Main menu

Background

Monday, 17 Jul 2023

ရန်ကုန်တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများအနက် မီးပြစံပြကျေးရွာသည် ငါးခြောက်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အောင်မြင်လျက်ရှိသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ကျောက်တန်းမြို့မှထွက်ရှိသည့် ငါးခြောက် ၏ လူသိများလှပုံမှာ ကျောက်တန်းမြို့ဟု ပြောလိုက်သည်နှင့် ကျောက်တန်းငါးခြောက်ကို ပြေးမြင်မိသကဲ့သို့ ကျောက်တန်းငါးခြောက်ဟု ပြောလိုက်သည်နှင့် မသိသူ မရှိလောက်အောင် လူသိများလှပေသည်။

Monday, 3 Jul 2023

ရန်ကုန်တိုင်းဒေသကြီး၊     ကျောက်တန်း မြို့နယ်    ကဏန်းမွေးမြူရေးဇုန်မှ   တစ်လလျှင် ကဏန်းပျော့ တန်ချိန်၇၀ထုတ်လုပ်ပြီး တရုတ်နိုင်ငံ သို့ တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများကို ပြည်ပ နိုင်ငံအနှံ့   တင်ပို့လျက်ရှိရာ  ကျောက်တန်းမြို့နယ် မွေးမြူရေးဇုန်မှ  ပြည်ပတင်ပို့ရန်   ရည်ရွယ်၍ မွေး မြူထားသည့် ကဏန်းပျော့များကို တရုတ်(တိုင်ပေ) သို့ တင်ပို့နေခြင်းဖြစ်သည်။

Monday, 3 Jul 2023

ကမာကောင် (Oyster) များသည် ရေချို၊ ရေငန်စပ်တွင် နေထိုင်ကြသော အခွံမာရေသတ္တဝါ (Crustaceans) များ ဖြစ်ကြ သည်။ ရေအောက်ကျောက်ဆောင်များနှင့် အခိုင်အမာနေရာများ တွင် မှီတွယ်ပြီး အခွံနှင့်တွယ်ဆက်ကာ နေထိုင်ကြီးပြင်းကြသည့် ရေနေသတ္တဝါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ရေငန်နှင့် ရေချို ရေငန်စပ် ရွှံ့စေးမြေဆန်သည့် မြစ်ဝကျွန်းပေါ်ဒေသများရှိ မြစ်ချောင်းများတွင် ကမာများ မျိုးပွားနေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။

Wednesday, 10 May 2023

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြိတ်နှင့် ကျွန်းစုမြို့နယ်တို့ရှိ ‌ဒေသခံပြည်သူအများစုသည် ကမ်းနီး ကမ်းဝေး ငါးဖမ်းခြင်းလုပ်ငန်းများကို နေထိုင်လုပ်ကိုင်ကြပြီး ရရှိလာသော ပုစွန်၊ ကင်းမွန်နှင့် အရည်အသွေး၊ အရွယ်အစား ပြည့်မီသော ငါးမျိုးစုံတို့ကို ကုန်သည်လုပ်ငန်းရှင်များက ဝယ် ယူပြီး ကော့သောင်းဆိပ်ကမ်း (Check Point) မှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တင်ပို့ရောင်းချလျက်ရှိ သည်။ အရွယ်အစားသေးငယ်သည့် ငါးမျိုးစုံနှင့် ပြည်ပရောင်းချရန် ဈေးကွက် စံချိန်စံညွှန်းမမီ အရွယ်အစားသေးငယ် သည့် ငါးမျိုးစုံတို့အား ဒေသတွင်း စားသုံးရန်အတွက်နှင့် ပိုလျှံသော ငါးများအား ငါးအသားလွှာ

Tuesday, 25 Apr 2023

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အနေဖြင့် ဆန် စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိသလို မွေးမြူရေး ကဏ္ဍနှင့်   ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင် အောင် ဆောင်ရွက်လျက်ရှိသည်။

Monday, 24 Apr 2023

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်များတွင် ငါးရှဉ့်တင်ပို့မှု အများဆုံး ပါဝင်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။  ကိုဗစ်(၁၉)ကပ် ရောဂါဖြစ်ပွားချိန်တွင် ငါးရှဉ့်၊ကဏန်းစသည့် ရေထွက်ကုန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်၍ ပြန်လည်တင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မူဆယ်(၁၀၅)မိုင်   ကုန် သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့အများ ဆုံး တင်ပို့နေသည့် ပို့ကုန်အမယ်များတွင် ငါး ရှဉ့် ပြန်လည်ပါဝင်လာခြင်းဖြစ်ကြောင်း  သိရ သည်။

Friday, 17 Mar 2023

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သဖြင့်  ငါးပိ၊ ငါးခြောက်များ ထွက်ရှိရာဒေသဖြစ်သည်။ မျှင်ငါးပိကို ပြုလုပ်ရာတွင် မျှင်များကို တစ်ရက်လုံးနေလှန်း ပြီးနောက် မျှင်ခြောက်များအား ဒေသရိုးရာ လက်ထောင်းဆုံဖြင့် ပြုလုပ်လျက်ရှိသည်။ ငါးခြောက်ပြုလုပ်ရာတွင် ငါးအစို ကိုခွဲပြီး ဆားသိပ် နေလှန်းပြုလုပ်ကြောင်း သိရှိရပါသည်။

Tuesday, 14 Mar 2023

ကင်းမွန်သည် ရေငန်တွင်အသက် ရှင်နေထိုင်လျက်ရှိကြပြီး အချို့က ပြည်ကြီးငါးလို့လည်း ခေါ်ကြသည်။ ရေငန်ပိုင်းနေ ကျောရိုးမဲ့၊ အခွံမဲ့ ရေနေသတ္တဝါများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဌာန်တူသည်ဟု ထင်ရသော်လည်း   ကင်းမွန်၏  ခန္ဓာ ကိုယ်ပုံပန်းသဏ္ဌာန်မှာ ရှည်မျောမျော ရှိပြီး  ပြည်ကြီးငါး၏  ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်မှာ လုံးဝန်းလျက်ရှိသည်။

Monday, 13 Feb 2023

ဂျင်း(သွေးဂုံး)ကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ကျော်အနက် နုန်းမြေကောင်းသည့် ကျေးရွာအများစုတွင် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာကြပြီး ဂျင်း(သွေးဂုံး)သားပေါက်များ  ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။
ဂျင်း(သွေးဂုံး)သားပေါက်များကို  ရေကန်တောင် ကျေး ရွာတွင် အများဆုံးထွက်လေ့ရှိပြီး   ဂျင်းမွေးမြူခြင်းလုပ်ငန်းအတွက် သားပေါက်များ  အများအပြားဝယ်ယူပြီး ပြန်လည် ရောင်းချလျက်ရှိကြောင်း ဂျင်းမွေးမြူသူထံမှ သိရှိရသည်။

Thursday, 2 Feb 2023

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အများဆုံး အသက်မွေးဝမ်း ကျောင်းပြုသည့် တိုင်းဒေသကြီးဖြစ်သည်။ မြန်မာ့ဟင်းလျာများ  ချက်ရာတွင် အသုံးတည့်လှပြီး ရိုးရာ လက်ဖက်သုပ်များ  စားသုံးရာတွင်လည်း မပါမဖြစ်သော အိမ်ရှင်မများအကြိုက် ပုစွန်ခြောက်များကို ထားဝယ်၊ မြိတ်ကျွန်းစုနှင့် ပုလောမြို့တို့တွင် အများအပြား ထွက်ရှိသည်။ ပုစွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်းနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ပုစွန်ကို နေပူလှန်း အခြောက်ခံပြီး ဒုတိယတစ်မျိုးမှာ ပုစွန်ကိုပြုတ်၍ ပုစွန်ကင်သည့် စင်(ဖို)ပေါ်တင်ပြီး မီးငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရသည်။ 

Pages