Main menu

Background

Monday, 6 Jan 2014

မြန်မာ-တရုတ်နယ်စပ်စခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ကန် ဒေါ်လာ ၇ ဒသမ ၅၂၁ သန်းဖိုးရှိ ဖရဲ သီး ၅၂၂၆၆ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၂၄ သန်းဖိုးရှိ သခွားမွှေး ၅၅၂၁ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်းဖိုးရှိ ဆီးသီး ၄၆၉ တန်တို့ကိုတင်ပို့နိုင်ခဲ့ပြီး၊ ကန်ဒေါ်လာ ၄ ဒသမ ၀၃၃ သန်းဖိုးရှိ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး ၁၁၀၄၂ တန်ခန့်ကို တင်သွင်းနိုင်ခဲ့ သလို ကန် ပိုက်တီးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ပန်းသီး ၂၀၉ တန်ခွဲကိုလည်း တရုတ်ပြည်က နေပုံမှန် တင်သွင်းလာတာတွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်စခန်းမှ ကန်ဒေါ်လာ ၇၄၈၄၄ တန်ဖိုးရှိ လိမ္မော်သီး ၃၉၆ တန်ကို ဒီဇင်ဘာလမှာတင်ပို့မှုရှိခဲ့သလို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းမှလည်း ကန်ဒေါ်လာ ၁၂၅၁ တန်ဖိုးရှိတဲ့ ပန်းသီး ၅ တန်ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မော်မော်အောင် MIRT (DCCA)

Wednesday, 18 Dec 2013

ပြည်မြို့ရှိ ဆီးသီးအဝယ်ဒိုင်များကို ဆီးသီးများ လှိုင်လှိုင် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ပြည်မြို့တစ်ဖက်ကမ်း ရှိ ပန်းတောင်းနဲ့ ဆင်တဲရှိ ဆီးခြံများမှ တင်ပို့ရောင်းချနေပါတယ်။ ပြည်မြို့မှ တစ်ဆင့် သန့်စင်ပြီး ဆီးသီးများကို ရန်ကုန်ကို တင်ပို့ပါတယ်။ လက်ရှိ ပေါက်ဈေးမှာ ဆီးသီးအစို တစ်တင်း ၁၆၀၀ ကျပ်၊ ဆီးသီးခြောက် တစ်တင်း ကို ၂၀၀၀ ကျပ်၊ ဆီးစေ့ တစ်တင်း ၇၀၀၀ကျပ်နဲ့ဆီးဆန်တစ်ပိဿာ ၉၀၀၀ ကျပ်ဈေးရှိကြောင်း လက်ရှိဈေးကွက်မှာ ဆီးဆန် အရောင်းအဝယ် မရှိသေး ကြောင်း သိရပါတယ်။အိဆွေဇင် - ပြည်
 

Tuesday, 3 Sep 2013

ပြည်ဒေသရဲ့ နာမည်ကျော်သီးနှံ ထွက်ကုန်များထဲမှာ မြကျောက်သရက် ပြီးရင် ပြည်သြဇာသီးမှာလည်း နာမည် ကျော်သီးနှံထွက်ကုန်ဖြစ်ပါတယ်။ ယခင်နှစ်များက သြဂုတ်လဒုတိယပတ် ဆိုရင် ဈေးကွက်မှာ ရောင်းချနေတာ တွေ့ရပါတယ်။ ယခုနှစ်မှာတော့ သြဂုတ်လနောက်ဆုံးပတ်ရောက်မှသာ အနည်းငယ်ရောင်းချနေတာကို တွေ့ရ ပါတယ်။

Tuesday, 28 May 2013

သီတင်းတစ်ပတ်ဖြစ်တဲ့ မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း နို့ဆီ ၆၁၈ ဒသမ ၈၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ခုနှစ်သိန်းကိုးသောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ အိုကေနို့ဆီ ၄၉၆ ဒသမ ၈ တန်နဲ့ ဒွန်းနို့ဆီ ၁၂၂ တန်ဝင်လာခဲ့ပါ တယ်။ ယခင် သီတင်းပတ်နို့ဆီအဝင်က တန်ချိန် သုံးရာ့တစ်ဆယ်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ် မှာ တန်ချိန် နှစ်ရာ့ ကိုးဆယ်ကျော် အဝင်ပိုခဲ့ပါတယ်။

Monday, 13 May 2013

ဗီယက်နမ်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂသို့ ဇွန်လ ၃၀ ရက်ခန့်မှာ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်အစိုများ တင်ပို့ခွင့်ပြန်လည်ရရှိတော့ မယ်လို့ သိရပါတယ်။  ဥရောပသမဂ္ဂသို့ ဗီယက်နမ်မှသစ်သီးဝလံတင်ပို့ခွင့် ကို ခေတ္တရပ် ဆိုင်းထားသည်မှာ တစ်နှစ်နီးပါးရှိ နေပြီဖြစ်ပါတယ်။ စိုက်ပျိုးရေး နဲ့ နယ်စပ်ဒေသဝန်ကြီး ဌာနလက်အောက်ရှိ အပင်ပိုးမွှားကာကွယ်ရေးဌာနဇုန် ၂ မှ ဌာနမှူးဖြစ်သူ Nguyen Van Nga  ကဗီယက်နမ်သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်အသင်းမှကြီးမှူးပြီး ဟိုချီမင်းမြို့ မှာ မေလ ၇ ရက်နေ့ကကျင်းပတဲ့ကွန်ဂရက်မှာ ထုတ်ဖော်ပြောကြား ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အစောပိုင်းက ဗီယက်နမ်မှဥရောပသမဂ္ဂသို့ တင်ပို့ခဲ့သောဟင်းသီးဟင်းရွက် ငါးမျိုးဖြစ်တဲ့ ပင်စိမ်း၊ ငရုတ်ပွသီး၊ တရုတ်နံနံ၊ နံနံပင်၊ ကြက်ဟင်းခါးသီးတို့ကိုတင်ပို့ရာမှာ ဥရောပသမဂ္ဂမှကျန်းမာရေး နဲ့ ဘေးကင်းလုံခြုံမှု အတွက် သတ်မှတ်ထားချက်များနဲ့ကိုက်ညီမှုမရှိသဖြင့် တင်ပို့ခွင့် ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ သတ်မှတ်ချက်နဲ့မ ကိုက်ညီမှုများ ထပ်မံစစ်ဆေးတွေ့ရှိပါက ဗီယက်နမ်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တင်ပို့မှု အား ကန့်သတ်ထား မယ်လို့  ဥရောပသမဂ္ဂအာဏာပိုင်အဖွဲ့က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် ပို့ကုန်တင်ပို့သူများအနေ နဲ့ ကောင်းမွန် သောစိုက်ပျိုးရေးအလေ့အကျင့် GAP စံသတ်မှတ်ချက်များနဲ့အညီ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဥရောပသမဂ္ဂရဲ့ကန့်သတ်ချက်ကိုကျော်လွှားနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြရာ ယခုအခါဥရောပသမဂ္ဂ သို့ ပြန်လည်တင်ပို့ခွင့်တရားဝင်ရရှိသွားတာဖြစ်ပါတယ်။ အကောက်ခွန်ဌာနရဲ့ စာရင်း ဇယားများအရ ဧပြီလလယ် တွင် ပြည်ပသို့သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တင်ပို့မှုမှကန်ဒေါ်လာ ၂၂၄ သန်းရရှိခဲ့ပြီး ၂၀၁၃ခုနှစ် တစ်နှစ်လုံးအနေနဲ့ကန်ဒေါ်လာ တစ်ဘီလီယံ ထိရရှိနိုင်မယ်လို့ မျှော်မှန်းထားကြတယ် လို့ သိရပါတယ်။Source: VNA CMK
 

Monday, 13 May 2013

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ကျောက်ဆည်၊ ဟန်မြင့်မိုရ်၊ စဉ့်ကိုင် စတဲ့ဒေသများမှာ စိန်တလုံးသရက်များ ကို စီးပွားဖြစ်စိုက်ပျိုးကြတယ်။ သြင်္ကန် အပြီးမှာလေပြင်းများတိုက်ခတ်မှုကြောင့် အိတ်မစွပ်သရက်သီးများလေလွင့်ဆုံး ရှုံးမှုရှိခဲ့ပြီး၊ အိတ်စွပ်သရက်သီး များမှာ လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး၊ရောဂါကင်း ပြီးအရည်အသွေးပိုကောင်း တာကြောင့် ဈေးကောင်းပိုရနေပါတယ်။ ဧပြီလ ပထမပတ်မှာ သရက်သီးများကို ဆေး တို့ပြီး  ရောင်းချနေကြသော် လည်း မေ ၁၅ ရက်နောက်ပိုင်းမှာ သရက်သီးများ ရင့်မှည့်လာပြီဖြစ်တဲ့အတွက် သရက်သီး များဆေးတို့ ရောင်းချမှု များ မရှိတော့ ကြောင်း သိရပါတယ်။

မူဆယ်မှတစ်ဆင့် ပြည်ပ(တရုတ်) နိုင်ငံကိုတင်ပို့ရောင်းချပြီးအဆင့်အတန်း အရည်အသွေးမီစိန်တလုံး သရက် တစ် ဖာကို ယွမ် ၁၅၀ မှ ၁၆၀ ခန့်ရရှိပြီး၊ မြန်မာငွေကျပ် ၂၀၀၀၀ ကျော်ရရှိ ပါ တယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခု နှစ်သရက်သီးရာသီမှာ ပိုပြီးဈေးကောင်း ရနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ  တောင် သူတွေနဲ့ ဆဲဗင်းတိုက်ဂါးကုမ္ပဏီတို့စိန်တလုံးသရက် တန် ၁၀၀ စာချုပ်ချုပ်ဆိုထားကြောင်း သိရပြီး၊ ဂရမ် ၂၅၀ - ၃၀၀ ကြားမှာ တစ်တန် ၆ သိန်း၊ဂရမ် ၃၀၀-၄၀၀ကြား မှာ ၈ သိန်း၊ ဂရမ် ၄၀၀ အထက်မှာ ၁၀ သိန်းကျပ်နဲ့ စာချုပ်ပြီး၊ အရောင်း အဝယ်ဖြစ်နေပါတယ်။ ကိုယ်တိုင်စိုက် ပျိုးထုတ်လုပ်တဲ့ သရက်တောင်သူများနဲ့ ပွဲစားကုန်သည် များမှာ မူဆယ် ၁၀၅ မိုင်ကို တိုက်ရိုက်တင်ပို့မှုများရှိပြီး၊ မန်း - မူဆယ် ကားသယ်ခမှာ တစ်ဖာ ၁၄၅၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။တင်မိုး - မန္တလေး
 

Sunday, 18 Nov 2012

နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း နို့စိမ်းက အဝင်ပျောက် ခဲ့ပြီး နို့ဆီနဲ့ နို့မှုန့်သာဝင်ခဲ့တာ တွေ့ရ ပါတယ်။ ဒီတစ်ပတ်မှာ နို့ဆီက ၁၈၂ ဒသမ ၇၀၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာနှစ်သိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နို့ဆီအဝင်တန်ချိန် ခုနစ် ရာကျော် အဝင်လျော့ခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၀၀ ဒသမ ၈၊ စင်ကာပူနိုင်ငံမှ ၅၀ ဒသမ ၆၅ တန်နဲ့ တရုတ်နိုင်ငံမှ ၃ ဒသမ ၆၁၆ တန် အသီးသီး တင်သွင်း ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်က တန်ချိန် တစ်ရာနီးပါးအဝင် ပိုခဲ့ပါတယ်။MIRT (DOT)

Sunday, 24 Jun 2012

    မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းတွင် အုန်း ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရ ပါသည်။ အုန်းပင်သည် မြေအငန်ဓာတ် ကြွယ်၀ သောမြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။

Sunday, 24 Jun 2012

      အဖိုးတန်သစ်အမျိုးမျိုး၊ ပန်းမန်အမျိုးမျိုး၊ ဆေးဘက်ဝင် ပရဆေးကုန်ကြမ်းအမျိုးမျိုးးနှင့် သဘာဝပေါက်ပင်များပေါက်ရောက်လျက်ရှိ သည့် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပါတယ်။

Thursday, 7 Jun 2012

        မန္တလေး သစ်သီးပွဲရုံတွေမှာ ဖရဲ သခွားများ ရာသီကုန်သလောက်ရှိတာ ကြောင့် ဖရဲသခွားများ  နေ့စဉ်အဝင် မရှိဘဲ ရက်ခြားဝင်ပြီး အဝင်နည်းနေ ပါတယ်။ အဝင်နည်းတာကြောင့် ဖရဲ သခွားဈေးကောင်းပြီး တစ်လုံး ၁၀၀၀ ကျပ်ဈေးထိရပါတယ်။

Pages