ ပေး ပြောကြားခဲ့ပါတယ်။                    စစ်တွေမြို့အနေနဲ့ ဒီဇင်ဘာလ မှာ ရေထွက်ကုန်တင်ပို့နိုင်မှုများမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၈၆ သိန်း တန်ဖိုးရှိ ရေငန်ပုစွန် ၉ ဒသမ ၈၈၈ တန် နဲ့ ငါးစုံလေးခြောက် ၅၅၁ ဒသမ ၄၆၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အနီး စပ်ဆုံး ကာလဖြစ်တဲ့ ဒီဇင်ဘာလထက် ၁၆၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် ကာလတူ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ထက် ၃၂၉ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။                  မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အများဆုံးပို့ကုန်တွေကတော့ ရေငန်ပုစွန်၊ ငါးနီတူးခြောက်၊ ငါးကုန်း ညိုခြောက်၊ ငါးစုံလေးခြောက်၊ ကလေး စီး ဖိနပ်၊ စောင်ပါး၊ ကင်းဘတ်ရှုး၊ ကတ္တီပါစ၊ လူကြီးစီးဖိနပ်၊ သားရေကွင်း၊ ထွန်းရွှေဝါ၊ ဝေါကင်းရှုးများဖြစ်ပါတယ်။ အများဆုံး သွင်းကုန်တွေကတော့ ဒါန်ရေတကောင်း၊ ဘိလပ်မြေ၊ ဆံပင်နဲ့ ရေသန့်စင်ဘူးတို့ဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 30 Jan 2011

မြိတ်ကျွန်းစုရှိ ငါးသယံဇာတများ ထိန်းသိမ်းမည်               တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြိတ်ကျွန်းစုရှိ ငါးသယံဇာတများကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရပါတယ်။             ''အရင်အပတ်က ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ရာသီဥတုပြောင်းလဲခြင်း၊ ဂေဟစနစ် ထိန်းသိမ်းခြင်း၊ ရင်းနှီး မြူပ်နံှခြင်းစသည်များ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့ကို ငါးလုပ်ငန်းဦးစီးဌာနက ၁ဝ ဦးတက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတက်ရောက်တဲ့ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိပြီး အုပ်စု ၃ စုခွဲ၍ လေ့လာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ် အော်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကNational Coordanitor ခန့်အပ်ပြီးဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် စီမံကိန်းငယ်တွေကစပြီး ဆောင်ရွက်မှာပါ။ဒါ့ကြောင့် မြိတ်ကျွန်းစုထဲမှာရှိတဲ့ ငါးသယံဇာတတွေကို ထိန်းသိမ်းဖို့ ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။          ထိုင်းနိုင်ငံ ဖူးခက်ဒေသမှ ကျူနာငါးများကို မက်ထရစ်တန် ၁၇ဝဝဝ ကို နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက် ရှိနေကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားပါတယ်။ MN 

Sunday, 30 Jan 2011

ငါးခူ၊ ငါးကျည်းများကို အောင်မြင်စွာ သားဖောက်ထားနိုင်             မြန်မာနိုင်ငံ၏ ဒေသမျိုးရင်း ငါးများဖြစ်သော ငါးခူနဲ့ငါးကျည်းများကို အောင်မြင်စွာသားဖောက်ထားနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ငါးသားဖောက်ပညာရှင်များထဲက သိရပါတယ်။           ''ဒေသမျိုးရင်းငါးတွေ မပျောက်ပျက်ရအောင် ကာကွယ်တဲ့အနေနဲ့ သုတေသနတွေ မပျက်ပြုလုပ် နေသလို ရှားပါးနိုင်တဲ့ ငါးအချို့ကိုလည်း သားဖောက်လုပ်ထားပါတယ်၊ ငါးကျည်းနဲ့ ငါးခူသားဖောက် ထုတ်လုပ်မှုကို ပြုလုပ်နိုင်ခဲ့တာကြာပါပြီ၊ နည်းပညာအရ တွင်တွင်ကျယ်ကျယ်သားဖောက်ထားတဲ့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပူးပေါင်း ဆောင်ရွက် စေလိုပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။          မြန်မာနိုင်ငံက ငါးကျည်းသားဖောက်များကို ၂ဝဝ၈ ခုနှစ်တွင်လည်းကောင်း၊ ငါးခူသားဖောက်များကို ၁၉၈၁ ခုနှစ်တွင် လည်းကောင်း သားဖောက်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါငါးများအနက် ငါးခူများမှာ ၁ ပိဿာလျှင် ကျပ်တစ်သောင်းကျော်ဈေးနှုန်းများ၊ ၂ဝ၁ဝ စက်တင်ဘာနဲ့ အောက်တိုဘာလတို့တွင် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ MN 

Friday, 28 Jan 2011

ရေချိုပုစွန်ကို သီးသန့်လျာထားချက်ဖြင့် တင်ပို့နိုင်ရန် ပြင်ဆင်              ၂ဝဝ၈ ခုနှစ်နောက်ပိုင်း မွေးမြူထုတ်လုပ်မှုနည်းပါးခဲ့သော ရေချိုပုစွန်ကို ယခုအခါ သီးသန့်လျာထားချက်ဖြင့် ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။              ''ပုဂ္ဂလိက လုပ်ငန်းရှင်တွေကနေ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းဘက်မှာ ကန်တွေ ပြင်နေပါပြီ၊ ဧက ၄ဝဝဝ လောက် ရှိမယ်၊ မကြာခင်မှာပဲ သားပေါက်တွေ ထည့်သွင်းမွေးကြမှာပါ။ ရေချိုပုစွန်က ပြည်တွင်း ဈေးကွက်ရော၊ ပြည်ပ ဈေးကွက်ပါ တွက်ခြေကိုက်လာတာလဲပါတယ်။ ရေချိုပုစွန်ကို အောင်မြင်စွာ မွေးမြူ ထုတ်လုပ်နိုင်တဲ့အတွက် သားပေါက်စခန်း ၁၆ ခုလောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ရေခိုျပုစွန်ဈေးကွက်က မရှိသလောက်ဖြစ်လာတဲ့ အတွက် သားပေါက်စခန်းတွေက ထုတ်လုပ်မှု ရပ်ခဲ့တာပါ။ နောက်ရေချိုပုစွန်ရဲ့ အားသာချက်က သီးခြားပဲမွေးမွေး၊ ငါးနဲ့ပဲတွဲမွေးမွေး မွေးလို့ရတယ်။ ငါးနဲ့ တွဲမွေးရင် အစာစရိတ်ရယ် ထုတ်လုပ်မှုစရိတ်ရယ်ကို လျှော့ချနိုင်တယ်''ဟု ပုစွန်လုပ်ငန်းရှင်များအသင်းက ဦးနှင်းဦးက ပြောပြသည်။ အဆိုပါ ရေချိုပုစွန်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများတွင်လည်း အောင်မြင်စွာမွေးမြူနိုင်ခဲ့ကြောင်း သိရသည်။ MN

Friday, 28 Jan 2011

ရေထွက်ကုန်က ဒေါ်လာ (၄၃၆) သန်းခန့်ရရှိလာ              မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၃ နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိရာ ၂ဝ၁၁ ခုနှစ် ဇန် ၉ ရက်နေ့အထိ ဒေါ်လာ ၄၃၆ သန်းခန့် ရရှိထားပြီးဖြစ်သည်။ ''ပြည်ပနိုင်ငံပေါင်း ၃၃ နိုင်ငံကို အဓိကတင်ပို့ရောင်းချရာမှာ ပင်လယ်ရေကြောင်းလိုင်းကနေ ဒေါ်လာ၂၇၁ဒသမ ၄၉၂ သန်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၅၇ ဒသမ ၇၂၉ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၁၆ ဒသမ ၆၆၄သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၆ ဒသမ ၇၃၃ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းက ဒေါ်လာ ၇၅ ဒသမ ၁၃၄ သန်း၊ မောင်တောစခန်းက ဒေါ်လာ ၃ ဒသမ ၇၄၇ သန်း၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းက ဒေါ်လာဝ ဒသမ ၁၄၉ သန်းစသည်ဖြင့် ရရှိခဲ့တာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အတူ ရေထွက်ကုန်ပစ္စည်းဖြစ်သော ကဏန်းတင်ပို့မှုက ဒေါ်လာ ၂၆ ဒသမ ၇၂၉ သန်း၊ ငါးရှဉ့် တင်ပို့မှုက ဒေါ်လာ ၁၈ ဒသမ ၁၇ သန်း၊ ရေခိုျငါးတင်ပို့မှုက ဒေါ်လာ ၉ဝ ဒသမ ၅၂၇ သန်းတို့ ရရှိထားသည်ဟု ဆိုသည်။ အဆိုပါရရှိငွေမှာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၇ဝဝ လျာထားချက် အတွက် ၆၇ ရာခိုင်နှုန်း အကောင် အထည်ဖော်ပြီးကြောင်း သိရသည်။MN 

Sunday, 9 Jan 2011

 ငါးမြစ်ချင်းမွေးမြူသူများ ထုတ်လုပ်မှုစရိတ် အနည်းဆုံးဖြစ်အောင် စီစဉ်ရန်လို                ရေချိုငါးများတွင် အဓိက ပါဝင်နေသည့် ငါးမြစ်ချင်းကို မွေးမြူသူများအနေဖြင့် ထုတ်လုပ်မှု စရိတ်ကို အနည်းဆုံး ဖြစ်အောင် လျော့ချဆောင်ရွက်ရန် လိုအပ်ကြောင်း ရေခိုျ ငါးမွေးမြူသူများ အသင်းက သိရသည်။ '' ထိုင်းနဲ့အိန္ဒိယကလည်း ငါးမြစ်ချင်းကိုမွေးပြီး၊ ကမ္ဘာ့ ငါးမြစ် ချင်းဈေးကွက်ကို တင်လာတာ တွေ့ရ တယ်။ အိန္ဒိယကအရင်က ငါးမြစ်ချင်း တင်ပို့ရောင်းချမှုကို ပြည်တွင်းစားသုံးမှု မလုံလောက်တဲ့အတွက် ခွင့်ပြုမှု မရှိခဲ့ ဘူး။ အခုခွင့်ပြုတာ တွေ့ရတယ်။ အိန္ဒိယ ငါးမြစ်ချင်းက အကောင်ကြီး တယ်။ အရောင်ပိုလှတယ်။ ထိုင်း ငါး မြစ်ချင်းက အကောင်သေးတယ်။ အရသာ မကောင်းဘူး၊ မြန်မာ့ငါး မြစ်ချင်းက အရသာကောင်းတယ်။ အရောင်အသွေး အနေနဲ့ ထပ်လုပ်ဖို့ လိုပါသေးတယ်။ ကြာလာရင် ဈေး ကွက်ဝေစုကို တဖြည်းဖြည်း ဖဲ့ယူ သွားနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာ မွေးမြူသူတွေအနေနဲ့ ငါးမြစ်ချင်း မွေးရာမှာ ထုတ်လုပ်မှုစရိတ်ကို အနည်း ဆုံး ဖြစ်အောင်စီမံနိုင် ပါမှ ရေရှည် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှာပါ'' ဟု ယင်းအသင်းက ဥက္ကဌဦးသန်းလွင်က ပြောကြား သည်။                 ယခုအခါ မြန်မာငါးမြစ်ချင်း များကို အရွယ်အစားကြီးပြီး အရောင် ကောင်းမွန်စေမည့် မျိုးမြှင့် တင်မှုကိုပုဂ္ဂလိက သားပေါက်စခန်း ၃ ခု က စီစဉ် ဆောင်ရွက်နေပြီဟု ဆိုသည်။                                                   ခင်မျိုးသွယ်

Sunday, 9 Jan 2011

 ငါးသယံဇာတကြီးထွားဖို့ ငါးပေါက်ဖွားကြီးထွားချိန် ပေးဖို့လို             ငါးသယံဇာတကြီးထွားရန် အတွက် ငါးများပေါက်ဖွားကြီးထွားချိန် ရှိရန်လိုအပ်ကြောင်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များထံကသိရသည်။ ''ဒီနှစ်ထဲမှာ ပင်လယ်ရေစီးကြောင်း ကပုံမှန်အတိုင်းမဟုတ်ဘဲ တစ်ခါတရံ ရေစီးကြောင်းပြောင်းလဲတာတွေ့ရ တယ်။ အဲဒီလို ရေစီးကြောင်းပြောင်းလဲ ရင်ငါးတည်ရှိတဲ့နေရာအထိုင်တွေလည်း ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် ဖမ်း ဆီးရမိတဲ့ ငါးပုစွန်တွေကိုလေ့လာကြည့် ရင် အရင်ကဖမ်းဆီးရမိတဲ့အကောင် အရွယ်အစားတွေလောက် မကြီးတာ၊ မမီတာတွေကို တွေ့ရပါတယ်။ ငါးသယံ ဇာတတွေကြီးထွားဖို့အတွက် ငါးပေါက် ဖွားကြီးထွားချိန်ရှိဖို့လိုပါတယ်။ ပေါက်ဖွားကြီးထွားနိုင်ရန် ငါးဖမ်းကာလသတ် မှတ်ခြင်းကြောင့် ငါးသယံဇာတပေါ  ကြွယ်ဝမှုကိုဖြစ်စေပြီး ငါးသယံဇာတကို လည်း ထိန်းသိမ်းရာရောက်ပါတယ်''ဟု ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။                   မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီး ရမိသည့်နှုန်းများမှာ၁၉၈၂-၈၃ ခုနှစ် တွင်တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၂၈၈  ကီလိုအထိရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၁၈၆ ကီလို သာရှိကာ ၂ဝဝ၆ ခုနှစ်တွင် ငါးဖမ်းရရှိ မှုမှာ ၈၆ ကီလိုသာ ရှိတော့သည်ဟုဆိုသည်။ ခင်မျိုးသွယ်

Sunday, 9 Jan 2011

 ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက သန်း ၂၉ဝ ခန့်ရရှိ                     မြန်မာနိုင်ငံက ဖမ်းဆီးမွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ဒီဇင်ဘာလကုန်အထိ ဒေါ်လာသန်း ၂၉ဝ ခန့် ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ '' ရေထွက်ကုန်ပစ္စည်းတွေကို ပင်လယ်ရေကြောင်းကနေတင်ပို့တာ ဒေါ်လာ ၂၆ဝ ခန့်နယ်စပ်ကုန်သွယ် ရေးစခန်း တွေဖြစ်တဲ့ မူဆယ်က ဒေါ်လာ ၅၄ သန်းခန့် ၊ မြဝတီကဒေါ်လာ၅ သန်းခန့်၊ ကော့သောင်းက ဒေါ်လာ ၁၆ သန်းခန့်၊ စစ်တွေကဒေါ်လာ ၆ သန်းခန့်၊ မြိတ်က ဒေါ်လာ ၇၁ သန်းခန့် ၊ မောင်တောက ဒေါ်လာ ၃ သန်းကျော်၊ တမူးက ဒေါ်လာ ဝ ဒသမ ဝ၁၃ သန်းခန့် စုစုပေါင်းဒေါ်လာ သန်း ၂၉ဝ ခန့်ရရှိထားပါတယ်။ ရေထွက်ကုန်တွေအနက် ပင်လယ် ငါးမျိုးစုံ၊ ရေချိုမွေးမြူရေးငါး၊ ကဏန်း၊ ငါးရှဉ့်၊ ရေမှော်စတဲ့ပစ္စည်းတွေကို နိုင်ငံပေါင်း ၃၃ နိုင်ငံကို အဓိက တင်ပို့နေပါ'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။ ယခုအခါရေထွက်ကုန်ပစ္စည်းများကိုပိုမိုတင်ပို့နိုင်ရန်အတွက် မွေးမြူရေးသမားများအနေဖြင့် စူတန်ငါး၊ အအေးပိုင်း ဒေသများတွင် မွေးမြူရသည့်ငါးများ၊ ပင်လယ်မျှော့နှင့် ခရုများကိုတိုးခဲျ့မွေးမြူလျက်ရှိသည်ဟုဆိုသည်။ ခင်မျိုးသွယ်

Sunday, 9 Jan 2011

 ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၈ သန်းခန့် ရရှိထား               မြန်မာနိုင်ငံက ဖမ်းဆီးရရှိ သည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိရာ ဒီဇင်ဘာ လကုန်အထိ ဒေါ်လာ ၁၈ သန်းခန့်ရရှိထားကြောင်းသိရသည်။ '' မြန်မာနိုင်ငံက ငါးရှဉ့်တွေ ကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာ ပါ။ တရုတ်မှာငါးရှဉ့်ကို အတော် စားသုံးသလို အချို့ငါးရှဉ့်တွေကိုတော့ အရွယ်ကြီးတွေရအောင်ပြန်မွေးမြူကြ တယ်။ ပြီးမှ ဝယ်လက်ရှိတဲ့ ရုရှားတို့၊ ဂျပန်တို့ကို အမြင့်ဈေးနဲ့ ပြန်ပို့ တယ် လို့သိရပါတယ်။ မြန်မာရေလုပ်ငန်းရှင် တွေအနေနဲ့ သူတို့ရဲ့ မွေးမြူတဲ့နည်း ပညာ သူတို့တင်ပို့တဲ့ ဈေးကွက်တွေကို လေ့လာပြီး ဘယ်လိုလုပ်သင့်တယ်ဆို တာ ကိုဆုံးဖြတ်လုပ်သင့် ပါပြီ။ ကိုယ့် ဆီက ကုန်ကြမ်းကိုယူပြီး တင်ပို့သူ တွေ ထက်စာရင် ကိုယ့်ကုန်ကြမ်းနဲ့ တန်ဖိုး မြှင့်ကုန်တွေ မွေးမြူထုတ်လုပ် တင်ပို့ သင့်ပါတယ် '' ဟု ငါးရှဉ့်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။                ငါးရှဉ့်များကို မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် လေ ကြောင်းလိုင်းတို့ကတစ်ဆင့် ပြည်ပသို့ တင်ပို့လျက်ရှိသည်ဟု ဆိုသည်။                                                          ခင်မျိုးသွယ်

Sunday, 2 Jan 2011

 ငါးမြစ်ချင်း ထုတ်လုပ်မှု တိုးတက်လျက်ရှိကြောင်း  FAO က ထုတ်ဖော်ပြောကြား             မြန်မာနိုင်ငံ၏ ငါးမြစ်ချင်းမွေးမြူထုတ်လုပ်မှုမှာ တိုးတက်လျက်ရှိနေသည်ဟု  FAO ကထုတ်ဖော်ပြော ကြားခဲ့ ကြောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။            '' မြန်မာနိုင်ငံဟာ ဒေသတွင်း ငါးမွေးမြူ ထုတ်လုပ်မှုမှာ တိုးတက်မှု ၂၈ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း ငါးမြစ်ချင်း မွေးမြူမှုက ထိပ်တန်းမှာရှိပါတယ်၊ တစ်ကမ္ဘာ လုံး ဆိုင်ရာ ရေပြင်မွေးမြူရေးလုပ်ငန်း အစည်း အဝေးမှာ FAO က ထုတ်ဖော်ပြောကြားခဲ့ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။              မြန်မာနိုင်ငံ၏ ရေချိုငါးမွေးမြူရေး အောင် မြင်မှုကို ပြသနိုင်ခဲ့ပြီး ရေခိုျငါးမွေးမြူရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများကို ကြိုတင်ပြင်ဆင်ကာ ကွယ်ခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ရန် လိုအပ် လျက် ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Pages