Main menu

Background

Thursday, 19 Jan 2023

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Tuesday, 10 Jan 2023

မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီး ကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသော ဆီးသီးအစို/ အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

သဘာဝအလျောက် ပေါက်ရောက်နေသော ဆီးပင်မှ အချဉ်ဓာတ်ရှိသော ဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့် ကာရံ၍ ဆီးခြံများ အဖြစ် စိုက်ပျိုးလျက်ရှိသည်။

Tuesday, 3 Jan 2023

ကသာမြို့နယ်ဒေသတွင်း ခရမ်းချဉ်သီးများကို အောက်တိုဘာလနှင့် နိုဝင်ဘာလ ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိသည်။ ယခုအခါ မြို့နယ်တွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီး ဝင်ရောက်မှုများနည်းပါးလာပြီး ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ခရမ်းချဉ်သီးများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

Tuesday, 20 Dec 2022

ဗောက်သီးပင်ကို    အညာဒေသတွင်   ဗောက် လောကပင်ဟု ခေါ်ဆိုကြပါသည်။ တစ်ရာသီခံ ပင်ပျော့ အမျိုးအစားဖြစ်ပြီး (ခရမ်းပင်ခရမ်းချဉ်ပင်)အမျိုးအစား ထဲတွင် ပါဝင်သည်။  ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ပြင်ဦးလွင်နှင့်  ရှမ်းပြည်နယ်ဘက်တွင်  ပေါက်ရောက် သည်။ မျိုးစိတ်စုစုပေါင်း ၇၀ ဝန်းကျင်ရှိပြီး အအေးပိုင်း တွင် ပေါက်ရောက်သော ဗောက်သီးများတွင်   အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟု သိရှိရသည်။  ဗောက်ပင်ကို နိုင်ငံတော်တော်များများတွင် စီးပွားဖြစ်  စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီး အမျိုးအစားများစွာ စိုက်ပျိုးကြ၍   စိုက်ပျိုးသည့်

Friday, 9 Dec 2022

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် (ခေါ်) တောင်ပေါ်ခရမ်းချဉ်သီး၊ မုန်ညင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း၊  ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ  သိရှိရ သည်။

Monday, 28 Nov 2022

မိုးအကုန် ဆောင်းအကူးတွင်ပေါ်သော ရာသီပေါ်သီးနှံမျိုးစုံများရှိရာ ယခုလတ်တလောတွင် ချဉ်ပေါင်များ မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင် စိုက်ပျိုးကြသည်။ တောင်သူအများစုက မိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါ စားသုံး၍ရသော   ဒေသအခေါ် ဘိလပ် ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြသည်။ 

Tuesday, 22 Nov 2022

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့   စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင်   ရာသီအလိုက် သစ်သီး မျိုးစုံ ရောင်းချသည့် ဆိုင်ပေါင်း ၂၅ ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီပတ်လုံး ဥပုသ်နေ့နှင့် နေ့ထူးနေ့မြတ် များမှလွဲ၍   ကျန်သောရက်များတွင်   ဈေးကြီး အတွင်း ရောင်းချပါက  နေ့စဉ် နံနက် ၆ နာရီခွဲမှ စတင်၍ ညနေ ၄ နာရီခွဲအထိ ရောင်းချနိုင်ပြီး ဈေး ကြီး အပြင်ဘက်တွင်  ရောင်းချသည့်ဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ တင်၍မှ ညနေ ၅ နာရီခွဲအထိ ရောင်းချကြကြောင်း သိရှိရသည်။

Friday, 11 Nov 2022

၂၀၂၂ခုနှစ် နိုဝင်ဘာ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀ဝ ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ(ကြီး)တစ်ပိဿာ ၃၆၀ဝကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀ဝ ကျပ်၊(သေး)တစ်ပိဿာ ၂၈၀ဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀ဝ ကျပ်မှ ၅၂၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၀ဝ ကျပ်မှ ၄၂၀ဝ ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀ဝ ကျပ်မှ ၁၆၅၀ဝ ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀ဝကျပ်မှ ၂၀ဝ၀ဝ ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀ဝ က

Tuesday, 8 Nov 2022

ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်မြို့တွင် အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍   မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သော ဝါးဥများရောင်းချလျက်ရှိသည်။ ပြည်မြို့ မြို့မစည်ပင်သာယာ ဈေးကြီး တွင် ရှမ်းပြည်နယ်ဘက်မှ လာသောဝါးဥနှင့် ရွှေတောင်မြို့နယ်ဘက်မှလာသောဝါးဥတို့  အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောဝါးဥမှာတစ်ပိဿာ လျှင်ကျပ်၁၇၀ဝ နှင့် ရွှေတောင်မြို့နယ်ဘက်မှ ဝင် ရောက်လာသော ဝါးဥတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရသလို စားသုံးမှုများသဖြင့် အရောင်းအဝယ် လည်းဖြစ်ကြောင်း သိရသည်။ပြည်မြို့ရှိ လိမ္မော်သီးဈေး ကွက်မှာ  ဈေးနှု

Wednesday, 2 Nov 2022

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက် ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ၂၅၃၉ ဧက စိုက်ပျိုး ထားရှိပြီး ယခုလက်ရှိအချိန်ထိ  ငှက် ပျော စိုက်ဧက ၄၉၄ ဧကခန့်  ရိတ်သိမ်း ပြီးစီးပြီ ဖြစ်ရာ အထွက်နှုန်း  စုစုပေါင်း ၃၈၆၂၆၈ ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျော တစ်ဧကကုန်ကျစရိတ်မှာကျပ်ကိုးသိန်း ဝန်းကျင်ကုန်ကျပြီး ယခုနှစ်  ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်  ငှက်ပျော တစ် ဧက ကုန်ကျစရိတ် မှာ   ကျပ် ၁၅ သိန်း ဝန်းကျင်ကုန်ကျကြောင်း သိရသည်။ယခင်နှစ်  ငှက်ပျောဈေးနှုန်းများ အနေဖြင့် အခိုင်၄၀ပါလှည်းတစ်စီးလျှင် ကျပ်   ၁၄၀ဝ၀ဝ ဈေးရရှိပြီး    ယခုနှစ် အနေဖြင့် အခိုင် ၄၀ ပါ   လှည

Pages